လာမည့်ရွေးကောက်ပွဲတွင် ကြိုတင်မဲကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်မည်

 574

ဓာတ်ပုံ။ ။ ဘအေး
Pearl ( NP News ) မတ်- ၃၁
လာမည့်ရွေးကောက်ပွဲတွင် ကြိုတင်မဲကို အကန့်အသတ်ဖြင့်သာဆောင်ရွက်ရန်စီစဉ်နေကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ NSPNC ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်း ချမ်းရေးစကားဝိုင်းဆွေးနွေးပွဲ တတိယနေ့(မတ်လ ၂၆ရက်) တွင် ပြောကြားခဲ့သည်။
နစကအနေဖြင့် အထွေထွေရွေးကောက်ပွဲကို လာမည့် (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ်နှင့် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ ပထမပတ် ဒုတိယပတ်တို့တွင် ကျင်းပပေးမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် လည်း ကြိုတင်ပြင် ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“(၂၀၂၅) ခုနှစ်မှာ ရွေး‌ကောက်ပွဲ လုပ်မယ်လို့ ကတိပေးပြီးသား။ ရွေးကောက်ပွဲဘယ်အချိန် မှာလုပ်မယ်ဆို တာလည်း နစကဥက္ကဋ္ဌက နိုင်ငံခြား ခရီးစဉ်မှာလည်းပြောခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ကတော့ (၂၀၂၅)ခုနှစ်မှာ ရွေး‌ကောက်ပွဲ ဆောင်ရွက်မယ်။ ဆောင်ရွက်ဖို့လည်း အားလုံးပြင်ဆင်ဆောင်ရွက်ထားပြီ”ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲလက်မှတ်များအသုံးပြု၍ ရွေးကောက်ပွဲဥပဒေနှင့် မညီညွတ်သော ကြိုတင် မဲပေးမှုများ၊ မဲလက်မှတ်ရိုက်နှိပ်မှုများ၊ ဥပဒေနှင့်မညီသော အမိန့်နှင့်òန်ကြားချက်များ၊ ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ ခြင်းကြောင့် မဲမသမာမှုများနှင့် မဲစာရင်း မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။
ထို့ကြောင့် နစကမှ ကျင်းပပေးမည့် ယခုနှစ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးမှုများ မသမာမှု မဖြစ်စေရန် အတွက် ကြိုတင်မဲပေးမှုများကို အကန့်အသတ်ဖြင့်သာဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ပြောသည်။
“ကြိုတင်မဲနဲ့ပတ်သက်ရင်လည်း ယခင်ကတော့ ကြိုတင်မဲနဲ့ တချို့အပိုင်းတွေမှာ လုပ်စားသွားတာရှိတယ်။ လက်ရှိနိုင်ငံတော် ဝန်ကြီးချုပ်က ကြိုတင်မဲကို မလုပ်ချင်ဘူး။ သို့သော် မဲဆန္ဒနယ်မှာ လာရောက်မပေးနိုင်တဲ့ နိုင်ငံ့ဝန် ထမ်းတွေ၊ လုံခြုံရေးဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေရှိတယ်။ ဒါကြောင့်မို့ ကျွန်တော် တို့က ကြိုတင်မဲကို အကန့်အသတ်နဲ့ ဆောင်ရွက်ဖို့တော့ရှိပါတယ်။ ကြိုတင်မဲကို ဘယ်လိုပုံစံနဲ့ပေးရမလဲဆိုတဲ့ òန်ကြား ချက်တွေ SOP တွေ ထွက်လာမယ်လို့ ယူဆပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်မဲကို စိစစ်သင့်‌ကြောင်းဒီမိုကရက်တစ်ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးတင် ဆွေက NP News သို့ သုံးသပ်ပြောကြားသည်။
“ပြီးခဲ့တဲ့ (၂၀၂၀) တုန်းက ကြိုတင်မဲက အကန့်အသတ်မရှိတာတွေ့ရတယ်။ အသက် (၆၀) သွားနိုင်လာနိုင်တဲ့ လူတွေလည်း ကြိုတင်မဲတွေ ထည့်ကြတယ်။ ကြိုတင်မဲလို့ပြောပြီးတော့ ကြိုတင်မဲကောက်တဲ့လူတွေကလည်း ပါတီလို ဂိုနဲ့လာတာ။ အဲဒီတော့တချို့လူတွေက မစဉ်းစားတော့ဘူး။ တွေ့တာထည့်လိုက်တာဖြစ်သွားတာပေါ့။ ကြိုတင်မဲက တော့ စိစစ်သင့်ပါတယ်။ မသွားနိုင်မလာနိုင်တဲ့လူက လွဲလို့ သွားရောက်ထည့်သင့်ပါတယ်” ဟု ဦးတင်ဆွေက‌ ပြောသည်။
လွတ်လပ်၍တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်ရန်အတွက် Electronic Voting Machines များကို အသုံးပြုမည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရှိ အဖွဲ့အစည်း များကိုလည်း ရွေးကောက်ပွဲကိုလေ့လာရန်အတွက် ဖိတ်ခေါ်မည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
လာမည့္ေ႐ြးေကာက္ပြဲတြင္ ႀကိဳတင္မဲကို အကန႔္အသတ္ျဖင့္သာ ေဆာင္႐ြက္မည္
ဓာတ္ပုံ။ ။ ဘေအး
Pearl ( NP News ) မတ္- ၃၁
လာမည့္ေ႐ြးေကာက္ပြဲတြင္ ႀကိဳတင္မဲကို အကန႔္အသတ္ျဖင့္သာေဆာင္႐ြက္ရန္စီစဥ္ေနေၾကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္စီအဖြဲ႕ဝင္၊ NSPNC ဥကၠ႒၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က ၿငိမ္း ခ်မ္းေရးစကားဝိုင္းေဆြးေႏြးပြဲ တတိယေန႔(မတ္လ ၂၆ရက္) တြင္ ေျပာၾကားခဲ့သည္။
နစကအေနျဖင့္ အေထြေထြေ႐ြးေကာက္ပြဲကို လာမည့္ (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ တတိယပတ္၊ စတုတၳပတ္ႏွင့္ (၂၀၂၆) ခုႏွစ္၊ ဇန္နဝါရီလ ပထမပတ္ ဒုတိယပတ္တို႔တြင္ က်င္းပေပးမည္ျဖစ္ၿပီး ေ႐ြးေကာက္ပြဲက်င္းပႏိုင္ရန္အတြက္ လည္း ႀကိဳတင္ျပင္ ဆင္မႈမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
“(၂၀၂၅) ခုႏွစ္မွာ ေ႐ြး‌ေကာက္ပြဲ လုပ္မယ္လို႔ ကတိေပးၿပီးသား။ ေ႐ြးေကာက္ပြဲဘယ္အခ်ိန္ မွာလုပ္မယ္ဆို တာလည္း နစကဥကၠ႒က ႏိုင္ငံျခား ခရီးစဥ္မွာလည္းေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ကေတာ့ (၂၀၂၅)ခုႏွစ္မွာ ေ႐ြး‌ေကာက္ပြဲ ေဆာင္႐ြက္မယ္။ ေဆာင္႐ြက္ဖို႔လည္း အားလုံးျပင္ဆင္ေဆာင္႐ြက္ထားၿပီ”ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က ေျပာသည္။
ၿပီးခဲ့သည့္ေ႐ြးေကာက္ပြဲတြင္ မဲလက္မွတ္မ်ားအသုံးျပဳ၍ ေ႐ြးေကာက္ပြဲဥပေဒႏွင့္ မညီၫြတ္ေသာ ႀကိဳတင္ မဲေပးမႈမ်ား၊ မဲလက္မွတ္႐ိုက္ႏွိပ္မႈမ်ား၊ ဥပေဒႏွင့္မညီေသာ အမိန႔္ႏွင့္òန္ၾကားခ်က္မ်ား၊ ျပင္ဆင္မႈမ်ားကို ျပဳလုပ္ခဲ့ ျခင္းေၾကာင့္ မဲမသမာမႈမ်ားႏွင့္ မဲစာရင္း မွားယြင္းမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ နစကမွ က်င္းပေပးမည့္ ယခုႏွစ္ေ႐ြးေကာက္ပြဲတြင္ ႀကိဳတင္မဲေပးမႈမ်ား မသမာမႈ မျဖစ္ေစရန္ အတြက္ ႀကိဳတင္မဲေပးမႈမ်ားကို အကန႔္အသတ္ျဖင့္သာေဆာင္႐ြက္မည္ျဖစ္ေၾကာင္းလည္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ က ေျပာသည္။
“ႀကိဳတင္မဲနဲ႔ပတ္သက္ရင္လည္း ယခင္ကေတာ့ ႀကိဳတင္မဲနဲ႔ တခ်ိဳ႕အပိုင္းေတြမွာ လုပ္စားသြားတာရွိတယ္။ လက္ရွိႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က ႀကိဳတင္မဲကို မလုပ္ခ်င္ဘူး။ သို႔ေသာ္ မဲဆႏၵနယ္မွာ လာေရာက္မေပးႏိုင္တဲ့ ႏိုင္ငံ့ဝန္ ထမ္းေတြ၊ လုံၿခဳံေရးဝန္ထမ္းေတြ၊ တပ္မေတာ္သားေတြ၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္ေတြရွိတယ္။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္ တို႔က ႀကိဳတင္မဲကို အကန႔္အသတ္နဲ႔ ေဆာင္႐ြက္ဖို႔ေတာ့ရွိပါတယ္။ ႀကိဳတင္မဲကို ဘယ္လိုပုံစံနဲ႔ေပးရမလဲဆိုတဲ့ òန္ၾကား ခ်က္ေတြ SOP ေတြ ထြက္လာမယ္လို႔ ယူဆပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ႀကိဳတင္မဲကို စိစစ္သင့္‌ေၾကာင္းဒီမိုကရက္တစ္ပါတီ၏ ဒုတိယ ဥကၠ႒ ဦးတင္ ေဆြက NP News သို႔ သုံးသပ္ေျပာၾကားသည္။
“ၿပီးခဲ့တဲ့ (၂၀၂၀) တုန္းက ႀကိဳတင္မဲက အကန႔္အသတ္မရွိတာေတြ႕ရတယ္။ အသက္ (၆၀) သြားႏိုင္လာႏိုင္တဲ့ လူေတြလည္း ႀကိဳတင္မဲေတြ ထည့္ၾကတယ္။ ႀကိဳတင္မဲလို႔ေျပာၿပီးေတာ့ ႀကိဳတင္မဲေကာက္တဲ့လူေတြကလည္း ပါတီလို ဂိုနဲ႔လာတာ။ အဲဒီေတာ့တခ်ိဳ႕လူေတြက မစဥ္းစားေတာ့ဘူး။ ေတြ႕တာထည့္လိုက္တာျဖစ္သြားတာေပါ့။ ႀကိဳတင္မဲက ေတာ့ စိစစ္သင့္ပါတယ္။ မသြားႏိုင္မလာႏိုင္တဲ့လူက လြဲလို႔ သြားေရာက္ထည့္သင့္ပါတယ္” ဟု ဦးတင္ေဆြက‌ ေျပာသည္။
လြတ္လပ္၍တရားမွ်တသည့္ ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲျဖစ္ရန္အတြက္ Electronic Voting Machines မ်ားကို အသုံးျပဳမည္ျဖစ္ၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ႐ုရွားႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံ၊ အိႏၵိယႏိုင္ငံတို႔ရွိ အဖြဲ႕အစည္း မ်ားကိုလည္း ေ႐ြးေကာက္ပြဲကိုေလ့လာရန္အတြက္ ဖိတ္ေခၚမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.