ဖိလစ်ပိုင်သမ္မတဟောင်း၏ အသက် (၈၀)ပြည့်မွေးနေ့ပွဲကို ICC အချုပ်ခန်းအတွင်း ကျင်းပခဲ့ရဟုဆို

241

Pika (NP News) - မတ် ၂၉
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးသည် ၎င်း၏အသက် (၈၀)ပြည့်မွေးနေ့အခမ်းအနားကို နိုင်ငံတကာ ရာဇဝတ် တစ်ရုံး(ICC)ထဲတွင်ကျင်းပခဲ့ရ ကြောင်းသိရသည်။ ဒူတာတေးသည် သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း လုပ် ဆောင်ခဲ့သော မူးယစ်ဆေးဝါးစစ်ပွဲနှင့်ဆက်နွယ်ပြီး လူပေါင်းထောင်ချီ သေဆုံးစေရန်လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံ ရပြီး နောက် မတ်လ (၁၁)ရက်တွင် ဖမ်းဆီးခံရကြောင်း သိရသည်။
ဒူတာတေးသည် ပြီးခဲ့သောမတ်လ (၁၅) ရက်က ၎င်းအပေါ်စွဲဆိုထားသည့်စွဲချက်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံးတွင် ပထမဆုံးအမှုကြားနာခဲ့ကြောင်းသိရသည်။ ဒူတာတေး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ဒူတာတေးကို အားပေးဝန်းရံသူများက လက်ရှိဖိလစ်ပိုင်အစိုးရအဖွဲ့ကို ဝေဖန်ပြစ်တင်ခဲ့ပြီး ဒူတာတေး ပြန်လည် လွတ်မြောက်ရန် ဆန္ဒပြခဲ့ကြောင်းသိရသည်။
ဒူတာတေးကို အားပေးထောက်ခံသူများ သည်မတ်လ(၂၈)ရက်ကလည်း ဖိလစ်ပိုင်နိုင်ငံ အတွင်းဆန္ဒပြရန် စီစဉ် ခဲ့ပြီး ရဲများက ဖြိုခွင်းရန် စီစဉ်ခဲ့ကြောင်း သိရသည်။ ဒူတာတေးဖမ်းဆီးခံရခြင်းသည် ဖိလစ်ပိုင်နိုင်ငံရေးတွင် အခက် အခဲများ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။ ဒူတာတေးသည် အာရှတိုက်အတွင်းရှိ ခေါင်းဆောင်များအနက် နိုင်ငံတကာရာဇဝတ်တရားရုံးတွင် အမှုရင်ဆိုင်ရန် ဖမ်းဆီးခံရသည့် ပထမဆုံးခေါင်းဆောင်ဖြစ်လာခဲ့ကြောင်း သိရသည်။
ဒူတာတေးသည် နိုင်ငံတကာရာဇဝတ် တရားရုံး၌ စက်တင်ဘာလ(၂၃)ရက်တွင် ဒုတိယအကြိမ် အမှုကြားနာ စစ်ဆေးမှုကို ထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတဟောင်းဒူတာ တေးဖမ်းဆီးခံရခြင်းနှင့် ပတ်သက် ပြီးအငြင်းပွားမှု များဖြစ်ပွားနေချိန်တွင် ဖိလစ်ပိုင်စစ်တပ်ကကြားနေ အဖြစ်ရပ်တည်မည်ဖြစ်ကြောင်း ပြောသည်။ ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာဒူတာတေးသည် ဖခင်ဖြစ်သူ ဖမ်းဆီးခံရခြင်းများအတွက် နယ်သာလန် နိုင်ငံသို့ ကိုယ်တိုင် သွားရောက်ကူညီပေးခဲ့ကာ ဖိလစ်ပိုင်ပြည်သူများကို ဖခင်ဘက်မှရပ်တည်ပေးရန်တောင်းဆို ထားကြောင်း သိရသည်။ ဆာရာဒူတာတေးနှင့် လက်ရှိသမ္မတ ဖာဒီနန်မာကိုစ့်တို့သည် အစောပိုင်းက မဟာမိတ်များဖြစ်ခဲ့သော်လည်း အပြန် အလှန်ဝေဖန် ပြစ်တင်မှုများကြောင့် လက်ရှိအချိန်တွင် ပြိုင်ဘက်ရန် ဘက်ဖြစ်လာခဲ့ပြီး ဆာရာဒူတာတေး၏ဖခင်ဖြစ်သူ ဒူတာတေး ဖမ်းဆီးခံရခြင်းမျိုးဖြစ်ကြောင်း ဖိလစ်ပိုင်အရေး စိတ်ဝင်စားသူများက ဝေဖန်သုံးသပ်ထားသည်။

Zawgyi Version:
ဖိလစ္ပိုင္သမၼတေဟာင္း၏ အသက္ (၈၀)ျပည့္ေမြးေန႔ပြဲကို ICC အခ်ဳပ္ခန္းအတြင္း က်င္းပခဲ့ရဟုဆို
Pika (NP News) - မတ္ ၂၉
ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးသည္ ၎၏အသက္ (၈၀)ျပည့္ေမြးေန႔အခမ္းအနားကို ႏိုင္ငံတကာ ရာဇဝတ္ တစ္႐ုံး(ICC)ထဲတြင္က်င္းပခဲ့ရ ေၾကာင္းသိရသည္။ ဒူတာေတးသည္ သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း လုပ္ ေဆာင္ခဲ့ေသာ မူးယစ္ေဆးဝါးစစ္ပြဲႏွင့္ဆက္ႏြယ္ၿပီး လူေပါင္းေထာင္ခ်ီ ေသဆုံးေစရန္လုပ္ေဆာင္ခဲ့သည္ဟု စြပ္စြဲခံ ရၿပီး ေနာက္ မတ္လ (၁၁)ရက္တြင္ ဖမ္းဆီးခံရေၾကာင္း သိရသည္။
ဒူတာေတးသည္ ၿပီးခဲ့ေသာမတ္လ (၁၅) ရက္က ၎အေပၚစြဲဆိုထားသည့္စြဲခ်က္မ်ားႏွင့္ ပတ္သက္ၿပီး ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံးတြင္ ပထမဆုံးအမႈၾကားနာခဲ့ေၾကာင္းသိရသည္။ ဒူတာေတး ဖမ္းဆီးခံရျခင္းႏွင့္ပတ္သက္ၿပီး ဒူတာေတးကို အားေပးဝန္းရံသူမ်ားက လက္ရွိဖိလစ္ပိုင္အစိုးရအဖြဲ႕ကို ေဝဖန္ျပစ္တင္ခဲ့ၿပီး ဒူတာေတး ျပန္လည္ လြတ္ေျမာက္ရန္ ဆႏၵျပခဲ့ေၾကာင္းသိရသည္။
ဒူတာေတးကို အားေပးေထာက္ခံသူမ်ား သည္မတ္လ(၂၈)ရက္ကလည္း ဖိလစ္ပိုင္ႏိုင္ငံ အတြင္းဆႏၵျပရန္ စီစဥ္ ခဲ့ၿပီး ရဲမ်ားက ၿဖိဳခြင္းရန္ စီစဥ္ခဲ့ေၾကာင္း သိရသည္။ ဒူတာေတးဖမ္းဆီးခံရျခင္းသည္ ဖိလစ္ပိုင္ႏိုင္ငံေရးတြင္ အခက္ အခဲမ်ား ပိုမိုျဖစ္လာဖြယ္ရွိေနေၾကာင္း သိရသည္။ ဒူတာေတးသည္ အာရွတိုက္အတြင္းရွိ ေခါင္းေဆာင္မ်ားအနက္ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးတြင္ အမႈရင္ဆိုင္ရန္ ဖမ္းဆီးခံရသည့္ ပထမဆုံးေခါင္းေဆာင္ျဖစ္လာခဲ့ေၾကာင္း သိရသည္။
ဒူတာေတးသည္ ႏိုင္ငံတကာရာဇဝတ္ တရား႐ုံး၌ စက္တင္ဘာလ(၂၃)ရက္တြင္ ဒုတိယအႀကိမ္ အမႈၾကားနာ စစ္ေဆးမႈကို ထပ္မံရင္ဆိုင္ရမည္ျဖစ္သည္။ ဖိလစ္ပိုင္ႏိုင္ငံတြင္ သမၼတေဟာင္းဒူတာ ေတးဖမ္းဆီးခံရျခင္းႏွင့္ ပတ္သက္ ၿပီးအျငင္းပြားမႈ မ်ားျဖစ္ပြားေနခ်ိန္တြင္ ဖိလစ္ပိုင္စစ္တပ္ကၾကားေန အျဖစ္ရပ္တည္မည္ျဖစ္ေၾကာင္း ေျပာသည္။ ဖိလစ္ပိုင္ ဒုတိယသမၼတ ဆာရာဒူတာေတးသည္ ဖခင္ျဖစ္သူ ဖမ္းဆီးခံရျခင္းမ်ားအတြက္ နယ္သာလန္ ႏိုင္ငံသို႔ ကိုယ္တိုင္ သြားေရာက္ကူညီေပးခဲ့ကာ ဖိလစ္ပိုင္ျပည္သူမ်ားကို ဖခင္ဘက္မွရပ္တည္ေပးရန္ေတာင္းဆို ထားေၾကာင္း သိရသည္။ ဆာရာဒူတာေတးႏွင့္ လက္ရွိသမၼတ ဖာဒီနန္မာကိုစ့္တို႔သည္ အေစာပိုင္းက မဟာမိတ္မ်ားျဖစ္ခဲ့ေသာ္လည္း အျပန္ အလွန္ေဝဖန္ ျပစ္တင္မႈမ်ားေၾကာင့္ လက္ရွိအခ်ိန္တြင္ ၿပိဳင္ဘက္ရန္ ဘက္ျဖစ္လာခဲ့ၿပီး ဆာရာဒူတာေတး၏ဖခင္ျဖစ္သူ ဒူတာေတး ဖမ္းဆီးခံရျခင္းမ်ိဳးျဖစ္ေၾကာင္း ဖိလစ္ပိုင္အေရး စိတ္ဝင္စားသူမ်ားက ေဝဖန္သုံးသပ္ထားသည္။