ငလျင်ဘေးဒဏ်ကြောင့် နေပြည်တော်တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား နစကဥက္ကဋ္ဌသွားရောက်အားပေး

 526

(NP News)-မတ် ၃၁
ငလျင်ဘေးဒဏ်ကြောင့် နေပြည်တော်တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(မတ်လ ၃၀ရက်)၊ နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီးရှိ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုသဆောင်၌ ငလျင်ကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊တပ်မတော်သားများနှင့် မိသားစုဝင် များအား ဆေးဝါးကုသမှုပေးထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေရသူများကို ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေရသူများ၏ ကျန်းမာရေးအခြေအနေကို မပြတ်စောင့်ကြည့်၍ လိုအပ်သည့်ကုသမှုများဆောင်ရွက်ပေးသွားရန် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ နေပြည်တော်၊ တပ်မတော်ဆေးရုံကြီး၌ ငလျင်ဘေးဒဏ်ဖြစ်ပွားပြီးနောက် ပိုင်းတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ စုစုပေါင်း ၆၀၀ ဦးနီးပါးခန့်အား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အရေးပေါ်ခွဲစိတ်ကုသမှုခံယူရန်လိုအပ်သူ (၃၀) ဦးကို အရေးပေါ် ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် ငလျင်ဘေးဒဏ် ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ စုစုပေါင်း ၄၂ ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေဘးဒဏ္ေၾကာင့္ ေနျပည္ေတာ္တပ္မေတာ္ေဆး႐ုံတြင္ တက္ေရာက္ေဆးကုသမႈခံယူေနသူမ်ားအား နစကဥကၠ႒သြားေရာက္အားေပး
(NP News)-မတ္ ၃၁
ငလ်င္ေဘးဒဏ္ေၾကာင့္ ေနျပည္ေတာ္တပ္မေတာ္ေဆး႐ုံတြင္ တက္ေရာက္ေဆးကုသမႈခံယူေနသူမ်ားအား ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကိုယ္တိုင္ သြားေရာက္ၾကည့္ရႈအားေပးခဲ့ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔(မတ္လ ၃၀ရက္)၊ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ တပ္မေတာ္ေဆး႐ုံႀကီးရွိ ထိခိုက္ဒဏ္ရာႏွင့္ အ႐ိုးေရာဂါကုသေဆာင္၌ ငလ်င္ေၾကာင့္ ထိခိုက္ ဒဏ္ရာရရွိခဲ့သည့္ ျပည္သူမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ား၊တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္ မ်ားအား ေဆးဝါးကုသမႈေပးထားမႈအေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ထိခိုက္ဒဏ္ရာရရွိ၍ ေဆးကုသမႈခံယူေနရသူမ်ားကို ေထာက္ပံ့ေငြမ်ားေပးအပ္ခဲ့ၿပီး ေဆး႐ုံတက္ေရာက္ ကုသမႈခံယူေနရသူမ်ား၏ က်န္းမာေရးအေျခအေနကို မျပတ္ေစာင့္ၾကည့္၍ လိုအပ္သည့္ကုသမႈမ်ားေဆာင္႐ြက္ေပးသြားရန္ လိုအပ္သည္မ်ားကို မွာၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေနျပည္ေတာ္၊ တပ္မေတာ္ေဆး႐ုံႀကီး၌ ငလ်င္ေဘးဒဏ္ျဖစ္ပြားၿပီးေနာက္ ပိုင္းတြင္ ငလ်င္ေဘးဒဏ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ ျပည္သူမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား စုစုေပါင္း ၆၀၀ ဦးနီးပါးခန႔္အား လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အေရးေပၚခြဲစိတ္ကုသမႈခံယူရန္လိုအပ္သူ (၃၀) ဦးကို အေရးေပၚ ခြဲစိတ္ကုသေပးႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ငလ်င္ေဘးဒဏ္ ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ ျပည္သူမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား စုစုေပါင္း ၄၂ ဦးအား လိုအပ္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.