စင်ကာပူတွင် မြန်မာအမျိုးသားတစ်ဦး လိုင်းကားပေါ်တွင် သတိလစ်မေ့မြောပြီးနောက် သေဆုံးသည့်ဖြစ်စဉ်ဖြစ်ပွား

 6457

စော(NP News)-ဧပြီ၂

စင်ကာပူတွင် မြန်မာအမျိုးသားတစ်ဦး လိုင်းကားပေါ်တွင် သတိလစ်မေ့မြောပြီးနောက် သေဆုံးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ (ဧပြီလ ၂ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါအမျိုးသားသည် မလေးရှားနိုင်ငံ၊ Johor Bahru မှ ပြီးခဲ့သည့် မတ်လ ၇ရက်က ချန်ဂီလေဆိပ်သို့ လိုင်းကားဖြင့် ထွက်ခွာလာရာ ချန်ဂီလေဆိပ် Jewel Mall ကားရပ်နားနေရာ သို့ရောက်ရှိစဉ် လိုင်းကားပေါ်တွင် သတိလစ်မေ့မျောသွားသည့်အတွက် ချန်ဂီအထွေထွေ ဆေးရုံကြီးသို့ပို့ဆောင်ခဲ့သော်လည်း ညနေ ၅နာရီခွဲဝန်းကျင်အချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသားမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျွန်းတောရွာ၊ ပျဉ်းမတန်းတွင်နေထိုင်သော အဖ ဦးမြင့်ရွှေ၊ အမိ ဒေါ်ခင်လှတို့၏သား ဦးစည်သူဆွေ (၄၇)နှစ်သည် မလေးရှားနိုင်ငံ စက်ရုံတွင်အလုပ်လုပ်သူဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသားတွင် ဇနီးဒေါ်ဖြူနွယ်အေး နှင့် သမီး(၃)ဦးရှိကြောင်းသိရှိရသည့်အတွက် မြန်မာသံရုံးအနေဖြင့် ဆက်သွယ် မေးမြန်းမှုများပြုလုပ်လျက်ရှိပါသော်လည်း ယနေ့အချိန်အထိ ချိတ်ဆက်၍မရသေးကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဦးစည်သူဆွေ၏ မိသားစုဝင်များအနေဖြင့် ဖုန်းနံပါတ် +65581748993 (Whatsapp, Viber)နှင့် +6567352035 တို့ကို အမြန်ဆုံးဆက်သွယ်ပေးနိုင်ပါရန် စင်ကာပူမြို့ရှိ မြန်မာသံရုံးက အသိပေးကြေညာထားသည်။

ထို့ပြင် ဦးစည်သူဆွေ၏ မိတ်ဆွေများအနေဖြင့် ၎င်း၏မိသားစုဝင်များထံသို့ ဆက်သွယ် အကြောင်းကြားပေးရန်လည်း မြန်မာသံရုံးက အသိပေးထားသေးသည်။

Zawgyi Version:
စင္ကာပူတြင္ ျမန္မာအမ်ိဳးသားတစ္ဦး လိုင္းကားေပၚတြင္ သတိလစ္ေမ့ေျမာၿပီးေနာက္ ေသဆုံးသည့္ျဖစ္စဥ္ျဖစ္ပြား

ေစာ(NP News)-ဧၿပီ၂

စင္ကာပူတြင္ ျမန္မာအမ်ိဳးသားတစ္ဦး လိုင္းကားေပၚတြင္ သတိလစ္ေမ့ေျမာၿပီးေနာက္ ေသဆုံးသည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း စင္ကာပူႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယေန႔ (ဧၿပီလ ၂ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

အဆိုပါအမ်ိဳးသားသည္ မေလးရွားႏိုင္ငံ၊ Johor Bahru မွ ၿပီးခဲ့သည့္ မတ္လ ၇ရက္က ခ်န္ဂီေလဆိပ္သို႔ လိုင္းကားျဖင့္ ထြက္ခြာလာရာ ခ်န္ဂီေလဆိပ္ Jewel Mall ကားရပ္နားေနရာ သို႔ေရာက္ရွိစဥ္ လိုင္းကားေပၚတြင္ သတိလစ္ေမ့ေမ်ာသြားသည့္အတြက္ ခ်န္ဂီအေထြေထြ ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ခဲ့ေသာ္လည္း ညေန ၅နာရီခြဲဝန္းက်င္အခ်ိန္တြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူအမ်ိဳးသားမွာ မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕၊ ကြၽန္းေတာ႐ြာ၊ ပ်ဥ္းမတန္းတြင္ေနထိုင္ေသာ အဖ ဦးျမင့္ေ႐ႊ၊ အမိ ေဒၚခင္လွတို႔၏သား ဦးစည္သူေဆြ (၄၇)ႏွစ္သည္ မေလးရွားႏိုင္ငံ စက္႐ုံတြင္အလုပ္လုပ္သူျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသားတြင္ ဇနီးေဒၚျဖဴႏြယ္ေအး ႏွင့္ သမီး(၃)ဦးရွိေၾကာင္းသိရွိရသည့္အတြက္ ျမန္မာသံ႐ုံးအေနျဖင့္ ဆက္သြယ္ ေမးျမန္းမႈမ်ားျပဳလုပ္လ်က္ရွိပါေသာ္လည္း ယေန႔အခ်ိန္အထိ ခ်ိတ္ဆက္၍မရေသးေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ဦးစည္သူေဆြ၏ မိသားစုဝင္မ်ားအေနျဖင့္ ဖုန္းနံပါတ္ +65581748993 (Whatsapp, Viber)ႏွင့္ +6567352035 တို႔ကို အျမန္ဆုံးဆက္သြယ္ေပးႏိုင္ပါရန္ စင္ကာပူၿမိဳ႕ရွိ ျမန္မာသံ႐ုံးက အသိေပးေၾကညာထားသည္။

ထို႔ျပင္ ဦးစည္သူေဆြ၏ မိတ္ေဆြမ်ားအေနျဖင့္ ၎၏မိသားစုဝင္မ်ားထံသို႔ ဆက္သြယ္ အေၾကာင္းၾကားေပးရန္လည္း ျမန္မာသံ႐ုံးက အသိေပးထားေသးသည္။

Related news

© 2021. All rights reserved.