အင်အားကြီးငလျင်ကြောင့် သေဆုံးသူ (၃၃၀၀)ကျော်၊ ဒဏ်ရာရရှိသူ(၄၅၀၀)ကျော်နှင့် ပျောက်ဆုံး(၂၂၀)အထိရှိလာ

676

သန့်ဇင်(NP News)-ဧပြီ ၅
အင်အားကြီးငလျင်ကြောင့် တစ်ပတ်ကျော်အတွင်း သေဆုံးသူ (၃၃၀၀)ကျော်၊ ဒဏ်ရာရရှိသူ(၄၅၀၀)ကျော်နှင့် ပျောက်ဆုံးသူ (၂၂၀)အထိရှိလာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ရက်၊ မွန်းလွဲ ၁၂နာရီ ၅၁မိနစ်က လှုပ်ခက်ခဲ့သော ရစ်ချာစကေး ၇ဒသမ၇အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်ပျက်စီးဆုံး ရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးထိခိုက်မှုများလည်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အပါအဝင် နေပြည်တော်ကောင်စီနယ်မြေတို့တွင်ထိခိုက်ပျက်စီးမှုများ ပြားခဲ့ပြီး ယမန်နေ့(ဧပြီလ ၄ရက်)ညနေ့ ၆နာရီအချိန်ထိ ကောက်ယူရရှိထားသည့် နစက၏ သတင်းထုတ်ပြန်ချက်အရ လူပေါင်း (၃၃၅၄)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၄၅၀၈)ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ငလျင်ဘေးသင့်ဒေသများတွင် လူပေါင်း(၂၂၀)ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့အင်အားကြီးငလျင်ဘေးနှင့်ပတ်သက်၍ နိုင်ငံပေါင်း(၁၈)နိုင်ငံမှာ လေယာဉ်အစီးရေ (၆၀)ကျော်ဖြင့် ကူညီကယ်ရေးပစ္စည်းများနှင့် ကယ်ဆယ်ရေးဝန်ထမ်းများ လာရောက်ကူညီနေဆဲဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ မြေငလျင်လှုပ်ခက်ပြီးနောက် နောက်ဆက်တွဲငလျင်များအဖြစ် ဧပြီလ ၄ရက်၊ ညနေပိုင်းအထိ မြေငလျင်(၇၅)ကြိမ်လှုပ်ခတ် ခဲ့ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
အင္အားႀကီးငလ်င္ေၾကာင့္ တစ္ပတ္အတြင္း ေသဆုံးသူ (၃၃၀၀)ေက်ာ္ႏွင့္ ဒဏ္ရာရရွိသူ(၄၅၀၀)ေက်ာ္ရွိလာ
သန႔္ဇင္(NP News)-ဧၿပီ ၅
အင္အားႀကီးငလ်င္ေၾကာင့္ တစ္ပတ္အတြင္း ေသဆုံးသူ (၃၃၀၀)ေက်ာ္ႏွင့္ ဒဏ္ရာရရွိသူ(၄၅၀၀)ေက်ာ္ရွိလာၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ မတ္လ ၂၈ရက္၊ မြန္းလြဲ ၁၂နာရီ ၅၁မိနစ္က လႈပ္ခက္ခဲ့ေသာ ရစ္ခ်ာစေကး ၇ဒသမ၇အဆင့္ရွိ အင္အားျပင္းငလ်င္ေၾကာင့္ စစ္ကိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပဲခူးတိုင္းႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ထိခိုက္ပ်က္စီးဆုံး ရႈံးမႈမ်ားစြာျဖစ္ေပၚခဲ့ၿပီး လူေသဆုံးထိခိုက္မႈမ်ားလည္းျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
အဆိုပါ အင္အားျပင္းငလ်င္ေၾကာင့္ မႏၲေလးၿမိဳ႕ႏွင့္ စစ္ကိုင္းၿမိဳ႕အပါအဝင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမတို႔တြင္ထိခိုက္ပ်က္စီးမႈမ်ား ျပားခဲ့ၿပီး ယမန္ေန႔(ဧၿပီလ ၄ရက္)ညေန႔ ၆နာရီအခ်ိန္ထိ ေကာက္ယူရရွိထားသည့္ နစက၏ သတင္းထုတ္ျပန္ခ်က္အရ လူေပါင္း (၃၃၅၄)ဦးႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ (၄၅၀၈)ဦးရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ငလ်င္ေဘးသင့္ေဒသမ်ားတြင္ လူေပါင္း(၂၂၀)ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္းလည္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာ့အင္အားႀကီးငလ်င္ေဘးႏွင့္ပတ္သက္၍ ႏိုင္ငံေပါင္း(၁၈)ႏိုင္ငံမွာ ေလယာဥ္အစီးေရ (၆၀)ေက်ာ္ျဖင့္ ကူညီကယ္ေရးပစၥည္းမ်ားႏွင့္ ကယ္ဆယ္ေရးဝန္ထမ္းမ်ား လာေရာက္ကူညီေနဆဲျဖစ္ေၾကာင္းလည္း သိရသည္။
အဆိုပါ ေျမငလ်င္လႈပ္ခက္ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္မ်ားအျဖစ္ ဧၿပီလ ၄ရက္၊ ညေနပိုင္းအထိ ေျမငလ်င္(၇၅)ႀကိမ္လႈပ္ခတ္ ခဲ့ေၾကာင္းလည္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။