မန္တလေး ငလျင်ကြီးဟု သတ်မှတ် ခေါ်ဝေါ် သုံးစွဲမည်ဖြစ်ကြောင်း နစက အသိပေး

 3511

ပီယ (NP News) - ဧပြီ ၇

ပြီးခဲ့သည့် မတ်လ ၂၈ ရက်က အင်အား ရစ်ချ်တာစကေး ၇ ဒဿမ ၇ ပြင်းအားဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ကြီးကို မန္တလေး ငလျင်ကြီးဟု သတ်မှတ်၊ သုံးစွဲမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ​ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (ဧပြီလ ၇ ရက်) တွင် ထုတ်ပြန်ပြောကြားသည်။

ဧပြီလ ၇ ရက်အထိ ယင်းငလျင်ကြီးကြောင့် သေဆုံးသူ စုစုပေါင်း ၃၆၀၀ ဦး၊ ဒဏ်ရာရသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးသူ ၁၆၀ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

"အင်အား ရစ်ချ်တာစးကေး ၇ ဒဿမ ၇ အဆင့်ရှိတဲ့ ငလျင်ကြီးနဲ့ပတ်သက်ပြီးတော့ မှတ်တမ်းပြုစုရာမှာ၊ နောက်တစ်ခုကတော့ ဖော်ပြချက်တွေ ဖော်ပြရာမှာ၊ ရည်ညွှန်းပြောဆိုရာမှာ တူညီလွယ်ကူစေရန် အတွက် မန္တလေးငလျင်ကြီးဟု သတ်မှတ်၊ ခေါ်ဝေါ် သုံးစွဲသွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

မီဒီယာအနေဖြင့်လည်း ခေါ်ဝေါ်၊ ရေးသားရာတွင် မန္တလေးငလျင်ကြီးဟု ပြောင်းလဲ၊ ခေါ်ဝေါ် ရေးသားကြရန် မေတ္တာရပ်ခံလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

Zawgyi Version:
ပီယ (NP News) - ဧပြီ ၇

ပြီးခဲ့သည့် မတ်လ ၂၈ ရက်က အင်အား ရစ်ခ်ျတာစကေး ၇ ဒဿမ ၇ ပြင်းအားဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ကြီးကို မန္တလေး ငလျင်ကြီးဟု သတ်မှတ်၊ သုံးစွဲမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ​ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (ဧပြီလ ၇ ရက်) တွင် ထုတ်ပြန်ပြောကြားသည်။


"အင်အား ရစ်ခ်ျတာစးကေး ၇ ဒဿမ ၇ အဆင့်ရှိတဲ့ ငလျင်ကြီးနဲ့ပတ်သက်ပြီးတော့ မှတ်တမ်းပြုစုရာမှာ၊ နောက်တစ်ခုကတော့ ဖော်ပြချက်တွေ ဖော်ပြရာမှာ၊ ရည်ညွှန်းပြောဆိုရာမှာ တူညီလွယ်ကူစေရန် အတွက် မန္တလေးငလျင်ကြီးဟု သတ်မှတ်၊ ခေါ်ဝေါ် သုံးစွဲသွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။


Picture

Aung Aung

08/04/2025 10:36

ယောက်ျားလား ? မိန်းမလား ? 😆

Related news

© 2021. All rights reserved.