အားကစားမှသည် ချစ်ကြည်ရင်းနှီးသော မိတ်ဖက် သံခင်းတမန်ခင်းဆီ

496

တင်ဇာ (NP News) - ဧပြီ ၁
သံတမန်ရေးရာဟူသည် နိုင်ငံတကာဆက်ဆံရေးကို သံတမန်များက ၎င်းတို့၏ ကျွမ်းကျင်မှု၊ အရည်အချင်းတို့ဖြင့် စီမံခန့်ခွဲခြင်းအဖြစ် သတ်မှတ်နိုင်သည်။ သံတမန်ဆက်ဆံရေးသည် နိုင်ငံ၏ အုပ် ချုပ်ရေးစနစ်ကိုမြှင့်တင်ရန်နှင့် ခိုင်မာသော အင်စတီကျူးရှင်းများတည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။ ဤနေရာတွင် သံခင်းတမန်ခင်းအမျိုးအစားများစွာရှိသည့်အနက်မှ အားကစား သံခင်း တမန်ခင်းသည်လည်း အောင်မြင်သော နိုင်ငံတကာ ဆက်ဆံရေးကိုထူထောင်ရာတွင် အထောက်အပံ့ ဖြစ်စေခဲ့ကြောင်း သမိုင်းသာဓကများက ဖော်ပြနေသည်။ အားကစား သံခင်းတမန်ခင်းဆိုသည်မှာ ကိုယ် ကာယလှုပ်ရှားမှုများကို မျှဝေခံစားခြင်းဖြင့် ပြည်သူအချင်းချင်း၊ နိုင်ငံအချင်းချင်း၊ အသိုက်အဝန်း အချင်း ချင်း ပိုမိုနီးကပ်လာစေရန် ရည်ရွယ်သည်။
အားကစားသည် မကြာခဏဆိုသကဲ့သို့ ရန်သူများကိုပေါင်းစည်းစေသည့် ကဏ္ဍတစ်ရပ်ဖြစ်ခဲ့ ကြောင်း သမိုင်းတစ်လျှောက်ဖြစ်စဉ်များမှတစ်ဆင့် လေ့လာတွေ့ရှိနိုင်သည်။ မကြာသေးမီကပင် ဟော်ကီ ဝါသနာပါသူ ဗလာဒီမာပူတင်က ရုရှားနှင့် အမေရိ ကန်တို့ပါဝင်သည့် NHL (National Hockey League) နှင့် KHL (Kontinental Hockey League) ကစားသမားများကြား ချစ်ကြည်ရေးပွဲများ ဆက်တိုက်ကျင်းပရန် သမ္မတထရမ့်ကိုအကြံပြုခဲ့သောကြောင့် နှစ်နိုင်ငံခေါင်းဆောင်များသည် အားက စားအခြေပြု သံခင်းတမန်ခင်းဆီ ပြန်ပြောင်းဦးတည် သွားချင်ပုံရနေကြောင်း ခန့်မှန်းရသည်။ ထိုအယူအ ဆသည် လက်ရှိ ပထဝီဝင် နိုင်ငံရေးအခြေအနေများကြောင့် ရုတ်တရက်ပေါ်ပေါက်လာပုံလည်းရသည်။ အားကစားသည် သမားရိုးကျသံတမန်လမ်း စဉ်အတိုင်း မအောင်မြင်သည့်တံခါးများကို ဖွင့်ပေး နိုင်ကြောင်း သမိုင်းတွင် သာဓကများစွာရှိခဲ့ဖူးသည်။ အထူးသဖြင့် သံတမန်ရေးရာ တင်းမာမှုများရှိနေသော (၁၉၇၀) ပြည့်လွန်နှစ်များမှ သာဓက ဖြစ်စဉ်နှစ်ခုက အထင်အရှား မီးမောင်းထိုးပြလျက်ရှိသည်။
ဘေဂျင်းမှနစ်ဆင်အထိ ပင်ပေါင်သံခင်းတမန်ခင်း
(၁၉၇၀)ပြည့်နှစ်များအစောပိုင်းတွင် အမေရိကန်နှင့်တရုတ်ကြားဆက်ဆံရေးက မရှိသ လောက်ကျဲပါးခဲ့သည်။ နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေးတင်းမာသော အယူဝါဒဆိုင်ရာ ရန်ဘက်များ ဖြစ်ကြသောကြောင့် ၎င်းတို့၏ နိုင်ငံသားများကြား ထိတွေ့ဆက်ဆံမှုမှာ လုံးဝမရှိသလောက်ဖြစ်ခဲ့သည်။ သို့သော် ဂျပန်နိုင်ငံ၊ နာဂိုယာရှိ ဘတ်စကားပေါ်တွင် မတော်တဆ အပြန်အလှန်ဆက်သွယ်မှုတစ်ခုက အရာအားလုံးကိုပြောင်းလဲစေခဲ့သည်။ (၁၉၇၁) ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံပြိုင်ပွဲတွင် အမေ ရိကန်ကစားသမား Glenn Cowan သည် ၎င်း၏အသင်းဘတ်စကားကို လွဲချော်သွားခဲ့သောကြောင့် တရုတ်အသင်းဘတ်စကားကို စီးနင်းလိုက်ပါခဲ့ရသည်။ တရုတ်အားကစားသမားများအနေဖြင့် အမေ ရိကန်များနှင့် မျက်လုံးချင်းမဆုံမိစေရန်ပင် တင်းတင်းကြပ်ကြပ်ညွှန်ကြားထားပြီးဖြစ်သည်။ သို့သော် အဆိုပါ တရုတ်အားကစားသမားများထဲမှ နာမည်ကြီးအား ကစားသမားတစ်ဦးဖြစ်သော Zhuang Zedong သည် ပရိုတိုကောကိုချိုးဖောက်ကာ Huangshan တောင်များကို ပန်းထိုးထားသော ပိုးထည် ရုပ်ပုံလွှာကို Cowan ကို လက်ဆောင်ပေးခဲ့သည်။
ထိုအခိုက်အတန့်ကို ဓာတ်ပုံဆရာများက ဖမ်းယူထားခဲ့ပြီး ခေါင်းစီးသတင်းများတွင် အလျင် အမြန်တက်လာခဲ့သည်။ ထိုအချိန်က မရည်ရွယ်ဘဲ သံတမန်တစ်ဦးဖြစ်လာသည့် Cowan သည် အမေရိ ကန်များအတွက် လုံးဝအကန့်အသတ်မရှိသော တရုတ်နိုင်ငံသို့သွားရောက်လိုကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။ ထို့နောက် များမကြာမီတွင် အမေရိကန်နှင့် တရုတ်စားပွဲတင်တင်းနစ်အသင်းများသည် အပြန်အလှန် အလည်အပတ်လုပ်ခဲ့ကြပြီး နှစ်နိုင်ငံကြား ဆယ်စုနှစ်များစွာကြာ တိတ်ဆိတ်မှုကို ဖြိုခွင်းခဲ့ သည်။ တစ်နှစ်အကြာ (၁၉၇၂) ခုနှစ်တွင် သမ္မတ ရစ်ချတ်နစ်ဆင်သည် စစ်အေးတိုက်ပွဲ၏ အထင်ရှားဆုံး သံတမန်ရေးဆိုင်ရာ အောင်မြင်မှုများထဲမှတစ်ခုအဖြစ် မော်စီတုံးနှင့်တွေ့ဆုံရန် တရုတ်နိုင်ငံသို့လာ ရောက်သည့် ပထမဆုံး အမေရိကန်ခေါင်းဆောင် ဖြစ်လာခဲ့ သည်။ ယင်းဇာတ်လမ်းကို ပင်ပေါင်သံခင်း တမန်ခင်း အဖြစ်လူသိများလာပြီး အားကစားသည် အမြစ်တွယ်နေသောရန်စများကိုပင် ချေဖျက်နိုင်ပုံ၏ သင်္ကေတ ဖြစ်လာခဲ့သည်။
ဟော်ကီနှင့် စစ်အေးတိုက်ပွဲတွေ့ဆုံခြင်း
နောက်ပိုင်းတွင် ပင်ပေါင်အားကစားနှင့် အလားသဏ္ဌာန်တူသည့် သံတမန်နည်းလမ်းများ ပေါ် ပေါက်လာခဲ့သည်။ စစ်အေးတိုက်ပွဲကာလက အားမျှ ခြေယှဉ်ပြိုင်လျက်ရှိသော အမေရိကန်နှင့် ဆိုဗီ ယက် အင်အားကြီးနိုင်ငံနှစ်ခုအကြား ၎င်းတို့၏ ထိတ်ထိတ် ကြဲအားကစားသမားများနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ရခြင်းမရှိပေ။ ထိုအချိန်က ကမ္ဘာ့ဟော်ကီကို ကြီးစိုးနေသော ကနေဒါနိုင်ငံမှ NHL ကြယ်ပွင့်များ က ဆိုဗီယက်ကစားသမားများကိုနှိမ့်ချကာ ၎င်းတို့ကို အားနည်းသောပြိုင်ဘက်များအဖြစ်သတ်မှတ်ခဲ့ပြီး အပျော်တမ်းကစားသမားများအဖြစ် သဘောထားခဲ့သည်။ တစ်ချိန်တည်းတွင် ဆိုဗီယက်က ၎င်း၏ဟော် ကီဘိုးအေများဖြစ်သည့် နာမည်ကျော် Valery Kharlamov ၊ Alexander Yakushev ၊ Vladislav Tretiak စသော ကစားသမားများကို ထုတ်ကြွားခဲ့သည်။
အမှန်စင်စစ်အားဖြင့် (၁၉၇၂) Summit Series သည် သာမန်ဟော်ကီကစားပွဲသက်သက်မျှသာ မဟုတ်ပေ။ စစ်အေးတိုက်ပွဲသည် ရေခဲပြင်တိုက်ပွဲဖြစ်လာပြီး စူပါပါဝါနှစ်နိုင်ငံကြား ယှဉ်ပြိုင်မှုတစ်ခု ချင်းစီက အားသာလွန်ကြောင်းပြဖို့ အခိုင်အမာ ဆုံးဖြတ်ခဲ့ကြသည်။ ကနေဒါတွင် လေးပွဲ၊ မော်စကိုတွင် လေးပွဲဟူ၍ နှစ်ပိုင်းခွဲပြီးကျင်းပခဲ့သော ယင်းပွဲစဉ်တွင် ကနေဒါနိုင်ငံသားများက ကြိုတင်အောင်ပွဲခံရန် မျှော်လင့်ထားပုံရနေသည်။ သို့သော် ထိုပွဲစဉ်အစပိုင်းမှာတင် ဆိုဗီယက်အားကစားသမားတို့၏ စွမ်း ဆောင်ရည်သည် ပြိုင်ဘက်များကို အံ့အားသင့်စေခဲ့ကာ ကနေဒါ ပရိသတ်များ မယုံကြည်နိုင်ဖြစ်ခဲ့ကြရ သည်။ ထို့ကြောင့် ပွဲစဉ်တစ်လျှောက် အသည်းအသန်ယှဉ်ပြိုင် ကစားခဲ့ကြရပြီး ကနေဒါကစားသမား Paul Henderson ၏နောက်ဆုံးမိနစ်သွင်းဂိုးဖြင့် ကနေဒါက အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယင်းကစားပွဲသည် အထက်တွင် ဖော်ပြခဲ့သကဲ့သို့ သာမန်ကစားပွဲမဟုတ်သည့်အတွက် အောင်ပွဲ၏ရလဒ်သည် လေးစားမှုဟူသော ဂုဏ်ဒြပ်တစ်ခုကိုရရှိစေခဲ့သည်။ အစပိုင်းတွင် ၎င်းတို့၏ ဆို ဗီယက်ပြိုင်ဘက်များကို အထင်သေးခဲ့သော ကနေဒါ ကစားသမားများက ၎င်းတို့၏ကျွမ်းကျင်မှုနှင့် စည်း ကမ်းကြောင့် ကြောက်ရွံ့လာခဲ့ကြသည်။ ထို့အတူ Phil Esposito နှင့် Henderson တို့ကဲ့သို့ NHL ကြယ် ပွင့်များ၏ထက်မြက်မှုကို မြင်တွေ့ပြီးနောက် ဆိုဗီယက်ပရိသတ်များက ၎င်းတို့၏ စစ်အေးတိုက်ပွဲ ဖြစ်ပွားနေသည့်ကြားမှပင် ကနေဒါကစားသမားများကို တစ်ခဲနက်အားပေးခဲ့ကြသည်ကို တွေ့ရှိခဲ့ရ သည်။ ထို့ကြောင့် နိုင်ငံရေးတင်းမာမှုများရှိနေသော်လည်း ကစားသမားများသည် အားကစားစိတ်ဓာတ် အပြည့် ဖြင့်ယှဉ်ပြိုင်ခဲ့ကြသောကြောင့် နှစ်နိုင်ငံကြားချစ်ကြည် ရင်းနှီးမှုများ ပြန်လည်အစပျိုးလာနိုင်ခဲ့ ခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ အားကစားသည်လည်း နိုင်ငံရေးတွင် အထူးသဖြင့် သံတမန်ရေးရာတွင် အဓိက ကျလာခဲ့သည်။
နောက်ပိုင်းနှစ်များတွင် ဆိုဗီယက်နှင့် ကနေဒါအသင်းများသည် ဟော်ကီအားကစားယဉ်ကျေးမှု ကို ဆယ်စုနှစ်များစွာ ကူးလူးဖလှယ်ခဲ့ကြပြီး အားကစားသံတမန်ရေးရာဆက်ဆံရေးကို အုတ်မြစ်ချ တည်ဆောက်ခဲ့ကြသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ပထဝီနိုင်ငံရေးတင်းမာမှုများရှိနေသော ကြောင့် အစိုးရများရုန်းကန်နေရသည့် ဆက်ဆံရေးပေါင်းကူးတံတားတစ်စင်းကို အားကစားက တည် ဆောက်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။
ဟော်ကီအားကစားက ဒီနေ့ခတ် သံခင်းတမန်ခင်း မှာကော အလုပ်ဖြစ်နိုင်မလား
ယနေ့ခေတ်တွင် ဟော်ကီ သံခင်းတမန် ခင်းသည် (၁၉၇၀)ပြည့်လွန်နှစ်များတွင်ပြုလုပ်ခဲ့ သည့် အလားတူဆန်းသစ်မှုမျိုး ရှိမည်မဟုတ်ပေ။ NHL သည် ရုရှားကြယ်ပွင့်များကို ကာလအတန်ကြာ လက်ခံထားပြီး Alexander Ovechkin ကဲ့သို့သော ကစားသမားအမည်သည် မြောက်အမေရိကတွင် အသုံးပြုများသော အမည်နာမဖြစ်လာခဲ့သည်။ ပူတင်၏ သူငယ်ချင်းအရင်းကြီးဖြစ်သည့် Ovechkin သည် Wayne Gretzky ၏ ဂိုးသွင်းယူနိုင်မှုစံချိန်ကိုချိုးဖျက်ကာ အမေရိကန်တွင် အောင်ပွဲခံခဲ့သည်။ ထို့ နောက် ၎င်းသည် အိမ်ဖြူတော်ကပင်ကြိုဆိုခံရသော ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။ သို့ဖြစ်ပါ၍ လုံးဝသူစိမ်းဆန်ခဲ့သော ဆိုဗီယက်နှင့်အနောက်တိုင်း ကစားသမားများကြား ဆက်ဆံရေးသည် ယခင်ခေတ်တွင်မူ လော့ကာခန်းများကို မျှဝေသုံးစွဲလာသည်အထိ ရင်းနှီးချစ်ကြည်မှုရှိလာပြီဖြစ်သည်။ သို့သော် ယခုကဲ့သို့ ရုရှားနှင့်အမေရိကန်ကြား ယူကရိန်း စစ်နှင့်အတူ ပွတ်တိုက်မှုအချို့ရှိလာသော အခြေအနေတွင် ချစ်ကြည်ရေးပွဲများ ဆက်တိုက်ပြုလုပ်ရန်မှာ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ယခုအခါ ပူတင်နှင့်ထရမ့်တို့၏ အကြံအ စည်များ အကောင်အထည်ပေါ်လာခြင်း ရှိမရှိကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ရိုးရှင်းသောဂိမ်း တစ်ခုသည် တစ်ခါတစ်ရံတွင် ကမ္ဘာ့နိုင်ငံရေးလမ်း ကြောင်းကို ပြောင်းလဲသွားစေနိုင်ကြောင်း ကျွနု်ပ်တို့ ကို သင်ခန်းစာပေးခဲ့ပြီဖြစ်ရာ အင်အားကြီးနိုင်ငံများ အနေဖြင့် ゞင်းတို့ရင်ဆိုင်နေရသော နိုင်ငံရေးအကျပ် အတည်းများ၊ သံတမန်ရေးရာစိန်ခေါ်မှုများကို အား ကစားနည်းဖြင့် ဖြေရှင်း၍ ရ/မရ သုံးသပ်ပြီး ထွက် ပေါက်တစ်ခုရှာနိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။

zawgyi version
အားကစားမွသည္ ခ်စ္ၾကည္ရင္းႏွီးေသာ မိတ္ဖက္ သံခင္း တမန္ခင္းဆီ
တင္ဇာ (NP News) - ဧၿပီ ၁
သံတမန္ေရးရာဟူသည္ ႏိုင္ငံတကာဆက္ဆံေရးကို သံတမန္မ်ားက ၎တို႔၏ ကြၽမ္းက်င္မႈ၊ အရည္အခ်င္းတို႔ျဖင့္ စီမံခန႔္ခြဲျခင္းအျဖစ္ သတ္မွတ္ႏိုင္သည္။ သံတမန္ဆက္ဆံေရးသည္ ႏိုင္ငံ၏ အုပ္ ခ်ဳပ္ေရးစနစ္ကိုျမႇင့္တင္ရန္ႏွင့္ ခိုင္မာေသာ အင္စတီက်ဴးရွင္းမ်ားတည္ေဆာက္ရာတြင္ အေထာက္အကူ ျဖစ္ေစႏိုင္သည္။ ဤေနရာတြင္ သံခင္းတမန္ခင္းအမ်ိဳးအစားမ်ားစြာရွိသည့္အနက္မွ အားကစား သံခင္း တမန္ခင္းသည္လည္း ေအာင္ျမင္ေသာ ႏိုင္ငံတကာ ဆက္ဆံေရးကိုထူေထာင္ရာတြင္ အေထာက္အပံ့ ျဖစ္ေစခဲ့ေၾကာင္း သမိုင္းသာဓကမ်ားက ေဖာ္ျပေနသည္။ အားကစား သံခင္းတမန္ခင္းဆိုသည္မွာ ကိုယ္ ကာယလႈပ္ရွားမႈမ်ားကို မွ်ေဝခံစားျခင္းျဖင့္ ျပည္သူအခ်င္းခ်င္း၊ ႏိုင္ငံအခ်င္းခ်င္း၊ အသိုက္အဝန္း အခ်င္း ခ်င္း ပိုမိုနီးကပ္လာေစရန္ ရည္႐ြယ္သည္။
အားကစားသည္ မၾကာခဏဆိုသကဲ့သို႔ ရန္သူမ်ားကိုေပါင္းစည္းေစသည့္ က႑တစ္ရပ္ျဖစ္ခဲ့ ေၾကာင္း သမိုင္းတစ္ေလွ်ာက္ျဖစ္စဥ္မ်ားမွတစ္ဆင့္ ေလ့လာေတြ႕ရွိႏိုင္သည္။ မၾကာေသးမီကပင္ ေဟာ္ကီ ဝါသနာပါသူ ဗလာဒီမာပူတင္က ႐ုရွားႏွင့္ အေမရိ ကန္တို႔ပါဝင္သည့္ NHL (National Hockey League) ႏွင့္ KHL (Kontinental Hockey League) ကစားသမားမ်ားၾကား ခ်စ္ၾကည္ေရးပြဲမ်ား ဆက္တိုက္က်င္းပရန္ သမၼတထရမ့္ကိုအႀကံျပဳခဲ့ေသာေၾကာင့္ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားသည္ အားက စားအေျချပဳ သံခင္းတမန္ခင္းဆီ ျပန္ေျပာင္းဦးတည္ သြားခ်င္ပုံရေနေၾကာင္း ခန႔္မွန္းရသည္။ ထိုအယူအ ဆသည္ လက္ရွိ ပထဝီဝင္ ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ ႐ုတ္တရက္ေပၚေပါက္လာပုံလည္းရသည္။ အားကစားသည္ သမား႐ိုးက်သံတမန္လမ္း စဥ္အတိုင္း မေအာင္ျမင္သည့္တံခါးမ်ားကို ဖြင့္ေပး ႏိုင္ေၾကာင္း သမိုင္းတြင္ သာဓကမ်ားစြာရွိခဲ့ဖူးသည္။ အထူးသျဖင့္ သံတမန္ေရးရာ တင္းမာမႈမ်ားရွိေနေသာ (၁၉၇၀) ျပည့္လြန္ႏွစ္မ်ားမွ သာဓက ျဖစ္စဥ္ႏွစ္ခုက အထင္အရွား မီးေမာင္းထိုးျပလ်က္ရွိသည္။
ေဘဂ်င္းမွနစ္ဆင္အထိ ပင္ေပါင္သံခင္းတမန္ခင္း
(၁၉၇၀)ျပည့္ႏွစ္မ်ားအေစာပိုင္းတြင္ အေမရိကန္ႏွင့္တ႐ုတ္ၾကားဆက္ဆံေရးက မရွိသ ေလာက္က်ဲပါးခဲ့သည္။ ႏွစ္ႏိုင္ငံသည္ သံတမန္ဆက္ဆံေရးတင္းမာေသာ အယူဝါဒဆိုင္ရာ ရန္ဘက္မ်ား ျဖစ္ၾကေသာေၾကာင့္ ၎တို႔၏ ႏိုင္ငံသားမ်ားၾကား ထိေတြ႕ဆက္ဆံမႈမွာ လုံးဝမရွိသေလာက္ျဖစ္ခဲ့သည္။ သို႔ေသာ္ ဂ်ပန္ႏိုင္ငံ၊ နာဂိုယာရွိ ဘတ္စကားေပၚတြင္ မေတာ္တဆ အျပန္အလွန္ဆက္သြယ္မႈတစ္ခုက အရာအားလုံးကိုေျပာင္းလဲေစခဲ့သည္။ (၁၉၇၁) ခုႏွစ္ ကမာၻ႔စားပြဲတင္တင္းနစ္ခ်န္ပီယံၿပိဳင္ပြဲတြင္ အေမ ရိကန္ကစားသမား Glenn Cowan သည္ ၎၏အသင္းဘတ္စကားကို လြဲေခ်ာ္သြားခဲ့ေသာေၾကာင့္ တ႐ုတ္အသင္းဘတ္စကားကို စီးနင္းလိုက္ပါခဲ့ရသည္။ တ႐ုတ္အားကစားသမားမ်ားအေနျဖင့္ အေမ ရိကန္မ်ားႏွင့္ မ်က္လုံးခ်င္းမဆုံမိေစရန္ပင္ တင္းတင္းၾကပ္ၾကပ္ၫႊန္ၾကားထားၿပီးျဖစ္သည္။ သို႔ေသာ္ အဆိုပါ တ႐ုတ္အားကစားသမားမ်ားထဲမွ နာမည္ႀကီးအား ကစားသမားတစ္ဦးျဖစ္ေသာ Zhuang Zedong သည္ ပ႐ိုတိုေကာကိုခ်ိဳးေဖာက္ကာ Huangshan ေတာင္မ်ားကို ပန္းထိုးထားေသာ ပိုးထည္ ႐ုပ္ပုံလႊာကို Cowan ကို လက္ေဆာင္ေပးခဲ့သည္။
ထိုအခိုက္အတန႔္ကို ဓာတ္ပုံဆရာမ်ားက ဖမ္းယူထားခဲ့ၿပီး ေခါင္းစီးသတင္းမ်ားတြင္ အလ်င္ အျမန္တက္လာခဲ့သည္။ ထိုအခ်ိန္က မရည္႐ြယ္ဘဲ သံတမန္တစ္ဦးျဖစ္လာသည့္ Cowan သည္ အေမရိ ကန္မ်ားအတြက္ လုံးဝအကန႔္အသတ္မရွိေသာ တ႐ုတ္ႏိုင္ငံသို႔သြားေရာက္လိုေၾကာင္း ထုတ္ေဖာ္ေျပာ ၾကားခဲ့သည္။ ထို႔ေနာက္ မ်ားမၾကာမီတြင္ အေမရိကန္ႏွင့္ တ႐ုတ္စားပြဲတင္တင္းနစ္အသင္းမ်ားသည္ အျပန္အလွန္ အလည္အပတ္လုပ္ခဲ့ၾကၿပီး ႏွစ္ႏိုင္ငံၾကား ဆယ္စုႏွစ္မ်ားစြာၾကာ တိတ္ဆိတ္မႈကို ၿဖိဳခြင္းခဲ့ သည္။ တစ္ႏွစ္အၾကာ (၁၉၇၂) ခုႏွစ္တြင္ သမၼတ ရစ္ခ်တ္နစ္ဆင္သည္ စစ္ေအးတိုက္ပြဲ၏ အထင္ရွားဆုံး သံတမန္ေရးဆိုင္ရာ ေအာင္ျမင္မႈမ်ားထဲမွတစ္ခုအျဖစ္ ေမာ္စီတုံးႏွင့္ေတြ႕ဆုံရန္ တ႐ုတ္ႏိုင္ငံသို႔လာ ေရာက္သည့္ ပထမဆုံး အေမရိကန္ေခါင္းေဆာင္ ျဖစ္လာခဲ့ သည္။ ယင္းဇာတ္လမ္းကို ပင္ေပါင္သံခင္း တမန္ခင္း အျဖစ္လူသိမ်ားလာၿပီး အားကစားသည္ အျမစ္တြယ္ေနေသာရန္စမ်ားကိုပင္ ေခ်ဖ်က္ႏိုင္ပုံ၏ သေကၤတ ျဖစ္လာခဲ့သည္။
ေဟာ္ကီႏွင့္ စစ္ေအးတိုက္ပြဲေတြ႕ဆုံျခင္း
ေနာက္ပိုင္းတြင္ ပင္ေပါင္အားကစားႏွင့္ အလားသဏၭာန္တူသည့္ သံတမန္နည္းလမ္းမ်ား ေပၚ ေပါက္လာခဲ့သည္။ စစ္ေအးတိုက္ပြဲကာလက အားမွ် ေျခယွဥ္ၿပိဳင္လ်က္ရွိေသာ အေမရိကန္ႏွင့္ ဆိုဗီ ယက္ အင္အားႀကီးႏိုင္ငံႏွစ္ခုအၾကား ၎တို႔၏ ထိတ္ထိတ္ ႀကဲအားကစားသမားမ်ားႏွင့္ ထိပ္တိုက္ ရင္ဆိုင္ခဲ့ရျခင္းမရွိေပ။ ထိုအခ်ိန္က ကမာၻ႔ေဟာ္ကီကို ႀကီးစိုးေနေသာ ကေနဒါႏိုင္ငံမွ NHL ၾကယ္ပြင့္မ်ား က ဆိုဗီယက္ကစားသမားမ်ားကိုႏွိမ့္ခ်ကာ ၎တို႔ကို အားနည္းေသာၿပိဳင္ဘက္မ်ားအျဖစ္သတ္မွတ္ခဲ့ၿပီး အေပ်ာ္တမ္းကစားသမားမ်ားအျဖစ္ သေဘာထားခဲ့သည္။ တစ္ခ်ိန္တည္းတြင္ ဆိုဗီယက္က ၎၏ေဟာ္ ကီဘိုးေအမ်ားျဖစ္သည့္ နာမည္ေက်ာ္ Valery Kharlamov ၊ Alexander Yakushev ၊ Vladislav Tretiak စေသာ ကစားသမားမ်ားကို ထုတ္ႂကြားခဲ့သည္။
အမွန္စင္စစ္အားျဖင့္ (၁၉၇၂) Summit Series သည္ သာမန္ေဟာ္ကီကစားပြဲသက္သက္မွ်သာ မဟုတ္ေပ။ စစ္ေအးတိုက္ပြဲသည္ ေရခဲျပင္တိုက္ပြဲျဖစ္လာၿပီး စူပါပါဝါႏွစ္ႏိုင္ငံၾကား ယွဥ္ၿပိဳင္မႈတစ္ခု ခ်င္းစီက အားသာလြန္ေၾကာင္းျပဖို႔ အခိုင္အမာ ဆုံးျဖတ္ခဲ့ၾကသည္။ ကေနဒါတြင္ ေလးပြဲ၊ ေမာ္စကိုတြင္ ေလးပြဲဟူ၍ ႏွစ္ပိုင္းခြဲၿပီးက်င္းပခဲ့ေသာ ယင္းပြဲစဥ္တြင္ ကေနဒါႏိုင္ငံသားမ်ားက ႀကိဳတင္ေအာင္ပြဲခံရန္ ေမွ်ာ္လင့္ထားပုံရေနသည္။ သို႔ေသာ္ ထိုပြဲစဥ္အစပိုင္းမွာတင္ ဆိုဗီယက္အားကစားသမားတို႔၏ စြမ္း ေဆာင္ရည္သည္ ၿပိဳင္ဘက္မ်ားကို အံ့အားသင့္ေစခဲ့ကာ ကေနဒါ ပရိသတ္မ်ား မယုံၾကည္ႏိုင္ျဖစ္ခဲ့ၾကရ သည္။ ထို႔ေၾကာင့္ ပြဲစဥ္တစ္ေလွ်ာက္ အသည္းအသန္ယွဥ္ၿပိဳင္ ကစားခဲ့ၾကရၿပီး ကေနဒါကစားသမား Paul Henderson ၏ေနာက္ဆုံးမိနစ္သြင္းဂိုးျဖင့္ ကေနဒါက ေအာင္ပြဲခံႏိုင္ခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္ ယင္းကစားပြဲသည္ အထက္တြင္ ေဖာ္ျပခဲ့သကဲ့သို႔ သာမန္ကစားပြဲမဟုတ္သည့္အတြက္ ေအာင္ပြဲ၏ရလဒ္သည္ ေလးစားမႈဟူေသာ ဂုဏ္ျဒပ္တစ္ခုကိုရရွိေစခဲ့သည္။ အစပိုင္းတြင္ ၎တို႔၏ ဆို ဗီယက္ၿပိဳင္ဘက္မ်ားကို အထင္ေသးခဲ့ေသာ ကေနဒါ ကစားသမားမ်ားက ၎တို႔၏ကြၽမ္းက်င္မႈႏွင့္ စည္း ကမ္းေၾကာင့္ ေၾကာက္႐ြံ႕လာခဲ့ၾကသည္။ ထို႔အတူ Phil Esposito ႏွင့္ Henderson တို႔ကဲ့သို႔ NHL ၾကယ္ ပြင့္မ်ား၏ထက္ျမက္မႈကို ျမင္ေတြ႕ၿပီးေနာက္ ဆိုဗီယက္ပရိသတ္မ်ားက ၎တို႔၏ စစ္ေအးတိုက္ပြဲ ျဖစ္ပြားေနသည့္ၾကားမွပင္ ကေနဒါကစားသမားမ်ားကို တစ္ခဲနက္အားေပးခဲ့ၾကသည္ကို ေတြ႕ရွိခဲ့ရ သည္။ ထို႔ေၾကာင့္ ႏိုင္ငံေရးတင္းမာမႈမ်ားရွိေနေသာ္လည္း ကစားသမားမ်ားသည္ အားကစားစိတ္ဓာတ္ အျပည့္ ျဖင့္ယွဥ္ၿပိဳင္ခဲ့ၾကေသာေၾကာင့္ ႏွစ္ႏိုင္ငံၾကားခ်စ္ၾကည္ ရင္းႏွီးမႈမ်ား ျပန္လည္အစပ်ိဳးလာႏိုင္ခဲ့ ျခင္းျဖစ္သည္။ သို႔ျဖစ္ပါ၍ အားကစားသည္လည္း ႏိုင္ငံေရးတြင္ အထူးသျဖင့္ သံတမန္ေရးရာတြင္ အဓိက က်လာခဲ့သည္။
ေနာက္ပိုင္းႏွစ္မ်ားတြင္ ဆိုဗီယက္ႏွင့္ ကေနဒါအသင္းမ်ားသည္ ေဟာ္ကီအားကစားယဥ္ေက်းမႈ ကို ဆယ္စုႏွစ္မ်ားစြာ ကူးလူးဖလွယ္ခဲ့ၾကၿပီး အားကစားသံတမန္ေရးရာဆက္ဆံေရးကို အုတ္ျမစ္ခ် တည္ေဆာက္ခဲ့ၾကသည္။ ဤသည္ကိုၾကည့္ျခင္းအားျဖင့္ ပထဝီႏိုင္ငံေရးတင္းမာမႈမ်ားရွိေနေသာ ေၾကာင့္ အစိုးရမ်ား႐ုန္းကန္ေနရသည့္ ဆက္ဆံေရးေပါင္းကူးတံတားတစ္စင္းကို အားကစားက တည္ ေဆာက္ႏိုင္ခဲ့ေၾကာင္း ေတြ႕ရွိရသည္။
ေဟာ္ကီအားကစားက ဒီေန႔ခတ္ သံခင္းတမန္ခင္း မွာေကာ အလုပ္ျဖစ္ႏိုင္မလား
ယေန႔ေခတ္တြင္ ေဟာ္ကီ သံခင္းတမန္ ခင္းသည္ (၁၉၇၀)ျပည့္လြန္ႏွစ္မ်ားတြင္ျပဳလုပ္ခဲ့ သည့္ အလားတူဆန္းသစ္မႈမ်ိဳး ရွိမည္မဟုတ္ေပ။ NHL သည္ ႐ုရွားၾကယ္ပြင့္မ်ားကို ကာလအတန္ၾကာ လက္ခံထားၿပီး Alexander Ovechkin ကဲ့သို႔ေသာ ကစားသမားအမည္သည္ ေျမာက္အေမရိကတြင္ အသုံးျပဳမ်ားေသာ အမည္နာမျဖစ္လာခဲ့သည္။ ပူတင္၏ သူငယ္ခ်င္းအရင္းႀကီးျဖစ္သည့္ Ovechkin သည္ Wayne Gretzky ၏ ဂိုးသြင္းယူႏိုင္မႈစံခ်ိန္ကိုခ်ိဳးဖ်က္ကာ အေမရိကန္တြင္ ေအာင္ပြဲခံခဲ့သည္။ ထို႔ ေနာက္ ၎သည္ အိမ္ျဖဴေတာ္ကပင္ႀကိဳဆိုခံရေသာ ကစားသမားတစ္ဦး ျဖစ္လာခဲ့သည္။ သို႔ျဖစ္ပါ၍ လုံးဝသူစိမ္းဆန္ခဲ့ေသာ ဆိုဗီယက္ႏွင့္အေနာက္တိုင္း ကစားသမားမ်ားၾကား ဆက္ဆံေရးသည္ ယခင္ေခတ္တြင္မူ ေလာ့ကာခန္းမ်ားကို မွ်ေဝသုံးစြဲလာသည္အထိ ရင္းႏွီးခ်စ္ၾကည္မႈရွိလာၿပီျဖစ္သည္။ သို႔ေသာ္ ယခုကဲ့သို႔ ႐ုရွားႏွင့္အေမရိကန္ၾကား ယူကရိန္း စစ္ႏွင့္အတူ ပြတ္တိုက္မႈအခ်ိဳ႕ရွိလာေသာ အေျခအေနတြင္ ခ်စ္ၾကည္ေရးပြဲမ်ား ဆက္တိုက္ျပဳလုပ္ရန္မွာ အေျခခံလိုအပ္ခ်က္တစ္ခု ျဖစ္လာခဲ့သည္။
ယခုအခါ ပူတင္ႏွင့္ထရမ့္တို႔၏ အႀကံအ စည္မ်ား အေကာင္အထည္ေပၚလာျခင္း ရွိမရွိကို ေစာင့္ၾကည့္ရဦးမည္ျဖစ္သည္။ ႐ိုးရွင္းေသာဂိမ္း တစ္ခုသည္ တစ္ခါတစ္ရံတြင္ ကမာၻ႔ႏိုင္ငံေရးလမ္း ေၾကာင္းကို ေျပာင္းလဲသြားေစႏိုင္ေၾကာင္း ကြၽႏု္ပ္တို႔ ကို သင္ခန္းစာေပးခဲ့ၿပီျဖစ္ရာ အင္အားႀကီးႏိုင္ငံမ်ား အေနျဖင့္ ゞင္းတို႔ရင္ဆိုင္ေနရေသာ ႏိုင္ငံေရးအက်ပ္ အတည္းမ်ား၊ သံတမန္ေရးရာစိန္ေခၚမႈမ်ားကို အား ကစားနည္းျဖင့္ ေျဖရွင္း၍ ရ/မရ သုံးသပ္ၿပီး ထြက္ ေပါက္တစ္ခုရွာႏိုင္ပါေၾကာင္း ေရးသားလိုက္ရပါသည္။