ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ကြေညာ

2246

NP News - ဧပြီ ၂
ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ (ဧပြီ ၂ ရက်) တွင် ကြေငြာလိုက်သည်။
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း(၂၂)ကြိမ် ထုတ်ပြန်ခဲ့ကြောင်း နှင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ် ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန် ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ရှားမှုကြောင့် ငလျင်ဒဏ်သင့်ဒေသများ၌ လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူများ အသက် သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများဖြစ်ပေါ်ခဲ့ရသည်။ ထိုကဲ့သို့သော ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာထောက်ထားနားလည်သော အားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်းကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန် လိုက်ကြောင်း ဖော်ပြထားသည်။
ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်း ကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင် များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအား ကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧၿပီ ၂ ရက္မွ ၂၂ ရက္အထိကာလကို ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလအျဖစ္ ေၾကညာ
NP News - ဧၿပီ ၂
ဧၿပီ ၂ ရက္မွ ၂၂ ရက္အထိကာလကို ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလအျဖစ္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ယေန႔ (ဧၿပီ ၂ ရက္) တြင္ ေၾကျငာလိုက္သည္။
တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရးရရွိေစရန္ႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ပိုမိုတိုးျမႇင့္ေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္၍ တပ္မေတာ္အေနျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္မွစ၍ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္အထိ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးအတြက္ ထုတ္ျပန္ခ်က္ေပါင္း(၂၂)ႀကိမ္ ထုတ္ျပန္ခဲ့ေၾကာင္း ႏွင့္ ၂၀၂၄ ခုႏွစ္ စက္တင္ဘာလ ၂၆ ရက္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ႏိုင္ငံေရးျပႆနာအား ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းရန္ ကမ္းလွမ္းဖိတ္ေခၚခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
မတ္ ၂၈ ရက္တြင္ျဖစ္ေပၚခဲ့သည့္ အင္အားအလြန္ ျပင္းထန္ေသာ ေျမငလ်င္ႏွင့္ ေနာက္ဆက္တြဲ ငလ်င္ငယ္မ်ား လႈပ္ရွားမႈေၾကာင့္ ငလ်င္ဒဏ္သင့္ေဒသမ်ား၌ လမ္းတံတား၊ အေဆာက္အဦမ်ား ထိခိုက္ပ်က္စီးခဲ့ရကာ ျပည္သူမ်ား အသက္ ေသဆုံးခဲ့ရမႈမ်ားႏွင့္ ထိခိုက္ဒဏ္ရာ ရရွိမႈမ်ားျဖစ္ေပၚခဲ့ရသည္။ ထိုကဲ့သို႔ေသာ ထိခိုက္ပ်က္စီးခဲ့ရမႈမ်ားႏွင့္ ပ်က္စီးဆုံးရႈံးခဲ့ရမႈမ်ားေၾကာင့္ ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ႏိုင္ငံေတာ္အေနျဖင့္ အင္တိုက္အားတိုက္ ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။
ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ခံစားေနရေသာ တစ္ႏိုင္ငံလုံးရွိ ျပည္သူလူထုအား စာနာေထာက္ထားနားလည္ေသာ အားျဖင့္လည္းေကာင္း၊ ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ႏိုင္ေစရန္ ရည္႐ြယ္လ်က္ လည္းေကာင္း တည္ၿငိမ္ေအးခ်မ္းမႈကို ေရွးရႈလ်က္ တပ္မေတာ္အေနျဖင့္ ၂၀၂၅ ခုႏွစ္ ဧၿပီ ၂ ရက္မွ ၂၂ ရက္အထိကာလကို ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလအျဖစ္ ထုတ္ျပန္ လိုက္ေၾကာင္း ေဖာ္ျပထားသည္။
ယာယီပစ္ခတ္တိုက္ခိုက္မႈ ထုတ္ျပန္ေၾကညာထားသည့္ကာလအတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ အျခားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ အမ်ားျပည္သူ သြားလာအသုံးျပဳလ်က္ရွိသည့္ ဆက္သြယ္ေရးလမ္း ေၾကာင္းမ်ားအား ေႏွာင့္ယွက္တိုက္ခိုက္ျခင္းႏွင့္ ထိခိုက္ပ်က္စီးေစျခင္း၊ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ထိခိုက္ပ်က္စီးေစျခင္း၊ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးတာဝန္ထမ္းေဆာင္လ်က္ရွိသည့္ လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္ မ်ား၏ တပ္စခန္းမ်ားအား တိုက္ခိုက္ျခင္း၊ တပ္ဌာနခ်ဳပ္မ်ားကိုေႏွာင့္ယွက္တိုက္ခိုက္ျခင္းမ်ား၊ ၿငိမ္းခ်မ္းေရးကို ထိခိုက္ပ်က္စီးေစမည့္ အင္အားစုေဆာင္းျခင္း၊ ျပင္ဆင္စုဖြဲ႕ျခင္း၊ နယ္ေျမခ်ဲ႕ထြင္ျခင္းမ်ားကိုမျပဳရန္ႏွင့္ ထိုကဲ့သို႔ ေဆာင္႐ြက္လာပါက တပ္မေတာ္အေနျဖင့္ ျပည္သူလူထုအား ကာကြယ္ေသာအားျဖင့္ လိုအပ္သည့္အေရးယူ တုန႔္ျပန္မႈမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။