ရွေးကောက်ပွဲဝင်ပြိုင်မည့်ပါတီအများစုတွင် Shadow Government ပုံစံမရှိသေး

 217

သန့်ဇင် (NP News) - အောက်တိုဘာ ၁၉

တစ်နိုင်ငံလုံးအဆင့် ရွေးကောက်ပွဲဝင်မည့်ပါတီ အများစုတွင် စင်ပြိုင်တုပပြင်ဆင်ထားသော Shadow Government (Shawdow Cabinet) ပုံစံမရှိသေးဘဲ ညွန့်ပေါင်းအစိုးရတွင်ပါဝင်ရန်သာ ပြင်ဆင်ထား ကြကြောင်း NP News ဂျာနယ်မှမေးမြန်းထားသောအချက်အလက်များအရ သိရသည်။
Shawdow Cabinet ဆိုသောအသုံးအနှုန်းမှာ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးသောနိုင်ငံများ တွင် တရားဝင် အသုံးပြုသည့် နိုင်ငံရေးဆိုင်ရာ အသုံးအနှုန်းတစ်ခုဖြစ်ပြီး အာဏာရပါတီ၏ အစိုးရဖွဲ့စည်းပုံအတိုင်း အတိုက်ခံပါတီက လည်း ရာထူးနေရာများ ဖွဲ့စည်းကာ သက်ဆိုင်ရာနယ်ပယ်မှ လိုအပ်ချက်များကို မေးခွန်းထုတ်ခြင်း၊ စောင့်ကြည့်ခြင်း၊ ထောက်ပြခြင်းတို့ကိုပြုလုပ်ကြခြင်းဖြစ်ပြီး ယင်း Shawdow Cabinet အဖွဲ့ဝင်တို့သည် ပါတီအာဏာရပါက အစိုးရရာထူး များကိုထမ်းဆောင်ရန်အတွက်လည်း ကြိုတင်ပြင် ဆင်ထားခြင်းဖြစ်သည်။
ယင်းမှာ အတိုက်အခံနိုင်ငံရေးပါတီများအနေဖြင့် အစိုးရဖွဲ့နိုင်ပါက အချိန်မရွေး တာဝန်ယူနိုင်ကြောင်း ပြသခြင်းမျိုးလည်းဖြစ်ကြောင်းသိရသည်။ လာမည့် (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်တွင် စတင်ကျင်းပမည့် အထွေ ထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ(wpn)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ(MFDP)၊ ပြည်သူ့ပါတီ (PP)၊ ရှမ်းနှင့်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(ကျားဖြူ)တို့သည် ပြည်ထောင်စုအဆင့် ဝင်ရောက် ယှဉ်ပြိုင်ရန်ကျန်ရှိနေသည့်နိုင်ငံ ရေးပါတီများဖြစ်သည်။
“လက်ရှိတော့မရှိသေးပါဘူး။ ကိုယ့် Govern­ment ဖွဲ့နိုင်ရင်တော့ ရင်ထဲမှာရှိတာပေါ့နော်။ ဘယ် သူက ဘယ်လိုပါ။ ဘယ်နေရာဘာညာ ဒါကတော့ ပါတီတိုင်းမှာရှိကြပါတယ်။ အကုန်လုံးပေါ့နော်။ စီစဉ် ထားတာတော့ရှိ တာပေါ့နော်။ မအောင်မြင်ဘူးဆိုရင်လည်း ဒါကြီးက ပျက်သွားမှာပဲလေ။ ဘာမှမထူးဘူးလေ။ ကိုယ်ရရှိလာတဲ့ အောင်မြင် မှုပေါ့။ ကျွန်တော်တို့ လွှတ်တော်တွေ ဘယ်လောက်ရာခိုင်နှုန်းအထိပါဝင်မလဲပေါ့။ အဲဒီအပေါ်မူတည်ပြီးမှ အနာဂတ် မှာလာမယ့် အစိုးရကို ကျွန်တော်တို့စဉ်းစားလို့ရတာကိုး။ ညှိနှိုင်းရမှာ။ ဘယ်ပါတီမဆို ကျွန်တော်တို့အားလုံးညှိနှိုင်း သွားမှရမှာပါ။ အရင်လိုမျိုးကြီး တစ်ပါတီဦးဆောင်တဲ့ ဟာကြီးကတော့ နည်းနည်းခေတ်ကုန်လောက်ပြီလို့ ထင်တယ်ဗျ။ အဲဒါကြီးကတော့ ကျွန်တော်တို့လည်း သိပ်အဆင်မပြေလောက်ဘူးဗျ။ အားလုံးပါဝင်ပြီးတော့ အားလုံးကလည်း လောဘလည်းမကြီးကြနဲ့ပေါ့ဗျာ။ အားလုံးတိုင်တိုင်ပင်ပင်လေးနဲ့သွားမယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ အနာဂတ် မှာတော့ ကျွန်တော်ထင်ပါတယ်။ သာသာယာယာတော့ရှိသွားမှာပါ” ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ပြင် ရွေးကောက်ပွဲအပြီးတွင် ညွန့်ပေါင်းအစိုး ရဖွဲ့စည်းဖြစ်ခဲ့ပါက ရွေးကောက်ပွဲအနိုင်ရရှိမှုအချိုးအရ လွှတ်တော်နှင့်အစိုးရအဖွဲ့အတွင်း တာဝန်ထမ်းဆောင်ရန်အတွက် လျာထားချက်များရှိသော်လည်း လက်ရှိတွင် Shadow Government အဖြစ် သီးခြား ဖွဲ့စည်းထားခြင်းမျိုးမရှိသေးကြောင်း ပြည်သူ့ရှေ့ ဆောင်ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးစောဟန် အေးက လည်းဆိုသည်။
“ကျွန်တော်တို့က လုံးလုံးလျားလျားနိုင်ခဲ့တယ်ဆိုရင် ကိုယ့်ဘက်က အစိုးရဖွဲ့နိုင်တဲ့အနေအထားရှိ လားဆိုတော့ အစိုးရဖွဲ့နိုင်တဲ့အနေအထား ကျွန်တော်တို့မှာရှိပါတယ်။ အစိုးရဖွဲ့နိုင်လောက်တဲ့ Capicity ကျွန်တော်တို့ မြှင့်ထားတဲ့လူတွေလည်းရှိပြီးသားပါ။ အသင့်ရှိပါတယ်။ ပေါင်းပြီးတော့ ညွန့်ပေါင်းဖွဲ့ခဲ့မယ် ဆိုရင်လည်း ကိုယ်ရဲ့ ပါဝင် နိုင်မှုအချိုးအရ ဘယ်သူတွေက လွှတ်တော်ထဲသွားမယ်။ ဘယ်သူတွေကတော့ အစိုးရအဖွဲ့ထဲသွားမယ်။ ဒါတွေလည်း ကျွန် တော်တို့ဆီမှာ လျာထားချက်တွေတော့ရှိပါတယ်။ သီးခြားကြီးတော့မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီလိုဖြစ်ခဲ့မယ် ဆိုရင်လည်း ကျွန်တော်တို့ ဒါကိုချက်ချင်းလုပ်နိုင်တဲ့ အခြေအနေမှာရှိပါတယ်”ဟု ၎င်းကပြောသည်။ အလားတူ လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာတွင် မဲဆန္ဒနယ်(၆၀) ရာခိုင်နှုန်းခန့်သာ ဝင်ရောက်ယှဉ်ပြိုင်နိုင် မည်ဖြစ်သောကြောင့် လက်ရှိတွင် Shadow Government ဖွဲ့ စည်းထားခြင်းမျိုးမရှိ သေးကြောင်း ပြည်သူ့ပါတီမှ တာဝန်ရှိသူတစ်ဦးကဆို သည်။
“ဒီရွေးကောက်ပွဲအခြေအနေက ကျွန်တော်တို့က လုံလောက်တဲ့အချိန်တွေနဲ့ အခြေအနေပေး ထားချက်တွေ မရှိဘူးပေါ့ဗျာ။ မရှိတဲ့အခါကျတော့ ရွေးကောက်ပွဲကိုဝင်ပြိုင်ရတာကိုက ကျွန်တော်တို့ နယ်မြေတွေအားလုံးကို ရာနှုန်း ပြည့်ဝင်ရောက်ယှဉ် ပြိုင်နိုင်ခြေမရှိဘူး။ ကျွန်တော်တို့ပါတီအနေနဲ့ဆိုလို့ရှိရင် ကျွန်တော်တို့ (၆၀)ရာခိုင်နှုန်းလောက် ပွဲဝင် ရောက်ယှဉ်ပြိုင်ထားတာရှိတယ်။ အဲဒီလိုရှိတော့ Shadow Government ကိုဖွဲ့ဖို့ဆိုတာက ဒီအခြေအနေအရ ကျွန်တော်တို့မှာ ဖွဲ့ဖို့ကအဆင်မပြေဘူးလေ။ မပြေတဲ့အခါကျတော့ လောလောဆယ်ဆယ် ကျွန်တော်တို့မှာ ဖွဲ့စည်းထား တာမရှိသေးပါဘူး”ဟု ဦးလှဌေးကပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် Shadow Government ဟု ခေါင်းစဉ်မတပ်ထား သော် လည်း ရွေးကောက်ပွဲအောင်နိုင်ခဲ့ပါက ဝန်ကြီးဌာနတစ်ခုချင်းအလိုက် မည်သို့လုပ်ဆောင်ရမည်ကို လွန်ခဲ့သောနှစ် နှစ်ခန့် ကပင် ဆွေးနွေးပွဲများလုပ်ဆောင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကဆိုသည်။
“Shadow Government ကို Plan ချပြီး မလုပ်တဲ့ဟာမျိုးတော့မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ အသုံးအနှုန်းက အဲဒီလိုဟာမျိုးဆိုလို့ရှိရင် ကျွန်တော်တို့က လက်ရှိအစိုးရအပေါ်မှာ တစ်မျိုးဖြစ်မှာစိုးတဲ့အတွက် ကျွန်တော်တို့ တစ်ခုခု ကိုပေါ့နော် အစီအစဉ် တကျဆောင်ရွက်ဖို့ရာအတွက်ကို အခြေခံ ကျွန်တော် တို့လုပ်ထားပြီးသားပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ Shadow Government တို့ဘာတို့ပုံစံမျိုးမဟုတ်ဘူး။ တကယ်လို့ ကိုယ်တာဝန်ယူရလို့ရှိရင် ပြည်သူ ရွေးချယ်လို့ တာဝန်ပေးလာလို့ရှိရင် ကျွန်တော်တို့ ဝန်ကြီးဌာနတစ်ခုချင်းအလိုက်ကို ကျွန်တော်တို့ ဘယ်လို စီမံဆောင် ရွက်ရမလဲဆိုတဲ့ဟာကို ကျွန်တော်တို့ ဟိုးလွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆွေးနွေးပွဲ တွေလုပ်ကြတယ်။ လုပ်ကြတဲ့အထဲမှာမှ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်အတွက်ပေါ့နော်။ ဘယ်လိုကောင်းအောင် လုပ်ရမယ်ဆိုတဲ့မူဝါဒတွေကိုရေးဆွဲနိုင်ဖို့အတွက် ဆွေးနွေးပွဲတွေကို ဆက်တိုက်ဆက်တိုက် ကျင်းပခဲ့တာရှိပါတယ်”ဟု ဦးသိန်း ထွန်းဦးကပြောသည်။

Zawgyi Version;
ေ႐ြးေကာက္ပြဲဝင္ၿပိဳင္မည့္ပါတီအမ်ားစုတြင္ Shadow Government ပုံစံမရွိေသး
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁၉

တစ္ႏိုင္ငံလုံးအဆင့္ ေ႐ြးေကာက္ပြဲဝင္မည့္ပါတီ အမ်ားစုတြင္ စင္ၿပိဳင္တုပျပင္ဆင္ထားေသာ Shadow Government (Shawdow Cabinet) ပုံစံမရွိေသးဘဲ ၫြန႔္ေပါင္းအစိုးရတြင္ပါဝင္ရန္သာ ျပင္ဆင္ထား ၾကေၾကာင္း NP News ဂ်ာနယ္မွေမးျမန္းထားေသာအခ်က္အလက္မ်ားအရ သိရသည္။
Shawdow Cabinet ဆိုေသာအသုံးအႏႈန္းမွာ ပါလီမန္ဒီမိုကေရစီစနစ္က်င့္သုံးေသာႏိုင္ငံမ်ား တြင္ တရားဝင္ အသုံးျပဳသည့္ ႏိုင္ငံေရးဆိုင္ရာ အသုံးအႏႈန္းတစ္ခုျဖစ္ၿပီး အာဏာရပါတီ၏ အစိုးရဖြဲ႕စည္းပုံအတိုင္း အတိုက္ခံပါတီက လည္း ရာထူးေနရာမ်ား ဖြဲ႕စည္းကာ သက္ဆိုင္ရာနယ္ပယ္မွ လိုအပ္ခ်က္မ်ားကို ေမးခြန္းထုတ္ျခင္း၊ ေစာင့္ၾကည့္ျခင္း၊ ေထာက္ျပျခင္းတို႔ကိုျပဳလုပ္ၾကျခင္းျဖစ္ၿပီး ယင္း Shawdow Cabinet အဖြဲ႕ဝင္တို႔သည္ ပါတီအာဏာရပါက အစိုးရရာထူး မ်ားကိုထမ္းေဆာင္ရန္အတြက္လည္း ႀကိဳတင္ျပင္ ဆင္ထားျခင္းျဖစ္သည္။
ယင္းမွာ အတိုက္အခံႏိုင္ငံေရးပါတီမ်ားအေနျဖင့္ အစိုးရဖြဲ႕ႏိုင္ပါက အခ်ိန္မေ႐ြး တာဝန္ယူႏိုင္ေၾကာင္း ျပသျခင္းမ်ိဳးလည္းျဖစ္ေၾကာင္းသိရသည္။ လာမည့္ (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ(၂၈)ရက္တြင္ စတင္က်င္းပမည့္ အေထြ ေထြေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP)၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရး ပါတီ(wpn)၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)၊ ျမန္မာႏိုင္ငံ ေတာင္သူလယ္သမားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ(MFDP)၊ ျပည္သူ႔ပါတီ (PP)၊ ရွမ္းႏွင့္တိုင္းရင္းသားမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ(က်ားျဖဴ)တို႔သည္ ျပည္ေထာင္စုအဆင့္ ဝင္ေရာက္ ယွဥ္ၿပိဳင္ရန္က်န္ရွိေနသည့္ႏိုင္ငံ ေရးပါတီမ်ားျဖစ္သည္။
“လက္ရွိေတာ့မရွိေသးပါဘူး။ ကိုယ့္ Govern­ment ဖြဲ႕ႏိုင္ရင္ေတာ့ ရင္ထဲမွာရွိတာေပါ့ေနာ္။ ဘယ္ သူက ဘယ္လိုပါ။ ဘယ္ေနရာဘာညာ ဒါကေတာ့ ပါတီတိုင္းမွာရွိၾကပါတယ္။ အကုန္လုံးေပါ့ေနာ္။ စီစဥ္ ထားတာေတာ့ရွိ တာေပါ့ေနာ္။ မေအာင္ျမင္ဘူးဆိုရင္လည္း ဒါႀကီးက ပ်က္သြားမွာပဲေလ။ ဘာမွမထူးဘူးေလ။ ကိုယ္ရရွိလာတဲ့ ေအာင္ျမင္ မႈေပါ့။ ကြၽန္ေတာ္တို႔ လႊတ္ေတာ္ေတြ ဘယ္ေလာက္ရာခိုင္ႏႈန္းအထိပါဝင္မလဲေပါ့။ အဲဒီအေပၚမူတည္ၿပီးမွ အနာဂတ္ မွာလာမယ့္ အစိုးရကို ကြၽန္ေတာ္တို႔စဥ္းစားလို႔ရတာကိုး။ ညႇိႏႈိင္းရမွာ။ ဘယ္ပါတီမဆို ကြၽန္ေတာ္တို႔အားလုံးညႇိႏႈိင္း သြားမွရမွာပါ။ အရင္လိုမ်ိဳးႀကီး တစ္ပါတီဦးေဆာင္တဲ့ ဟာႀကီးကေတာ့ နည္းနည္းေခတ္ကုန္ေလာက္ၿပီလို႔ ထင္တယ္ဗ်။ အဲဒါႀကီးကေတာ့ ကြၽန္ေတာ္တို႔လည္း သိပ္အဆင္မေျပေလာက္ဘူးဗ်။ အားလုံးပါဝင္ၿပီးေတာ့ အားလုံးကလည္း ေလာဘလည္းမႀကီးၾကနဲ႔ေပါ့ဗ်ာ။ အားလုံးတိုင္တိုင္ပင္ပင္ေလးနဲ႔သြားမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ အနာဂတ္ မွာေတာ့ ကြၽန္ေတာ္ထင္ပါတယ္။ သာသာယာယာေတာ့ရွိသြားမွာပါ” ဟု ရွမ္းႏွင့္တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (က်ားျဖဴ)မွ တာဝန္ရွိသူတစ္ဦးကေျပာသည္။
ထို႔ျပင္ ေ႐ြးေကာက္ပြဲအၿပီးတြင္ ၫြန႔္ေပါင္းအစိုး ရဖြဲ႕စည္းျဖစ္ခဲ့ပါက ေ႐ြးေကာက္ပြဲအႏိုင္ရရွိမႈအခ်ိဳးအရ လႊတ္ေတာ္ႏွင့္အစိုးရအဖြဲ႕အတြင္း တာဝန္ထမ္းေဆာင္ရန္အတြက္ လ်ာထားခ်က္မ်ားရွိေသာ္လည္း လက္ရွိတြင္ Shadow Government အျဖစ္ သီးျခား ဖြဲ႕စည္းထားျခင္းမ်ိဳးမရွိေသးေၾကာင္း ျပည္သူ႔ေရွ႕ ေဆာင္ပါတီမွ ဒုတိယဥကၠ႒ ဦးေစာဟန္ ေအးက လည္းဆိုသည္။
“ကြၽန္ေတာ္တို႔က လုံးလုံးလ်ားလ်ားႏိုင္ခဲ့တယ္ဆိုရင္ ကိုယ့္ဘက္က အစိုးရဖြဲ႕ႏိုင္တဲ့အေနအထားရွိ လားဆိုေတာ့ အစိုးရဖြဲ႕ႏိုင္တဲ့အေနအထား ကြၽန္ေတာ္တို႔မွာရွိပါတယ္။ အစိုးရဖြဲ႕ႏိုင္ေလာက္တဲ့ Capicity ကြၽန္ေတာ္တို႔ ျမႇင့္ထားတဲ့လူေတြလည္းရွိၿပီးသားပါ။ အသင့္ရွိပါတယ္။ ေပါင္းၿပီးေတာ့ ၫြန႔္ေပါင္းဖြဲ႕ခဲ့မယ္ ဆိုရင္လည္း ကိုယ္ရဲ႕ ပါဝင္ ႏိုင္မႈအခ်ိဳးအရ ဘယ္သူေတြက လႊတ္ေတာ္ထဲသြားမယ္။ ဘယ္သူေတြကေတာ့ အစိုးရအဖြဲ႕ထဲသြားမယ္။ ဒါေတြလည္း ကြၽန္ ေတာ္တို႔ဆီမွာ လ်ာထားခ်က္ေတြေတာ့ရွိပါတယ္။ သီးျခားႀကီးေတာ့မရွိေသးပါဘူး။ ဒါေပမဲ့ အဲဒီလိုျဖစ္ခဲ့မယ္ ဆိုရင္လည္း ကြၽန္ေတာ္တို႔ ဒါကိုခ်က္ခ်င္းလုပ္ႏိုင္တဲ့ အေျခအေနမွာရွိပါတယ္”ဟု ၎ကေျပာသည္။ အလားတူ လာမည့္ေ႐ြးေကာက္ပြဲတြင္ တစ္ႏိုင္ငံလုံး အတိုင္းအတာတြင္ မဲဆႏၵနယ္(၆၀) ရာခိုင္ႏႈန္းခန႔္သာ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ မည္ျဖစ္ေသာေၾကာင့္ လက္ရွိတြင္ Shadow Government ဖြဲ႕ စည္းထားျခင္းမ်ိဳးမရွိ ေသးေၾကာင္း ျပည္သူ႔ပါတီမွ တာဝန္ရွိသူတစ္ဦးကဆို သည္။
“ဒီေ႐ြးေကာက္ပြဲအေျခအေနက ကြၽန္ေတာ္တို႔က လုံေလာက္တဲ့အခ်ိန္ေတြနဲ႔ အေျခအေနေပး ထားခ်က္ေတြ မရွိဘူးေပါ့ဗ်ာ။ မရွိတဲ့အခါက်ေတာ့ ေ႐ြးေကာက္ပြဲကိုဝင္ၿပိဳင္ရတာကိုက ကြၽန္ေတာ္တို႔ နယ္ေျမေတြအားလုံးကို ရာႏႈန္း ျပည့္ဝင္ေရာက္ယွဥ္ ၿပိဳင္ႏိုင္ေျခမရွိဘူး။ ကြၽန္ေတာ္တို႔ပါတီအေနနဲ႔ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔ (၆၀)ရာခိုင္ႏႈန္းေလာက္ ပြဲဝင္ ေရာက္ယွဥ္ၿပိဳင္ထားတာရွိတယ္။ အဲဒီလိုရွိေတာ့ Shadow Government ကိုဖြဲ႕ဖို႔ဆိုတာက ဒီအေျခအေနအရ ကြၽန္ေတာ္တို႔မွာ ဖြဲ႕ဖို႔ကအဆင္မေျပဘူးေလ။ မေျပတဲ့အခါက်ေတာ့ ေလာေလာဆယ္ဆယ္ ကြၽန္ေတာ္တို႔မွာ ဖြဲ႕စည္းထား တာမရွိေသးပါဘူး”ဟု ဦးလွေဌးကေျပာသည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအေနျဖင့္ Shadow Government ဟု ေခါင္းစဥ္မတပ္ထား ေသာ္ လည္း ေ႐ြးေကာက္ပြဲေအာင္ႏိုင္ခဲ့ပါက ဝန္ႀကီးဌာနတစ္ခုခ်င္းအလိုက္ မည္သို႔လုပ္ေဆာင္ရမည္ကို လြန္ခဲ့ေသာႏွစ္ ႏွစ္ခန႔္ ကပင္ ေဆြးေႏြးပြဲမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး ကဆိုသည္။
“Shadow Government ကို Plan ခ်ၿပီး မလုပ္တဲ့ဟာမ်ိဳးေတာ့မဟုတ္ဘူး။ ရွိတယ္။ ဒါေပမဲ့ အသုံးအႏႈန္းက အဲဒီလိုဟာမ်ိဳးဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔က လက္ရွိအစိုးရအေပၚမွာ တစ္မ်ိဳးျဖစ္မွာစိုးတဲ့အတြက္ ကြၽန္ေတာ္တို႔ တစ္ခုခု ကိုေပါ့ေနာ္ အစီအစဥ္ တက်ေဆာင္႐ြက္ဖို႔ရာအတြက္ကို အေျခခံ ကြၽန္ေတာ္ တို႔လုပ္ထားၿပီးသားပါ။ ကြၽန္ေတာ္တို႔ အေနနဲ႔ကေတာ့ Shadow Government တို႔ဘာတို႔ပုံစံမ်ိဳးမဟုတ္ဘူး။ တကယ္လို႔ ကိုယ္တာဝန္ယူရလို႔ရွိရင္ ျပည္သူ ေ႐ြးခ်ယ္လို႔ တာဝန္ေပးလာလို႔ရွိရင္ ကြၽန္ေတာ္တို႔ ဝန္ႀကီးဌာနတစ္ခုခ်င္းအလိုက္ကို ကြၽန္ေတာ္တို႔ ဘယ္လို စီမံေဆာင္ ႐ြက္ရမလဲဆိုတဲ့ဟာကို ကြၽန္ေတာ္တို႔ ဟိုးလြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္တည္းက အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း ေဆြးေႏြးပြဲ ေတြလုပ္ၾကတယ္။ လုပ္ၾကတဲ့အထဲမွာမွ ကြၽန္ေတာ္တို႔အေနနဲ႔ တိုင္းျပည္အတြက္ေပါ့ေနာ္။ ဘယ္လိုေကာင္းေအာင္ လုပ္ရမယ္ဆိုတဲ့မူဝါဒေတြကိုေရးဆြဲႏိုင္ဖို႔အတြက္ ေဆြးေႏြးပြဲေတြကို ဆက္တိုက္ဆက္တိုက္ က်င္းပခဲ့တာရွိပါတယ္”ဟု ဦးသိန္း ထြန္းဦးကေျပာသည္။

Related news

© 2021. All rights reserved.