အရှေ့မျှော်အိန္ဒိယ၏ ညီအစ်မ ခုနစ်ဖော် ကုန်သွယ်ရေးစင်္ကြံများနှင့် ရခိုင်မြောက်ပိုင်း

 780

Htay Oung (NP News) - ဧပြီ ၁

အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ပိုင်းဒေသဟာ ကုန်းတွင်းပိတ်အနေအထားမှာတည်ရှိနေပြီး နယူး ဒေလီ ဗဟိုအစိုးရနဲ့အလှမ်းဝေးနေတယ်လို့ ဆိုနိုင်ပါတယ်။ ကမ်းရိုးတန်းဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကို အဲဒီဒေသတွေဆီ အရောက်မျှဝေပေးဖို့ပြဿနာဟာ အိန္ဒိယအစိုးရအဆက်ဆက်ကို ဦးနှောက်ခြောက် စေခဲ့ပါတယ်။ အနောက်ဘင်္ဂလား-ဆစ်ကင်းပြည်နယ်နဲ့ အာသံ-အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်တို့ အကြား ကုန်သွယ်ရေးနဲ့ခရီးသွားလာမှုအများစုဟာ “ဆီလီဂူရီစင်္ကြံ” တစ်ခုတည်းအပေါ်မှာ မှီခိုနေရပါ တယ်။ နီပေါ-ဘင်္ဂလားဒေ့ရှ်နဲ့ ဘူတန်နိုင်ငံတို့အကြား ကုန်သွယ်ရေးလမ်းရဲ့ကျဉ်းမြောင်းပြီး ကိုးရိုးကား ရား တည်ရှိနေပုံကြောင့် “ကြက်လည်ပင်းစင်္ကြံ” လို့အမည် တွင်တဲ့အထိဖြစ်ရကြောင်း “ဆွာရပ်ဂျ်ယာ” သတင်းစာ (၂၁ ြပေ ၂၀၂၅)က ရေးပါတယ်။

ကြက်လည်ပင်းလို့ ပြက်ရယ်ပြုကင်ပွန်းတပ်နေရပေမယ့် ဆစ်ကင်းပြည်နယ်နဲ့ အာရူနာချယ် ပရာဒက်ရှ် ရှေ့တန်းစစ်စခန်းတွေအတွက် အရေးပါတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတစ်ခုဖြစ်နေတာ အ မှန်ပါပဲ။ အထူးသဖြင့် (၁၉၆၂) ခုနှစ် တရုတ်-အိန္ဒိယ စစ်ပွဲနဲ့ လက်ရှိဖြစ်ပွားနေတဲ့ နျူလက်နက်ပိုင် အိမ်နီး ချင်းနိုင်ငံကြီးနှစ်ခုအကြား တင်းမာမှုတွေကြောင့် နယူးဒေလီအတွက် ကြိုတင်ပြင်မှုတွေပြုလုပ်ထားဖို့ အရေးတကြီးလိုအပ်နေပါတယ်။ “ ညီအစ်မခုနစ်ဖော် ” လို့တင်စားကြတဲ့ အရှေ့မြောက် ဝေးလံခေါင်ဖျား ပြည်နယ်(၇)ခုတို့အတွင်း လူမျိုးရေးအဓိကရုဏ်းတွေ၊ သီးခြားခွဲထွက်ရေးပြဿနာတွေကို ပြေလည် အောင် ဖြေရှင်းပေးရေးဟာ အဲဒီဒေသကို ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီအောင် အရင်ဆုံးဆောင်ရွက်ပေးရ ပါလိမ့်မယ်။

တစ်ဖက်မှာလည်း အိန္ဒိယဟာ ဒေသအတွင်း တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုတန်ပြန်ဖို့နဲ့ မိမိတိုင်း ပြည်ရဲ့အင်အားကိုတည်ဆောက်ဖို့ ကြိုးစားနေရပါတယ်။ ဒီအတွက် ဒေသတွင်း အိမ်နီးချင်းတောင်အာရှ နိုင်ငံတွေ၊ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ စီးပွားရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိုမြှင့်တင်ဖို့ “Act East ” ၊ “အရှေ့ဘက်တက်ကြွစွာ ဆောင်ရွက်ရေး” မဟာဗျူဟာကို(၁၉၉၀)ပြည့်လွန် နှစ်တွေကတည်းက နိဒါန်းပျိုးခဲ့ပါတယ်။ (၂၀၁၄)ခုနှစ် နိုဝင်ဘာ (၁၃)ရက် မြန်မာနိုင်ငံ နေပြည်တော်မှာ “(၉)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး” ကျင်းပစဉ် နယူးဒေလီရဲ့ “ အရှေ့မျှော်မူဝါဒ” AEP ကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက အတိအလင်းကြေညာခဲ့ပါတယ်။

(သို့သော်လည်း (၂၀၂၁)ခုနှစ် ဖေဖော်ဝါ ရီလနောက်ပိုင်း မြန်မာနိုင်ငံအတွင်း လုံခြုံရေးအခြေ အနေ ဆိုးရွားပြင်းထန်လာတာဟာ ပြည်တွင်းပဋိပက္ခ နှစ် (၇၀)ကျော်ကြာ တိုင်းပြည်ကိုဖြတ်သန်းပြီး ကုန်သွယ်ရေးလမ်းကြောင်းဖောက်လုပ်လိုတဲ့ နယူးဒေလီရဲ့စိတ်ကူးတွေကို ရှေ့ဆက်မတိုးနိုင်ဘဲ ရေစုန် မျောစေပါတယ်။) အဲဒီအခါ ဆီရီဂူရီစင်္ကြံ တစ်ခုတည်းအပေါ် မှီခိုနေလို့ကတော့ ဘယ်လိုမှမဖြစ်နိုင်တာ သေချာလာပါတယ်။ ဒီအတွက် တခြားလမ်းကြောင်းတွေကိုလည်း စဉ်းစားလာရပါတယ်။
(၁) အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ် ဒီနာ့ဂျ်ပူရ် ခရိုင် “ဟီလီမြို့”မှ မီဂါလာယာပြည်နယ် “မဟိန္ဒြာ ဂမ့်ချ်မြို့”အထိ ဖောက်လုပ်မယ့် စင်္ကြံလမ်း။

(၂) ဘူတန်နိုင်ငံမှ အိန္ဒိယ အာသံပြည်နယ် ဘိုဒိုလန် မြို့ကိုဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်နဲ့ချိတ်ဆက် မယ့် “ဘ-သုံးလုံး” B-3 စင်္ကြံလမ်းပဲဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းနှစ်ခုဟာ သယ်ယူပို့ဆောင်ရေး၊ ကုန် သွယ်ရေးနဲ့လုံခြုံရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ အကယ်၍ အဲဒီလမ်းကြောင်းကို အောင်မြင်စွာ ဖောက်လုပ်နိုင်မယ်ဆိုရင် မီဂါလာယာ၊ အာသံနဲ့ တြိပူရပြည်နယ်တွေမှာ ကုန်သွယ်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတို့ ပွင့်လင်းလာစေမှာဖြစ်ပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖျား ပြည်နယ်တွေ ရဲ့အနာဂတ်ကို အကြီးအကျယ်ပြောင်းလဲစေပါလိမ့်မယ်။

ပထမလမ်းကြောင်းဖြစ်တဲ့ ဟီလီ-မဟိန္ဒြာ ဂမ့်ချ်စင်္ကြံလမ်းဟာ “ကြက်လည်ပင်း”ကို ကွင်းရှောင် ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းခြင်းဖြင့် မိုင်(၄၃၀)ကျော် တိုတောင်းသွားပါလိမ့်မယ်။ လက်ရှိ စင်္ကြံလမ်းကျဉ်းလေးကိုဖြတ်ပြီး တစ်ကွေ့တစ်ပတ်ကြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေရာမှာ စရိတ်စက(၂၅)ရာခိုင်နှုန်းမှ (၆၀)ရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖွယ်ရှိပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ ကတော့ လမ်းကြောင်းတစ်လျှောက် ကားလမ်း- မီးရထားလမ်းဖောက်လုပ်ရေးစီမံကိန်းဖြစ်နိုင်ခြေကို လေ့လာဆောင်ရွက်နေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံရေးအပြောင်းအလဲတွေကြောင့် အဲဒီစီမံကိန်းဟာ မရေရာမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ နယူးဒေလီဟာ ဘင်္ဂလားဒေ့ရှ်အစိုးရအသစ်နဲ့ ပူးပေါင်းဆောင်ရွက် ဖို့ လိုအပ်ပြီး စီမံကိန်းရှေ့ဆက်နိုင်ဖို့ နည်းလမ်းရှာဖွေရပါလိမ့်မယ်။

ဒုတိယလမ်းကြောင်းကတော့ ကုန်းတွင်းပိတ် ဟိမဝန္တာတောင်တန်းတိုင်းပြည် ဘူတန်နိုင်ငံကို အိန္ဒိယရဲ့ပင်လယ်ဆိပ်ကမ်းတွေနဲ့ချိတ်ဆက်ပေးဖို့ဖြစ်ပါတယ်။ အာသံနဲ့မီဂါလာယာပြည်နယ်တွေမှ တစ် ဆင့် ကားလမ်းတွေ၊ မီးရထားလမ်းတွေနဲ့ ရေလမ်းကြောင်းတွေကိုလည်း လိုအပ်သလို ထည့်သွင်း တည် ဆောက်ရပါလိမ့်မယ်။ အဲဒီလမ်းကြောင်းဟာ ဘူတန်နိုင်ငံမှ ရေအားလျှပ်စစ်နဲ့ စိုက်ပျိုးရေးထွက်ကုန် တွေကိုတင်ပို့ရာမှာ အထောက်အကူဖြစ်စေမယ့်အပြင်၊ အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တို့အတွက် ကုန်သွယ်ရေးကို ပိုမိုထိရောက်စေပါလိမ့်မယ်။

B3 စင်္ကြံလမ်းဟာ သမိုင်းကြောင်းအရ မတည်ငြိမ်တဲ့ အာသံပြည်နယ် ဘိုဒိုလန်ဒေသမှာ ရင်းနှီး မြှုပ်နှံမှုတွေဝင်ရောက်လာစေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ အလုပ်အကိုင်တွေကို ဖန်တီးပေးပါလိမ့် မယ်။ လမ်းကြောင်းဟာ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ် အကြားသဘောတူညီထားတဲ့ သယ်ယူပို့ဆောင်ရေး စာချုပ်နဲ့လည်းကိုက်ညီပြီး လက်ရှိကုန်သွယ်ရေးလမ်းကြောင်းများကို မိုင်(၅၀ဝ)အထိ တိုတောင်းသွား စေပါလိမ့်မယ်။

ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုလုံးရဲ့ ရည်ရွယ်ချက်ဟာ ဆီလီဂူရီလမ်းကြောင်းအပေါ် မှီခိုမှု ကိုလျှော့ချပေးမှာဖြစ်ပြီး အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-ဘူတန်နိုင်ငံတို့အကြား ကုန်သွယ်မှုဆက်ဆံရေးကိုခိုင် မာစေပြီး အမျိုးသားလုံခြုံရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့ပြင် အဲဒီလမ်းကြောင်းတွေဟာ အိန္ဒိယရဲ့ အာဆီယံနိုင်ငံတွေနဲ့ချိတ်ဆက်ဖို့ အရှေ့ဘက် တက်ကြွစွာဆောင်ရွက်ရေးမဟာဗျူဟာကို တစ်နည်း တစ်ဖုံ အထောက်အကူဖြစ်စေပါလိမ့်မယ်။

ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိနေပါတယ်။ B3 လမ်းကြောင်းဟာ အိန္ဒိယနဲ့ ဘူတန်နိုင်ငံတို့ အကြား ခိုင်မာတဲ့ဆက်ဆံရေးကြောင့် အောင်မြင်နိုင်ခြေရှိပေမယ့် ဟီလီ-မဟိန္ဒြာဂမ့်ချ် ကုန်သွယ်ရေး လမ်းကြောင်းကတော့ ဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံရေး အပြောင်းအလဲတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင် နေရပါတယ်။ ရှိတ်ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်ဟာ နယူးဒေလီနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်လာရုံ မက အိန္ဒိယနဲ့ တရားဝင် အကြိမ်ကြိမ်စစ်ခင်းဖူးတဲ့ ပါကစ္စတန်နဲ့ ပိုမိုနီးကပ်လာပါတယ်။

အိန္ဒိယ ရဲ့ အရှေ့မြောက်ဖျားပြည်နယ်တွေနဲ့ ချိတ်ဆက်ရေးဟာ “ကုလားတန်ဘက်စုံစီမံကိန်း” နဲ့ ရည်မှန်းထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကုလားတန်မြစ်ကြောင်းအတိုင်း အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ ရေလမ်း-ကုန်းလမ်း ဆက်သွယ်ရေးဟာ နယ်မြေရာနှုန်းအများစုကို ထိန်းချူပ်ထားတဲ့ AA ရဲ့ သဘောတူညီချက်မရှိဘဲမဖြစ်နိုင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ခုလို ရခိုင်မြောက်ပိုင်း ဆီးသီးဗန်းမှောက်တုန်း ကုလသမဂ္ဂ အထွေထွေအ တွင်းရေးမှူးချူပ် ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေအထိ တကူးတကလာရောက်ပြီး AA နဲ့ ဆွေးနွေးဖို့ စကားလမ်းကြောင်းလာတာဟာ စစ်နိုင် ပွဲဆက်နေတဲ့ AA အတွက် လက်မထောင်ချင်စရာ ဖြစ်တာသေချာပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း ဒုက္ခသည်များ နေရပ်ပြန်ရေး တားဆီးနေပြီး AA နဲ့ တိုက်ခိုက်နေတဲ့ ARSA ခေါင်းဆောင်တွေကို ယူနွတ်အစိုးရက ဖမ်းဆီးလိုက်တာဟာ AA အသိအမှတ်ပြုမှုနဲ့ ဘင်္ဂါလီကို ရခိုင်ပြည်နယ်အတွင်း ထိုးသွင်းပေးဖွယ်ရှိကြောင်း အရိပ်အယောင်ပြသလာပါတယ်။ ဒီလိုအချိန်မှာ အမေရိကန်တပ်မတော် ပစိဖိတ်စစ်ဌာနချုပ် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ တစ်ဦးက ဒါကာကိုလာရောက်ပြီး ဘင်္ဂလားဒေ့ရှ် တပ်မတော် ထိပ်တန်းအရာရှိတွေနဲ့တွေ့ဆုံတာဟာ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။

zawgyi version
အေရွ႕ေမွ်ာ္အိႏၵိယ၏ ညီအစ္မ ခုနစ္ေဖာ္ ကုန္သြယ္ေရးစႀကႍမ်ားႏွင့္ ရခိုင္ေျမာက္ပိုင္း
Htay Oung (NP News) - ဧၿပီ ၁

အိႏၵိယႏိုင္ငံရဲ႕အေရွ႕ေျမာက္ပိုင္းေဒသဟာ ကုန္းတြင္းပိတ္အေနအထားမွာတည္ရွိေနၿပီး နယူး ေဒလီ ဗဟိုအစိုးရနဲ႔အလွမ္းေဝးေနတယ္လို႔ ဆိုႏိုင္ပါတယ္။ ကမ္း႐ိုးတန္းေဒသေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈ ကို အဲဒီေဒသေတြဆီ အေရာက္မွ်ေဝေပးဖို႔ျပႆနာဟာ အိႏၵိယအစိုးရအဆက္ဆက္ကို ဦးေႏွာက္ေျခာက္ ေစခဲ့ပါတယ္။ အေနာက္ဘဂၤလား-ဆစ္ကင္းျပည္နယ္နဲ႔ အာသံ-အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္တို႔ အၾကား ကုန္သြယ္ေရးနဲ႔ခရီးသြားလာမႈအမ်ားစုဟာ “ဆီလီဂူရီစႀကႍ” တစ္ခုတည္းအေပၚမွာ မွီခိုေနရပါ တယ္။ နီေပါ-ဘဂၤလားေဒ့ရွ္နဲ႔ ဘူတန္ႏိုင္ငံတို႔အၾကား ကုန္သြယ္ေရးလမ္းရဲ႕က်ဥ္းေျမာင္းၿပီး ကိုး႐ိုးကား ရား တည္ရွိေနပုံေၾကာင့္ “ၾကက္လည္ပင္းစႀကႍ” လို႔အမည္ တြင္တဲ့အထိျဖစ္ရေၾကာင္း “ဆြာရပ္ဂ်္ယာ” သတင္းစာ (၂၁ ျေပ ၂၀၂၅)က ေရးပါတယ္။

ၾကက္လည္ပင္းလို႔ ျပက္ရယ္ျပဳကင္ပြန္းတပ္ေနရေပမယ့္ ဆစ္ကင္းျပည္နယ္နဲ႔ အာ႐ူနာခ်ယ္ ပရာဒက္ရွ္ ေရွ႕တန္းစစ္စခန္းေတြအတြက္ အေရးပါတဲ့ ေထာက္ပံ့ေရးလမ္းေၾကာင္းတစ္ခုျဖစ္ေနတာ အ မွန္ပါပဲ။ အထူးသျဖင့္ (၁၉၆၂) ခုႏွစ္ တ႐ုတ္-အိႏၵိယ စစ္ပြဲနဲ႔ လက္ရွိျဖစ္ပြားေနတဲ့ န်ဴလက္နက္ပိုင္ အိမ္နီး ခ်င္းႏိုင္ငံႀကီးႏွစ္ခုအၾကား တင္းမာမႈေတြေၾကာင့္ နယူးေဒလီအတြက္ ႀကိဳတင္ျပင္မႈေတြျပဳလုပ္ထားဖို႔ အေရးတႀကီးလိုအပ္ေနပါတယ္။ “ ညီအစ္မခုနစ္ေဖာ္ ” လို႔တင္စားၾကတဲ့ အေရွ႕ေျမာက္ ေဝးလံေခါင္ဖ်ား ျပည္နယ္(၇)ခုတို႔အတြင္း လူမ်ိဳးေရးအဓိက႐ုဏ္းေတြ၊ သီးျခားခြဲထြက္ေရးျပႆနာေတြကို ေျပလည္ ေအာင္ ေျဖရွင္းေပးေရးဟာ အဲဒီေဒသကို ဖြံ႕ၿဖိဳးတိုးတက္ၿပီး ေခတ္မီေအာင္ အရင္ဆုံးေဆာင္႐ြက္ေပးရ ပါလိမ့္မယ္။

တစ္ဖက္မွာလည္း အိႏၵိယဟာ ေဒသအတြင္း တ႐ုတ္ရဲ႕ဩဇာလႊမ္းမိုးမႈကိုတန္ျပန္ဖို႔နဲ႔ မိမိတိုင္း ျပည္ရဲ႕အင္အားကိုတည္ေဆာက္ဖို႔ ႀကိဳးစားေနရပါတယ္။ ဒီအတြက္ ေဒသတြင္း အိမ္နီးခ်င္းေတာင္အာရွ ႏိုင္ငံေတြ၊ အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ စီးပြားေရး၊ လုံၿခဳံေရး၊ ယဥ္ေက်းမႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ ကိုျမႇင့္တင္ဖို႔ “Act East ” ၊ “အေရွ႕ဘက္တက္ႂကြစြာ ေဆာင္႐ြက္ေရး” မဟာဗ်ဴဟာကို(၁၉၉၀)ျပည့္လြန္ ႏွစ္ေတြကတည္းက နိဒါန္းပ်ိဳးခဲ့ပါတယ္။ (၂၀၁၄)ခုႏွစ္ ႏိုဝင္ဘာ (၁၃)ရက္ ျမန္မာႏိုင္ငံ ေနျပည္ေတာ္မွာ “(၉)ႀကိမ္ေျမာက္ အေရွ႕အာရွ ထိပ္သီးအစည္းအေဝး” က်င္းပစဥ္ နယူးေဒလီရဲ႕ “ အေရွ႕ေမွ်ာ္မူဝါဒ” AEP ကို အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီက အတိအလင္းေၾကညာခဲ့ပါတယ္။

(သို႔ေသာ္လည္း (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါ ရီလေနာက္ပိုင္း ျမန္မာႏိုင္ငံအတြင္း လုံၿခဳံေရးအေျခ အေန ဆိုး႐ြားျပင္းထန္လာတာဟာ ျပည္တြင္းပဋိပကၡ ႏွစ္ (၇၀)ေက်ာ္ၾကာ တိုင္းျပည္ကိုျဖတ္သန္းၿပီး ကုန္သြယ္ေရးလမ္းေၾကာင္းေဖာက္လုပ္လိုတဲ့ နယူးေဒလီရဲ႕စိတ္ကူးေတြကို ေရွ႕ဆက္မတိုးႏိုင္ဘဲ ေရစုန္ ေမ်ာေစပါတယ္။) အဲဒီအခါ ဆီရီဂူရီစႀကႍ တစ္ခုတည္းအေပၚ မွီခိုေနလို႔ကေတာ့ ဘယ္လိုမွမျဖစ္ႏိုင္တာ ေသခ်ာလာပါတယ္။ ဒီအတြက္ တျခားလမ္းေၾကာင္းေတြကိုလည္း စဥ္းစားလာရပါတယ္။
(၁) အိႏၵိယ အေနာက္ဘဂၤလားျပည္နယ္ ဒီနာ့ဂ်္ပူရ္ ခ႐ိုင္ “ဟီလီၿမိဳ႕”မွ မီဂါလာယာျပည္နယ္ “မဟိျႏၵာ ဂမ့္ခ်္ၿမိဳ႕”အထိ ေဖာက္လုပ္မယ့္ စႀကႍလမ္း။

(၂) ဘူတန္ႏိုင္ငံမွ အိႏၵိယ အာသံျပည္နယ္ ဘိုဒိုလန္ ၿမိဳ႕ကိုျဖတ္ၿပီး ဘဂၤလားပင္လယ္ေအာ္နဲ႔ခ်ိတ္ဆက္ မယ့္ “ဘ-သုံးလုံး” B-3 စႀကႍလမ္းပဲျဖစ္ပါတယ္။ အဲဒီလမ္းေၾကာင္းႏွစ္ခုဟာ သယ္ယူပို႔ေဆာင္ေရး၊ ကုန္ သြယ္ေရးနဲ႔လုံၿခဳံေရးကို သိသိသာသာ ျမႇင့္တင္ေပးႏိုင္မွာျဖစ္ပါတယ္။ အကယ္၍ အဲဒီလမ္းေၾကာင္းကို ေအာင္ျမင္စြာ ေဖာက္လုပ္ႏိုင္မယ္ဆိုရင္ မီဂါလာယာ၊ အာသံနဲ႔ ႀတိပူရျပည္နယ္ေတြမွာ ကုန္သြယ္ေရးနဲ႔ အလုပ္အကိုင္အခြင့္အလမ္းတို႔ ပြင့္လင္းလာေစမွာျဖစ္ၿပီး အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ဖ်ား ျပည္နယ္ေတြ ရဲ႕အနာဂတ္ကို အႀကီးအက်ယ္ေျပာင္းလဲေစပါလိမ့္မယ္။

ပထမလမ္းေၾကာင္းျဖစ္တဲ့ ဟီလီ-မဟိျႏၵာ ဂမ့္ခ်္စႀကႍလမ္းဟာ “ၾကက္လည္ပင္း”ကို ကြင္းေရွာင္ ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံေျမာက္ပိုင္းကို ျဖတ္သန္းျခင္းျဖင့္ မိုင္(၄၃၀)ေက်ာ္ တိုေတာင္းသြားပါလိမ့္မယ္။ လက္ရွိ စႀကႍလမ္းက်ဥ္းေလးကိုျဖတ္ၿပီး တစ္ေကြ႕တစ္ပတ္ႀကီး ကုန္ပစၥည္းသယ္ယူပို႔ေဆာင္ေနရာမွာ စရိတ္စက(၂၅)ရာခိုင္ႏႈန္းမွ (၆၀)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ႏိုင္ဖြယ္ရွိပါတယ္။ အိႏၵိယအစိုးရအေနနဲ႔ ကေတာ့ လမ္းေၾကာင္းတစ္ေလွ်ာက္ ကားလမ္း- မီးရထားလမ္းေဖာက္လုပ္ေရးစီမံကိန္းျဖစ္ႏိုင္ေျခကို ေလ့လာေဆာင္႐ြက္ေနဆဲျဖစ္ပါတယ္။

ဒါေပမဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ႏိုင္ငံေရးအေျပာင္းအလဲေတြေၾကာင့္ အဲဒီစီမံကိန္းဟာ မေရရာမႈေတြနဲ႔ရင္ဆိုင္ေနရပါတယ္။ နယူးေဒလီဟာ ဘဂၤလားေဒ့ရွ္အစိုးရအသစ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ ဖို႔ လိုအပ္ၿပီး စီမံကိန္းေရွ႕ဆက္ႏိုင္ဖို႔ နည္းလမ္းရွာေဖြရပါလိမ့္မယ္။

ဒုတိယလမ္းေၾကာင္းကေတာ့ ကုန္းတြင္းပိတ္ ဟိမဝႏၲာေတာင္တန္းတိုင္းျပည္ ဘူတန္ႏိုင္ငံကို အိႏၵိယရဲ႕ပင္လယ္ဆိပ္ကမ္းေတြနဲ႔ခ်ိတ္ဆက္ေပးဖို႔ျဖစ္ပါတယ္။ အာသံနဲ႔မီဂါလာယာျပည္နယ္ေတြမွ တစ္ ဆင့္ ကားလမ္းေတြ၊ မီးရထားလမ္းေတြနဲ႔ ေရလမ္းေၾကာင္းေတြကိုလည္း လိုအပ္သလို ထည့္သြင္း တည္ ေဆာက္ရပါလိမ့္မယ္။ အဲဒီလမ္းေၾကာင္းဟာ ဘူတန္ႏိုင္ငံမွ ေရအားလွ်ပ္စစ္နဲ႔ စိုက္ပ်ိဳးေရးထြက္ကုန္ ေတြကိုတင္ပို႔ရာမွာ အေထာက္အကူျဖစ္ေစမယ့္အျပင္၊ အိႏၵိယအေရွ႕ေျမာက္ပိုင္းျပည္နယ္တို႔အတြက္ ကုန္သြယ္ေရးကို ပိုမိုထိေရာက္ေစပါလိမ့္မယ္။

B3 စႀကႍလမ္းဟာ သမိုင္းေၾကာင္းအရ မတည္ၿငိမ္တဲ့ အာသံျပည္နယ္ ဘိုဒိုလန္ေဒသမွာ ရင္းႏွီး ျမႇဳပ္ႏွံမႈေတြဝင္ေရာက္လာေစၿပီး စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ အလုပ္အကိုင္ေတြကို ဖန္တီးေပးပါလိမ့္ မယ္။ လမ္းေၾကာင္းဟာ အိႏၵိယနဲ႔ဘဂၤလားေဒ့ရွ္ အၾကားသေဘာတူညီထားတဲ့ သယ္ယူပို႔ေဆာင္ေရး စာခ်ဳပ္နဲ႔လည္းကိုက္ညီၿပီး လက္ရွိကုန္သြယ္ေရးလမ္းေၾကာင္းမ်ားကို မိုင္(၅၀ဝ)အထိ တိုေတာင္းသြား ေစပါလိမ့္မယ္။

ကုန္သြယ္ေရးလမ္းေၾကာင္းႏွစ္ခုလုံးရဲ႕ ရည္႐ြယ္ခ်က္ဟာ ဆီလီဂူရီလမ္းေၾကာင္းအေပၚ မွီခိုမႈ ကိုေလွ်ာ့ခ်ေပးမွာျဖစ္ၿပီး အိႏၵိယ-ဘဂၤလားေဒ့ရွ္-ဘူတန္ႏိုင္ငံတို႔အၾကား ကုန္သြယ္မႈဆက္ဆံေရးကိုခိုင္ မာေစၿပီး အမ်ိဳးသားလုံၿခဳံေရးကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ ဒါ့ျပင္ အဲဒီလမ္းေၾကာင္းေတြဟာ အိႏၵိယရဲ႕ အာဆီယံႏိုင္ငံေတြနဲ႔ခ်ိတ္ဆက္ဖို႔ အေရွ႕ဘက္ တက္ႂကြစြာေဆာင္႐ြက္ေရးမဟာဗ်ဴဟာကို တစ္နည္း တစ္ဖုံ အေထာက္အကူျဖစ္ေစပါလိမ့္မယ္။

ဒါေပမဲ့ ျပႆနာတစ္ခုေတာ့ ရွိေနပါတယ္။ B3 လမ္းေၾကာင္းဟာ အိႏၵိယနဲ႔ ဘူတန္ႏိုင္ငံတို႔ အၾကား ခိုင္မာတဲ့ဆက္ဆံေရးေၾကာင့္ ေအာင္ျမင္ႏိုင္ေျခရွိေပမယ့္ ဟီလီ-မဟိျႏၵာဂမ့္ခ်္ ကုန္သြယ္ေရး လမ္းေၾကာင္းကေတာ့ ဘဂၤလားေဒ့ရွ္ရဲ႕ႏိုင္ငံေရး အေျပာင္းအလဲေတြေၾကာင့္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ ေနရပါတယ္။ ရွိတ္ဟာစီနာအလြန္ ဘဂၤလားေဒ့ရွ္ဟာ နယူးေဒလီနဲ႔ ဆက္ဆံေရးမေျပမလည္ျဖစ္လာ႐ုံ မက အိႏၵိယနဲ႔ တရားဝင္ အႀကိမ္ႀကိမ္စစ္ခင္းဖူးတဲ့ ပါကစၥတန္နဲ႔ ပိုမိုနီးကပ္လာပါတယ္။

အိႏၵိယ ရဲ႕ အေရွ႕ေျမာက္ဖ်ားျပည္နယ္ေတြနဲ႔ ခ်ိတ္ဆက္ေရးဟာ “ကုလားတန္ဘက္စုံစီမံကိန္း” နဲ႔ ရည္မွန္းထားတာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွ ကုလားတန္ျမစ္ေၾကာင္းအတိုင္း အိႏၵိယ မီဇိုရမ္ျပည္နယ္နဲ႔ ေရလမ္း-ကုန္းလမ္း ဆက္သြယ္ေရးဟာ နယ္ေျမရာႏႈန္းအမ်ားစုကို ထိန္းခ်ဴပ္ထားတဲ့ AA ရဲ႕ သေဘာတူညီခ်က္မရွိဘဲမျဖစ္ႏိုင္ပါဘူး။

ဘယ္လိုပဲျဖစ္ျဖစ္ ခုလို ရခိုင္ေျမာက္ပိုင္း ဆီးသီးဗန္းေမွာက္တုန္း ကုလသမဂၢ အေထြေထြအ တြင္းေရးမႉးခ်ဴပ္ ကိုယ္တိုင္ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြအထိ တကူးတကလာေရာက္ၿပီး AA နဲ႔ ေဆြးေႏြးဖို႔ စကားလမ္းေၾကာင္းလာတာဟာ စစ္ႏိုင္ ပြဲဆက္ေနတဲ့ AA အတြက္ လက္မေထာင္ခ်င္စရာ ျဖစ္တာေသခ်ာပါတယ္။

ဒါေပမဲ့ တစ္ဖက္မွာလည္း ဒုကၡသည္မ်ား ေနရပ္ျပန္ေရး တားဆီးေနၿပီး AA နဲ႔ တိုက္ခိုက္ေနတဲ့ ARSA ေခါင္းေဆာင္ေတြကို ယူႏြတ္အစိုးရက ဖမ္းဆီးလိုက္တာဟာ AA အသိအမွတ္ျပဳမႈနဲ႔ ဘဂၤါလီကို ရခိုင္ျပည္နယ္အတြင္း ထိုးသြင္းေပးဖြယ္ရွိေၾကာင္း အရိပ္အေယာင္ျပသလာပါတယ္။ ဒီလိုအခ်ိန္မွာ အေမရိကန္တပ္မေတာ္ ပစိဖိတ္စစ္ဌာနခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးအဆင့္ရွိသူ တစ္ဦးက ဒါကာကိုလာေရာက္ၿပီး ဘဂၤလားေဒ့ရွ္ တပ္မေတာ္ ထိပ္တန္းအရာရွိေတြနဲ႔ေတြ႕ဆုံတာဟာ အလြန္စိတ္ဝင္စားစရာေကာင္းပါတယ္။

Related news

© 2021. All rights reserved.