မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သတင်းမီဒီယာလွှမ်းမိုးမှုများ

1034

NP News - ဧပြီ ၅
နိဒါန်း
၁။ India Council of World Affairs (ICWA)သည် အိန္ဒိယနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံတကာ သုတေသနလုပ်ငန်းများအတွက် တာဝန်ယူ ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ၁၉၄၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အိန္ဒိယ၏ နိုင်ငံတကာ ကိစ္စများ၊ သုတေသနများနှင့် ဆွေးနွေးပွဲများ အကောင်အထည်ဖော်ရန်အတွက် အကြံပေးအဖွဲ့ တစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ICWA သည် အဓိကအားဖြင့် အိန္ဒိယ၏ နိုင်ငံတကာ ဆက်ဆံ ရေးပေါ်ရှိ သုတေသန၊ ပညာရေးနှင့် မီဒီယာစိစစ်ခြင်းများကို ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အိန္ဒိယ၏ လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာသုတေသနရပ်ဝန်းများကို အထောက်အကူပြုခြင်းတွင် အဓိက ပါဝင်ပြီး နိုင်ငံတကာဆက်ဆံရေးအပေါ် အိန္ဒိယအမြင်ကို ဖန်တီးရန်နှင့် နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ ကိစ္စရပ်များအပေါ် အသိပညာနှင့် တွေးခေါ်မှုဆိုင်ရာများ လုပ်ဆောင်ရန်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
၂။ ICWA သည် နိုင်ငံတကာဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ များစွာသော သုတေသန လုပ်ငန်းများအပြင် နိုင်ငံတကာဆက်ဆံရေးကို မြင်သာစေရန် လက်တွေ့သုတေသနများ၊ ဆွေးနွေးပွဲများ၊ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်း အဆက်အသွယ်များကို တိုက်ရိုက်ဆောင်ရွက် လျက်ရှိပါသည်။ ICWA သည် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် နားလည်မှုမြှင့်တင်ရန်နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် အိန္ဒိယနိုင်ငံရှိ ထိပ်တန်းသုတေသနအဖွဲ့အစည်းများ၊အတတ်ပညာရှင်များ၊ တက္ကသိုလ်များနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ICWA သည် မြေပြင်အချက်အလက်များ အပေါ် အမြဲလေးစားဂရုပြု သုံးသပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အလျောက် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လက်ရှိမြေပြင်သတင်း အချက်အလက် အမှန်တရားများအား အိန္ဒိယနိုင်ငံနည်းပညာ အားသာချက်များနှင့်ပေါင်းစပ်ကာ သတင်းစကား ထုတ်ဖော်ခွင့်ရခြင်းသည် မြန်မာနိုင်ငံရှေရည်ငြိမ်ချမ်းရေးအတွက် များစွာအထောက်အကူ ဖြစ်စေ နိုင်မည်ဟု ယုံကြည်မိပါသည်။
ငြိမ်းချမ်းရေး၏အဓိပ္ပာယ်နှင့် မြန်မာ့နိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်း
၃။ ငြိမ်းချမ်းရေးဆိုသည်မှာ အပြစ်မဲ့ပြည်သူများအတွက် စစ်ပွဲများ၊ စိုးရိမ်စရာ အခြေအနေ များ သက်သာ ကင်းရှင်းမှု၊ စိတ်တိုင်းကျသော နေ့စဉ်ဘဝ၊ လူသားများအကြား မတူညီမှုများကို ဖြေရှင်း၍ အတူတကွနေထိုင်စေရန် ဖန်တီးပေးခြင်း ဖြစ်ပါသည်။ “ငြိမ်းချမ်းရေးသည် အဓိက အားဖြင့် အကြမ်းဖက်မှုများမှ လွတ်မြောက်ခြင်းသာမက၊ လူသားများအကြား တရားမျှတမှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ အခြားသော လူမှုရေး ပြဿနာ များကိုဖြေရှင်းခြင်း”ဟု Oslo တက္ကသိုလ်၏ပထမဆုံးငြိမ်းချမ်းရေးသုတေသနပညာရှင် အမတ်ဂန် (Johan Galtung)က ဖော်ပြထားပါသည်။ ငြိမ်းချမ်းရေးသည် သက်ရှိအားလုံး အတွက် ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရှိစေပြီး တိုက်ပွဲများ၊ အကြမ်းဖက်မှုများနှင့် လူမှုအငြင်းပွားမှုများကို ဖယ်ရှားရန် ရည်ရွယ်ပါသည်။
၄။ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်ကြသည့် အာရှဒေသ အတွင်းရှိနိုင်ငံများအနက် အစောဆုံး နိုင်ငံများထဲတွင် ပါဝင်ခဲ့ပါသည်။ ကိုလိုနီစနစ်၏ အမွေဆိုး ကြောင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးမှုပျက်ပြားကာ ပါတီအမျိးမျိး၊ အယူအဆ အမျိုးမျိုး ကွဲပြားခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဒီမိုကရေစီနိုင်ငံအဖြစ် ကျင့်သုံးရပ်တည် ခဲ့သော်လည်း ကာလကြာရှည်မှုမရှိဘဲ ဆယ်စုနှစ်တစ်ခုခန့်သာ ရပ်တည်နိုင်ခဲ့ပါသည်။ နိုင်ငံ၏ ပြိုကွဲပျက်စီးလု အခြေအနေများကို ပြန်လည်တည်ဆောက်ရန် တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ကြိုးပမ်းခဲ့ရပါသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ဦးတည်ကြိုးပမ်းခဲ့သလို အခြားတစ်ဖက်တွင်လည်း ပြည်သူများလိုလားတောင့်တသည့် ဒီမိုကရေစီနိုင်ငံတည်ထောင်ရန် လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ ကြပါသည်။
၅။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် (၃)ရပ်ကို စနစ်တကျ တည်ဆောက်ပြီး စစ်မှန်သောဒီမိုကရေစီစနစ် ရုပ်လုံးပေါ်လာစေရေးကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၀နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် သန့်ရှင်းပြီး တရားမျှတသည့်ရွေးကောက်ပွဲများ ဖြစ်စေရန် တပ်မတော် အနေဖြင့် ကျရာအခန်းကဏ္ဍမှအထူးကြိုးပမ်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ယခင်အနိုင်ရရှိထားသည့်အစိုးရက ရွေးကောက်ပွဲဆို်ငရာ မသမာမှုများ၊ မဲမသမာမှုများ ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရ ရေးမှတစ်ဆင့် နိုင်ငံတော်အာဏာကို ဆက်လက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံရေးယဉ်ကျေးမှုနှင့်အညီ စေ့စပ်ညှိနှိုင်း အဖြေရှာရန်ဆောင်ရွက်ခဲ့ သော်လည်း လက်မခံခဲ့ပါ။ သို့ဖြစ်ရာ “လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကို စီစဉ်ဆောင်ရွက်ရန် ရွေးကောက်ပွဲကော်မရှင်၏ ပျက်ကွက်မှုနှင့် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြဿနာကိုဖြေရှင်းရန် ငြင်းပယ်မှုတို့သည် နိုင်ငံတော်၏အချုပ်အခြာ အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း” ထင်ရှားသဖြင့် နိုင်ငံတော် ယာယီသမ္မတက အရေးပေါ်အခြေအနေ ကြေညာကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်တာဝန်များကို တပ်မတော်ထံ လွှဲပြောင်းအပ်နှံခဲ့ပါသည်။
၆။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံး ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်ဖြစ်ပါသည်။ နိုင်ငံတော်အား ဦးဆောင်နိုင် မည့် လွှတ်တော် ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နိုင်သည့် အရည်အချင်း ပြည့်ဝသော အနာဂတ်နိုင်ငံရေးမျိုးဆက်သစ်များ ပျိုးထောင်မွေးထုတ် တာဝန်ပေး နိုင်ရန်အတွက် ယနေ့လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် လိုက်လျောညီထွေဖြစ်သည့်ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံးရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ကာ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရန်နှင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်သွားရန် ကြိုးပမ်းလျက်ရှိပါသည်။
၇။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခင် ဒီမိုကရေစီအစိုးရလက်ထက်များ၌ ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် သဘောတူညီချက်များအပြင် ယင်းတို့နှင့် ဆွေးနွေးဆဲ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဖော်ဆောင်နိုင်ရန်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ စသည့် ကော်မတီ (၃) ရပ်ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည် နိုင်ငံရေးပါတီများအစုအဖွဲ့များ၊ NCA လက်မှတ် ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာစေရေး လုပ်ငန်းစဉ်များ၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက် သဘောတူညီချက်များရရှိရေး စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။
မီဒီယာ၏ အခန်းကဏ္ဍ
၈။ သတင်းဟူသည် လူတို့အတွက်အာဟာရတစ်မျိုးဖြစ်ပြီး သတင်းစာပညာအရ ကောင်းကျိုး လည်း သတင်း၊ ဆိုးပြစ်လည်း သတင်းဟူ၍ ဆိုထားကြပါသည်။ လူတို့၏သဘောသဘာဝအရ ကောင်းသတင်းလည်း သိလို၊ မကောင်းသတင်းလည်းသိလို ကြပါသည်။ ကောင်းသတင်း အသိသည် လူတို့၏ ဦးနှောက်အသိပညာဉာဏ်၊ ပိုင်းခြားချင့်ချိန်ဉာဏ်၊ မြော်မြင်ဉာဏ်အတွက် ခွန်အား ဖြစ်စေပါသည်။ မကောင်းသတင်းအသိသည် ဆန့်ကျင်ဘက်အားကို ဖြစ်စေပါသည်။ သတင်း အချက်အလက်နှင့်ပတ်သက်သည့် ကောင်းကျိုး၊ ဆိုးပြစ် အတွေးအမြင်နှစ်မျိုးအနက် လူအများ အပေါ်၌ အဆိုးမြင်အတွေးအခေါ်များ လွှမ်းမိုးအားကောင်းလာအောင် ဖန်တီးမှုများ ကြီးထွားလာသော ကာလတွင် မှန်ကန်သည့်သတင်းအချက်အလက်သိနားလည်မှုများ ရရှိလာ စေရန်မှာ မီဒီယာများ၏ သမိုင်းပေးတာဝန်ပင်ဖြစ်ပါသည်။ မီဒီယာသည် လူမှုနယ်ပယ် အတွင်း အသိပညာ သတင်းအချက်အလက်များအပါအဝင် အရာရာကို ပိုမိုသိရှိလာစေသည့် အခန်း ကဏ္ဍတစ်ခု ဖြစ်ပါသည်။ မီဒီယာ၏ ကောင်းမွန်သော လုပ်ငန်းများသည် သတင်းအမှားများ၊ တရားမျှတမှု မရှိခြင်းနှင့် လူမှုသဘောထား ကွဲလွဲမှုများအား ရှောင်ရှားစေနိုင်ရန် မီးမောင်းထိုး ပြသခြင်းပင် ဖြစ်ပါသည်။ မီဒီယာများကြိုးပမ်းအား ထုတ်ခြင်းသည် အသိပညာပေးမှု၊ ကမ္ဘာ့ နယ်မြေမှ မူဝါဒများ မတူကွဲပြားမှုတို့ကို အပြုသဘောဆောင်သည့် ရလဒ်များဖြစ်လာရေး ပံ့ပိုးကူညီမှုဖြစ်စေပါသည်။
သတင်းအမှားများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိန်ခေါ်မှုများ
၉။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် မီဒီယာ၏အခန်းကဏ္ဍသည်လုံခြုံမှုနှင့်တည်ငြိမ်သော လုပ်ငန်းဆောင်ရွက်မှုများကို အမြဲအားပေးထောက်ပြလျက်ရှိပါသည်။ သို့သော် မီဒီယာသည် အကောင်းဆုံး အခန်းကဏ္ဍကို မျှဝေပေးနိုင်သည့်အပြင် သတင်းအမှားများ၊ သတင်းအမှန်နှင့် သဘောထားကို ကွဲပြားစေသော ပြဿနာများကို ဖန်တီးစေပြီး ထိုပြဿနာများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် စိန်ခေါ်မှုများဖြစ်စေပါသည်။ ပဋိပက္ခဇုန်များတွင် သတင်းအမှားများနှင့် အမြင်မတူညီသော သတင်းများသည် ပဋိပက္ခများကို ပိုမိုဖြစ်စေနိုင်ပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် မှန်ကန်သော သတင်းအရင်းအမြစ်နှင့် သတင်းအချက်အလက်များသည် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စေနိုင်ပါသည်။ လွတ်လပ်သည့်စာနယ်ဇင်းဟုဆိုသည့် အချို့သောမီဒီယာများသည် ဘက်လိုက်မှု၊ နိုင်ငံရေးသွတ်သွင်းမှုများရှိနေပါသည်။ မီဒီယာကို လက်နက်သဖွယ် အသုံးချမှုများရှိနေပြီး တိုင်းပြည် တစ်ပြည်၏ကံကြမ္မာကို ပြောင်းလဲသွား စေနိုင်အောင် တွန်းအားပေး နေကြပါသည်။ သတင်းမီဒီယာများတွင် လွတ်လပ်သည့် စာနယ်ဇင်း မဟုတ်ဘဲ ၎င်းတို့ ထောက်ခံအားပေးသည့်ဘက်သို့ ဘက်လိုက်ခြင်းဖြင့် တစ်ဖက်စောင်းနင်းကျင့်ဝတ်မရှိဘဲ ရေးနေ ကြသည်များကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ပြည်ပမီဒီယာများ၏ သတင်းကိုကြည့်လျှင် မြေပြင်ရှိ အခြေအနေအချက်အလက်များကို အမှန်တိုင်းမရေးဘဲ ပြည်တွင်းရှိ အတိုက်အခံအဖွဲ့မှ ဖော်ပြ ရေးသားသည့် အချက်အလက်များကို အခြေပြုကိုးကားပြီး ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း ပုံဖော် ရေးသားခြင်းမျိုးများကို အများအပြားတွေ့နေရပါသည်။ သတင်းအမှားများအား မိမိတို့မဖတ်မိစေရန်နှင့် မိမိတို့နယ်ပယ်သို့ ရောက်ရှိလာသည့် သတင်းမှားများအား ဝေဖန်သုံးသပ်ရမည်ဖြစ်ပါ သည်။ မိမိတို့အနေဖြင့် သတင်းပြန်လည် ဖြန့်ဝေရာတွင်လည်း Misinformation ၊ Disinformation ၊ Malinformation များဖြင့် အစိုးရနှင့် ပြည်သူများ၊ အစိုးရနှင့်ပြည်တွင်း၊ ပြည်ပမှလူမှု အဖွဲ့အစည်း များကြား ရိုက်ခတ်မှုမဖြစ်ရေန် အထူးသတိထား ကြရမည်ဖြစ်ပါသည်။ Misinformation သည် မှားယွင်းသည့် သတင်းတစ်ခု၊ တလွဲဖြစ်စေသည့် သတင်းတစ်ခုအား ရည်ရွယ်ချက်မရှိဘဲ မျှဝေ မိလိုက်ခြင်းမျိုးကိုဆိုလိုပါသည်။ Disinformation သည် တမင်ရည်ရွယ်ချက်ဖြင့် သတင်းမှား တစ်ခုကို လုပ်ကြံဖန်တီးကာ အများပြည်သူ ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ သတင်းဖြန့်ဝေလိုက်ခြင်းမျိုးကို ဆိုလိုပါသည်။ အများပြည်သူ မသိသင့်သည့် သတင်းအမှန်များကို တမင်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဝေလိုက်ခြင်းကို Malinformation ဟု ဆိုပါသည်။ သတင်းပုံစံများ မည်သို့ပင် ကွဲပြားစေကာမူ လားရာမှာ လူ့အဖွဲ့အစည်းကို ထိခိုက်၍ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေပါသည်။ “သတင်းအမှားက ကမ္ဘာ ပတ်နေသည့် အချိန်တွင် သတင်းအမှန်က ခရီးစတင်ထွက်ရန် ဖိနပ်စီးနေဆဲ” ဆိုသည့် စကားရပ် လည်းရှိပါသည်။ သတင်း အမှန်ထက် သတင်းအမှားများကို Digital Media များဖြစ်သည့် Facebook, Tiktok နှင့် Instagram တို့ဖြင့် သတင်းကို ဦးဆုံးတင်ကာ မိမိတို့ ကိုယ်ကျိုး စီးပွားရှာခြင်းမျိုးကို လုပ်ဆောင်နေကြပါသည်။
ငြိမ်းချမ်းရေးခရီးအတွက် စိန်ခေါ်မှုများ
၁၀။ တပ်မတော်အနေဖြင့် စစ်ဘက်၊အရပ်ဘက်ပူးပေါင်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုဖွဲ့စည်းကာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံတော်၏တာဝန် စတင်ထမ်း ဆောင်ချိန်က တည်းက ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးရေးသည် အန္တိမရည်မှန်းချက်ဖြစ်ကြောင်း တိုင်းသိပြည်သိ ကြေညာခဲ့ပါသည်။ ယခုကဲ့သို့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးချိန်တွင် သာမန် ဆန္ဒပြရာမှ တဖြည်းဖြည်း မင်းမဲ့စရိုက်ဆန်သည့် ဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အချို့ အစွန်းရောက်ပါတီဝင်များ၏ ဦးဆောင်မှုနဲ့ လက်နက်ကိုင် ဆူပူအကြမ်းဖက် လုပ်ရပ်များကို စတင်လုပ်ဆောင်ခဲ့ကြပါသည်။ အချို့လူငယ်များကို ဝါဒမှိုင်းရိုက်သွင်းပြီး ငြိမ်းချမ်းရေးကို မလိုလားသည့် နိုင်ငံတော်အပေါ် သဘောထားမမှန်သော လက်နက်ကိုင်အဖွဲ့ အချို့ထံတွင် အကြမ်းဖက် စစ်သင်တန်းများ သွားရောက်သင်ကြားစေခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များကို ဖွဲ့စည်းခဲ့ကြပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ NCA ကိုလက်မှတ် မရေးထိုးရသေးသည့် အဖွဲ့များသာမက NCA လက်မှတ်ရေးထိုးထားသည့် အချို့ EAO များသည် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့်ပူးပေါင်းကာ အများပြည်သူသုံး လမ်း၊တံတားများ၊ လျှပ်စစ် တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခြင်း၊ လူနေမြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်းနှင့် နိုင်ငံပိုင် ပစ္စည်းကိရိယာများအား ဖျက်ဆီးခြင်း၊ တပ်မတော်စစ်စခန်းများအား တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိပါသည်။ နိုင်ငံတစ်ဝန်း လူသတ်၊ ဗုံးထောင်၊ ဗုံးခွဲ၊ အကြောင်းမဲ့ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုအား ခြောက်လှန့်နေကြသည်မှာ ယနေ့ ချိန်ထိပင်ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့များနှင့် ဝေးရာအရပ်သို့ ရှောင်တိမ်းရန် မတတ်နိုင်သည့် ပြည်သူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများသာမက စိုးရိမ် ပူပန်မှု၊ ကြောက်ရွံ့မှု များကဲ့သို့သော စိတ်ပိုင်းဆိုင်ရာခံစားရမှုများပါ တစ်ပြိုင်တည်း ကြုံတွေ့ခံစား နေကြ ရပါသည်။ ထိုဒေသရှိ ပြည်သူမျာအးနေဖြင့် လူမှုစီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးစနစ်များ ပျက်စီးကာ ဆင်းရဲမှုများ ဖြစ်ပွားလျက်ရှိပါသည်။ အချို့သော လက်နက်ကိုင် အဖွဲ့များအနေဖြင့် ယခုကဲ့သို့ နိုင်ငံတစ်ဝန်း မတည်မငြိမ်ဖြစ်နေခြင်းကို အခွင့်အရေးအဖြစ် ဖန်တီးပြီး နယ်မြေချဲ့ထွင် သိမ်းပိုက်ရန် ကြိုပမ်းလာကြမှုများကိုလည်း တွေ့ရှိရပါသည်။
၁၁။ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးဟုဆိုသော်လည်း ပကတိအခြေအနေတွင် ပြည်တွင်း သောင်းကျန်းမှုများကို ဦးတည်ဆောင်ရွက်နေကြခြင်းဖြစ်ပြီး စစ်ရေးအရ မဖြစ်မနေ ဖြေရှင်းရမည့် အခြေအနေများအား ဖန်တီးနေကြခြင်းဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့များစွာ တပ်မတော်နှင့်အပြိုင်ရှိနေခြင်းသည် ပြည်တွင်းလုံခြုံရေးအတွက် အလွန်ကြီးမားသည့် အန္တရာယ်ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေပါသည်။ အကြမ်းဖက်သောင်းကျန်းသူမရှိပါက နိုင်ငံရေးအရ မည်သည့်စနစ်ဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သည်ဖြစ်စေ စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ နိုင်ငံရေးအား နိုင်ငံတော်တည်ဆောက်ရေးဟု ယေဘုယျအားဖြင့် လက်ခံထားကြ သော်လည်း နိုင်ငံတော်တည်ဆောက်ရာတွင် အဖျက်သဘောဆောင်နေ ကြသည့် အကြမ်းဖက်မှု များအား တပ်မတော်မှ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကာကွယ်တားဆီးရမည် ဖြစ်ပါသည်။
ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ၏ အရေးပါမှု
၁၂။ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ပြီး ရှုပ်ထွေးနက်နဲသော နောက်ခံနိုင်ငံရေးအကြောင်းတရားများစွာ တည်ရှိနေပါသည်။ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ယနေ့ အချိန်အထိ ငြိမ်းချမ်းနိုင်ခြင်းမရှိသေးပါ။ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို နှစ်ပေါင်းများစွာ ထိခိုက်ခံစားခဲ့ရသဖြင့် တိုင်းရင်းသား ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု ခိုင်မာလာစေရန်နှင့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၏ အကျိုးရလဒ်များကို သိမြင်ခံစားနားလည်လာနိုင်စေရန်တို့အတွက် ပြည်သူလူထုအတွင်း ငြိမ်းချမ်းရေးအသိပညာပေး ဆောင်ရွက်ရန် လိုအပ်ပါသည်။
၁၃။ လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပပြီး ရွေးကောက်ပွဲရလဒ်အတိုင်းထွက်ပေါ်လာသည့် အစိုးရသစ်တစ်ရပ်ထံ နိုင်ငံတော်တာဝန်များ အမြန်ဆုံး လွှဲအပ်နိုင်ရေးကိုလည်း အစဉ်တစ်စိုက် ကြိုးပမ်းလျက်ရှိပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာရောက်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို မည်သည့်အခြေအနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက် မထားဘဲ အချိန်မရွေး လာရောက်ဆွေးနွေးရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ တံခါးဖွင့်ကြိုဆိုလျက် ရှိပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက်တွေ့ဆုံချိန်တွင် EAO များအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေး အတွက် ရည်ရွယ်၍ မည်သည့်ဆွေးနွေးမှု၊ တောင်းဆိုမှုကိုမဆို အသေးစိတ်နားထောင်ပြီး ဖြစ်သင့်သည့်ကိစ္စ၊ ဖြစ်နိုင်သည့်ကိစ္စများအား ဖြည့်ဆည်း ဆောင်ရွက်ပေးရန် သဘောထားရှိပြီး အချိန်ရယူရမည့်ကိစ္စများ၊ အခြေအနေပေါ်မူတည်သည့် ကိစ္စရပ်များအား စနစ်တကျ ရှင်းပြ ဆွေးနွေး၍ ဆက်လက်တွေ့ဆုံဆွေးနွေးမှုများကိုလည်း ပြုလုပ်သွားရန် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။
၁၄။ ပဋိပက္ခဒေသများတွင် ဆင်းရဲဒုက္ခခံရသော ပြည်သူများ အထူးသဖြင့် ကလေးများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအား ကွဲပြားခြားနားသော လုံခြုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် လူ့အခွင့်အရေး အထောက်အပံ့များ အပြည့်အဝ ရရှိရန်လိုအပ် ပါသည်။ အဆိုပါဆင်းရဲဒုက္ခများကို ထိန်းကျောင်းပေးရန်အတွက် နိုင်ငံတော် အစိုးရသည် အဓိက တာဝန်ရှိသည်ဆိုသော်လည်း နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးနေမှုများကို အဟန့်အတား မဖြစ်စေရေး အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုင်းအဝိုင်းများ၏ ပူးပေါင်း ဆောင်ရွက်မှုများကလည်း အရေးကြီးပါသည်။ လူမှုအဖွဲ့အစည်းများ၏ ကူညီမှုများမှ တစ်ဆင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးစနစ် တိုးတက်စေရန် စိတ်ကျန်းမာရေးဆိုင်ရာနှင့် လူမှု စီးပွားဘဝ ကာကွယ်ရန်တို့အတွက် နိုင်ငံရေးပွင့်လင်းမှု၊ အနာဂတ်ငြိမ်းချမ်းရေးအား ဖော်ဆောင်မှု များဖြင့် ကမ္ဘာ့လုံခြုံရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။
၁၅။ နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခု အဖြစ်ပါဝင်နေပါသည်။ လက်ရှိ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပါသည်။ ထို့အပြင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်အပေါ်တွင် အခြေခံပြီး နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးမူဝါဒကို ကျင့်သုံးပြီး အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ကိစ္စရပ်များအပေါ် အထူး အလေးထား လုပ်ဆောင်လျက်ရှိပါသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံသည် အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုအပေါ်အခြေခံပြီး နွေးထွေးသော ဆက်ဆံရေး ရှိသည့်နိုင်ငံများ ဖြစ်ပါ သည်။ အိန္ဒိယနိုင်ငံ၏ လူ့ယဉ်ကျေးမှုဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ India Council of World Affairs (ICWA) သည် အိန္ဒိယ-မြန်မာ အပြန်အလှန်အကျိုးရှိစေရန် အသိပညာနှင့် အတွေ့အကြုံများမျှဝေဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ်၍ ပထမအကြိမ် Constitutionalism and Federalism ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၊ ရန်ကုန်နှင့် နေပြည်တော် တို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ပထမပတ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဗဟိုအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရတို့အကြား အာဏာခွဲဝေမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန် ဆွေးနွေးခဲ့ကြပါသည်။
နိဂုံး
၁၆။ မျက်မှောက်ကာလတွင်လည်း နိုင်ငံတစ်နိုင်ငံ၏ကံကြမ္မာကို ပြောင်းလဲသွားအောင် ကြိုးစားအားထုတ်နေကြသည့် သတင်းသမားများ၊ သတင်းဌာနများရှိနေဆဲပင် ဖြစ်ပါသည်။ ယခုအခါ အချို့ ပြင်ပမီဒီယာများ၏ အပြုသဘောမဆောင် အကောင်းမမြင်သည့် သဘောထား များကို ပြည်သူများအနေဖြင့် နားလည်လာကြပြီလည်းဖြစ်ပါသည်။ ဆက်လက်ပြီး နေ့စဉ်နှင့်အမျှ ထုတ်လွှင့်နေသော မဟုတ်မမှန်သတင်း၊ နိုင်ငံနှင့်လူမျိုးတို့အပေါ် သစ္စာမဲ့သော လူတချို့၏ လုပ်ကြံသတင်း၊ အပြစ်မဲ့ပြည်သူများ၏ ဘဝအိုးအိမ်များအား ပျက်စီးရာပျက်စီးကြောင်းသတင်း၊ အကြမ်းဖက်အဖျက်သမားအား အားပေးသော သတင်း၊ ထင်ယောင်ထင်မှား စိုးရိမ်ပူပန်စေသော သတင်းများကို ပြည်သူများအနေဖြင့် ခွဲခြားနားလည်လာကြပြီဖြစ်ပါသည်။ မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ရည်မှန်းချက်များကို အဓိကအလေးထား အကောင်အထည်ဖော် ဆောင်ရွက် နေသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကိုင်တွယ်ရာတွင် သက်ဆိုင်သူအားလုံးအကြား ဆွေးနွေးမှု၊ ပါဝင်မှု နှင့် ယုံကြည်မှုတည်ဆောက်ရေးကို ဦးစားပေးသည့် ဘက်ပေါင်းစုံမှ ချဉ်းကပ်မှုများဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း နည်းလမ်းကို အသုံးပြုလျက်ရှိပါသည်။ တွေ့ဆုံဆွေးနွေးအဖြေရှာ ခြင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် အခြေခံ အုတ်မြစ် ဖြစ်သည်ဆိုသည့်အတိုင်း ငြိမ်ချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများသာမက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် လုံခြုံရေး ကဏ္ဍ ပြန်လည်ပေါင်းစည်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ (Peace Process Review)၊ “Security Integration နှင့် Confidence Building” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ စေ့စပ် ညှိနှိုင်းခြင်းများနှင့်ကြားဝင် ဖျန်ဖြေခြင်းဆိုင်ရာဆွေးနွေးပွဲများကိုပါ ကျင်းပပြုလုပ်လျက်ရှိပါသည်။ ထို့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အနေဖြင့် သတင်းမှန် သိရှိနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ လုပ်ဆောင်ချက် များကိုအများပြည်သူထံသို့ https://nspnc.gov. mm/ ၊ https://nca.gov.mm/ နှင့် https://infosheet.org/ သတင်းဌာန (website)များမှ တစ်ဆင့် နေ့စဉ်အချိန်နှင့်တစ်ပြေးညီ သတင်းစကား ဖြန့်ဝေလျက် ရှိပါသည်။
၁၇။ မြန်မာနိုင်ငံ၏ အနာဂတ်ကာလတွင် လက်နက်ကိုင်ပဋိပက္ခများ အားလုံး ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုအဖြစ် တည်ဆောက်နိုင်ရေးသည် ယနေ့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုများ၏ မျှော်လင့်ချက်၊ ရည်မှန်းချက်များပင် ဖြစ်ပါသည်။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည် ပထမဦးစားပေးဖြစ်ကြောင်း အမျိုးသား စည်းလုံးညီ ညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) က လေးနက်စွာ ခံယူထား ပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရလဒ်ကို ရယူနိုင်ရန် ပဋိပက္ခတွင် ပါဝင်နေကြ သည့် အဖွဲ့များအနေဖြင့် လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုတည်ဆောက်နိုင်ရန် အရေးကြီးဆုံး ဖြစ်ပါသည်။ ယုံကြည်မှုတည်ဆောက်နိုင်ခြင်းအတွက် စိန်ခေါ်မှုများရှိပြီး စစ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် လုံခြုံရေးကဏ္ဍများတွင် ယုံကြည်မှုတည်ဆောက်ခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်ခြင်းသည်သာလျှင် ပဋိပက္ခကို ပြေလည်စေမည့် စေ့စပ်ညှိနှိုင်းခြင်းများ စတင်ရန် အဓိကအချက်ဖြစ်ပါသည်။ ICWA သည် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားနေသည့်အဖွဲ့များ၏ ကိုယ်စားလှယ်များအကြား သံတမန်ရေးရာနှင့် သတင်း အချက်အလက် ဖလှယ်ခြင်းများ ဆောင်ရွက်ပေးနိုင်မည့် နိုင်ငံတကာ လေ့လာရေးကဏ္ဍတွင် ဩဇာရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းယုံကြည်ပါသည်။ ICWA သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စားပွဲဝိုင်း ဆွေးနွေးပွဲများ(Informal ၊ Formal)၊ အလုပ်ရုံ ဆွေးနွေးပွဲများ (Workshop or Seminar)၊ မြန်မာ့အရေးဆွေးနွေးပွဲများကို ASEAN နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်စေပြီး အသိပညာဆိုင်ရာများ၊ နားလည်မှုမြှင့်တင် ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်စေရေး ဆက်လက် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ရင်း ပါဝင်ပတ်သက်သူ အဖွဲ့အစည်းများအားလုံးက မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးကို ဝိုင်းဝန်တည်ဆောက် ဖော်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရပါသည်။
အတွင်းရေးမှူး
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ

Zawgyi Version:
ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚ သတင္းမီဒီယာလႊမ္းမိုးမႈမ်ား
NP News - ဧၿပီ ၅
နိဒါန္း
၁။ India Council of World Affairs (ICWA)သည္ အိႏၵိယႏိုင္ငံ၏ ႏိုင္ငံတကာ ဆက္ဆံေရးႏွင့္ ႏိုင္ငံတကာ သုေတသနလုပ္ငန္းမ်ားအတြက္ တာဝန္ယူ ေဆာင္႐ြက္ေနသည့္ အဖြဲ႕အစည္းတစ္ခု ျဖစ္ပါသည္။ ၁၉၄၃ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး အိႏၵိယ၏ ႏိုင္ငံတကာ ကိစၥမ်ား၊ သုေတသနမ်ားႏွင့္ ေဆြးေႏြးပြဲမ်ား အေကာင္အထည္ေဖာ္ရန္အတြက္ အႀကံေပးအဖြဲ႕ တစ္ခုအျဖစ္ ဖြဲ႕စည္းခဲ့ပါသည္။ ICWA သည္ အဓိကအားျဖင့္ အိႏၵိယ၏ ႏိုင္ငံတကာ ဆက္ဆံ ေရးေပၚရွိ သုေတသန၊ ပညာေရးႏွင့္ မီဒီယာစိစစ္ျခင္းမ်ားကို ေဆာင္႐ြက္ျခင္းျဖစ္ၿပီး၊ အိႏၵိယ၏ လူ႔အဖြဲ႕အစည္းမ်ားႏွင့္ ႏိုင္ငံတကာသုေတသနရပ္ဝန္းမ်ားကို အေထာက္အကူျပဳျခင္းတြင္ အဓိက ပါဝင္ၿပီး ႏိုင္ငံတကာဆက္ဆံေရးအေပၚ အိႏၵိယအျမင္ကို ဖန္တီးရန္ႏွင့္ ႏိုင္ငံျခားေရးမူဝါဒ ဆိုင္ရာ ကိစၥရပ္မ်ားအေပၚ အသိပညာႏွင့္ ေတြးေခၚမႈဆိုင္ရာမ်ား လုပ္ေဆာင္ရန္ျဖစ္ေၾကာင္း ေလ့လာသိရွိရပါသည္။
၂။ ICWA သည္ ႏိုင္ငံတကာဆက္ဆံေရးႏွင့္ ၿငိမ္းခ်မ္းေရးဆိုင္ရာ မ်ားစြာေသာ သုေတသန လုပ္ငန္းမ်ားအျပင္ ႏိုင္ငံတကာဆက္ဆံေရးကို ျမင္သာေစရန္ လက္ေတြ႕သုေတသနမ်ား၊ ေဆြးေႏြးပြဲမ်ား၊ ေဒသတြင္းႏွင့္ ကမာၻတစ္ဝန္း အဆက္အသြယ္မ်ားကို တိုက္႐ိုက္ေဆာင္႐ြက္ လ်က္ရွိပါသည္။ ICWA သည္ ႏိုင္ငံတကာေရးရာ ကိစၥရပ္မ်ားအေပၚ နားလည္မႈျမႇင့္တင္ရန္ႏွင့္ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္မႈ နယ္ပယ္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္တို႔အတြက္ အိႏၵိယႏိုင္ငံရွိ ထိပ္တန္းသုေတသနအဖြဲ႕အစည္းမ်ား၊အတတ္ပညာရွင္မ်ား၊ တကၠသိုလ္မ်ားႏွင့္လည္း ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေလ့လာသိရွိရပါသည္။ ICWA သည္ ေျမျပင္အခ်က္အလက္မ်ား အေပၚ အၿမဲေလးစားဂ႐ုျပဳ သုံးသပ္ေနသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္သည့္အေလ်ာက္ ျမန္မာ ႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္သည့္ လက္ရွိေျမျပင္သတင္း အခ်က္အလက္ အမွန္တရားမ်ားအား အိႏၵိယႏိုင္ငံနည္းပညာ အားသာခ်က္မ်ားႏွင့္ေပါင္းစပ္ကာ သတင္းစကား ထုတ္ေဖာ္ခြင့္ရျခင္းသည္ ျမန္မာႏိုင္ငံေရွရည္ၿငိမ္ခ်မ္းေရးအတြက္ မ်ားစြာအေထာက္အကူ ျဖစ္ေစ ႏိုင္မည္ဟု ယုံၾကည္မိပါသည္။
ၿငိမ္းခ်မ္းေရး၏အဓိပၸာယ္ႏွင့္ ျမန္မာ့ႏိုင္ငံၿငိမ္းခ်မ္းေရးျဖစ္စဥ္အေၾကာင္း
၃။ ၿငိမ္းခ်မ္းေရးဆိုသည္မွာ အျပစ္မဲ့ျပည္သူမ်ားအတြက္ စစ္ပြဲမ်ား၊ စိုးရိမ္စရာ အေျခအေန မ်ား သက္သာ ကင္းရွင္းမႈ၊ စိတ္တိုင္းက်ေသာ ေန႔စဥ္ဘဝ၊ လူသားမ်ားအၾကား မတူညီမႈမ်ားကို ေျဖရွင္း၍ အတူတကြေနထိုင္ေစရန္ ဖန္တီးေပးျခင္း ျဖစ္ပါသည္။ “ၿငိမ္းခ်မ္းေရးသည္ အဓိက အားျဖင့္ အၾကမ္းဖက္မႈမ်ားမွ လြတ္ေျမာက္ျခင္းသာမက၊ လူသားမ်ားအၾကား တရားမွ်တမႈႏွင့္ ႏိုင္ငံတစ္ႏိုင္ငံ၏ ျပည့္စုံေသာ ဖြံ႕ၿဖိဳးတိုးတက္မႈအေပၚ အေျခခံ၍ အျခားေသာ လူမႈေရး ျပႆနာ မ်ားကိုေျဖရွင္းျခင္း”ဟု Oslo တကၠသိုလ္၏ပထမဆုံးၿငိမ္းခ်မ္းေရးသုေတသနပညာရွင္ အမတ္ဂန္ (Johan Galtung)က ေဖာ္ျပထားပါသည္။ ၿငိမ္းခ်မ္းေရးသည္ သက္ရွိအားလုံး အတြက္ ၿငိမ္းခ်မ္းစြာ ေနထိုင္ခြင့္ရွိေစၿပီး တိုက္ပြဲမ်ား၊ အၾကမ္းဖက္မႈမ်ားႏွင့္ လူမႈအျငင္းပြားမႈမ်ားကို ဖယ္ရွားရန္ ရည္႐ြယ္ပါသည္။
၄။ ျမန္မာႏိုင္ငံသည္ ပါတီစုံဒီမိုကေရစီစနစ္ကို က်င့္သုံးေဖာ္ေဆာင္ၾကသည့္ အာရွေဒသ အတြင္းရွိႏိုင္ငံမ်ားအနက္ အေစာဆုံး ႏိုင္ငံမ်ားထဲတြင္ ပါဝင္ခဲ့ပါသည္။ ကိုလိုနီစနစ္၏ အေမြဆိုး ေၾကာင့္ တိုင္းရင္းသားအခ်င္းခ်င္း စည္းလုံးမႈပ်က္ျပားကာ ပါတီအမ်ိးမ်ိး၊ အယူအဆ အမ်ိဳးမ်ိဳး ကြဲျပားခဲ့ပါသည္။ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ဒီမိုကေရစီႏိုင္ငံအျဖစ္ က်င့္သုံးရပ္တည္ ခဲ့ေသာ္လည္း ကာလၾကာရွည္မႈမရွိဘဲ ဆယ္စုႏွစ္တစ္ခုခန႔္သာ ရပ္တည္ႏိုင္ခဲ့ပါသည္။ ႏိုင္ငံ၏ ၿပိဳကြဲပ်က္စီးလု အေျခအေနမ်ားကို ျပန္လည္တည္ေဆာက္ရန္ တပ္မေတာ္အေနျဖင့္ ေခတ္အဆက္ဆက္တြင္ ႀကိဳးပမ္းခဲ့ရပါသည္။ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံး ညီၫြတ္မႈမၿပိဳကြဲေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးကို ဦးတည္ႀကိဳးပမ္းခဲ့သလို အျခားတစ္ဖက္တြင္လည္း ျပည္သူမ်ားလိုလားေတာင့္တသည့္ ဒီမိုကေရစီႏိုင္ငံတည္ေထာင္ရန္ လည္း ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ ၾကပါသည္။
၅။ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးႏွင့္ တရားစီရင္ေရးမ႑ိဳင္ (၃)ရပ္ကို စနစ္တက် တည္ေဆာက္ၿပီး စစ္မွန္ေသာဒီမိုကေရစီစနစ္ ႐ုပ္လုံးေပၚလာေစေရးကို ေဆာင္႐ြက္ခဲ့ၿပီး ၂၀၁၀ႏွင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲမ်ားတြင္ သန႔္ရွင္းၿပီး တရားမွ်တသည့္ေ႐ြးေကာက္ပြဲမ်ား ျဖစ္ေစရန္ တပ္မေတာ္ အေနျဖင့္ က်ရာအခန္းက႑မွအထူးႀကိဳးပမ္း ေဆာင္႐ြက္ေပးခဲ့ပါသည္။ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလတြင္ က်င္းပျပဳလုပ္ခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ ယခင္အႏိုင္ရရွိထားသည့္အစိုးရက ေ႐ြးေကာက္ပြဲဆို္ငရာ မသမာမႈမ်ား၊ မဲမသမာမႈမ်ား ေဆာင္႐ြက္ခဲ့ၿပီး ေ႐ြးေကာက္ပြဲအႏိုင္ရ ေရးမွတစ္ဆင့္ ႏိုင္ငံေတာ္အာဏာကို ဆက္လက္ရရွိေရး ႀကိဳးပမ္းေဆာင္႐ြက္ခဲ့သည့္အတြက္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေရးယဥ္ေက်းမႈႏွင့္အညီ ေစ့စပ္ညႇိႏႈိင္း အေျဖရွာရန္ေဆာင္႐ြက္ခဲ့ ေသာ္လည္း လက္မခံခဲ့ပါ။ သို႔ျဖစ္ရာ “လြတ္လပ္၍ တရားမွ်တၿပီး ပြင့္လင္းျမင္သာေသာ ေ႐ြးေကာက္ပြဲကို စီစဥ္ေဆာင္႐ြက္ရန္ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ပ်က္ကြက္မႈႏွင့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနျဖင့္ ျပႆနာကိုေျဖရွင္းရန္ ျငင္းပယ္မႈတို႔သည္ ႏိုင္ငံေတာ္၏အခ်ဳပ္အျခာ အာဏာကို အဓမၼနည္းျဖင့္ ရယူရန္ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း” ထင္ရွားသျဖင့္ ႏိုင္ငံေတာ္ ယာယီသမၼတက အေရးေပၚအေျခအေန ေၾကညာကာ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ(၂၀၀၈ ခုႏွစ္) ပုဒ္မ ၄၁၇ အရ ႏိုင္ငံေတာ္တာဝန္မ်ားကို တပ္မေတာ္ထံ လႊဲေျပာင္းအပ္ႏွံခဲ့ပါသည္။
၆။ စစ္မွန္၍စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ကို တရားမွ်တမႈအျပည့္ က်င့္သုံး ၿပီး ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္ေရးသည္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ဦးတည္ခ်က္ျဖစ္ပါသည္။ ႏိုင္ငံေတာ္အား ဦးေဆာင္ႏိုင္ မည့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ႏိုင္သည့္ အရည္အခ်င္း ျပည့္ဝေသာ အနာဂတ္ႏိုင္ငံေရးမ်ိဳးဆက္သစ္မ်ား ပ်ိဳးေထာင္ေမြးထုတ္ တာဝန္ေပး ႏိုင္ရန္အတြက္ ယေန႔လက္ရွိႏိုင္ငံေရးအခင္းအက်င္းႏွင့္ လိုက္ေလ်ာညီေထြျဖစ္သည့္ေ႐ြးေကာက္ပြဲ စနစ္ကို က်င့္သုံးေ႐ြးခ်ယ္ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ အမ်ိဳးသားေရးလုပ္ငန္းစဥ္ ၂ ရပ္ျဖစ္သည့္ တိုင္းျပည္သာယာဝေျပာေရးႏွင့္ စားေရရိကၡာဖူလုံေရးကို ဦးစားေပးလုပ္ေဆာင္ခဲ့ကာ ႏိုင္ငံေရးလုပ္ငန္းစဥ္ ၂ ရပ္အျဖစ္ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေစရန္ႏွင့္ ဒီမိုကေရစီစနစ္ႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္သြားရန္ ႀကိဳးပမ္းလ်က္ရွိပါသည္။
၇။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ယခင္ ဒီမိုကေရစီအစိုးရလက္ထက္မ်ား၌ ေဆာင္႐ြက္ခဲ့သည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္း မ်ားႏွင့္ သေဘာတူညီခ်က္မ်ားအျပင္ ယင္းတို႔ႏွင့္ ေဆြးေႏြးဆဲ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရး လုပ္ငန္း ကိစၥရပ္မ်ားကို အရွိန္အဟုန္မျပတ္ ဆက္လက္ေဖာ္ေဆာင္ႏိုင္ရန္၊ အမ်ိဳးသားစည္းလုံး ညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ လုပ္ငန္းစဥ္မ်ားကို ထိေရာက္ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္ေစေရးအတြက္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈဗဟိုေကာ္မတီ၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ လုပ္ငန္းေကာ္မတီ၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ စသည့္ ေကာ္မတီ (၃) ရပ္ကို ဖြဲ႕စည္း ေဆာင္႐ြက္လ်က္ရွိပါသည္။ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီသည္ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕မ်ား၊ NCA လက္မွတ္ ေရးထိုးထားသည့္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ၿငိမ္းခ်မ္းေရး ပိုမိုခိုင္မာေစေရး လုပ္ငန္းစဥ္မ်ား၊ NCA လက္မွတ္မထိုးရေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားကို NCA လက္မွတ္ေရးထိုးႏိုင္ေအာင္ ရည္႐ြယ္လ်က္ ပစ္ခတ္တိုက္ခိုက္မႈ ေလ်ာ့နည္းလာေစေရး၊ ႏွစ္ဖက္ သေဘာတူညီခ်က္မ်ားရရွိေရး စသည့္လုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္လ်က္ရွိပါသည္။
မီဒီယာ၏ အခန္းက႑
၈။ သတင္းဟူသည္ လူတို႔အတြက္အာဟာရတစ္မ်ိဳးျဖစ္ၿပီး သတင္းစာပညာအရ ေကာင္းက်ိဳး လည္း သတင္း၊ ဆိုးျပစ္လည္း သတင္းဟူ၍ ဆိုထားၾကပါသည္။ လူတို႔၏သေဘာသဘာဝအရ ေကာင္းသတင္းလည္း သိလို၊ မေကာင္းသတင္းလည္းသိလို ၾကပါသည္။ ေကာင္းသတင္း အသိသည္ လူတို႔၏ ဦးေႏွာက္အသိပညာဉာဏ္၊ ပိုင္းျခားခ်င့္ခ်ိန္ဉာဏ္၊ ေျမာ္ျမင္ဉာဏ္အတြက္ ခြန္အား ျဖစ္ေစပါသည္။ မေကာင္းသတင္းအသိသည္ ဆန္႔က်င္ဘက္အားကို ျဖစ္ေစပါသည္။ သတင္း အခ်က္အလက္ႏွင့္ပတ္သက္သည့္ ေကာင္းက်ိဳး၊ ဆိုးျပစ္ အေတြးအျမင္ႏွစ္မ်ိဳးအနက္ လူအမ်ား အေပၚ၌ အဆိုးျမင္အေတြးအေခၚမ်ား လႊမ္းမိုးအားေကာင္းလာေအာင္ ဖန္တီးမႈမ်ား ႀကီးထြားလာေသာ ကာလတြင္ မွန္ကန္သည့္သတင္းအခ်က္အလက္သိနားလည္မႈမ်ား ရရွိလာ ေစရန္မွာ မီဒီယာမ်ား၏ သမိုင္းေပးတာဝန္ပင္ျဖစ္ပါသည္။ မီဒီယာသည္ လူမႈနယ္ပယ္ အတြင္း အသိပညာ သတင္းအခ်က္အလက္မ်ားအပါအဝင္ အရာရာကို ပိုမိုသိရွိလာေစသည့္ အခန္း က႑တစ္ခု ျဖစ္ပါသည္။ မီဒီယာ၏ ေကာင္းမြန္ေသာ လုပ္ငန္းမ်ားသည္ သတင္းအမွားမ်ား၊ တရားမွ်တမႈ မရွိျခင္းႏွင့္ လူမႈသေဘာထား ကြဲလြဲမႈမ်ားအား ေရွာင္ရွားေစႏိုင္ရန္ မီးေမာင္းထိုး ျပသျခင္းပင္ ျဖစ္ပါသည္။ မီဒီယာမ်ားႀကိဳးပမ္းအား ထုတ္ျခင္းသည္ အသိပညာေပးမႈ၊ ကမာၻ႔ နယ္ေျမမွ မူဝါဒမ်ား မတူကြဲျပားမႈတို႔ကို အျပဳသေဘာေဆာင္သည့္ ရလဒ္မ်ားျဖစ္လာေရး ပံ့ပိုးကူညီမႈျဖစ္ေစပါသည္။
သတင္းအမွားမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚ စိန္ေခၚမႈမ်ား
၉။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအတြက္ မီဒီယာ၏အခန္းက႑သည္လုံၿခဳံမႈႏွင့္တည္ၿငိမ္ေသာ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို အၿမဲအားေပးေထာက္ျပလ်က္ရွိပါသည္။ သို႔ေသာ္ မီဒီယာသည္ အေကာင္းဆုံး အခန္းက႑ကို မွ်ေဝေပးႏိုင္သည့္အျပင္ သတင္းအမွားမ်ား၊ သတင္းအမွန္ႏွင့္ သေဘာထားကို ကြဲျပားေစေသာ ျပႆနာမ်ားကို ဖန္တီးေစၿပီး ထိုျပႆနာမ်ားသည္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားတြင္ စိန္ေခၚမႈမ်ားျဖစ္ေစပါသည္။ ပဋိပကၡဇုန္မ်ားတြင္ သတင္းအမွားမ်ားႏွင့္ အျမင္မတူညီေသာ သတင္းမ်ားသည္ ပဋိပကၡမ်ားကို ပိုမိုျဖစ္ေစႏိုင္ပါသည္။ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအတြက္ မွန္ကန္ေသာ သတင္းအရင္းအျမစ္ႏွင့္ သတင္းအခ်က္အလက္မ်ားသည္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုထိေရာက္ေစႏိုင္ပါသည္။ လြတ္လပ္သည့္စာနယ္ဇင္းဟုဆိုသည့္ အခ်ိဳ႕ေသာမီဒီယာမ်ားသည္ ဘက္လိုက္မႈ၊ ႏိုင္ငံေရးသြတ္သြင္းမႈမ်ားရွိေနပါသည္။ မီဒီယာကို လက္နက္သဖြယ္ အသုံးခ်မႈမ်ားရွိေနၿပီး တိုင္းျပည္ တစ္ျပည္၏ကံၾကမၼာကို ေျပာင္းလဲသြား ေစႏိုင္ေအာင္ တြန္းအားေပး ေနၾကပါသည္။ သတင္းမီဒီယာမ်ားတြင္ လြတ္လပ္သည့္ စာနယ္ဇင္း မဟုတ္ဘဲ ၎တို႔ ေထာက္ခံအားေပးသည့္ဘက္သို႔ ဘက္လိုက္ျခင္းျဖင့္ တစ္ဖက္ေစာင္းနင္းက်င့္ဝတ္မရွိဘဲ ေရးေန ၾကသည္မ်ားကို ေတြ႕ရွိႏိုင္မည္ျဖစ္ပါသည္။ ျပည္ပမီဒီယာမ်ား၏ သတင္းကိုၾကည့္လွ်င္ ေျမျပင္ရွိ အေျခအေနအခ်က္အလက္မ်ားကို အမွန္တိုင္းမေရးဘဲ ျပည္တြင္းရွိ အတိုက္အခံအဖြဲ႕မွ ေဖာ္ျပ ေရးသားသည့္ အခ်က္အလက္မ်ားကို အေျချပဳကိုးကားၿပီး ၎တို႔ျဖစ္ေစခ်င္သည့္အတိုင္း ပုံေဖာ္ ေရးသားျခင္းမ်ိဳးမ်ားကို အမ်ားအျပားေတြ႕ေနရပါသည္။ သတင္းအမွားမ်ားအား မိမိတို႔မဖတ္မိေစရန္ႏွင့္ မိမိတို႔နယ္ပယ္သို႔ ေရာက္ရွိလာသည့္ သတင္းမွားမ်ားအား ေဝဖန္သုံးသပ္ရမည္ျဖစ္ပါ သည္။ မိမိတို႔အေနျဖင့္ သတင္းျပန္လည္ ျဖန႔္ေဝရာတြင္လည္း Misinformation ၊ Disinformation ၊ Malinformation မ်ားျဖင့္ အစိုးရႏွင့္ ျပည္သူမ်ား၊ အစိုးရႏွင့္ျပည္တြင္း၊ ျပည္ပမွလူမႈ အဖြဲ႕အစည္း မ်ားၾကား ႐ိုက္ခတ္မႈမျဖစ္ေရန္ အထူးသတိထား ၾကရမည္ျဖစ္ပါသည္။ Misinformation သည္ မွားယြင္းသည့္ သတင္းတစ္ခု၊ တလြဲျဖစ္ေစသည့္ သတင္းတစ္ခုအား ရည္႐ြယ္ခ်က္မရွိဘဲ မွ်ေဝ မိလိုက္ျခင္းမ်ိဳးကိုဆိုလိုပါသည္။ Disinformation သည္ တမင္ရည္႐ြယ္ခ်က္ျဖင့္ သတင္းမွား တစ္ခုကို လုပ္ႀကံဖန္တီးကာ အမ်ားျပည္သူ ထိခိုက္နစ္နာေစရန္ ရည္႐ြယ္၍ သတင္းျဖန႔္ေဝလိုက္ျခင္းမ်ိဳးကို ဆိုလိုပါသည္။ အမ်ားျပည္သူ မသိသင့္သည့္ သတင္းအမွန္မ်ားကို တမင္နစ္နာေစရန္ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ျဖန႔္ေဝလိုက္ျခင္းကို Malinformation ဟု ဆိုပါသည္။ သတင္းပုံစံမ်ား မည္သို႔ပင္ ကြဲျပားေစကာမူ လားရာမွာ လူ႔အဖြဲ႕အစည္းကို ထိခိုက္၍ စိုးရိမ္ပူပန္မႈကို ျဖစ္ေပၚေစပါသည္။ “သတင္းအမွားက ကမာၻ ပတ္ေနသည့္ အခ်ိန္တြင္ သတင္းအမွန္က ခရီးစတင္ထြက္ရန္ ဖိနပ္စီးေနဆဲ” ဆိုသည့္ စကားရပ္ လည္းရွိပါသည္။ သတင္း အမွန္ထက္ သတင္းအမွားမ်ားကို Digital Media မ်ားျဖစ္သည့္ Facebook, Tiktok ႏွင့္ Instagram တို႔ျဖင့္ သတင္းကို ဦးဆုံးတင္ကာ မိမိတို႔ ကိုယ္က်ိဳး စီးပြားရွာျခင္းမ်ိဳးကို လုပ္ေဆာင္ေနၾကပါသည္။
ၿငိမ္းခ်မ္းေရးခရီးအတြက္ စိန္ေခၚမႈမ်ား
၁၀။ တပ္မေတာ္အေနျဖင့္ စစ္ဘက္၊အရပ္ဘက္ပူးေပါင္းၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ကိုဖြဲ႕စည္းကာ တာဝန္ထမ္းေဆာင္ခဲ့ပါသည္။ ႏိုင္ငံေတာ္၏တာဝန္ စတင္ထမ္း ေဆာင္ခ်ိန္က တည္းက ေ႐ြးေကာက္ပြဲတစ္ရပ္ ျပန္လည္က်င္းပေပးေရးသည္ အႏၲိမရည္မွန္းခ်က္ျဖစ္ေၾကာင္း တိုင္းသိျပည္သိ ေၾကညာခဲ့ပါသည္။ ယခုကဲ့သို႔ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ၿပီးခ်ိန္တြင္ သာမန္ ဆႏၵျပရာမွ တျဖည္းျဖည္း မင္းမဲ့စ႐ိုက္ဆန္သည့္ ဆူပူလႈပ္ရွားမႈမ်ား ျဖစ္ေပၚလာခဲ့ပါသည္။ အခ်ိဳ႕ အစြန္းေရာက္ပါတီဝင္မ်ား၏ ဦးေဆာင္မႈနဲ႔ လက္နက္ကိုင္ ဆူပူအၾကမ္းဖက္ လုပ္ရပ္မ်ားကို စတင္လုပ္ေဆာင္ခဲ့ၾကပါသည္။ အခ်ိဳ႕လူငယ္မ်ားကို ဝါဒမႈိင္း႐ိုက္သြင္းၿပီး ၿငိမ္းခ်မ္းေရးကို မလိုလားသည့္ ႏိုင္ငံေတာ္အေပၚ သေဘာထားမမွန္ေသာ လက္နက္ကိုင္အဖြဲ႕ အခ်ိဳ႕ထံတြင္ အၾကမ္းဖက္ စစ္သင္တန္းမ်ား သြားေရာက္သင္ၾကားေစခဲ့ၿပီး PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕ မ်ားကို ဖြဲ႕စည္းခဲ့ၾကပါသည္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားထဲမွ NCA ကိုလက္မွတ္ မေရးထိုးရေသးသည့္ အဖြဲ႕မ်ားသာမက NCA လက္မွတ္ေရးထိုးထားသည့္ အခ်ိဳ႕ EAO မ်ားသည္ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ပူးေပါင္းကာ အမ်ားျပည္သူသုံး လမ္း၊တံတားမ်ား၊ လွ်ပ္စစ္ တာဝါတိုင္မ်ားအား မိုင္းေထာင္ေဖာက္ခြဲျခင္း၊ လူေနၿမိဳ႕႐ြာမ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္း၊ အျပစ္မဲ့ျပည္သူမ်ားကို သတ္ျဖတ္ျခင္း၊ အတင္းအဓမၼ တပ္သားသစ္စုေဆာင္းျခင္းႏွင့္ ႏိုင္ငံပိုင္ ပစၥည္းကိရိယာမ်ားအား ဖ်က္ဆီးျခင္း၊ တပ္မေတာ္စစ္စခန္းမ်ားအား တိုက္ခိုက္ျခင္း စသည့္ အၾကမ္းဖက္မႈမ်ားကို က်ဴးလြန္လ်က္ရွိပါသည္။ ႏိုင္ငံတစ္ဝန္း လူသတ္၊ ဗုံးေထာင္၊ ဗုံးခြဲ၊ အေၾကာင္းမဲ့ပစ္ခတ္မႈမ်ား လုပ္ေဆာင္ခဲ့ၿပီး ျပည္သူလူထုအား ေျခာက္လွန႔္ေနၾကသည္မွာ ယေန႔ ခ်ိန္ထိပင္ျဖစ္ပါသည္။ အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ ေဝးရာအရပ္သို႔ ေရွာင္တိမ္းရန္ မတတ္ႏိုင္သည့္ ျပည္သူမ်ားအေနျဖင့္ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားရမႈမ်ားသာမက စိုးရိမ္ ပူပန္မႈ၊ ေၾကာက္႐ြံ႕မႈ မ်ားကဲ့သို႔ေသာ စိတ္ပိုင္းဆိုင္ရာခံစားရမႈမ်ားပါ တစ္ၿပိဳင္တည္း ႀကဳံေတြ႕ခံစား ေနၾက ရပါသည္။ ထိုေဒသရွိ ျပည္သူမ်ာအးေနျဖင့္ လူမႈစီးပြားေရး၊ က်န္းမာေရးႏွင့္ ပညာေရးစနစ္မ်ား ပ်က္စီးကာ ဆင္းရဲမႈမ်ား ျဖစ္ပြားလ်က္ရွိပါသည္။ အခ်ိဳ႕ေသာ လက္နက္ကိုင္ အဖြဲ႕မ်ားအေနျဖင့္ ယခုကဲ့သို႔ ႏိုင္ငံတစ္ဝန္း မတည္မၿငိမ္ျဖစ္ေနျခင္းကို အခြင့္အေရးအျဖစ္ ဖန္တီးၿပီး နယ္ေျမခ်ဲ႕ထြင္ သိမ္းပိုက္ရန္ ႀကိဳပမ္းလာၾကမႈမ်ားကိုလည္း ေတြ႕ရွိရပါသည္။
၁၁။ ဒီမိုကေရစီအေရး၊ တိုင္းရင္းသားအေရးဟုဆိုေသာ္လည္း ပကတိအေျခအေနတြင္ ျပည္တြင္း ေသာင္းက်န္းမႈမ်ားကို ဦးတည္ေဆာင္႐ြက္ေနၾကျခင္းျဖစ္ၿပီး စစ္ေရးအရ မျဖစ္မေန ေျဖရွင္းရမည့္ အေျခအေနမ်ားအား ဖန္တီးေနၾကျခင္းျဖစ္ပါသည္။ ႏိုင္ငံတစ္ႏိုင္ငံအတြင္း လက္နက္ကိုင္အဖြဲ႕မ်ားစြာ တပ္မေတာ္ႏွင့္အၿပိဳင္ရွိေနျခင္းသည္ ျပည္တြင္းလုံၿခဳံေရးအတြက္ အလြန္ႀကီးမားသည့္ အႏၲရာယ္ျဖစ္ၿပီး စစ္မွန္ေသာ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ရာတြင္ အဟန႔္အတား ျဖစ္ေစပါသည္။ အၾကမ္းဖက္ေသာင္းက်န္းသူမရွိပါက ႏိုင္ငံေရးအရ မည္သည့္စနစ္ျဖင့္ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္သည္ျဖစ္ေစ စစ္မွန္သည့္ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္မည္ ျဖစ္ပါသည္။ ႏိုင္ငံေရးအား ႏိုင္ငံေတာ္တည္ေဆာက္ေရးဟု ေယဘုယ်အားျဖင့္ လက္ခံထားၾက ေသာ္လည္း ႏိုင္ငံေတာ္တည္ေဆာက္ရာတြင္ အဖ်က္သေဘာေဆာင္ေန ၾကသည့္ အၾကမ္းဖက္မႈ မ်ားအား တပ္မေတာ္မွ အမ်ိဳးသားေရးတာဝန္တစ္ရပ္အေနျဖင့္ ကာကြယ္တားဆီးရမည္ ျဖစ္ပါသည္။
ေရရွည္တည္တံ့ခိုင္ၿမဲသည့္ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံတကာ၏ အေရးပါမႈ
၁၂။ ျမန္မာႏိုင္ငံတြင္ လက္နက္ကိုင္ပဋိပကၡသည္ လြတ္လပ္ေရးႏွင့္အတူ ေပါက္ဖြားလာခဲ့ျခင္း ျဖစ္ၿပီး ရႈပ္ေထြးနက္နဲေသာ ေနာက္ခံႏိုင္ငံေရးအေၾကာင္းတရားမ်ားစြာ တည္ရွိေနပါသည္။ ေခတ္အဆက္ဆက္ အစိုးရအဆက္ဆက္ ေျဖရွင္းႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေသာ္လည္း ယေန႔ အခ်ိန္အထိ ၿငိမ္းခ်မ္းႏိုင္ျခင္းမရွိေသးပါ။ လက္နက္ကိုင္ပဋိပကၡဒဏ္ကို ႏွစ္ေပါင္းမ်ားစြာ ထိခိုက္ခံစားခဲ့ရသျဖင့္ တိုင္းရင္းသား ေဒသတြင္းရွိ တိုင္းရင္းသားျပည္သူမ်ား၏ စိတ္ပိုင္းဆိုင္ရာ ယုံၾကည္မႈ ခိုင္မာလာေစရန္ႏွင့္ ေရရွည္ တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရး၏ အက်ိဳးရလဒ္မ်ားကို သိျမင္ခံစားနားလည္လာႏိုင္ေစရန္တို႔အတြက္ ျပည္သူလူထုအတြင္း ၿငိမ္းခ်မ္းေရးအသိပညာေပး ေဆာင္႐ြက္ရန္ လိုအပ္ပါသည္။
၁၃။ လက္ရွိႏိုင္ငံေတာ္အစိုးရအေနျဖင့္ လြတ္လပ္၍တရားမွ်တေသာ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကို အျမန္ဆုံးက်င္းပၿပီး ေ႐ြးေကာက္ပြဲရလဒ္အတိုင္းထြက္ေပၚလာသည့္ အစိုးရသစ္တစ္ရပ္ထံ ႏိုင္ငံေတာ္တာဝန္မ်ား အျမန္ဆုံး လႊဲအပ္ႏိုင္ေရးကိုလည္း အစဥ္တစ္စိုက္ ႀကိဳးပမ္းလ်က္ရွိပါသည္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ မလာေရာက္ေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းအားလုံးကို မည္သည့္အေျခအေနမ်ိဳးတြင္မဆို ႀကိဳတင္ကန႔္သတ္ခ်က္ မထားဘဲ အခ်ိန္မေ႐ြး လာေရာက္ေဆြးေႏြးရန္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီမွ တံခါးဖြင့္ႀကိဳဆိုလ်က္ ရွိပါသည္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ လာေရာက္ေတြ႕ဆုံခ်ိန္တြင္ EAO မ်ားအေနျဖင့္ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးရရွိေရး အတြက္ ရည္႐ြယ္၍ မည္သည့္ေဆြးေႏြးမႈ၊ ေတာင္းဆိုမႈကိုမဆို အေသးစိတ္နားေထာင္ၿပီး ျဖစ္သင့္သည့္ကိစၥ၊ ျဖစ္ႏိုင္သည့္ကိစၥမ်ားအား ျဖည့္ဆည္း ေဆာင္႐ြက္ေပးရန္ သေဘာထားရွိၿပီး အခ်ိန္ရယူရမည့္ကိစၥမ်ား၊ အေျခအေနေပၚမူတည္သည့္ ကိစၥရပ္မ်ားအား စနစ္တက် ရွင္းျပ ေဆြးေႏြး၍ ဆက္လက္ေတြ႕ဆုံေဆြးေႏြးမႈမ်ားကိုလည္း ျပဳလုပ္သြားရန္ အမ်ိဳးသားစည္းလုံး ညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီမွ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္ သြားမည္ျဖစ္ပါသည္။
၁၄။ ပဋိပကၡေဒသမ်ားတြင္ ဆင္းရဲဒုကၡခံရေသာ ျပည္သူမ်ား အထူးသျဖင့္ ကေလးမ်ား၊ အမ်ိဳးသမီးမ်ား၊ သက္ႀကီး႐ြယ္အိုမ်ားအား ကြဲျပားျခားနားေသာ လုံၿခဳံေရး၊ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ ပညာေရးႏွင့္ လူ႔အခြင့္အေရး အေထာက္အပံ့မ်ား အျပည့္အဝ ရရွိရန္လိုအပ္ ပါသည္။ အဆိုပါဆင္းရဲဒုကၡမ်ားကို ထိန္းေက်ာင္းေပးရန္အတြက္ ႏိုင္ငံေတာ္ အစိုးရသည္ အဓိက တာဝန္ရွိသည္ဆိုေသာ္လည္း ႏိုင္ငံေတာ္အစိုးရက ေထာက္ပံ့ေပးေနမႈမ်ားကို အဟန႔္အတား မျဖစ္ေစေရး အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံတကာအသိုင္းအဝိုင္းမ်ား၏ ပူးေပါင္း ေဆာင္႐ြက္မႈမ်ားကလည္း အေရးႀကီးပါသည္။ လူမႈအဖြဲ႕အစည္းမ်ား၏ ကူညီမႈမ်ားမွ တစ္ဆင့္ ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးစနစ္ တိုးတက္ေစရန္ စိတ္က်န္းမာေရးဆိုင္ရာႏွင့္ လူမႈ စီးပြားဘဝ ကာကြယ္ရန္တို႔အတြက္ ႏိုင္ငံေရးပြင့္လင္းမႈ၊ အနာဂတ္ၿငိမ္းခ်မ္းေရးအား ေဖာ္ေဆာင္မႈ မ်ားျဖင့္ ကမာၻ႔လုံၿခဳံေရးကို ျမႇင့္တင္ေပးႏိုင္မည္ျဖစ္ပါသည္။
၁၅။ ႏိုင္ငံေတာ္အစိုးရသည္ ၿငိမ္းခ်မ္းေရးအတြက္ စိန္ေခၚမႈမ်ားအား ရင္ဆိုင္ေျဖရွင္းရာတြင္ ႏိုင္ငံတကာႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းသည္လည္း အေရးႀကီးသည့္ အခန္းက႑တစ္ခု အျဖစ္ပါဝင္ေနပါသည္။ လက္ရွိ ျမန္မာႏိုင္ငံအေနျဖင့္ လြတ္လပ္၍တက္ႂကြၿပီး ဘက္မလိုက္ေသာ ႏိုင္ငံျခားေရးမူဝါဒကို က်င့္သုံးလ်က္ရွိပါသည္။ ထို႔အျပင္ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး မူႀကီး ၅ ရပ္အေပၚတြင္ အေျခခံၿပီး ႏိုင္ငံအားလုံးႏွင့္ မိတ္ဝတ္မပ်က္ ဆက္ဆံေရးမူဝါဒကို က်င့္သုံးၿပီး အိမ္နီးခ်င္း ႏိုင္ငံမ်ားႏွင့္ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ ႏိုင္ငံတကာ ဆက္ဆံေရး ကိစၥရပ္မ်ားအေပၚ အထူး အေလးထား လုပ္ေဆာင္လ်က္ရွိပါသည္။ အိႏၵိယႏွင့္ ျမန္မာႏိုင္ငံသည္ အျပန္အလွန္ ယုံၾကည္မႈႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈအေပၚအေျခခံၿပီး ေႏြးေထြးေသာ ဆက္ဆံေရး ရွိသည့္ႏိုင္ငံမ်ား ျဖစ္ပါ သည္။ အိႏၵိယႏိုင္ငံ၏ လူ႔ယဥ္ေက်းမႈဆိုင္ရာ က်င့္ဝတ္မ်ားႏွင့္အညီ India Council of World Affairs (ICWA) သည္ အိႏၵိယ-ျမန္မာ အျပန္အလွန္အက်ိဳးရွိေစရန္ အသိပညာႏွင့္ အေတြ႕အႀကဳံမ်ားမွ်ေဝေဆာင္႐ြက္ေပးႏိုင္ေရး ရည္႐ြယ္၍ ပထမအႀကိမ္ Constitutionalism and Federalism ေဆြးေႏြးပြဲကို ျမန္မာႏိုင္ငံ၊ ရန္ကုန္ႏွင့္ ေနျပည္ေတာ္ တို႔တြင္ ၂၀၂၃ ခုႏွစ္၊ ဇြန္လ ပထမပတ္အတြင္း က်င္းပျပဳလုပ္ခဲ့ၿပီး ဒုတိယအႀကိမ္ ေဆြးေႏြးပြဲကို ၂၀၂၄ ခုႏွစ္၊ ႏိုဝင္ဘာ ပထမပတ္တြင္ အိႏၵိယႏိုင္ငံ၊ နယူးေဒလီၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။ ေဆြးေႏြးပြဲတြင္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒႏွင့္အညီ ဗဟိုအစိုးရႏွင့္ ျပည္နယ္/တိုင္းေဒသႀကီး အစိုးရတို႔အၾကား အာဏာခြဲေဝမႈ၊ တာဝန္ယူမႈ၊ တာဝန္ခံမႈကိစၥရပ္မ်ားကို က်ယ္က်ယ္ျပန႔္ျပန္ ေဆြးေႏြးခဲ့ၾကပါသည္။
နိဂုံး
၁၆။ မ်က္ေမွာက္ကာလတြင္လည္း ႏိုင္ငံတစ္ႏိုင္ငံ၏ကံၾကမၼာကို ေျပာင္းလဲသြားေအာင္ ႀကိဳးစားအားထုတ္ေနၾကသည့္ သတင္းသမားမ်ား၊ သတင္းဌာနမ်ားရွိေနဆဲပင္ ျဖစ္ပါသည္။ ယခုအခါ အခ်ိဳ႕ ျပင္ပမီဒီယာမ်ား၏ အျပဳသေဘာမေဆာင္ အေကာင္းမျမင္သည့္ သေဘာထား မ်ားကို ျပည္သူမ်ားအေနျဖင့္ နားလည္လာၾကၿပီလည္းျဖစ္ပါသည္။ ဆက္လက္ၿပီး ေန႔စဥ္ႏွင့္အမွ် ထုတ္လႊင့္ေနေသာ မဟုတ္မမွန္သတင္း၊ ႏိုင္ငံႏွင့္လူမ်ိဳးတို႔အေပၚ သစၥာမဲ့ေသာ လူတခ်ိဳ႕၏ လုပ္ႀကံသတင္း၊ အျပစ္မဲ့ျပည္သူမ်ား၏ ဘဝအိုးအိမ္မ်ားအား ပ်က္စီးရာပ်က္စီးေၾကာင္းသတင္း၊ အၾကမ္းဖက္အဖ်က္သမားအား အားေပးေသာ သတင္း၊ ထင္ေယာင္ထင္မွား စိုးရိမ္ပူပန္ေစေသာ သတင္းမ်ားကို ျပည္သူမ်ားအေနျဖင့္ ခြဲျခားနားလည္လာၾကၿပီျဖစ္ပါသည္။ ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ဆိုင္ရာ ရည္မွန္းခ်က္မ်ားကို အဓိကအေလးထား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ ေနသည့္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီသည္ ျမန္မာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ကိုင္တြယ္ရာတြင္ သက္ဆိုင္သူအားလုံးအၾကား ေဆြးေႏြးမႈ၊ ပါဝင္မႈ ႏွင့္ ယုံၾကည္မႈတည္ေဆာက္ေရးကို ဦးစားေပးသည့္ ဘက္ေပါင္းစုံမွ ခ်ဥ္းကပ္မႈမ်ားျဖင့္ ေတြ႕ဆုံေဆြးေႏြး အေျဖရွာျခင္း နည္းလမ္းကို အသုံးျပဳလ်က္ရွိပါသည္။ ေတြ႕ဆုံေဆြးေႏြးအေျဖရွာ ျခင္းသည္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္ေရးအတြက္ အေျခခံ အုတ္ျမစ္ ျဖစ္သည္ဆိုသည့္အတိုင္း ၿငိမ္ခ်မ္းေရးေတြ႕ဆုံေဆြးေႏြးပြဲမ်ားသာမက ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဆိုင္ရာျပန္လည္သုံးသပ္ျခင္းဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲႏွင့္ လုံၿခဳံေရး က႑ ျပန္လည္ေပါင္းစည္းျခင္းဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲမ်ား (Peace Process Review)၊ “Security Integration ႏွင့္ Confidence Building” ဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ ေစ့စပ္ ညႇိႏႈိင္းျခင္းမ်ားႏွင့္ၾကားဝင္ ဖ်န္ေျဖျခင္းဆိုင္ရာေဆြးေႏြးပြဲမ်ားကိုပါ က်င္းပျပဳလုပ္လ်က္ရွိပါသည္။ ထို႔အျပင္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ (NSPNC) အေနျဖင့္ သတင္းမွန္ သိရွိႏိုင္ေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဆိုင္ရာ လုပ္ေဆာင္ခ်က္ မ်ားကိုအမ်ားျပည္သူထံသို႔ https://nspnc.gov. mm/ ၊ https://nca.gov.mm/ ႏွင့္ https://infosheet.org/ သတင္းဌာန (website)မ်ားမွ တစ္ဆင့္ ေန႔စဥ္အခ်ိန္ႏွင့္တစ္ေျပးညီ သတင္းစကား ျဖန႔္ေဝလ်က္ ရွိပါသည္။
၁၇။ ျမန္မာႏိုင္ငံ၏ အနာဂတ္ကာလတြင္ လက္နက္ကိုင္ပဋိပကၡမ်ား အားလုံး ခ်ဳပ္ၿငိမ္းၿပီး တည္ၿငိမ္ေအးခ်မ္း၍ ဖြံ႕ၿဖိဳးတိုးတက္သည့္ ႏိုင္ငံတစ္ခုအျဖစ္ တည္ေဆာက္ႏိုင္ေရးသည္ ယေန႔ ႏိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္ႏွင့္ ျပည္သူလူထုမ်ား၏ ေမွ်ာ္လင့္ခ်က္၊ ရည္မွန္းခ်က္မ်ားပင္ ျဖစ္ပါသည္။ လက္နက္ကိုင္ပဋိပကၡခ်ဳပ္ၿငိမ္းေရးသည္ ပထမဦးစားေပးျဖစ္ေၾကာင္း အမ်ိဳးသား စည္းလုံးညီ ၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ(NSPNC) က ေလးနက္စြာ ခံယူထား ပါသည္။ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးရလဒ္ကို ရယူႏိုင္ရန္ ပဋိပကၡတြင္ ပါဝင္ေနၾက သည့္ အဖြဲ႕မ်ားအေနျဖင့္ လုပ္ငန္းစဥ္အေပၚ ယုံၾကည္မႈတည္ေဆာက္ႏိုင္ရန္ အေရးႀကီးဆုံး ျဖစ္ပါသည္။ ယုံၾကည္မႈတည္ေဆာက္ႏိုင္ျခင္းအတြက္ စိန္ေခၚမႈမ်ားရွိၿပီး စစ္ေရး၊ ႏိုင္ငံေရး၊ ယဥ္ေက်းမႈႏွင့္ လုံၿခဳံေရးက႑မ်ားတြင္ ယုံၾကည္မႈတည္ေဆာက္ျခင္း လုပ္ငန္းစဥ္မ်ားကို လုပ္ေဆာင္ျခင္းသည္သာလွ်င္ ပဋိပကၡကို ေျပလည္ေစမည့္ ေစ့စပ္ညႇိႏႈိင္းျခင္းမ်ား စတင္ရန္ အဓိကအခ်က္ျဖစ္ပါသည္။ ICWA သည္ ျမန္မာႏိုင္ငံအတြင္းရွိ ပဋိပကၡျဖစ္ပြားေနသည့္အဖြဲ႕မ်ား၏ ကိုယ္စားလွယ္မ်ားအၾကား သံတမန္ေရးရာႏွင့္ သတင္း အခ်က္အလက္ ဖလွယ္ျခင္းမ်ား ေဆာင္႐ြက္ေပးႏိုင္မည့္ ႏိုင္ငံတကာ ေလ့လာေရးက႑တြင္ ဩဇာရွိသည့္ အဖြဲ႕အစည္းတစ္ခု ျဖစ္ေၾကာင္းယုံၾကည္ပါသည္။ ICWA သည္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ စားပြဲဝိုင္း ေဆြးေႏြးပြဲမ်ား(Informal ၊ Formal)၊ အလုပ္႐ုံ ေဆြးေႏြးပြဲမ်ား (Workshop or Seminar)၊ ျမန္မာ့အေရးေဆြးေႏြးပြဲမ်ားကို ASEAN ႏိုင္ငံမ်ား၊ အိမ္နီးခ်င္းႏိုင္ငံမ်ားမွ ကိုယ္စားလွယ္မ်ား ပါဝင္ေစၿပီး အသိပညာဆိုင္ရာမ်ား၊ နားလည္မႈျမႇင့္တင္ ေရးႏွင့္ အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈ နယ္ပယ္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရး ဆက္လက္ ေဆာင္႐ြက္ေပးႏိုင္မည္ဟု ယုံၾကည္ေမွ်ာ္လင့္ရင္း ပါဝင္ပတ္သက္သူ အဖြဲ႕အစည္းမ်ားအားလုံးက ျမန္မာႏိုင္ငံ၏ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးရရွိေရးကို ဝိုင္းဝန္တည္ေဆာက္ ေဖာ္ေဆာင္ႏိုင္ပါေစေၾကာင္း ဆႏၵျပဳေရးသားလိုက္ရပါသည္။
အတြင္းေရးမႉး
အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ