ပြည်မြို့တွင် အိုးဝေမောင်းသူအမျိုးသားတစ်ဦး ကြက်သွန်လှီးဓားဖြင့် ထိုးသတ်ခံရ

1511

သန့်ဇင် (NP News) - ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် အိုးဝေမောင်းသူအမျိုးသားတစ်ဦး ကြက်သွန်လှီးဓားဖြင့် ထိုးသတ်ခံခဲ့ရကြောင်း ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၄ ရက်)၊ မွန်းလွဲ ၃ နာရီ ၂ဝ မိနစ်အချိန်ခန့်က ပြည်မြို့နယ်၊ ကန်သုံးဆင့် ဓမ္မရိပ်သာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်က သုံးဘီးတစ်စီးချောက်ထဲကျတယ်ဆိုပြီး ကျွန်တော်တို့ ထွက်တာပေါ့။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့ အိုးဝေသမားကို မတွေ့ဘူးဗျ။ အိုးသမားကိုတွေ့တာက အခြားအိုးဝေမောင်းတဲ့သူတွေ့တာ။ လူကိုတွေ့တော့ လူက ဓားဒဏ်ရာတွေနဲ့ အသက်မရှိတော့ဘူး” ဟု ပြည်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဓားဖြင့်ထိုးသတ်ခံရသူမှာ ပြည်မြို့၊ ရွှေတံခါးမြို့သစ်အပိုင်း(၁)ရပ်ကွက်တွင် နေထိုင်သူ အသက်(၅၀)နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ညာဘက် လည်ပင်းထိုးသွင်း ဒဏ်ရာတစ်ချက် နှင့် နောက်ကျောဘက် ထိုးသွင်းဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ ကြက်သွန်လှီးတဲ့ဓားနဲ့ ထိုးတယ်လို့ ယူဆပါတယ်။ ဘာလို့လည်းဆိုတော့ ဓားအသစ်တစ်ချောင်းတွေ့တယ်။ အဲဒီနေရာကတော့ အရင်တည်းက လူပြတ်တယ်။ ဖုန်းလိုင်းလည်းမရှိဘူး။ ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာတော့ ဓားဒဏ်ရာတွေနဲ့ ဆုံးနေပါပြီ။ အခင်းဖြစ်ပြီး ပြေးသွားတဲ့ပုံစံပါ။ ပြေးသွားတာကလည်း အိုးဝေနဲ့ ခန့်မှန်းခြေ ကိုက်(၁၀၀) ကျော် (၂၀၀)နီးပါးအကွာလောက်မှာပါ။ ထွက်ပြေးတာလား လိုက်ရိုက်တာလားမသိပေမယ့် လမ်းတောက်လျှောက်မှာတော့ သွေးကွက် တွေတွေ့ရပါတယ်။ ခရီးသည်က လုပ်တယ်လို့ ယူဆရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားကို ပြည်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပိုဆောင်ပေးထားပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

Zawgyi Version:
ျပည္ၿမိဳ႕တြင္ အိုးေဝေမာင္းသူအမ်ိဳးသားတစ္ဦး ၾကက္သြန္လွီးဓားျဖင့္ ထိုးသတ္ခံရ
သန႔္ဇင္ (NP News) - ဧၿပီ ၄
ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕တြင္ အိုးေဝေမာင္းသူအမ်ိဳးသားတစ္ဦး ၾကက္သြန္လွီးဓားျဖင့္ ထိုးသတ္ခံခဲ့ရေၾကာင္း ျပည္ၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၄ ရက္)၊ မြန္းလြဲ ၃ နာရီ ၂ဝ မိနစ္အခ်ိန္ခန႔္က ျပည္ၿမိဳ႕နယ္၊ ကန္သုံးဆင့္ ဓမၼရိပ္သာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျဖစ္စဥ္က သုံးဘီးတစ္စီးေခ်ာက္ထဲက်တယ္ဆိုၿပီး ကြၽန္ေတာ္တို႔ ထြက္တာေပါ့။ ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာေတာ့ အိုးေဝသမားကို မေတြ႕ဘူးဗ်။ အိုးသမားကိုေတြ႕တာက အျခားအိုးေဝေမာင္းတဲ့သူေတြ႕တာ။ လူကိုေတြ႕ေတာ့ လူက ဓားဒဏ္ရာေတြနဲ႔ အသက္မရွိေတာ့ဘူး” ဟု ျပည္ၿမိဳ႕နယ္အရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ဓားျဖင့္ထိုးသတ္ခံရသူမွာ ျပည္ၿမိဳ႕၊ ေ႐ႊတံခါးၿမိဳ႕သစ္အပိုင္း(၁)ရပ္ကြက္တြင္ ေနထိုင္သူ အသက္(၅၀)ႏွစ္ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ညာဘက္ လည္ပင္းထိုးသြင္း ဒဏ္ရာတစ္ခ်က္ ႏွင့္ ေနာက္ေက်ာဘက္ ထိုးသြင္းဒဏ္ရာတစ္ခ်က္တို႔ျဖင့္ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ကေတာ့ ၾကက္သြန္လွီးတဲ့ဓားနဲ႔ ထိုးတယ္လို႔ ယူဆပါတယ္။ ဘာလို႔လည္းဆိုေတာ့ ဓားအသစ္တစ္ေခ်ာင္းေတြ႕တယ္။ အဲဒီေနရာကေတာ့ အရင္တည္းက လူျပတ္တယ္။ ဖုန္းလိုင္းလည္းမရွိဘူး။ ကြၽန္ေတာ္တို႔ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ဓားဒဏ္ရာေတြနဲ႔ ဆုံးေနပါၿပီ။ အခင္းျဖစ္ၿပီး ေျပးသြားတဲ့ပုံစံပါ။ ေျပးသြားတာကလည္း အိုးေဝနဲ႔ ခန႔္မွန္းေျခ ကိုက္(၁၀၀) ေက်ာ္ (၂၀၀)နီးပါးအကြာေလာက္မွာပါ။ ထြက္ေျပးတာလား လိုက္႐ိုက္တာလားမသိေပမယ့္ လမ္းေတာက္ေလွ်ာက္မွာေတာ့ ေသြးကြက္ ေတြေတြ႕ရပါတယ္။ ခရီးသည္က လုပ္တယ္လို႔ ယူဆရပါတယ္” ဟု ၎က ဆက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားကို ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပိုေဆာင္ေပးထားၿပီး ျပစ္မႈက်ဴးလြန္သူကို ေဖာ္ထုတ္ဖမ္းရမိေရး စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္းသိရသည္။