တောင်ကိုးရီးယားက တောမီးအတွက် အပိုအသုံးစရိတ် ဒေါ်လာ ၆.၈ ဘီလီယံ ရေးဆွဲမည်

131

ရောင်နီ (NP News) - မတ် ၃၁
တောင်ကိုရီးယားက နိုင်ငံရဲ့အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုနဲ့ တိုးတက်မှုဆိုင်ရာ လုပ်ငန်း ဆောင်တာတွေ ကျဆင်းမှုတို့အတွက် တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယား ဝမ် ၁၀ ထရီလီယံ (ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံ) ကို ဖြည့်စွက်ဘတ်ဂျက်အဖြစ် အသုံးပြုမယ့် ဥပဒေကြမ်းကို မကြာမီ တင်သွင်းသွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးက တနင်္ဂနွေနေ့(မတ်လ ၃၀ ရက်) မှာ ပြောကြားခဲ့ပါတယ်။
လက်ရှိ တောင်ကိုရီးယားမှာ တောမီးလောင်ကျွမ်းမှုကြောင့် ဟက်တာ ၄၈,၀၀၀ (ဧက ၁၂၀,၀၀၀) ပျက်စီးခဲ့ပြီး လူ ၇၅ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။
"ကျွန်တော်တို့ အမြန်အကောင်အထည်ဖော်နိုင်ဖို့ ဝမ် ၁၀ ထရီလီယံ တန်ဖိုးရှိတဲ့ အရေးပေါ် နောက်ဆက်တွဲ ဘတ်ဂျက် ရေးဆွဲဖို့ စီစဉ်ထားပါတယ်" ဝန်ကြီးဌာနက ပြောပါတယ်။
ဒီဘတ်ဂျက်ကို ဧပြီလမကုန်မီ အတည်ပြုဖို့ ပါလီမန်ကို တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။
အာရှရဲ့စတုတ္ထအကြီးဆုံး စီးပွားရေးဖြစ်တဲ့ တောင်ကိုရီးယားဟာ လူ ၃၀ ထက်မနည်း သေဆုံးတဲ့ မီးလောင်ကျွမ်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါအပြင် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ထပ်ဆောင်းအခွန်စည်းကြပ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပြီး ချစ်ပ်၊ ဆေးဝါး၊ မော်တော်ယာဥ်တွေ စတဲ့ ကဏ္ဍတွေကို ထိခိုက်စေနိုင်တဲ့အလားအလာရှိ ပို့ကုန်တွေအပေါ် မှီခိုနေရတဲ့နိုင်ငံအတွက် အဓိက စိန်ခေါ်မှုလည်း ဖြစ်နေပါတယ်။