အမေရိကန်နှင့် ကနေဒါနိုင်ငံကြားရှိသည့် ဆက်ဆံရေး အဆုံးသတ်သွားခဲ့ဟု ကနေဒါဝန်ကြီးချုပ်ပြော

 209

Pika (NP News) - မတ် ၃ဝ

အမေရိကန်နှင့် ကနေဒါနိုင်ငံကြားရှိနေသည့် ယခင်ဆက်ဆံရေးအဟောင်းက အဆုံးသတ် သွားခဲ့ပြီဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် မက်ကာနေး ကထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့သည် ယခင်က ကောင်းမွန်သောအပြန်အလှန်ဆက်ဆံရေးအပြင် စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သော် လည်း လက်ရှိအချိန်တွင် အဆုံးသတ်ခဲ့ကြောင်း ကနေဒါဝန်ကြီးချုပ်က ပြောသည်။

ကနေဒါဝန်ကြီးချုပ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်ကောက်ခံခြင်းများကို ရင်ဆိုင်ရန်အတွက် ကနေဒါနိုင်ငံ စီးပွားရေးကိုအခြေခံကျကျ ပြန်လည်ပုံဖော်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ပြောသည်။ ကနေဒါနိုင်ငံ အနေဖြင့် အမေရိကန်အစိုးရ အဖွဲ့သစ်လက်ထက်တွင် ချမှတ်ခဲ့သောကုန်သွယ်ခွန် ကောက်ခံခြင်းများကို တုံ့ပြန် မည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ စီးပွားရေးကိုအမြင့်ဆုံးသက်ရောက်မှုဖြစ်စေမည့် တုံ့ပြန်ခွန်ကောက်ခံခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်က ဆိုသည်။

ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံအတွင်းတင်သွင်းနေသော ယာဉ်များ၊ ယာဉ် အစိတ် အပိုင်းများကို အခွန်(၂၅)ရာခိုင်နှုန်းကောက် ခံမည်ဖြစ်ကြောင်း၊ ပြီးခဲ့သောမတ်လ (၂၇)ရက်တွင် သတင်းထုတ်ပြန်ထား သည်။ ကနေဒါဝန်ကြီးချုပ်က “အမေရိကန်နဲ့ ကနေဒါနိုင်ငံကြား (၁၉၆၅)ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ကားထုတ်လုပ်ရေး သဘောတူညီမှုဟာ အခွန်ကောက်ခံမှုတွေကြောင့် ပျက်သုန်းသွားဖွယ်ရှိ နေပါတယ်”ဟု ပြောသည်။
ကနေဒါနိုင်ငံအနေဖြင့် ကနေဒါနိုင်ငံ၏ စီးပွားရေးကိုထိန်းချုပ်နိုင်စေရန်ကြိုးပမ်းရမည်ဖြစ်ပြီး အခြားနိုင်ငံများ နှင့် ကုန်သွယ်ရေးဆက်ဆံမှုကို ပြန်လည်စဉ်းစားရမည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် ကပြောသည်။ အမေရိကန် နိုင်ငံသည် ကနေဒါနိုင်ငံ မှတင်သွင်းသောကုန်စည်များကို (၂၅)ရာခိုင်နှုန်း၊ သံမဏိနှင့်အလူမီနီယံများကို (၂၅) ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဖြစ်ကြောင်း ပြီးခဲ့သောလအတွင်း သတင်းထုတ်ပြန်ထားသည်။

ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက် ကုန်သွယ်ခွန်များကောက်ခံရန် ကြိုးပမ်းခဲ့ရာ အမေရိကန်နိုင်ငံသည် မိတ်ဖက်နိုင်ငံများနှင့်အငြင်းပွားမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။ အမေရိကန်နိုင်ငံအတွင်း သို့တင်သွင်းသော ကားများ အခွန်ကောက်ခံမည့်အစီအစဉ်ကို ဧပြီ(၂)ရက်တွင် စတင်မည်ဖြစ်ပြီး ကားအစိတ်အပိုင်း များ တင်သွင်းခြင်း၊ အခွန်ကောက်ခံခြင်းကို မတ်လ သို့မဟုတ် မေလ နောက်ပိုင်းတွင် စတင်ဖွယ်ရှိနေကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္ႏွင့္ ကေနဒါႏိုင္ငံၾကားရွိသည့္ ဆက္ဆံေရး အဆုံးသတ္သြားခဲ့ဟု ကေနဒါဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - မတ္ ၃ဝ

အေမရိကန္ႏွင့္ ကေနဒါႏိုင္ငံၾကားရွိေနသည့္ ယခင္ဆက္ဆံေရးအေဟာင္းက အဆုံးသတ္ သြားခဲ့ၿပီျဖစ္ေၾကာင္း ကေနဒါဝန္ႀကီးခ်ဳပ္ မက္ကာေနး ကထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အေမရိကန္ႏွင့္ ကေနဒါႏိုင္ငံတို႔သည္ ယခင္က ေကာင္းမြန္ေသာအျပန္အလွန္ဆက္ဆံေရးအျပင္ စီးပြားေရး၊ လုံၿခဳံေရး၊ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားရွိခဲ့ေသာ္ လည္း လက္ရွိအခ်ိန္တြင္ အဆုံးသတ္ခဲ့ေၾကာင္း ကေနဒါဝန္ႀကီးခ်ဳပ္က ေျပာသည္။

ကေနဒါဝန္ႀကီးခ်ဳပ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ အခြန္ေကာက္ခံျခင္းမ်ားကို ရင္ဆိုင္ရန္အတြက္ ကေနဒါႏိုင္ငံ စီးပြားေရးကိုအေျခခံက်က် ျပန္လည္ပုံေဖာ္လုပ္ကိုင္ရမည္ျဖစ္ေၾကာင္း ေျပာသည္။ ကေနဒါႏိုင္ငံ အေနျဖင့္ အေမရိကန္အစိုးရ အဖြဲ႕သစ္လက္ထက္တြင္ ခ်မွတ္ခဲ့ေသာကုန္သြယ္ခြန္ ေကာက္ခံျခင္းမ်ားကို တုံ႔ျပန္ မည္ျဖစ္ၿပီး အေမရိကန္ႏိုင္ငံ၏ စီးပြားေရးကိုအျမင့္ဆုံးသက္ေရာက္မႈျဖစ္ေစမည့္ တုံ႔ျပန္ခြန္ေကာက္ခံျခင္းမ်ားကို လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ကေနဒါဝန္ႀကီးခ်ဳပ္က ဆိုသည္။

ေဒၚနယ္ထရမ့္က အေမရိကန္ႏိုင္ငံအေနျဖင့္ ႏိုင္ငံအတြင္းတင္သြင္းေနေသာ ယာဥ္မ်ား၊ ယာဥ္ အစိတ္ အပိုင္းမ်ားကို အခြန္(၂၅)ရာခိုင္ႏႈန္းေကာက္ ခံမည္ျဖစ္ေၾကာင္း၊ ၿပီးခဲ့ေသာမတ္လ (၂၇)ရက္တြင္ သတင္းထုတ္ျပန္ထား သည္။ ကေနဒါဝန္ႀကီးခ်ဳပ္က “အေမရိကန္နဲ႔ ကေနဒါႏိုင္ငံၾကား (၁၉၆၅)ခုႏွစ္က ခ်ဳပ္ဆိုခဲ့တဲ့ ကားထုတ္လုပ္ေရး သေဘာတူညီမႈဟာ အခြန္ေကာက္ခံမႈေတြေၾကာင့္ ပ်က္သုန္းသြားဖြယ္ရွိ ေနပါတယ္”ဟု ေျပာသည္။
ကေနဒါႏိုင္ငံအေနျဖင့္ ကေနဒါႏိုင္ငံ၏ စီးပြားေရးကိုထိန္းခ်ဳပ္ႏိုင္ေစရန္ႀကိဳးပမ္းရမည္ျဖစ္ၿပီး အျခားႏိုင္ငံမ်ား ႏွင့္ ကုန္သြယ္ေရးဆက္ဆံမႈကို ျပန္လည္စဥ္းစားရမည္ျဖစ္ေၾကာင္း ကေနဒါဝန္ႀကီးခ်ဳပ္ ကေျပာသည္။ အေမရိကန္ ႏိုင္ငံသည္ ကေနဒါႏိုင္ငံ မွတင္သြင္းေသာကုန္စည္မ်ားကို (၂၅)ရာခိုင္ႏႈန္း၊ သံမဏိႏွင့္အလူမီနီယံမ်ားကို (၂၅) ရာခိုင္ႏႈန္း အခြန္ေကာက္ခံမည္ျဖစ္ေၾကာင္း ၿပီးခဲ့ေသာလအတြင္း သတင္းထုတ္ျပန္ထားသည္။

ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူခဲ့ၿပီးေနာက္ ကုန္သြယ္ခြန္မ်ားေကာက္ခံရန္ ႀကိဳးပမ္းခဲ့ရာ အေမရိကန္ႏိုင္ငံသည္ မိတ္ဖက္ႏိုင္ငံမ်ားႏွင့္အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ေၾကာင္းသိရသည္။ အေမရိကန္ႏိုင္ငံအတြင္း သို႔တင္သြင္းေသာ ကားမ်ား အခြန္ေကာက္ခံမည့္အစီအစဥ္ကို ဧၿပီ(၂)ရက္တြင္ စတင္မည္ျဖစ္ၿပီး ကားအစိတ္အပိုင္း မ်ား တင္သြင္းျခင္း၊ အခြန္ေကာက္ခံျခင္းကို မတ္လ သို႔မဟုတ္ ေမလ ေနာက္ပိုင္းတြင္ စတင္ဖြယ္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.