ငလျင်ကြောင့် ဘိလပ်မြေစက်ရုံများမှ ပျက်စီးဆုံးရှုံးခဲ့သည့် စက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းရန် လိုအပ်ပါက တင်သွင်းခွင့်ရရန် အစိုးရ ကူညီပေးမည်

 5479

Pearl (NP News) - ဧပြီ ၇

ငလျင်ကြောင့် ဘိလပ်မြေစက်ရုံများမှ ပျက်စီးဆုံးရှုံးခဲ့သည့် စက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းရန် လိုအပ်ပါက တင်သွင်းခွင့်ရရန် ကူညီပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ၊ ပြည်ထောင်စုကြီး ဒေါက်တာချာလီသန်းက ပြောသည်။


စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ယမန်နေ့ (ဧပြီလ ၆ရက်) တွင် နေပြည်တော်ရှိ ဘိလပ်မြေ စက်ရုံ(တောင်ဖီလာ)သို့ သွားရောက်စဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


အဆိုပါစက်ရုံ(တောင်ဖီလာ)သို့ ရောက်ရှိစဉ် ငလျင်ဒဏ်ကြောင့် စက်ရုံ ပျက်စီးခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အလွန် ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့၍ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက် ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘိလပ်မြေစက်ရုံများ၏ အခန်း ကဏ္ဍသည် လွန်စွာအရေးကြီး ကြောင်း ဒေါက်တာချာလီသန်းက ဆိုသည်။

ထို့ကြောင့် စက်ရုံပြန်လည် လည်ပတ် နိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်ကြရန် နှင့် စက်ရုံပြုပြင် ရေးနှင့် ပတ်သက်၍ အခြားလိုအပ် ချက်များရှိပါကလည်း ပွင့်ပွင့် လင်းလင်း တင်ပြပေးသွားရန် ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ပျက်စီးဆုံးရှုံးခဲ့သည့် စက်ပစ္စည်းများနှင့် ပတ်သက်၍ ပြည်ပမှ တင်သွင်းရန် လိုအပ်ပါက ပြည်ပမှ တင်သွင်းခွင့်ရရှိရေး အတွက် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး စက်ရုံအတွင်း အန္တရာယ်ရှိသည့် အဆောက်အအုံ နေရာများတွင် သတိပေး ဆိုင်းဘုတ်များ ချိတ်ဆွဲထားရန် ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ဘိလပ္ေျမစက္႐ုံမ်ားမွ ပ်က္စီးဆုံးရႈံးခဲ့သည့္ စက္ပစၥည္းမ်ားကို ျပည္ပမွ တင္သြင္းရန္ လိုအပ္ပါက တင္သြင္းခြင့္ရရန္ အစိုးရ ကူညီေပးမည္

Pearl (NP News) - ဧၿပီ ၇

ငလ်င္ေၾကာင့္ ဘိလပ္ေျမစက္႐ုံမ်ားမွ ပ်က္စီးဆုံးရႈံးခဲ့သည့္ စက္ပစၥည္းမ်ားကို ျပည္ပမွ တင္သြင္းရန္ လိုအပ္ပါက တင္သြင္းခြင့္ရရန္ ကူညီေပးမည္ျဖစ္ေၾကာင္း စက္မႈဝန္ႀကီးဌာန ၊ ျပည္ေထာင္စုႀကီး ေဒါက္တာခ်ာလီသန္းက ေျပာသည္။


စက္မႈဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ယမန္ေန႔ (ဧၿပီလ ၆ရက္) တြင္ ေနျပည္ေတာ္ရွိ ဘိလပ္ေျမ စက္႐ုံ(ေတာင္ဖီလာ)သို႔ သြားေရာက္စဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။


အဆိုပါစက္႐ုံ(ေတာင္ဖီလာ)သို႔ ေရာက္ရွိစဥ္ ငလ်င္ဒဏ္ေၾကာင့္ စက္႐ုံ ပ်က္စီးခဲ့မႈ အေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးၿပီး အလြန္ ျပင္းထန္သည့္ ငလ်င္လႈပ္ခတ္ခဲ့၍ ပ်က္စီးဆုံးရႈံးမႈမ်ားႏွင့္ ပတ္သက္ ၿပီး ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ဘိလပ္ေျမစက္႐ုံမ်ား၏ အခန္း က႑သည္ လြန္စြာအေရးႀကီး ေၾကာင္း ေဒါက္တာခ်ာလီသန္းက ဆိုသည္။

ထို႔ေၾကာင့္ စက္႐ုံျပန္လည္ လည္ပတ္ ႏိုင္ေရး အင္တိုက္အားတိုက္ ေဆာင္႐ြက္ၾကရန္ ႏွင့္ စက္႐ုံျပဳျပင္ ေရးႏွင့္ ပတ္သက္၍ အျခားလိုအပ္ ခ်က္မ်ားရွိပါကလည္း ပြင့္ပြင့္ လင္းလင္း တင္ျပေပးသြားရန္ ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ ပ်က္စီးဆုံးရႈံးခဲ့သည့္ စက္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ ျပည္ပမွ တင္သြင္းရန္ လိုအပ္ပါက ျပည္ပမွ တင္သြင္းခြင့္ရရွိေရး အတြက္ လိုအပ္ခ်က္မ်ားကို ကူညီေဆာင္႐ြက္ေပးသြားမည္ ျဖစ္ၿပီး စက္႐ုံအတြင္း အႏၲရာယ္ရွိသည့္ အေဆာက္အအုံ ေနရာမ်ားတြင္ သတိေပး ဆိုင္းဘုတ္မ်ား ခ်ိတ္ဆြဲထားရန္ ေဒါက္တာခ်ာလီသန္းက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.