ရည်ရွယ်ချက် မည်မျှကောင်းစေကာမူ လုပ်ရပ်မှားလျှင် ကောင်းသည့်ရည်ရွယ်ချက်ပါ ပျောက်တတ်သည်ကို ဂရုပြုသင့်သည့် စစ်မှုထမ်းကိစ္စ - အပိုင်း(၅)

 326

ကိုနေ (ဥပဒေ) (NP News) - မတ် ၂၇

ပြည်သူ့စစ်မှုထမ်းဥပဒေကို နားလည်မှုရှိစေရန်နှင့် အဆိုပါဥပဒေကိုအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင့်ဆင့်ဆောင်ရွက်ရမည့်ကိစ္စ ရပ်များကိုသိရှိနားလည်ကြစေရန် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများနောက် ဆက်တွဲ ပါ ပုံစံများဖြစ်သည့် [ပုံစံ(၁)/ ပုံစံ(၂)/ ပုံစံ(၃-က)/ ပုံစံ(၃-ခ)/ ပုံစံ(၄-က)/ ပုံစံ(၄-ခ)/ ပုံစံ(၄-ဂ)/ ပုံစံ(၄-ဃ)/ ပုံစံ(၅)/ ပုံစံ(၆)/ ပုံစံ(၇-က)/ ပုံစံ(၇-ခ)/ ပုံစံ(၇-ဂ)/ ပုံစံ(၈-က)/ ပုံစံ(၈-ခ)/ ပုံစံ (၈-ဂ)/ ပုံစံ(၉)/ ပုံစံ(၁၀)/ ပုံစံ(၁၁)/ ပုံစံ(၁၂)]တို့ကို တစ်ဆင့်ချင်းစီ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများပါပြဋ္ဌာန်း ချက်များနှင့် အညီ ဖော်ပြရေးသားလာခဲ့ရာ အပိုင်း(၅)သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်အပိုင်း(၄)ပိုင်းတွင် ပုံစံ(၁)မှ ပုံစံ(၇-ဂ)ထိ ရေးသား ဖော်ပြခဲ့ပြီး ဖြစ်ကာ ယခုအပိုင်း (၅)တွင် ပုံစံ(၈-က)/ ပုံစံ(၈- ခ)/ ပုံစံ (၈-ဂ)/ ပုံစံ(၉) တို့ကို ထပ်မံရေးသားဖော်ပြ လိုက်ရ သည်။
‘ပုံစံ(၈-က)/ ပုံစံ(၈-ခ)/ ပုံစံ (၈-ဂ)/ ပုံစံ(၉)’တို့ကို ရေးသားဖော်ပြရာတွင် ချိတ်ဆက်နား လည်မှုရှိကြစေရန် ရေးသားဖော်ပြခဲ့ပြီးဖြစ်သည့် ‘ပုံစံ(၆)/ ပုံစံ(၇-က)/ ပုံစံ(၇-ခ)/ ပုံစံ(၇-ဂ)]တို့ ကို အနည်းငယ်ပြန်လည် ရေးသားဖော်ပြလိုက်ရသည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက် ဆက်တွဲပါ-
- ပုံစံ(၆)မှာ စစ်မှုထမ်းရန်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသူအား ဆေးစစ်ဆေး ရန် ဆင့်ခေါ်စာ
- ပုံစံ(၇-က)မှာ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် လျှောက်ထားသည့်ပုံစံ
- ပုံစံ(၇-ခ)မှာ ပြည်သူ့စစ်မှုထမ်းခြင်းမှ စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန် လျှောက် ထားသည့်ပုံစံ
- ပုံစံ(၇-ဂ)မှာ ပြည်သူ့စစ်မှုထမ်းခြင်းမှ သီးခြားဖော်ပြထားသောကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းရန် လျှောက်ထားသည့်ပုံစံများ ဖြစ်သည်။
ဆိုလိုသည်မှာ စာဖတ်သူများထံ ပုံစံ(၆)ဖြင့် ဆေးစစ်ဆေးရန် ဆင့်ခေါ်စာရောက်ရှိလာသည့်အခါ သွားရောက် ဆေးစစ်ဆေးကြရမည်ဖြစ်သည်။ ထိုသို့ဆေးစစ်ဆေးရာတွင် ဆေးအောင်မြင်ခဲ့ပြီးပါက စာဖတ်သူများအနေဖြင့် မိမိတို့မှာ စစ်မှုထမ်းဆောင်ခြင်းမှ ကင်း လွတ်ခွင့်ပြုခံရသူများထဲတွင် အကျုံးဝင်ပါက ပုံစံ (၇-က)ဖြင့် လည်းကောင်း၊ စစ်မှုထမ်းဆောင်ရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးခံရမည့်သူများ ထဲတွင်အကျုံးဝင်ပါက ပုံစံ(၇-ခ)ဖြင့်လည်းကောင်း၊ စစ်မှုထမ်းဆောင်ရမည့်ကာလကိုရွှေ့ဆိုင်းပေးရန် ခွင့်ပြုပေးခံရမည့်သူများထဲတွင် အကျုံးဝင်ပါက ပုံစံ (၇-ဂ) ဖြင့်လည်းကောင်း သက်ဆိုင်ရာမြို့နယ်အဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ထံ လျှောက်ထားခွင့်ရှိမည် ဖြစ်ပါသည်။ ‘မည်ကဲ့သို့သောသူများမှာ ကင်းလွတ်ခွင့်/လျှော့ပေါ့ခွင့်/ရွှေ့ဆိုင်းခွင့်များ ရရှိပါမည်နည်းဆိုရာတွင် ကင်းလွတ်ခွင့်ရရှိမည့်သူ (၁၃) မျိုး၊ လျှော့ပေါ့ခွင့်လျှောက်ထားခွင့်ရှိသူ (၃)မျိုး၊ ရွှေ့ ဆိုင်းခွင့်ရရှိနိုင်သူ(၁၁)မျိုးတို့နှင့် ပတ်သက်၍ နိုင်ငံတော်မှ တရားဝင်ကြေညာထားသည့်အတိုင်း ပြီးခဲ့သည့် NP News ၏ အတွဲ(၁)၊ အမှတ် (၅၇)တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်’
ယခုတစ်ပတ်ဆောင်းပါးတွင် အပိုင်းနှစ် ပိုင်းဖြင့်ဖော်ပြရေးသားပါမည်။ ပထမတစ်ပိုင်းမှာ ထိုသို့ ပုံစံ (၇-က)/ ပုံစံ(၇-ခ)/ ပုံစံ(၇-ဂ)တို့ဖြင့် လျှောက်ထားပြီးသည့်နောက် သက်ဆိုင်ရာတာဝန်ရှိသူများ၏အဆင့်ဆင့်ဆောင်ရွက် ကြရ မည့်အကြောင်းအရာများနှင့် ဒုတိယတစ်ပိုင်းတွင် ထိုသို့ လျှောက်ထားခဲ့ကြသော စာဖတ်သူများအနေဖြင့် သိရှိ ထားကြ ရမည့်အကြောင်းအရာများဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက် ဆက်တွဲပါ-
- ပုံစံ (၈-က) မှာ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် လျှောက်ထားမှုကို ခွင့်ပြုမိန့်
- ပုံစံ (၈-ခ) မှာ ပြည်သူ့စစ်မှုထမ်းခြင်းမှ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန် လျှောက် ထားမှုကို ခွင့်ပြုမိန့်
- ပုံစံ (၈-ဂ) မှာ ပြည်သူ့စစ်မှုထမ်းခြင်းမှ သီးခြားဖော်ပြထားသောကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းရန် လျှောက်ထားမှုကို ခွင့်ပြုမိန့်
- ပုံစံ (၉) မှာ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန်/ စစ်မှုထမ်းရမည့်ကာလအပိုင်းအခြား ကို လျှော့ပေါ့ပေးရန်/ သီးခြားဖော်ပြထားသော ကာ လအပိုင်းအခြားအထိရွှေ့ဆိုင်းရန် လျှောက်ထားမှုကို ငြင်းပယ် ခြင်း တို့ဖြစ်သည်။
ပထမတစ်ပိုင်းဖြစ်သည့် သက်ဆိုင်ရာ
တာဝန်ရှိသူများ၏ အဆင့်ဆင့်
ဆောင်ရွက်ကြရမည့်အကြောင်း
အရာများနှင့်ပတ်သက်၍ “ပြည်သူ့စစ်မှု ထမ်းဥပဒေ ပုဒ်မ-၁၂ တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးမြို့ နယ်အဖွဲ့ သည်-
(က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ တစ် ဦးကို စစ်မှုထမ်းရန်ဆင့်ခေါ်ရာတွင် ဆင့်ခေါ်ခြင်းခံရ သူက မိမိအား စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ဖြစ်စေ၊ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန် ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိရွှေ့ဆိုင်းရန်ဖြစ်စေ အကြောင်းပြချက်များဖော်ပြလျက် လျှောက်လွှာဖြင့် ရေးသားတင်ပြလာပါက အောက်ပါအချက်အလက် များ ကို စုံစမ်းစစ်ဆေးရမည်-
(၁) ကိုယ်ရေးအချက်အလက်များ မှန်ကန်မှု ရှိ/မရှိ၊
(၂) အကြောင်းပြချက်များသည် မှန်ကန်ခိုင်လုံမှု ရှိ/ မရှိ၊
(၃) စာရွက်စာတမ်းအထောက်အထားနှင့် ထောက်ခံ ချက်များ ပြည့်စုံစွာပူးတွဲတင်ပြခြင်း ရှိ/မရှိ။
(ခ) လျှောက်လွှာပါ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှုမရှိလျှင် ဖြစ်စေ၊ စာရွက်စာတမ်း၊ အထောက် အထားနှင့် ထောက်ခံချက်များလိုအပ်ပါလျက် ပူးတွဲ တင်ပြခဲ့ခြင်းမရှိလျှင်ဖြစ်စေ၊ လျှောက်လွှာတင်ပြသူ ထံ ပြန်လည် တောင်းခံရယူရမည်၊
(ဂ) ပုဒ်မခွဲ(က)နှင့် (ခ)ပါ ဆောင်ရွက်ရမည့်ကိစ္စများ ဆောင်ရွက်ပြီးစီးပါက ဆင့်ခေါ်ခြင်းခံရသူ၏လျှောက် လွှာနှင့်အတူ လျှောက်ထားသူ၏ တပ်မတော်ဆေးစစ် ဆေးရေးဘုတ်အဖွဲ့၏ ဆေးစစ်ဆေးတွေ့ရှိချက်၊ မိမိ ၏စိစစ်တွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်တို့ကို ပူးတွဲလျက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးခရိုင်အဖွဲ့ သို့ ဆက်လက်တင်ပြရမည်။
ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ-(၁၃)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးခရိုင်အဖွဲ့သည် ပြည်သူ့စစ်မှု ထမ်းဆင့် ခေါ်ရေးမြို့နယ်အဖွဲ့မှ တင်ပြလာသော လျှောက်လွှာများအပေါ်တွင် မိမိ၏ သဘောထားမှတ် ချက်ပြုလျက် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့သို့ ဆက်လက်တင်ပြရ မည်။
ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ-(၁၄)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးခရိုင်အဖွဲ့မှတင်ပြလာသော လျှောက်လွှာများအပေါ် မိမိ၏သဘောထား မှတ်ချက်ပြုလျက် ပြည်သူ့စစ် မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ ဆက်လက်တင်ပြရမည်။
ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ-(၁၅)(က)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှတင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကိုစိစစ်ရာတွင် အောက်ပါအချက်များနှင့်အကျုံးဝင်သောပုဂ္ဂိုလ်များကို ပြည် သူ့စစ်မှုထမ်းဆောင် ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်း နိုင်သည်” ဟု (၁)မှ (၆)အထိ အမျိုးအစား (၆)မျိုးကို သတ်မှတ်ဖော်ပြ ပြဋ္ဌာန်းထားရှိပါသည်။ ‘ဤနေရာ တွင် ဥပဒေပါ ယာယီရွှေ့ဆိုင်းနိုင်သည့် အမျိုးအစား (၆)မျိုးကို ဖော်ပြရေးသား ခြင်းမပြုရခြင်းမှာ အဆိုပါ အမျိုးအစား (၆)မျိုးအပြင် သီးခြားထပ်မံကြေညာခဲ့ပြီးဖြစ်သည့် ယာယီရွှေ့ဆိုင်းနိုင်သည့်အမျိုးအစား(၅)မျိုး (စုစုပေါင်း ယာယီရွှေ့ ဆိုင်းနိုင်သည့် အမျိုးအစား ၁၁ မျိုး) နှင့် ပတ်သက်၍ ပြီးခဲ့သည့် NP News ၏ အတွဲ(၁)၊ အမှတ် (၅၇)တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထို့အတူ ကင်းလွတ်ခွင့်ရရှိမည့်သူ (၁၃)မျိုးနှင့် လျှော့ပေါ့ခွင့်လျှောက်ထားခွင့်ရှိသူ(၃)မျိုးတို့ ကိုလည်း ဖော်ပြခဲ့ပြီးဖြစ်သည်။’
“ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-(၂၃)(က)တွင် မြို့နယ်အဖွဲ့သည် လျှောက် ထားတင်ပြချက်များ ပြည့်စုံမှန်ကန်မှုရှိရန်စိစစ်ပြီး လျှောက်ထားသူ၏ ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ဆေးစစ်ဆေးတွေ့ရှိချက်၊ မိမိ၏ စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို ပူးတွဲလျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ (သို့မဟုတ်) ခရိုင်အဖွဲ့သို့ သတ်မှတ်ရက်အတွင်း ဆက်လက်တင်ပြရမည်။ (ခ) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ (သို့မဟုတ်) ခရိုင်အဖွဲ့သည် မြို့နယ်အဖွဲ့က တင်ပြလာသော လျှောက်လွှာများကို မိမိ၏သဘောထားမှတ်ချက်နှင့်အတူ မြို့နယ်အဖွဲ့က တင်ပြသည့်လျှောက်လွှာလက်ခံရရှိသည့်နေ့မှစ၍ သတ်မှတ်ရက်အတွင်း နေပြည်တော်အဖွဲ့ (သို့မဟုတ်) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဖွဲ့သို့ ဆက်လက် တင်ပြရမည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ-(၂၄)တွင် နေပြည်တော်အဖွဲ့ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့သည် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအဖွဲ့ သို့မဟုတ် ခရိုင် အဖွဲ့တို့မှ တင်ပြသည့်လျှောက်လွှာများကို စိစစ်ပြီး မိမိ၏သဘောထား မှတ်ချက်နှင့်အတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ သို့မဟုတ် ခရိုင်အဖွဲ့မှတင်ပြသည့် လျှောက်လွှာလက်ခံရရှိသည့် နေ့မှစ၍ သတ်မှတ်ရက်အတွင်း ဗဟိုအဖွဲ့သို့တင်ပြရမည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ-(၂၅)တွင် ဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်း ခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်း ခွင့်ပြုမိန့်ကို ပုံစံ(၈- က)ဖြင့်လည်းကောင်း၊ သို့မဟုတ် ပြည်သူ့ စစ်မှုထမ်းရ မည့်ကာလ အပိုင်းအခြားကို လျှော့ပေါ့ပေးကြောင်း ခွင့်ပြုမိန့်ကို ပုံစံ(၈-ခ)ဖြင့်လည်းကောင်း၊ သို့မဟုတ် သီးခြားဖော်ပြထားသည့် ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းပေးကြောင်းခွင့်ပြုမိန့်ကို ပုံစံ(၈-ဂ)ဖြင့်လည်း ကောင်း၊ နည်းဥပဒေ(၂၄)အရ တင်ပြသည့်လျှောက် လွှာလက်ခံရရှိသည့်နေ့မှ သတ်မှတ်ရက်အတွင်းလျှောက် ထားသူထံအကြောင်းကြားပြီး သက်ဆိုင် ရာမြို့နယ်အဖွဲ့ကို မိတ္တူပေးပို့ရမည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-(၂၆)တွင် ဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်း ခြင်းမှ ကင်းလွတ် ခွင့်ပြုရန် သို့မဟုတ် ပြည်သူ့စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန် သို့မဟုတ် သီးခြားဖော်ပြထား သည့်ကာလအပိုင်းအခြားတစ်ခုအထိရွှေ့ဆိုင်းပေးရန်လျှောက်ထားမှုကို ငြင်းပယ်သည်ဆိုပါက ပုံစံ(၉)ဖြင့် နည်းဥပဒေ (၂၄)အရတင်ပြသည့် လျှောက်လွှာလက်ခံရရှိသည့်နေ့မှ သတ်မှတ်ရက်အတွင်းလျှောက်ထားသူထံ အကြောင်း ကြားပြီး သက်ဆိုင်ရာမြို့နယ်အဖွဲ့ကို မိတ္တူပေးပို့ရမည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ-(၂၇)တွင် ဗဟိုအဖွဲ့သည်-
(က) ပြည်သူ့စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန်လျှောက်ထားမှုများနှင့်စပ် လျဉ်း၍ စိစစ်ခွင့်ပြု ရာတွင် ထည့်သွင်းစဉ်းစားရမည့် စံနှုန်းများကို သတ်မှတ်ရမည်။
(ခ) သီးခြားဖော်ပြထားသည့် ကာလအပိုင်းအခြားတစ်ခုအထိ ရွှေ့ဆိုင်းရန်လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ ဥပဒေ ပုဒ်မ- (၁၅)ပါ သတ်မှတ်ချက်များ အပြင် အခါအားလျော်စွာ ကိစ္စရပ်တစ်ခုချင်းအလိုက် စိစစ်ပြီး ရွှေ့ဆိုင်းခွင့်ပြု နိုင်သည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ-(၂၈)တွင် ဗဟိုအဖွဲ့သည် ဥပဒေပုဒ်မ-(၂၂) ပုဒ်မခွဲ(င)အရ ကင်းလွတ်ခွင့်ပြုနိုင်ရန် ထည့်သွင်း သတ်မှတ်ရမည့်စံနှုန်းများကို အခြေအနေနှင့် လိုအပ် ချက်များအရ အခါအားလျော်စွာ သတ်မှတ်ပြီး ယင်းစံ နှုန်းများနှင့်အညီ ကင်းလွတ်ခွင့်အမိန့် ထုတ်ပြန်ရမည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ-(၅၂)တွင် ဗဟိုအဖွဲ့သည် နည်းဥပဒေ-(၅၀) အရဆေးစစ် အောင်မြင်ပြီးသူသည် ပြည်သူ့စစ်မှု ထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ ပြည်သူ့စစ်မှု ထမ်းရမည့်ကာလ အပိုင်းအခြားကို လျှော့ပေါ့ပေးရန် ဖြစ်စေ၊ သီးခြားဖော်ပြထားသည့် ကာလအပိုင်းအခြား တစ်ခုအထိရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခဲ့သူများနှင့် ထိုသို့လျှောက်ထားမှုများထဲမှ ပုံစံ(၉)ဖြင့် ငြင်းပယ်ခံခဲ့ရသူများစာရင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့်အဖွဲ့အစည်းများသို့ ပေးပို့ရမည်ဟု သတ်မှတ်ဖော်ပြ ပြဋ္ဌာန်းထားရှိသည်။ ‘ဤနေရာတွင် နည်းဥ ပဒေ-၅၁ တွင်ဖော်ပြပါရှိသည့် အမိန့်စာဆိုသောစ ကားရပ်ကို နည်းဥပဒေ-(၂)(တ)တွင် အမိန့်စာ ဆိုသည်မှာ မြို့နယ် အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် ဥပဒေပုဒ်မ ၁၀(က)အရ ပုံစံ (၁၀)ဖြင့် ဆင့်ခေါ်သည့် အမိန့်စာကိုဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရပါသည်။’
စာဖတ်သူများနားလည်မှုရှိစေရန် အနှစ် ချုပ်ဖော်ပြရေးသားရသော်-
(၁) ပုံစံ(၆)ဖြင့် ဆေးစစ်ဆေးရန် ဆင့် ခေါ်ခြင်းခံရပါက ဆေးသွားရောက်စစ်ဆေးရမည်ဖြစ် ပါသည်။
(ပျက်ကွက်ပါက ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ-၂၃(ခ)ဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းခံရပါမည်)
(၂) ဆေးစစ်ဆေးသည့်အခါ စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မီကြောင်း သက်ဆိုင်ရာဆေးစစ်ဆေး ရေးဘုတ်အဖွဲ့၏အတည်ပြုချက်ရသည့်အခါ ထိုသို့ အတည်ပြုချက်ရသည့်နေ့မှစ၍ သတ်မှတ်ရက်အတွင်း နိုင်ငံတော် မှကြေညာထားသည့် စစ်မှုထမ်းခြင်း မှကင်းလွတ်ခွင့်ရရှိမည့်သူ(၁၃)မျိုးထဲ တွင်အကျုံးဝင် ပါက ပုံစံ(၇-က)ဖြင့် သက်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားများနှင့်အတူ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ထံ သို့လည်းကောင်း၊ စစ်မှုထမ်းခြင်းမှလျှော့ပေါ့ခွင့်လျှောက်ထား ခွင့်ရှိသူ(၃)မျိုးထဲတွင်အကျုံးဝင်ပါက ပုံစံ(၇-ခ)ဖြင့် သက်ဆိုင်ရာစာရွက်စာတမ်း အထောက်အထားများနှင့်အတူ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့ ထံသို့လည်းကောင်း၊ စစ်မှုထမ်းခြင်းမှ ရွှေ့ဆိုင်းခွင့်ရရှိနိုင်သူ(၁၁ မျိုးထဲတွင် အကျုံးဝင်ပါက ပုံစံ(၇-ဂ)ဖြင့် သက်ဆိုင် ရာစာရွက်စာတမ်းအ ထောက်အထားများနှင့်အတူ သက်ဆိုင်ရာ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ထံသို့လည်း ကောင်း လျှောက်ထားကြရမည်ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
ရည္႐ြယ္ခ်က္ မည္မွ်ေကာင္းေစကာမူ လုပ္ရပ္မွားလွ်င္ ေကာင္းသည့္ရည္႐ြယ္ခ်က္ပါ ေပ်ာက္တတ္သည္ကို ဂ႐ုျပဳသင့္သည့္ စစ္မႈထမ္းကိစၥ - အပိုင္း(၅)
ကိုေန (ဥပေဒ) (NP News) - မတ္ ၂၇

ျပည္သူ႔စစ္မႈထမ္းဥပေဒကို နားလည္မႈရွိေစရန္ႏွင့္ အဆိုပါဥပေဒကိုအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္ အဆင့္ဆင့္ေဆာင္႐ြက္ရမည့္ကိစၥ ရပ္မ်ားကိုသိရွိနားလည္ၾကေစရန္ ျပည္သူ႔စစ္မႈထမ္း နည္းဥပေဒမ်ားေနာက္ ဆက္တြဲ ပါ ပုံစံမ်ားျဖစ္သည့္ [ပုံစံ(၁)/ ပုံစံ(၂)/ ပုံစံ(၃-က)/ ပုံစံ(၃-ခ)/ ပုံစံ(၄-က)/ ပုံစံ(၄-ခ)/ ပုံစံ(၄-ဂ)/ ပုံစံ(၄-ဃ)/ ပုံစံ(၅)/ ပုံစံ(၆)/ ပုံစံ(၇-က)/ ပုံစံ(၇-ခ)/ ပုံစံ(၇-ဂ)/ ပုံစံ(၈-က)/ ပုံစံ(၈-ခ)/ ပုံစံ (၈-ဂ)/ ပုံစံ(၉)/ ပုံစံ(၁၀)/ ပုံစံ(၁၁)/ ပုံစံ(၁၂)]တို႔ကို တစ္ဆင့္ခ်င္းစီ ျပည္သူ႔စစ္မႈထမ္းဥပေဒႏွင့္ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ားပါျပ႒ာန္း ခ်က္မ်ားႏွင့္ အညီ ေဖာ္ျပေရးသားလာခဲ့ရာ အပိုင္း(၅)သို႔ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။ ၿပီးခဲ့သည့္အပိုင္း(၄)ပိုင္းတြင္ ပုံစံ(၁)မွ ပုံစံ(၇-ဂ)ထိ ေရးသား ေဖာ္ျပခဲ့ၿပီး ျဖစ္ကာ ယခုအပိုင္း (၅)တြင္ ပုံစံ(၈-က)/ ပုံစံ(၈- ခ)/ ပုံစံ (၈-ဂ)/ ပုံစံ(၉) တို႔ကို ထပ္မံေရးသားေဖာ္ျပ လိုက္ရ သည္။
‘ပုံစံ(၈-က)/ ပုံစံ(၈-ခ)/ ပုံစံ (၈-ဂ)/ ပုံစံ(၉)’တို႔ကို ေရးသားေဖာ္ျပရာတြင္ ခ်ိတ္ဆက္နား လည္မႈရွိၾကေစရန္ ေရးသားေဖာ္ျပခဲ့ၿပီးျဖစ္သည့္ ‘ပုံစံ(၆)/ ပုံစံ(၇-က)/ ပုံစံ(၇-ခ)/ ပုံစံ(၇-ဂ)]တို႔ ကို အနည္းငယ္ျပန္လည္ ေရးသားေဖာ္ျပလိုက္ရသည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ ဆက္တြဲပါ-
- ပုံစံ(၆)မွာ စစ္မႈထမ္းရန္အ႐ြယ္ေရာက္သူအျဖစ္ မွတ္ပုံတင္လက္မွတ္ထုတ္ေပးထားသူအား ေဆးစစ္ေဆး ရန္ ဆင့္ေခၚစာ
- ပုံစံ(၇-က)မွာ ျပည္သူ႔စစ္မႈထမ္းျခင္းမွ ကင္းလြတ္ခြင့္ျပဳရန္ ေလွ်ာက္ထားသည့္ပုံစံ
- ပုံစံ(၇-ခ)မွာ ျပည္သူ႔စစ္မႈထမ္းျခင္းမွ စစ္မႈထမ္းရမည့္ကာလအပိုင္းအျခားကို ေလွ်ာ့ေပါ့ေပးရန္ ေလွ်ာက္ ထားသည့္ပုံစံ
- ပုံစံ(၇-ဂ)မွာ ျပည္သူ႔စစ္မႈထမ္းျခင္းမွ သီးျခားေဖာ္ျပထားေသာကာလအပိုင္းအျခားအထိ ေ႐ႊ႕ဆိုင္းရန္ ေလွ်ာက္ထားသည့္ပုံစံမ်ား ျဖစ္သည္။
ဆိုလိုသည္မွာ စာဖတ္သူမ်ားထံ ပုံစံ(၆)ျဖင့္ ေဆးစစ္ေဆးရန္ ဆင့္ေခၚစာေရာက္ရွိလာသည့္အခါ သြားေရာက္ ေဆးစစ္ေဆးၾကရမည္ျဖစ္သည္။ ထိုသို႔ေဆးစစ္ေဆးရာတြင္ ေဆးေအာင္ျမင္ခဲ့ၿပီးပါက စာဖတ္သူမ်ားအေနျဖင့္ မိမိတို႔မွာ စစ္မႈထမ္းေဆာင္ျခင္းမွ ကင္း လြတ္ခြင့္ျပဳခံရသူမ်ားထဲတြင္ အက်ဳံးဝင္ပါက ပုံစံ (၇-က)ျဖင့္ လည္းေကာင္း၊ စစ္မႈထမ္းေဆာင္ရမည့္ကာလအပိုင္းအျခားကို ေလွ်ာ့ေပါ့ေပးခံရမည့္သူမ်ား ထဲတြင္အက်ဳံးဝင္ပါက ပုံစံ(၇-ခ)ျဖင့္လည္းေကာင္း၊ စစ္မႈထမ္းေဆာင္ရမည့္ကာလကိုေ႐ႊ႕ဆိုင္းေပးရန္ ခြင့္ျပဳေပးခံရမည့္သူမ်ားထဲတြင္ အက်ဳံးဝင္ပါက ပုံစံ (၇-ဂ) ျဖင့္လည္းေကာင္း သက္ဆိုင္ရာၿမိဳ႕နယ္အဆင့္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မ်ား ထံ ေလွ်ာက္ထားခြင့္ရွိမည္ ျဖစ္ပါသည္။ ‘မည္ကဲ့သို႔ေသာသူမ်ားမွာ ကင္းလြတ္ခြင့္/ေလွ်ာ့ေပါ့ခြင့္/ေ႐ႊ႕ဆိုင္းခြင့္မ်ား ရရွိပါမည္နည္းဆိုရာတြင္ ကင္းလြတ္ခြင့္ရရွိမည့္သူ (၁၃) မ်ိဳး၊ ေလွ်ာ့ေပါ့ခြင့္ေလွ်ာက္ထားခြင့္ရွိသူ (၃)မ်ိဳး၊ ေ႐ႊ႕ ဆိုင္းခြင့္ရရွိႏိုင္သူ(၁၁)မ်ိဳးတို႔ႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္မွ တရားဝင္ေၾကညာထားသည့္အတိုင္း ၿပီးခဲ့သည့္ NP News ၏ အတြဲ(၁)၊ အမွတ္ (၅၇)တြင္ ေဖာ္ျပခဲ့ၿပီးျဖစ္ပါသည္’
ယခုတစ္ပတ္ေဆာင္းပါးတြင္ အပိုင္းႏွစ္ ပိုင္းျဖင့္ေဖာ္ျပေရးသားပါမည္။ ပထမတစ္ပိုင္းမွာ ထိုသို႔ ပုံစံ (၇-က)/ ပုံစံ(၇-ခ)/ ပုံစံ(၇-ဂ)တို႔ျဖင့္ ေလွ်ာက္ထားၿပီးသည့္ေနာက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၏အဆင့္ဆင့္ေဆာင္႐ြက္ ၾကရ မည့္အေၾကာင္းအရာမ်ားႏွင့္ ဒုတိယတစ္ပိုင္းတြင္ ထိုသို႔ ေလွ်ာက္ထားခဲ့ၾကေသာ စာဖတ္သူမ်ားအေနျဖင့္ သိရွိ ထားၾက ရမည့္အေၾကာင္းအရာမ်ားျဖစ္သည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ ဆက္တြဲပါ-
- ပုံစံ (၈-က) မွာ ျပည္သူ႔စစ္မႈထမ္းျခင္းမွ ကင္းလြတ္ခြင့္ျပဳရန္ ေလွ်ာက္ထားမႈကို ခြင့္ျပဳမိန႔္
- ပုံစံ (၈-ခ) မွာ ျပည္သူ႔စစ္မႈထမ္းျခင္းမွ စစ္မႈထမ္းရမည့္ ကာလအပိုင္းအျခားကို ေလွ်ာ့ေပါ့ေပးရန္ ေလွ်ာက္ ထားမႈကို ခြင့္ျပဳမိန႔္
- ပုံစံ (၈-ဂ) မွာ ျပည္သူ႔စစ္မႈထမ္းျခင္းမွ သီးျခားေဖာ္ျပထားေသာကာလအပိုင္းအျခားအထိ ေ႐ႊ႕ဆိုင္းရန္ ေလွ်ာက္ထားမႈကို ခြင့္ျပဳမိန႔္
- ပုံစံ (၉) မွာ ျပည္သူ႔စစ္မႈထမ္းျခင္းမွ ကင္းလြတ္ခြင့္ျပဳရန္/ စစ္မႈထမ္းရမည့္ကာလအပိုင္းအျခား ကို ေလွ်ာ့ေပါ့ေပးရန္/ သီးျခားေဖာ္ျပထားေသာ ကာ လအပိုင္းအျခားအထိေ႐ႊ႕ဆိုင္းရန္ ေလွ်ာက္ထားမႈကို ျငင္းပယ္ ျခင္း တို႔ျဖစ္သည္။
ပထမတစ္ပိုင္းျဖစ္သည့္ သက္ဆိုင္ရာ
တာဝန္ရွိသူမ်ား၏ အဆင့္ဆင့္
ေဆာင္႐ြက္ၾကရမည့္အေၾကာင္း
အရာမ်ားႏွင့္ပတ္သက္၍ “ျပည္သူ႔စစ္မႈ ထမ္းဥပေဒ ပုဒ္မ-၁၂ တြင္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚ ေရးၿမိဳ႕ နယ္အဖြဲ႕ သည္-
(က) စစ္မႈထမ္းရမည့္ အသက္အ႐ြယ္ေရာက္သူ တစ္ ဦးကို စစ္မႈထမ္းရန္ဆင့္ေခၚရာတြင္ ဆင့္ေခၚျခင္းခံရ သူက မိမိအား စစ္မႈထမ္းျခင္းမွ ကင္းလြတ္ခြင့္ျပဳရန္ ျဖစ္ေစ၊ စစ္မႈထမ္းရမည့္ ကာလအပိုင္းအျခားကို ေလွ်ာ့ေပါ့ေပးရန္ ျဖစ္ေစ၊ သီးျခားေဖာ္ျပထားေသာ ကာလအပိုင္းအျခားအထိေ႐ႊ႕ဆိုင္းရန္ျဖစ္ေစ အေၾကာင္းျပခ်က္မ်ားေဖာ္ျပလ်က္ ေလွ်ာက္လႊာျဖင့္ ေရးသားတင္ျပလာပါက ေအာက္ပါအခ်က္အလက္ မ်ား ကို စုံစမ္းစစ္ေဆးရမည္-
(၁) ကိုယ္ေရးအခ်က္အလက္မ်ား မွန္ကန္မႈ ရွိ/မရွိ၊
(၂) အေၾကာင္းျပခ်က္မ်ားသည္ မွန္ကန္ခိုင္လုံမႈ ရွိ/ မရွိ၊
(၃) စာ႐ြက္စာတမ္းအေထာက္အထားႏွင့္ ေထာက္ခံ ခ်က္မ်ား ျပည့္စုံစြာပူးတြဲတင္ျပျခင္း ရွိ/မရွိ။
(ခ) ေလွ်ာက္လႊာပါ ကိုယ္ေရးအခ်က္အလက္မ်ား ျပည့္စုံမႈမရွိလွ်င္ ျဖစ္ေစ၊ စာ႐ြက္စာတမ္း၊ အေထာက္ အထားႏွင့္ ေထာက္ခံခ်က္မ်ားလိုအပ္ပါလ်က္ ပူးတြဲ တင္ျပခဲ့ျခင္းမရွိလွ်င္ျဖစ္ေစ၊ ေလွ်ာက္လႊာတင္ျပသူ ထံ ျပန္လည္ ေတာင္းခံရယူရမည္၊
(ဂ) ပုဒ္မခြဲ(က)ႏွင့္ (ခ)ပါ ေဆာင္႐ြက္ရမည့္ကိစၥမ်ား ေဆာင္႐ြက္ၿပီးစီးပါက ဆင့္ေခၚျခင္းခံရသူ၏ေလွ်ာက္ လႊာႏွင့္အတူ ေလွ်ာက္ထားသူ၏ တပ္မေတာ္ေဆးစစ္ ေဆးေရးဘုတ္အဖြဲ႕၏ ေဆးစစ္ေဆးေတြ႕ရွိခ်က္၊ မိမိ ၏စိစစ္ေတြ႕ရွိ ခ်က္ႏွင့္ သေဘာထားမွတ္ခ်က္တို႔ကို ပူးတြဲလ်က္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးခ႐ိုင္အဖြဲ႕ သို႔ ဆက္လက္တင္ျပရမည္။
ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ-(၁၃)တြင္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးခ႐ိုင္အဖြဲ႕သည္ ျပည္သူ႔စစ္မႈ ထမ္းဆင့္ ေခၚေရးၿမိဳ႕နယ္အဖြဲ႕မွ တင္ျပလာေသာ ေလွ်ာက္လႊာမ်ားအေပၚတြင္ မိမိ၏ သေဘာထားမွတ္ ခ်က္ျပဳလ်က္ ျပည္သူ႔စစ္မႈ ထမ္းဆင့္ေခၚေရး တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အဖြဲ႕သို႔ ဆက္လက္တင္ျပရ မည္။
ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ-(၁၄)တြင္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ အဖြဲ႕သည္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚ ေရးခ႐ိုင္အဖြဲ႕မွတင္ျပလာေသာ ေလွ်ာက္လႊာမ်ားအေပၚ မိမိ၏သေဘာထား မွတ္ခ်က္ျပဳလ်က္ ျပည္သူ႔စစ္ မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕သို႔ ဆက္လက္တင္ျပရမည္။
ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ-(၁၅)(က)တြင္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕သည္ ျပည္သူ႔စစ္မႈ ထမ္းဆင့္ေခၚေရး တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အဖြဲ႕မွတင္ျပလာေသာ ဆင့္ေခၚျခင္းခံရသူမ်ား၏ ေလွ်ာက္လႊာမ်ားကိုစိစစ္ရာတြင္ ေအာက္ပါအခ်က္မ်ားႏွင့္အက်ဳံးဝင္ေသာပုဂၢိဳလ္မ်ားကို ျပည္ သူ႔စစ္မႈထမ္းေဆာင္ ရမည့္တာဝန္မွ ယာယီေ႐ႊ႕ဆိုင္း ႏိုင္သည္” ဟု (၁)မွ (၆)အထိ အမ်ိဳးအစား (၆)မ်ိဳးကို သတ္မွတ္ေဖာ္ျပ ျပ႒ာန္းထားရွိပါသည္။ ‘ဤေနရာ တြင္ ဥပေဒပါ ယာယီေ႐ႊ႕ဆိုင္းႏိုင္သည့္ အမ်ိဳးအစား (၆)မ်ိဳးကို ေဖာ္ျပေရးသား ျခင္းမျပဳရျခင္းမွာ အဆိုပါ အမ်ိဳးအစား (၆)မ်ိဳးအျပင္ သီးျခားထပ္မံေၾကညာခဲ့ၿပီးျဖစ္သည့္ ယာယီေ႐ႊ႕ဆိုင္းႏိုင္သည့္အမ်ိဳးအစား(၅)မ်ိဳး (စုစုေပါင္း ယာယီေ႐ႊ႕ ဆိုင္းႏိုင္သည့္ အမ်ိဳးအစား ၁၁ မ်ိဳး) ႏွင့္ ပတ္သက္၍ ၿပီးခဲ့သည့္ NP News ၏ အတြဲ(၁)၊ အမွတ္ (၅၇)တြင္ ေဖာ္ျပခဲ့ၿပီး ျဖစ္သည္။ ထို႔အတူ ကင္းလြတ္ခြင့္ရရွိမည့္သူ (၁၃)မ်ိဳးႏွင့္ ေလွ်ာ့ေပါ့ခြင့္ေလွ်ာက္ထားခြင့္ရွိသူ(၃)မ်ိဳးတို႔ ကိုလည္း ေဖာ္ျပခဲ့ၿပီးျဖစ္သည္။’
“ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ-(၂၃)(က)တြင္ ၿမိဳ႕နယ္အဖြဲ႕သည္ ေလွ်ာက္ ထားတင္ျပခ်က္မ်ား ျပည့္စုံမွန္ကန္မႈရွိရန္စိစစ္ၿပီး ေလွ်ာက္ထားသူ၏ ေဆးစစ္ေဆးေရးဘုတ္အဖြဲ႕က ေဆးစစ္ေဆးေတြ႕ရွိခ်က္၊ မိမိ၏ စိစစ္ေတြ႕ရွိခ်က္ႏွင့္ သေဘာထားမွတ္ခ်က္တို႔ကို ပူးတြဲလ်က္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း (သို႔မဟုတ္) ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသအဖြဲ႕ (သို႔မဟုတ္) ခ႐ိုင္အဖြဲ႕သို႔ သတ္မွတ္ရက္အတြင္း ဆက္လက္တင္ျပရမည္။ (ခ) ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရတိုင္း (သို႔မဟုတ္) ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအဖြဲ႕ (သို႔မဟုတ္) ခ႐ိုင္အဖြဲ႕သည္ ၿမိဳ႕နယ္အဖြဲ႕က တင္ျပလာေသာ ေလွ်ာက္လႊာမ်ားကို မိမိ၏သေဘာထားမွတ္ခ်က္ႏွင့္အတူ ၿမိဳ႕နယ္အဖြဲ႕က တင္ျပသည့္ေလွ်ာက္လႊာလက္ခံရရွိသည့္ေန႔မွစ၍ သတ္မွတ္ရက္အတြင္း ေနျပည္ေတာ္အဖြဲ႕ (သို႔မဟုတ္) တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္အဖြဲ႕သို႔ ဆက္လက္ တင္ျပရမည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္း ဥပေဒ-(၂၄)တြင္ ေနျပည္ေတာ္အဖြဲ႕ သို႔မဟုတ္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အဖြဲ႕သည္ ကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရေဒသအဖြဲ႕ သို႔မဟုတ္ ခ႐ိုင္ အဖြဲ႕တို႔မွ တင္ျပသည့္ေလွ်ာက္လႊာမ်ားကို စိစစ္ၿပီး မိမိ၏သေဘာထား မွတ္ခ်က္ႏွင့္အတူ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအဖြဲ႕ သို႔မဟုတ္ ခ႐ိုင္အဖြဲ႕မွတင္ျပသည့္ ေလွ်ာက္လႊာလက္ခံရရွိသည့္ ေန႔မွစ၍ သတ္မွတ္ရက္အတြင္း ဗဟိုအဖြဲ႕သို႔တင္ျပရမည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္း ဥပေဒ-(၂၅)တြင္ ဗဟိုအဖြဲ႕သည္ ျပည္သူ႔စစ္မႈထမ္း ျခင္းမွ ကင္းလြတ္ခြင့္ျပဳေၾကာင္း ခြင့္ျပဳမိန႔္ကို ပုံစံ(၈- က)ျဖင့္လည္းေကာင္း၊ သို႔မဟုတ္ ျပည္သူ႔ စစ္မႈထမ္းရ မည့္ကာလ အပိုင္းအျခားကို ေလွ်ာ့ေပါ့ေပးေၾကာင္း ခြင့္ျပဳမိန႔္ကို ပုံစံ(၈-ခ)ျဖင့္လည္းေကာင္း၊ သို႔မဟုတ္ သီးျခားေဖာ္ျပထားသည့္ ကာလအပိုင္းအျခားအထိ ေ႐ႊ႕ဆိုင္းေပးေၾကာင္းခြင့္ျပဳမိန႔္ကို ပုံစံ(၈-ဂ)ျဖင့္လည္း ေကာင္း၊ နည္းဥပေဒ(၂၄)အရ တင္ျပသည့္ေလွ်ာက္ လႊာလက္ခံရရွိသည့္ေန႔မွ သတ္မွတ္ရက္အတြင္းေလွ်ာက္ ထားသူထံအေၾကာင္းၾကားၿပီး သက္ဆိုင္ ရာၿမိဳ႕နယ္အဖြဲ႕ကို မိတၱဴေပးပို႔ရမည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ-(၂၆)တြင္ ဗဟိုအဖြဲ႕သည္ ျပည္သူ႔စစ္မႈထမ္း ျခင္းမွ ကင္းလြတ္ ခြင့္ျပဳရန္ သို႔မဟုတ္ ျပည္သူ႔စစ္မႈထမ္းရမည့္ကာလအပိုင္းအျခားကို ေလွ်ာ့ေပါ့ေပးရန္ သို႔မဟုတ္ သီးျခားေဖာ္ျပထား သည့္ကာလအပိုင္းအျခားတစ္ခုအထိေ႐ႊ႕ဆိုင္းေပးရန္ေလွ်ာက္ထားမႈကို ျငင္းပယ္သည္ဆိုပါက ပုံစံ(၉)ျဖင့္ နည္းဥပေဒ (၂၄)အရတင္ျပသည့္ ေလွ်ာက္လႊာလက္ခံရရွိသည့္ေန႔မွ သတ္မွတ္ရက္အတြင္းေလွ်ာက္ထားသူထံ အေၾကာင္း ၾကားၿပီး သက္ဆိုင္ရာၿမိဳ႕နယ္အဖြဲ႕ကို မိတၱဴေပးပို႔ရမည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္း ဥပေဒ-(၂၇)တြင္ ဗဟိုအဖြဲ႕သည္-
(က) ျပည္သူ႔စစ္မႈထမ္းရမည့္ကာလအပိုင္းအျခားကို ေလွ်ာ့ေပါ့ေပးရန္ေလွ်ာက္ထားမႈမ်ားႏွင့္စပ္ လ်ဥ္း၍ စိစစ္ခြင့္ျပဳ ရာတြင္ ထည့္သြင္းစဥ္းစားရမည့္ စံႏႈန္းမ်ားကို သတ္မွတ္ရမည္။
(ခ) သီးျခားေဖာ္ျပထားသည့္ ကာလအပိုင္းအျခားတစ္ခုအထိ ေ႐ႊ႕ဆိုင္းရန္ေလွ်ာက္ထားမႈမ်ားႏွင့္စပ္လ်ဥ္း၍ ဥပေဒ ပုဒ္မ- (၁၅)ပါ သတ္မွတ္ခ်က္မ်ား အျပင္ အခါအားေလ်ာ္စြာ ကိစၥရပ္တစ္ခုခ်င္းအလိုက္ စိစစ္ၿပီး ေ႐ႊ႕ဆိုင္းခြင့္ျပဳ ႏိုင္သည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္း ဥပေဒ-(၂၈)တြင္ ဗဟိုအဖြဲ႕သည္ ဥပေဒပုဒ္မ-(၂၂) ပုဒ္မခြဲ(င)အရ ကင္းလြတ္ခြင့္ျပဳႏိုင္ရန္ ထည့္သြင္း သတ္မွတ္ရမည့္စံႏႈန္းမ်ားကို အေျခအေနႏွင့္ လိုအပ္ ခ်က္မ်ားအရ အခါအားေလ်ာ္စြာ သတ္မွတ္ၿပီး ယင္းစံ ႏႈန္းမ်ားႏွင့္အညီ ကင္းလြတ္ခြင့္အမိန႔္ ထုတ္ျပန္ရမည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္း ဥပေဒ-(၅၂)တြင္ ဗဟိုအဖြဲ႕သည္ နည္းဥပေဒ-(၅၀) အရေဆးစစ္ ေအာင္ျမင္ၿပီးသူသည္ ျပည္သူ႔စစ္မႈ ထမ္းျခင္းမွ ကင္းလြတ္ခြင့္ျပဳရန္ျဖစ္ေစ၊ ျပည္သူ႔စစ္မႈ ထမ္းရမည့္ကာလ အပိုင္းအျခားကို ေလွ်ာ့ေပါ့ေပးရန္ ျဖစ္ေစ၊ သီးျခားေဖာ္ျပထားသည့္ ကာလအပိုင္းအျခား တစ္ခုအထိေ႐ႊ႕ဆိုင္းရန္ျဖစ္ေစ ေလွ်ာက္ထားခဲ့သူမ်ားႏွင့္ ထိုသို႔ေလွ်ာက္ထားမႈမ်ားထဲမွ ပုံစံ(၉)ျဖင့္ ျငင္းပယ္ခံခဲ့ရသူမ်ားစာရင္းကို သက္ဆိုင္ရာ ဝန္ႀကီးဌာန မ်ားႏွင့္အဖြဲ႕အစည္းမ်ားသို႔ ေပးပို႔ရမည္ဟု သတ္မွတ္ေဖာ္ျပ ျပ႒ာန္းထားရွိသည္။ ‘ဤေနရာတြင္ နည္းဥ ပေဒ-၅၁ တြင္ေဖာ္ျပပါရွိသည့္ အမိန႔္စာဆိုေသာစ ကားရပ္ကို နည္းဥပေဒ-(၂)(တ)တြင္ အမိန႔္စာ ဆိုသည္မွာ ၿမိဳ႕နယ္ အဖြဲ႕က ျပည္သူ႔စစ္မႈထမ္းရန္ ဥပေဒပုဒ္မ ၁၀(က)အရ ပုံစံ (၁၀)ျဖင့္ ဆင့္ေခၚသည့္ အမိန႔္စာကိုဆိုသည္ဟု အဓိပၸာယ္ဖြင့္ဆိုထားသည္ကို ေတြ႕ရွိရပါသည္။’
စာဖတ္သူမ်ားနားလည္မႈရွိေစရန္ အႏွစ္ ခ်ဳပ္ေဖာ္ျပေရးသားရေသာ္-
(၁) ပုံစံ(၆)ျဖင့္ ေဆးစစ္ေဆးရန္ ဆင့္ ေခၚျခင္းခံရပါက ေဆးသြားေရာက္စစ္ေဆးရမည္ျဖစ္ ပါသည္။
(ပ်က္ကြက္ပါက ျပည္သူ႔စစ္မႈထမ္း ဥပေဒ ပုဒ္မ-၂၃(ခ)ျဖင့္ အမႈဖြင့္တရားစြဲဆိုျခင္းခံရပါမည္)
(၂) ေဆးစစ္ေဆးသည့္အခါ စစ္မႈထမ္းႏိုင္မည့္ က်န္းမာေရးအဆင့္မီေၾကာင္း သက္ဆိုင္ရာေဆးစစ္ေဆး ေရးဘုတ္အဖြဲ႕၏အတည္ျပဳခ်က္ရသည့္အခါ ထိုသို႔ အတည္ျပဳခ်က္ရသည့္ေန႔မွစ၍ သတ္မွတ္ရက္အတြင္း ႏိုင္ငံေတာ္ မွေၾကညာထားသည့္ စစ္မႈထမ္းျခင္း မွကင္းလြတ္ခြင့္ရရွိမည့္သူ(၁၃)မ်ိဳးထဲ တြင္အက်ဳံးဝင္ ပါက ပုံစံ(၇-က)ျဖင့္ သက္ဆိုင္ရာစာ႐ြက္စာတမ္းအေထာက္အထားမ်ားႏွင့္အတူ သက္ဆိုင္ရာ ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး အဖြဲ႕ထံ သို႔လည္းေကာင္း၊ စစ္မႈထမ္းျခင္းမွေလွ်ာ့ေပါ့ခြင့္ေလွ်ာက္ထား ခြင့္ရွိသူ(၃)မ်ိဳးထဲတြင္အက်ဳံးဝင္ပါက ပုံစံ(၇-ခ)ျဖင့္ သက္ဆိုင္ရာစာ႐ြက္စာတမ္း အေထာက္အထားမ်ားႏွင့္အတူ သက္ဆိုင္ရာ ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္းဆင့္ ေခၚေရးအဖြဲ႕ ထံသို႔လည္းေကာင္း၊ စစ္မႈထမ္းျခင္းမွ ေ႐ႊ႕ဆိုင္းခြင့္ရရွိႏိုင္သူ(၁၁ မ်ိဳးထဲတြင္ အက်ဳံးဝင္ပါက ပုံစံ(၇-ဂ)ျဖင့္ သက္ဆိုင္ ရာစာ႐ြက္စာတမ္းအ ေထာက္အထားမ်ားႏွင့္အတူ သက္ဆိုင္ရာ ၿမိဳ႕နယ္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး အဖြဲ႕ထံသို႔လည္း ေကာင္း ေလွ်ာက္ထားၾကရမည္ျဖစ္ပါသည္။
(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.