စေတုတ္တရာမြို့နယ်တွင် သံဃာတော်နှင့် သီလရှင်ဆရာကြီးတို့လိုက်ပါလာသော ကား(၂)စီးကို အကြမ်းဖက်အဖွဲ့က မိုင်းဆွဲပစ်ခတ်မှုကြောင့် (၄)ဦးသေဆုံး

2018

သန့်ဇင် (NP News) - ဧပြီ ၄
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် သံဃာတော်နှင့် သီလရှင်ဆရာကြီးတို့လိုက်ပါလာသော ကား(၂)စီးကို အကြမ်းဖက်အဖွဲ့က မိုင်းဆွဲပစ်ခတ်မှုကြောင့် (၄)ဦး သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၃ ရက်) ည ၉ နာရီအချိန်တွင် စေတုတ္တရာမြို့နယ်၊ အောက်ဝေါကျေးရွာနှင့် မဏ္ဍပ်ကိုင်းကျေးရွာအကြား ရေချမ်းစင်ဇရပ်အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဒါန်း-ငဖဲဘက်မှ ပြန်လာသော ဇေယျာရွေမြေ မှန်လုံယာဉ်လိုင်းနှင့် စီးနင်းလိုက်ပါလာသော ကိုရင်လေးနှင့် အောင်နိုင်ကုန်း ဓမ္မရိပ်သာအဖွဲ့သည် စေတုတ္တရာမြို့နယ် ကူတော်ကျေးရွာအနီး၌ မော်တော်ယာဉ်ပျက်နေသဖြင့် အောင်နိုင်ကုန်းဓမ္မရိပ်သာမှ ဆရာတော်နှင့် မယ်တော်ကြီးတို့မှ ရိပ်သာမှ မော်တော်ယာဉ် ၂ စီးဖြင့် သွားရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် သက်လယ်ကျေးရွာ အောင်နိုင်ကုန်း ဓမ္မရိပ်သာသို့ ပြန်လည်မောင်းနှင်လာစဉ် အထက်ပါနေရာအရောက်၌ အကြမ်းဖက်သမားများက ကား(၂)စီးအား မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့သို့ မိုင်းဆွဲပစ်ခတ်ခံရမှုကြောင့် သက်လယ်ကျေးရွာအခြေစိုက် အောင်နိုင်ကုန်း ရာသက်ပန် ဓမ္မရိပ်သာ ဆရာတော် ဉီးသီဟိန္ဒ နှင့် မယ်တော်ကြီး သီလရှင်ဆရာကြီး ဒေါ်ဝိမလစာရီ တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်မောင်း ဦးဝင်းထွန်းနိုင်၊ ဦးဟိန်းလေး၊ ကျောင်းဆရာမ ဒေါ်ဇာဇာဝင်းနှင့်အဖွားအိုတစ်ဦးတို့မှာ ကျည်ထိမှန်ဒဏ်ရာများရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ယနေ့(ဧပြီလ ၄ရက်)၊ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်နယ်မြေရှင်းလင်း၍ သေဆုံး၊ဒဏ်ရာရရှိခဲ့သည့် ဆရာတော်၊ သီလရှင်နှင့် အရပ်သားခရီးသည်များအား ရှာဖွေကယ်ဆယ်စိစစ်ခြင်းများ ဆောင်ရွက်ရာ၌ ပျောက်ဆုံးနေသော ခရီးသည်များလည်း ရှိနေသေးသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

Zawgyi Version:
ေစတုတၱရာၿမိဳ႕နယ္တြင္ သံဃာေတာ္ႏွင့္ သီလရွင္ဆရာႀကီးတို႔လိုက္ပါလာေသာ ကား(၂)စီးကို အၾကမ္းဖက္အဖြဲ႕က မိုင္းဆြဲပစ္ခတ္မႈေၾကာင့္ (၄)ဦးေသဆုံး
သန႔္ဇင္ (NP News) - ဧၿပီ ၄
မေကြးတိုင္းေဒသႀကီး၊ ေစတုတၱရာၿမိဳ႕နယ္တြင္ သံဃာေတာ္ႏွင့္ သီလရွင္ဆရာႀကီးတို႔လိုက္ပါလာေသာ ကား(၂)စီးကို အၾကမ္းဖက္အဖြဲ႕က မိုင္းဆြဲပစ္ခတ္မႈေၾကာင့္ (၄)ဦး ေသဆုံးသြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၃ ရက္) ည ၉ နာရီအခ်ိန္တြင္ ေစတုတၱရာၿမိဳ႕နယ္၊ ေအာက္ေဝါေက်း႐ြာႏွင့္ မ႑ပ္ကိုင္းေက်း႐ြာအၾကား ေရခ်မ္းစင္ဇရပ္အနီးတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ပဒါန္း-ငဖဲဘက္မွ ျပန္လာေသာ ေဇယ်ာေ႐ြေျမ မွန္လုံယာဥ္လိုင္းႏွင့္ စီးနင္းလိုက္ပါလာေသာ ကိုရင္ေလးႏွင့္ ေအာင္ႏိုင္ကုန္း ဓမၼရိပ္သာအဖြဲ႕သည္ ေစတုတၱရာၿမိဳ႕နယ္ ကူေတာ္ေက်း႐ြာအနီး၌ ေမာ္ေတာ္ယာဥ္ပ်က္ေနသျဖင့္ ေအာင္ႏိုင္ကုန္းဓမၼရိပ္သာမွ ဆရာေတာ္ႏွင့္ မယ္ေတာ္ႀကီးတို႔မွ ရိပ္သာမွ ေမာ္ေတာ္ယာဥ္ ၂ စီးျဖင့္ သြားေရာက္ႀကိဳဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ သက္လယ္ေက်း႐ြာ ေအာင္ႏိုင္ကုန္း ဓမၼရိပ္သာသို႔ ျပန္လည္ေမာင္းႏွင္လာစဥ္ အထက္ပါေနရာအေရာက္၌ အၾကမ္းဖက္သမားမ်ားက ကား(၂)စီးအား မိုင္းဆြဲတိုက္ခိုက္ၿပီး လက္နက္ငယ္ျဖင့္ ဝိုင္းဝန္းပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ မိုင္းဆြဲပစ္ခတ္ခံရမႈေၾကာင့္ သက္လယ္ေက်း႐ြာအေျခစိုက္ ေအာင္ႏိုင္ကုန္း ရာသက္ပန္ ဓမၼရိပ္သာ ဆရာေတာ္ ဉီးသီဟိႏၵ ႏွင့္ မယ္ေတာ္ႀကီး သီလရွင္ဆရာႀကီး ေဒၚဝိမလစာရီ တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ယာဥ္ေမာင္း ဦးဝင္းထြန္းႏိုင္၊ ဦးဟိန္းေလး၊ ေက်ာင္းဆရာမ ေဒၚဇာဇာဝင္းႏွင့္အဖြားအိုတစ္ဦးတို႔မွာ က်ည္ထိမွန္ဒဏ္ရာမ်ားရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ယေန႔(ဧၿပီလ ၄ရက္)၊ နံနက္ပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္နယ္ေျမရွင္းလင္း၍ ေသဆုံး၊ဒဏ္ရာရရွိခဲ့သည့္ ဆရာေတာ္၊ သီလရွင္ႏွင့္ အရပ္သားခရီးသည္မ်ားအား ရွာေဖြကယ္ဆယ္စိစစ္ျခင္းမ်ား ေဆာင္႐ြက္ရာ၌ ေပ်ာက္ဆုံးေနေသာ ခရီးသည္မ်ားလည္း ရွိေနေသးသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။