ဂါဇာမှာ ရွှေ့ပြောင်းတာတွေနဲ့ နယ်မြေသိမ်းပိုက်မှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်လို့ ပြင်သစ်သမ္မတ ပြော

 227

Pika (NP News) - ဧပြီ ၈

ဂါဇာကမ်းမြောင်ဒေသနဲ့ အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းခြေတို့မှာ ပါလက်စတိုင်းပြည်သူတွေကို ရွှေ့ပြောင်းတာမျိုး ဒါမှမဟုတ် နယ်မြေသိမ်းပိုက်တာမျိုးတွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်တယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မက်ခရွန်ဟာ ဧပြီလ(၇)ရက်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို အလည်အပတ်ရောက်ရှိနေစဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ မက်ခရွန်က"ပါလက်စတိုင်းပြည်သူတွေကို ရွှေ့ပြောင်းတာတွေ၊ ဂါဇာနဲ့အနောက်ဘက်ကမ်းခြေနှစ်ခုစလုံးမှာ နယ်မြေသိမ်းပိုက်တာမျိုးတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်။ဒါဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တာဖြစ်ပြီး အစ္စရေးအပါအဝင် ဒေသတွင်းတစ်ခုလုံးရဲ့ လုံခြုံရေးအပေါ် ပြင်းထန်တဲ့ခြိမ်းခြောက်မှုတွေကို ဖြစ်ပေါ်လာစေမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်ဟာ ဂါဇာကမ်းမြောင်ဒေဿကို အုပ်ချုပ်ရာမှာ ပါဝင်ခွင့်မရှိသင့်ကြောင်းနဲ့ အာရပ်နိုင်ငံတွေက ထောက်ခံထားတဲ့ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည် ဆောက်ရေးအစီအစဉ်ကို ထောက်ခံတယ်လို့ မက်ခရွန်ကပြောကြားခဲ့ပါတယ်။ မက်ခရွန်က"ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးမှာ လက်တွေ့ကျတဲ့ လမ်းကြောင်းကို ပံ့ပိုးပေးမယ့် ဒီအစီအစဉ်အတွက် အီဂျစ်ရဲ့ အရေးကြီးတဲ့ လုပ်ဆောင်မှုတွေကို ကျွန်တော်ထောက်ခံပါတယ်။ပြီးတော့ ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသအုပ်ချုပ်ရေးမှာ အခန်းကဏ္ဍမရှိသင့်သလို အစ္စရေးအတွက် ခြိမ်းခြောက်မှုတစ်ခုလည်း မဖြစ်သင့်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ဂါဇာမွာ ေ႐ႊ႕ေျပာင္းတာေတြနဲ႔ နယ္ေျမသိမ္းပိုက္မႈေတြကို ဆန႔္က်င္ကန႔္ကြက္တယ္လို႔ ျပင္သစ္သမၼတ ေျပာ
Pika (NP News) - ဧၿပီ ၈

ဂါဇာကမ္းေျမာင္ေဒသနဲ႔ အစၥေရးသိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္းေျခတို႔မွာ ပါလက္စတိုင္းျပည္သူေတြကို ေ႐ႊ႕ေျပာင္းတာမ်ိဳး ဒါမွမဟုတ္ နယ္ေျမသိမ္းပိုက္တာမ်ိဳးေတြကို ျပင္းျပင္းထန္ထန္ဆန႔္က်င္ကန႔္ကြက္တယ္လို႔ ျပင္သစ္သမၼတမက္ခ႐ြန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

မက္ခ႐ြန္ဟာ ဧၿပီလ(၇)ရက္က အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕ကို အလည္အပတ္ေရာက္ရွိေနစဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ မက္ခ႐ြန္က"ပါလက္စတိုင္းျပည္သူေတြကို ေ႐ႊ႕ေျပာင္းတာေတြ၊ ဂါဇာနဲ႔အေနာက္ဘက္ကမ္းေျခႏွစ္ခုစလုံးမွာ နယ္ေျမသိမ္းပိုက္တာမ်ိဳးေတြကို ကြၽန္ေတာ္တို႔ ျပင္းျပင္းထန္ထန္ဆန႔္က်င္ပါတယ္။ဒါဟာ ႏိုင္ငံတကာဥပေဒကိုခ်ိဳးေဖာက္တာျဖစ္ၿပီး အစၥေရးအပါအဝင္ ေဒသတြင္းတစ္ခုလုံးရဲ႕ လုံၿခဳံေရးအေပၚ ျပင္းထန္တဲ့ၿခိမ္းေျခာက္မႈေတြကို ျဖစ္ေပၚလာေစမွာပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ဟားမက္ဟာ ဂါဇာကမ္းေျမာင္ေဒႆကို အုပ္ခ်ဳပ္ရာမွာ ပါဝင္ခြင့္မရွိသင့္ေၾကာင္းနဲ႔ အာရပ္ႏိုင္ငံေတြက ေထာက္ခံထားတဲ့ ဂါဇာကမ္းေျမာင္ေဒသ ျပန္လည္တည္ ေဆာက္ေရးအစီအစဥ္ကို ေထာက္ခံတယ္လို႔ မက္ခ႐ြန္ကေျပာၾကားခဲ့ပါတယ္။ မက္ခ႐ြန္က"ဂါဇာကမ္းေျမာင္ေဒသ ျပန္လည္တည္ေဆာက္ေရးမွာ လက္ေတြ႕က်တဲ့ လမ္းေၾကာင္းကို ပံ့ပိုးေပးမယ့္ ဒီအစီအစဥ္အတြက္ အီဂ်စ္ရဲ႕ အေရးႀကီးတဲ့ လုပ္ေဆာင္မႈေတြကို ကြၽန္ေတာ္ေထာက္ခံပါတယ္။ၿပီးေတာ့ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ဂါဇာကမ္းေျမာင္ေဒသအုပ္ခ်ဳပ္ေရးမွာ အခန္းက႑မရွိသင့္သလို အစၥေရးအတြက္ ၿခိမ္းေျခာက္မႈတစ္ခုလည္း မျဖစ္သင့္ပါဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.