အီရန်က သဘောတူညီချက်မလုပ်ဘူးဆိုရင် ဗုံးကြဲမှုတွေ ရှိလာလိမ့်မယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

1405

Pika (NP News) - ဧပြီ ၁
အီရန်ဟာ ၎င်းရဲ့နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ သဘောတူညီချက် လုပ်ဆောင်ဖို့ ငြင်းဆိုခဲ့မယ်ဆိုရင် ဗုံးကြဲမှုတွေနဲ့ အခွန်စည်းကြပ်မှုတွေကို အီရန်က ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “အီရန်က သဘောတူညီချက်မလုပ်ဘူးဆိုရင် ဗုံးကြဲမှုတွေရှိလာပါလိမ့်မယ်။ ဒါပေမယ့် အီရန်က သဘောတူညီချက်တွေ မပြုလုပ်ဘူးဆိုရင် ဗုံးကြဲခံရမယ့်အစား ကျွန်တော် လွန်ခဲ့တဲ့(၄)နှစ်က လုပ်ဆောင်ခဲ့တဲ့အတိုင်း အခွန်စည်းကြပ်မှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်”လို့ သတိပေးပြောဆိုခဲ့ပါ တယ်။
အီရန်ဟာ ၎င်းရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ အမေရိကန်ရဲ့ ဖိအားပေးမှုတွေကို ဦးညွတ်သွားမှာမဟုတ်ဘူးလို့ အီရန်ထိပ်တန်း ရေတပ်တပ်မှူးတစ်ဦးက ပြောကြားခဲ့ ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ခြိမ်းခြောက်ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန် က တိုက်ခိုက်မှုတွေ လုပ်ဆောင်လာမယ်ဆိုရင် အီရန်ဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း အီရန်ရေတပ်တပ်မှူးက ပြောကြားခဲ့ပါတယ်။
အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲအသစ်တွေ ပြန်လည်စတင်ဖို့အတွက် ခြိမ်းခြောက်စာတစ်စောင်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပေးပို့ခဲ့ပြီးနောက် အီရန်ထိပ်တန်း ရေတပ် တပ်မှူး Alireza Tangsiriရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Alireza Tangsiri က “ဒေါ်နယ်ထရမ့်ရဲ့သတင်းစကားကို ကျွန်တော်မသိသလို ခွဲခြမ်းစိတ်ဖြာဖို့လည်း စိတ်မဝင်စားပါဘူး။ ဒေါ်နယ်ထရမ့်ရဲ့ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ကြားသိရပြီး သူ့ရဲ့လုပ်ရပ်တွေ ကို စောင့်ကြည့်နေပါတယ်။ ပြီးတော့ လက်တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင် ထားပါတယ်။ ရန်သူတွေရဲ့အခြေစိုက်စခန်းတွေက ဘယ်နေရာမှာပဲရှိနေနေ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းက ကျွန်တော်တို့မှာ ရှိပါတယ်။ ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုတွေကနေ ဘယ်သူကမှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
Zawgyi Version:
အီရန္က သေဘာတူညီခ်က္မလုပ္ဘူးဆိုရင္ ဗုံးႀကဲမႈေတြ ရွိလာလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္ ၿခိမ္းေျခာက္
Pika (NP News) - ဧၿပီ ၁
အီရန္ဟာ ၎ရဲ႕န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ သေဘာတူညီခ်က္ လုပ္ေဆာင္ဖို႔ ျငင္းဆိုခဲ့မယ္ဆိုရင္ ဗုံးႀကဲမႈေတြနဲ႔ အခြန္စည္းၾကပ္မႈေတြကို အီရန္က ရင္ဆိုင္ရလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “အီရန္က သေဘာတူညီခ်က္မလုပ္ဘူးဆိုရင္ ဗုံးႀကဲမႈေတြရွိလာပါလိမ့္မယ္။ ဒါေပမယ့္ အီရန္က သေဘာတူညီခ်က္ေတြ မျပဳလုပ္ဘူးဆိုရင္ ဗုံးႀကဲခံရမယ့္အစား ကြၽန္ေတာ္ လြန္ခဲ့တဲ့(၄)ႏွစ္က လုပ္ေဆာင္ခဲ့တဲ့အတိုင္း အခြန္စည္းၾကပ္မႈေတြကို ရင္ဆိုင္ရပါလိမ့္မယ္”လို႔ သတိေပးေျပာဆိုခဲ့ပါ တယ္။
အီရန္ဟာ ၎ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ ျပန္လည္စတင္ဖို႔ အေမရိကန္ရဲ႕ ဖိအားေပးမႈေတြကို ဦးၫြတ္သြားမွာမဟုတ္ဘူးလို႔ အီရန္ထိပ္တန္း ေရတပ္တပ္မႉးတစ္ဦးက ေျပာၾကားခဲ့ ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ၿခိမ္းေျခာက္ေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္ က တိုက္ခိုက္မႈေတြ လုပ္ေဆာင္လာမယ္ဆိုရင္ အီရန္ဘက္က လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔လည္း အီရန္ေရတပ္တပ္မႉးက ေျပာၾကားခဲ့ပါတယ္။
အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးပြဲအသစ္ေတြ ျပန္လည္စတင္ဖို႔အတြက္ ၿခိမ္းေျခာက္စာတစ္ေစာင္ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေပးပို႔ခဲ့ၿပီးေနာက္ အီရန္ထိပ္တန္း ေရတပ္ တပ္မႉး Alireza Tangsiriရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
Alireza Tangsiri က “ေဒၚနယ္ထရမ့္ရဲ႕သတင္းစကားကို ကြၽန္ေတာ္မသိသလို ခြဲျခမ္းစိတ္ျဖာဖို႔လည္း စိတ္မဝင္စားပါဘူး။ ေဒၚနယ္ထရမ့္ရဲ႕ၿခိမ္းေျခာက္မႈေတြကို ကြၽန္ေတာ္တို႔ၾကားသိရၿပီး သူ႔ရဲ႕လုပ္ရပ္ေတြ ကို ေစာင့္ၾကည့္ေနပါတယ္။ ၿပီးေတာ့ လက္တုံ႔ျပန္မႈေတြ လုပ္ေဆာင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ ျပင္ဆင္ ထားပါတယ္။ ရန္သူေတြရဲ႕အေျခစိုက္စခန္းေတြက ဘယ္ေနရာမွာပဲရွိေနေန ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းက ကြၽန္ေတာ္တို႔မွာ ရွိပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕တိုက္ခိုက္မႈေတြကေန ဘယ္သူကမွ လြတ္ေျမာက္ႏိုင္မွာ မဟုတ္ပါဘူး”လို႔ ေျပာခဲ့ပါတယ္။