BIMSTECအဖွဲ့ဝင်နိုင်ငံများမှ မြန်မာငလျင်ဘေးအတွက် ကူညီပံ့ပိုးရန် ဆောက်ရွက်ပေးမည်

1092

ချယ်ရီ(NP News)- ဧပြီ၅
ပြီးခဲ့သည့် (ဧပြီလ၃ရက်နှင့်၄ရက်)က ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့သော ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ မြန်မာ့ငလျင်အတွက် ကူညီပံ့ပိုးရန် ဆောက်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါအစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက တက်ရောက်ခဲ့ကြောင်း သိရသည်။
“အိန္ဒိယနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာရော၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာရော လိုအပ်တဲ့အကူအညီတွေ ပေးမယ်။ လိုအပ်တဲ့အကူအညီလည်း တောင်းပါဆိုပြီတော့ ကမ်းလှမ်းခဲ့တာမျိုးတွေ ရှိပါတယ်။ ကျန်တဲ့ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့တွေကလည်းပဲ ကူညီဖို့၊ ပံ့ပိုးဖို့ ဆောင်ရွက်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။
အစည်းအဝေးပွဲ၌ ထူးခြားမှုတစ်ရပ်အနေဖြင့် အစည်းဝေးအခမ်းနားစတင်ကြောင်း ကြေညာပြီးချိန်တွင် မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့် ခံစားခဲ့ရသော အသက်ဆုံးရှုံးခဲ့ရသည့်လူများ၊ ထိခိုက်ဒဏ်ရာရရှိသူများ၊ အသက်အိုးအိမ်ဆုံးရှုံးခဲ့ရသည့် မြန်မာပြည်သူလူထုကို စာနာထောက်ထား၊ ဂါရဝပြုသောအားဖြင့် နိုင်ငံခေါင်းဆောင်များနှင့် တက်ရောက်လာကြသူအားလုံးသည် တစ်မိနစ်ငြိမ်သက်ပြီး ဂါရဝပြုခဲ့ကြောင်း သိရသည်။
“အဓိက,ကတော့ မြန်မာနိုင်ငံမှာဖြစ်သွားတဲ့ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့လူတွေ ပြန်လည်ထူထောင်ရေးတွေ လုပ်နိုင်ဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ အကူအညီတွေရရှိဖို့အတွက် ဆောင်ရွက်သွားမယ်ဆိုတာ ပြောခဲ့ပါတယ်။ ခြုံပြီးပြောရရင်တော့ သွားရတဲ့ရည်ရွယ်ချက်ရော၊ လုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ရော အောင်မြင်တယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် BIMSTECအဖွဲ့ဝင်နိုင်ငံများက သဘာဝဘေးဒဏ် ကိုယ်စီခံစားခဲ့ရမှုများ ရှိခဲသောကြောင့်အိန္ဒိယနိုင်ငံအနေဖြင့် သဘာဝဘေးဒဏ် နှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေး၊ သုသေသနပြုလုပ်ရေး၊ အတွေ့အကြုံဖလှယ်နိုင်ရေး၊ ပညာပြန့်ပွားစေရေးအတွက် စင်တာတစ်ခု တည်ဆောက်ရန် အဆိုပြုခဲ့ပြီး အားလုံးသည်လည်း အကြမ်းဖျင်းအားဖြင့် သဘောတူခဲ့ကြကြောင်း ၎င်းကပြောသည်။
“ကျွန်တော်တို့နိုင်ငံကို အခုချိန်ထိ လေယာဉ်တွေနဲ့ ကူညီနေတာ (၁၇)နိုင်ငံ၊ (၁၈)နိုင်ငံလောက်အထိ ရှိပါတယ်။ လေယာဉ်အစီးရေဆိုရင် ဒီနေ့ဆို (၆၀)ကျော်သွားပြီလို့ သိရပါတယ်။ နိုင်ငံတကာက မြန်မာမှာငလျင်ဒဏ်ခံစားခဲ့ရတာတွေကို အားလုံးက ကူညီကြတယ်။ စာနာထောက်ထားကြတယ်။ နားလည်ကြတယ်။ အားလုံးက ဝိုင်းဝန်းပြီးတော့ လက်တွေ့ဆောင်ရွက်နေကြတာကိုလည်း တွေ့ရတယ်။ ကမ္ဘာက မြန်မာကို အာရုံစိုက်နေတယ်။ အနှစ်ချုပ်ပြောရရင် မြန်မာ့စည်းလုံးမှုကို ပြပါ။ ပြဖို့လိုပါတယ်။ အားလုံးအာရုံစိုက်နေတဲ့အချိန်မှာ မြန်မာဟာဘယ်လိုမျိုး ဇွဲရှိတယ်၊ ကြံ့ခိုင်တယ်ဆိုတာ ပြဖို့လိုပါတယ်လို့ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

Zawgyi Version:
BIMSTECအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ျမန္မာငလ်င္ေဘးအတြက္ ကူညီပံ့ပိုးရန္ ေဆာက္႐ြက္ေပးမည္
ခ်ယ္ရီ(NP News)- ဧၿပီ၅
ၿပီးခဲ့သည့္ (ဧၿပီလ၃ရက္ႏွင့္၄ရက္)က ထိုင္းႏိုင္ငံတြင္ျပဳလုပ္ခဲ့ေသာ ဆ႒မအႀကိမ္ေျမာက္ BIMSTEC ထိပ္သီးအစည္းအေဝးတြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ျမန္မာ့ငလ်င္အတြက္ ကူညီပံ့ပိုးရန္ ေဆာက္႐ြက္ေပးမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
အဆိုပါအစည္းအေဝးကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌ၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားက တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
“အိႏၵိယႏိုင္ငံအေနနဲ႔လည္း ျမန္မာႏိုင္ငံက ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြမွာေရာ၊ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြမွာေရာ လိုအပ္တဲ့အကူအညီေတြ ေပးမယ္။ လိုအပ္တဲ့အကူအညီလည္း ေတာင္းပါဆိုၿပီေတာ့ ကမ္းလွမ္းခဲ့တာမ်ိဳးေတြ ရွိပါတယ္။ က်န္တဲ့ဝန္ႀကီးခ်ဳပ္ေတြနဲ႔ အစိုးရအဖြဲ႕ေတြကလည္းပဲ ကူညီဖို႔၊ ပံ့ပိုးဖို႔ ေဆာင္႐ြက္ခဲ့ပါတယ္”ဟု ၎က ဆိုသည္။
အစည္းအေဝးပြဲ၌ ထူးျခားမႈတစ္ရပ္အေနျဖင့္ အစည္းေဝးအခမ္းနားစတင္ေၾကာင္း ေၾကညာၿပီးခ်ိန္တြင္ ျမန္မာႏိုင္ငံမွ ငလ်င္ဒဏ္သင့္ ခံစားခဲ့ရေသာ အသက္ဆုံးရႈံးခဲ့ရသည့္လူမ်ား၊ ထိခိုက္ဒဏ္ရာရရွိသူမ်ား၊ အသက္အိုးအိမ္ဆုံးရႈံးခဲ့ရသည့္ ျမန္မာျပည္သူလူထုကို စာနာေထာက္ထား၊ ဂါရဝျပဳေသာအားျဖင့္ ႏိုင္ငံေခါင္းေဆာင္မ်ားႏွင့္ တက္ေရာက္လာၾကသူအားလုံးသည္ တစ္မိနစ္ၿငိမ္သက္ၿပီး ဂါရဝျပဳခဲ့ေၾကာင္း သိရသည္။
“အဓိက,ကေတာ့ ျမန္မာႏိုင္ငံမွာျဖစ္သြားတဲ့ ငလ်င္ေဘးဒဏ္ေၾကာင့္ ထိခိုက္နစ္နာခဲ့ရတဲ့လူေတြ ျပန္လည္ထူေထာင္ေရးေတြ လုပ္ႏိုင္ဖို႔နဲ႔ ျပန္လည္ထူေထာင္ေရးလုပ္တဲ့အခါမွာ အကူအညီေတြရရွိဖို႔အတြက္ ေဆာင္႐ြက္သြားမယ္ဆိုတာ ေျပာခဲ့ပါတယ္။ ၿခဳံၿပီးေျပာရရင္ေတာ့ သြားရတဲ့ရည္႐ြယ္ခ်က္ေရာ၊ လုပ္ေဆာင္ရတဲ့ရည္႐ြယ္ခ်က္ေရာ ေအာင္ျမင္တယ္လို႔ ကြၽန္ေတာ္တို႔ ေျပာခ်င္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ BIMSTECအဖြဲ႕ဝင္ႏိုင္ငံမ်ားက သဘာဝေဘးဒဏ္ ကိုယ္စီခံစားခဲ့ရမႈမ်ား ရွိခဲေသာေၾကာင့္အိႏၵိယႏိုင္ငံအေနျဖင့္ သဘာဝေဘးဒဏ္ ႏွင့္ပတ္သက္၍ ကူညီကယ္ဆယ္ေရး၊ သုေသသနျပဳလုပ္ေရး၊ အေတြ႕အႀကဳံဖလွယ္ႏိုင္ေရး၊ ပညာျပန႔္ပြားေစေရးအတြက္ စင္တာတစ္ခု တည္ေဆာက္ရန္ အဆိုျပဳခဲ့ၿပီး အားလုံးသည္လည္း အၾကမ္းဖ်င္းအားျဖင့္ သေဘာတူခဲ့ၾကေၾကာင္း ၎ကေျပာသည္။
“ကြၽန္ေတာ္တို႔ႏိုင္ငံကို အခုခ်ိန္ထိ ေလယာဥ္ေတြနဲ႔ ကူညီေနတာ (၁၇)ႏိုင္ငံ၊ (၁၈)ႏိုင္ငံေလာက္အထိ ရွိပါတယ္။ ေလယာဥ္အစီးေရဆိုရင္ ဒီေန႔ဆို (၆၀)ေက်ာ္သြားၿပီလို႔ သိရပါတယ္။ ႏိုင္ငံတကာက ျမန္မာမွာငလ်င္ဒဏ္ခံစားခဲ့ရတာေတြကို အားလုံးက ကူညီၾကတယ္။ စာနာေထာက္ထားၾကတယ္။ နားလည္ၾကတယ္။ အားလုံးက ဝိုင္းဝန္းၿပီးေတာ့ လက္ေတြ႕ေဆာင္႐ြက္ေနၾကတာကိုလည္း ေတြ႕ရတယ္။ ကမာၻက ျမန္မာကို အာ႐ုံစိုက္ေနတယ္။ အႏွစ္ခ်ဳပ္ေျပာရရင္ ျမန္မာ့စည္းလုံးမႈကို ျပပါ။ ျပဖို႔လိုပါတယ္။ အားလုံးအာ႐ုံစိုက္ေနတဲ့အခ်ိန္မွာ ျမန္မာဟာဘယ္လိုမ်ိဳး ဇြဲရွိတယ္၊ ႀကံ့ခိုင္တယ္ဆိုတာ ျပဖို႔လိုပါတယ္လို႔ ေျပာလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။