စစ်ကိုင်းတွင် ငလျင်ဒဏ်ကြောင့် မြို့၏(၈၀)ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ဟုဆို

1460

ချယ်ရီ (NP News) - မတ်၃၀
စစ်ကိုင်းတိုင်းဒေသကြီးတွင် ငလျင်ဒဏ်ကြောင့် မြို့၏(၈၀)ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ရကြောင်း IBEC – Myanmar Official Information Office Committee၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ရှေးယခင်က အေးချမ်းသော သာသနာ့နယ်မြေဖြစ်ခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့သည် လက်ရှိအချိန်၌ ငလျင်ဘေးကြောင့် အနိဌာရုံပေါင်းများစွာ ရဟန်းရှင်လူများ၏ ဘဝ ပျက်စီးကာ အသက်ဆုံးရှုံးခဲ့ကြရကြောင်း အဆိုပါကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကိုင်း၌ ဖုန်းလိုင်းနှင့် အင်တာနက်များ မရခြင်းကြောင့် အခြေအနေမှာ ပိုဆိုးလျက်ရှိပြီး မြို့၏ (၈၂ ဒသမ ၆) ရာခိုင်နှုန်း ပျက်စီးခဲ့ကြောင်း IBEC က ထုတ်ပြန်ထားသည်။
ထို့ပြင် လူဦးရေများစွာသေဆုံးနိုင်ခြေရှိပြီး ငလျင်ဒဏ်ကြောင့် ဗုဒ္ဓဘာသာရဟန်း၊ သီလရှင်(၅၀၀)ပါးခန့် အသက်ဆုံးရှုံးလျက်ရှိကြောင်း အဆိုပါကော်မတီက ခန့်မှန်းထုတ်ပြန်ထားသည်။
"အခြေနေကတော်တော်လေးကို ဆိုးတယ်။ အင်တာနက်လိုင်းမရတာတော့ အဆက်သွယ်က လုပ်လို့မရဘူး။ စစ်ကိုင်းတံတားကလည်း ဟိုဘက်ဒီဘက် သွားလို့မရဘူး။ ဇက်တွေနဲ့ပဲ ကူးရတာ။ ရေသောက်ဖို့ကလည်း တော်တော်ကို ရှားပါးတယ်တဲ့။ ရေတောင်မှ လှူပေးဖို့ အလှူခံတာပေါ့နော်။ ဒါပေမယ့် တံတားကြီးက ကျိုးနေ တော့ ဦးဇင်းတို့ မလှူပေးနိုင်ဘူးဖြစ်နေတယ်။ ဘုန်းကြီးတွေရော၊ သီလရှင်တွေရော တော်တော်သေသွားတယ်တဲ့။ မြို့ထဲမှာတော့ တိုက်ပြိုတွေ၊ တိုက်ပျက်တွေက အများကြီး” ဟု ရဟန်းတော်တစ်ပါးက မိန့်ကြားသည်။
ထို့ပြင် ကယ်ဆယ်ရန်ခက်ခဲနေသော ကလေးငယ်များ၊ သက်ကြီးရွယ်အိုများမှာ ရာဂဏန်းအထိရှိနေပြီး ဘုရား စေတီ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဗလီ၊ချာ့(ချ်)ကျောင်းနှင့် လူနေအိမ်များစွာ ပျက်စီးခဲ့ကြောင်း သိရသည်။

Zawgyi Version:
စစ္ကိုင္းတြင္ ငလ်င္ဒဏ္ေၾကာင့္ ၿမိဳ႕၏(၈၀)ရာခိုင္ႏႈန္းေက်ာ္ ပ်က္စီးခဲ့ဟုဆို
ခ်ယ္ရီ (NP News) - မတ္၃၀
စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ငလ်င္ဒဏ္ေၾကာင့္ ၿမိဳ႕၏(၈၀)ရာခိုင္ႏႈန္းေက်ာ္ ပ်က္စီးခဲ့ရေၾကာင္း IBEC – Myanmar Official Information Office Committee၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။
ေရွးယခင္က ေအးခ်မ္းေသာ သာသနာ့နယ္ေျမျဖစ္ခဲ့သည့္ စစ္ကိုင္းတိုင္းႏွင့္ မႏၲေလးတိုင္းတို႔သည္ လက္ရွိအခ်ိန္၌ ငလ်င္ေဘးေၾကာင့္ အနိဌာ႐ုံေပါင္းမ်ားစြာ ရဟန္းရွင္လူမ်ား၏ ဘဝ ပ်က္စီးကာ အသက္ဆုံးရႈံးခဲ့ၾကရေၾကာင္း အဆိုပါေကာ္မတီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
စစ္ကိုင္း၌ ဖုန္းလိုင္းႏွင့္ အင္တာနက္မ်ား မရျခင္းေၾကာင့္ အေျခအေနမွာ ပိုဆိုးလ်က္ရွိၿပီး ၿမိဳ႕၏ (၈၂ ဒသမ ၆) ရာခိုင္ႏႈန္း ပ်က္စီးခဲ့ေၾကာင္း IBEC က ထုတ္ျပန္ထားသည္။
ထို႔ျပင္ လူဦးေရမ်ားစြာေသဆုံးႏိုင္ေျခရွိၿပီး ငလ်င္ဒဏ္ေၾကာင့္ ဗုဒၶဘာသာရဟန္း၊ သီလရွင္(၅၀၀)ပါးခန္႔ အသက္ဆုံးရႈံးလ်က္ရွိေၾကာင္း အဆိုပါေကာ္မတီက ခန႔္မွန္းထုတ္ျပန္ထားသည္။
"အေျခေနကေတာ္ေတာ္ေလးကို ဆိုးတယ္။ အင္တာနက္လိုင္းမရတာေတာ့ အဆက္သြယ္က လုပ္လို႔မရဘူး။ စစ္ကိုင္းတံတားကလည္း ဟိုဘက္ဒီဘက္ သြားလို႔မရဘူး။ ဇက္ေတြနဲ႔ပဲ ကူးရတာ။ ေရေသာက္ဖို႔ကလည္း ေတာ္ေတာ္ကို ရွားပါးတယ္တဲ့။ ေရေတာင္မွ လႉေပးဖို႔ အလႉခံတာေပါ့ေနာ္။ ဒါေပမယ့္ တံတားႀကီးက က်ိဳးေန ေတာ့ ဦးဇင္းတို႔ မလႉေပးႏိုင္ဘူးျဖစ္ေနတယ္။ ဘုန္းႀကီးေတြေရာ၊ သီလရွင္ေတြေရာ ေတာ္ေတာ္ေသသြားတယ္တဲ့။ ၿမိဳ႕ထဲမွာေတာ့ တိုက္ၿပိဳေတြ၊ တိုက္ပ်က္ေတြက အမ်ားႀကီး” ဟု ရဟန္းေတာ္တစ္ပါးက မိန႔္ၾကားသည္။
ထို႔ျပင္ ကယ္ဆယ္ရန္ခက္ခဲေနေသာ ကေလးငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ားမွာ ရာဂဏန္းအထိရွိေနၿပီး ဘုရား ေစတီ၊ ဘုန္းႀကီးေက်ာင္း၊ သီလရွင္ေက်ာင္း၊ ဗလီ၊ခ်ာ့(ခ်္)ေက်ာင္းႏွင့္ လူေနအိမ္မ်ားစြာ ပ်က္စီးခဲ့ေၾကာင္း သိရသည္။