ငလျင်ကြီးအပြီး ရန်ကုန် - မန္တလေး ခရီး

901

ပြီးခဲ့သော မတ်လ(၂၈)ရက်က ဖြစ်ပွားခဲ့သော ငလျင်ကြီးသည် မြန်မာနိုင်ငံမှ အသက်ပေါင်း များစွာကို နုတ်ယူ သွားခဲ့သကဲ့သို့ ပျက်စီးဆုံးရှုံးမှုများစွာ ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ယင်းငလျင် လှုပ်ခတ်အပြီး မိနစ်ပိုင်းအကြာတွင် ငလျင်ကြောင့် ပျက်စီး ဆုံးရှုံးမှုဖြစ်ခဲ့ရသော နေရာများ၏ဓာတ်ပုံများ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် တစ်စ တစ်စ တက်လာခဲ့သည်။
ကနဦးထွက်ပေါ်လာခဲ့သည့် ဓာတ်ပုံမှာ စစ်ကိုင်းတံတားဟောင်းကြီး ကျိုးကျနေသောပုံ ဖြစ် သည်။ ထို့နောက် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးသော နေရာများမှ ဓာတ်ပုံများထဲတွင် အမြန်လမ်းမှ ဓာတ်ပုံ များလည်း ပါဝင်လာခဲ့သည်။
အမြန်လမ်း စတင်ဖွင့်လှစ်ချိန်မှ စတင်ကာ အမြန်လမ်းတွင် ယခု ငလျင်ဘေးကဲ့သို့ ပျက်စီးသည့် မြင်ကွင်းများကို ပြည်သူများမမြင်ဖူးခဲ့ကြပေ။ ကနဦး ထွက်ပေါ်လာသော ဓာတ်ပုံများ အတွက် အမြန်လမ်း ပိုင်း၏ အချို့နေရာများတွင် ငလျင်ဒဏ်ကြောင့် ကျိုးပျက်မှုများ မြင်တွေ့ရသည်။ လမ်းသားများ ပဲ့ကျသည်။ တံတားအချို့တွင် ထိခိုက်မှုဖြစ်သည်။ မြင် တွေ့ရသော မြင်ကွင်းက အားလုံးကို မင်သက်သွားစေ ၏။
အချို့ အက်ကွဲကြောင်းများဆိုလျှင် အမြန် လမ်းတွင်မြင်ပင် မမြင်ဖူးခဲ့ကြသော မြင်ကွင်းပင် ဖြစ် သည်။ ယင်းတို့အနက် ပိုဆိုးသည့်မြင်ကွင်း တစ်ခုကား ဗီဒီယိုတစ်ခုတွင် ကျိုးပျက်နေသော အမြန်လမ်း ပိုင်း တစ်နေရာတွင် အိမ်စီးကားတစ်စီးက ထိုးကျ တိမ်းမှောက်ကာ ပက်လက်လန်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးသုံးမြို့ ဖြစ်သော ရန်ကုန်-နေပြည်တော်-မန္တလေးကို ဆက် သွယ်ထားသည့်အပြင် အခြားအဓိကကျသော မြို့ကြီးများကို ဖြတ်သန်းသွားသည့် ယင်းလမ်းပိုင်းတွင် ထိခိုက်မှုကြောင့် ကနဦးတွင် အသွား အလာများ ယာယီရပ်တန့် သွားခဲ့သေးသည်။ သို့သော် ခဏတာ မျှတာ ဖြစ်သည်။
အမြန်လမ်းပိုင်းတွင် သွားလာနေသော ယာဉ်များက ရောက်သည့်နေရာတွင် ခေတ္တရပ် တန့်ပြီးနောက် အင်တာ နက်မှထွက်ပေါ်နေသော သတင်းများ၊ အသိပေးချက်များနှင့် အာဏာပိုင်များ၏ လမ်းòန်ချက်များအတိုင်း ဆက်လက် ထွက်ခွာ နိုင်ခဲ့ကြသည်။ အချို့ကမူ အမြန်လမ်းပေါ်မတက်မီ ရောက်ရာနေရာမှ ပြန်လှည့်ခဲ့ကြရသည်များလည်း ရှိခဲ့၏။
“ကားက ပုခက်လွှဲသလို ဖြစ်သွားတာ။ ဘယ်ညာရမ်းတာ။ လမ်းဘေးချရပ်ပြီး ငလျင်ကြီး လှုပ်တာကို ကြုံရ တာပါ။ မျက်စိရှေ့မှာတင် လမ်းကျိုးသွားတာ မြင်ရတယ်။ ဥပမာဗျာ ကျွန်တော်တို့ ရေပိုက်ပျော့ကြီးတွေ ရှိတယ်လေ။ အဲဒါကို လှုပ်နေ သလို မြင်ရတာ” ဟု ငလျင်လှုပ်စဉ်တွင် အမြန်လမ်း ပေါ်ရှိနေခဲ့သူတစ်ဦးက ၎င်း၏အတွေ့အကြုံကို ရှင်းပြသည်။
ငလျင်ကြီးအပြီး အစောပိုင်းနာရီများက ကောလဟလသတင်းများ ထွက်ခဲ့သည်။ ဖြစ်မြဲ ဓမ္မတာ အတိုင်း ငလျင်ကြီးအပြီးတွင် နောက်ဆက်တွဲ ငလျင်များလာတတ်သည်မှန်သော်လည်း အင်အား ရစ်ချ်တာစကေး (၇ ဒသမ ၇) ထက် ကြီးသော ငလျင်ကြီး မည်သည့်အချိန်တွင် လာတော့မည်ဟု သတင်းလွှင့်သူက လွှင့်သည်။ ငလျင်ကြောင့် ဆည် များ ကျိုးသည်ဟုဆိုကာ ကောလာဟလလည်း ထွက်သေးသည်။ ယင်း ကောလာဟလမှာ အမြန်လမ်း ပေါ်တွင် ရောက်နေသူများအပေါ်ကိုလည်း သက်ရောက်သည်။ ဗီဒီယိုဖိုင်တစ်ခုအတွင်း ဆည်ကျိုးကာ အမြန်လမ်းသို့ ရေများလာ သည်ဆိုသော ကောလာ ဟလ သတင်းကြောင့် ရေဘေးမှလွတ်စေရန် ကားအောက်ဆင်းနေသော ခရီးသည်များက ကား ပေါ် ပြန်ပြေးခဲ့ကြသည်အထိပင် ဖြစ်ခဲ့ကြရသေးသည်။
ယင်းနောက် ငလျင်ဒဏ်ကို ဆိုးရွားစွာခံခဲ့ရသော နေပြည်တော်နှင့် မန္တလေးကိုကူရန် ပရဟိတ အသင်း များက ပြင်ဆင်ကြသည်။ ထိုအခါ အမြန်လမ်းတစ်ခု တည်း သက်သက်ကို အသုံးပြုရန် မဖြစ်နိုင်သေးသည့် အနေအထားတွင် အမြန်လမ်းနှင့် ရန်ကုန် - မန္တလေး လမ်းဟောင်းကို မျှသုံးရန် ဖြစ်လာခဲ့သည်။
ထိုအခါ မြန်မာတို့၏ ပရဟိတ စိတ်ထား များနှင့် နိုင်ရာဘက်မှ ဖေးမကူညီမှုများကို မြင်တွေ့ ရသည်။ ရန်ကုန်မှ မန္တလေးသို့ သွားရောက်ကူညီ လိုသူများအတွက် အမြန်လမ်းပေါ်မှအခြေအနေများကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ပြန်လည်မျှဝေကြသည်။ လမ်းပိုင်း အခြေအနေများကို ဖော်ပြကြ၏။ ကိုယ်တွေ့ အတွေ့အကြုံ များကို မျှဝေ ခဲ့ကြသည်။ ထို့ကြောင့် လမ်းပိုင်းအခက်အခဲကို ရသည့်နည်းဖြင့် ဖြတ်ကျော်နိုင်ခဲ့ကြသည်။
“ပဲခူးက မနက်(၅) ခွဲထွက်ပါတယ်။ (၃၉)မိုင်ကနေ အမြန်လမ်းကို တက်ပါတယ်။ ပဲခူးက နေ (၁၃၈)မိုင်ထိ သိပ်မကြာပါဘူး။ လမ်းမှာ သတိနဲ့ မောင်းပါ။ တချို့နေရာတွေ လမ်းသားတွေ မညီပါဘူး ဂရုစိုက်ပါ အန္တရာယ် မဖြစ် အောင်မောင်းပါ။ (၁၃၈) ကနေ လမ်းဟောင်းဘက် ပြန်ဆင်းပါတယ်။ လမ်းကျဉ်းပါတယ်။ လမ်းပခုံးသားတွေ မညီပါ။ လမ်းဟောင်းရဲ့ ထုံးစံ အတိုင်း ယာဉ်မျိုးစုံသွားလာနေတာမို့ သတိထား မောင်းပါ” စသည်ဖြင့် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် သုံးစွဲသူတစ်ဦး၏ ၎င်း၏စာမျက်နှာထက်တွင် ဧပြီလ (၃၁) ရက် အခြေအနေကို ဖော်ပြခဲ့သည်။ အထက်ပါ ရေးသား ချက်အရ ငလျင်လှုပ်ပြီး (၃)ရက်ကျော် အကြာက ရန်ကုန်-မန္တလေး ခရီးအခြေအနေကို တစေ့တစောင်း အကဲခတ်နိုင်မည် ဖြစ်သည်။
သို့သော် အမြန်လမ်းမကြီး တစ်ခုတည်းကို အသုံးပြုရသည့် အခြေအနေနှင့် မတူဘဲ ကွေ့ပတ် သွားနေရသော ကြောင့် အချိန်ပိုကြာသည်။ ထို့ပြင် လမ်းကြောင်း ပျက်စီးမှု အခြေအနေပေါ် မူတည်ကာ အဆင်ပြေသော လမ်းကြောင်း များကို ရွေးချယ်သွား ရောက်ကြရသည်။
NP News က အမြန်လမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းကို အသုံးပြု သွားလာခဲ့သူ (၂)ဦးကို ဆက်သွယ်မေး မြန်းခဲ့ရာ ၎င်းတို့က လက်ရှိတွင် အဆင်ပြေဆုံးလမ်းကြောင်း ကို òန်ပြကြသည်။ ယင်းလမ်းကြောင်းမှာ အမြန်လမ်းနှင့် လမ်းဟောင်းကို အသုံးပြုရသော်လည်း ရိုးရှင်းသည်။ ရန်ကုန်မှ နေပြည်တော်သို့ သွားလိုသူ များအနေဖြင့် လက်ရှိ(ဧပြီလ ၂ ရက်)အထိ အခြေ အနေအရ အမြန်လမ်း (ဝ)မိုင် မှ (၁၄၇)မိုင် တောင် ငူလမ်းခွဲအထိ သွားကာ ယင်းမှတစ်ဆင့် ရန်ကုန် - မန္တလေးလမ်းဟောင်းအတိုင်း သာဂရမြို့အထိ မောင်းရမည် ဖြစ်သည်။ ယင်းနောက် အမြန်လမ်း (၁၇၃)မိုင်သို့တက်ကာ နေပြည်တော်သို့ ရောက်ရှိ နိုင်မည်ဖြစ်သည်။ သို့သော် ဆွာချောင်းတံတား ပြီးစီးမှုအပေါ် မူတည်မည်ဖြစ်ပြီး ယင်းတံတား ပြီးပါက အမြန်လမ်းကို တစ်ဆက်တည်းသုံးနိုင်မည်ဖြစ်သည်။ နေပြည်တော်-မန္တလေး လမ်းပိုင်းမှာမူ အထက်ပါနည်း အတိုင်း နေပြည်တော်အထိသွားပြီး နောက် အမြန်လမ်း မိုင်တိုင် (၂၀ဝ)မှ (၃၄၄) မိုင် (၆) ဖာလုံရှိ ကျောက်ဆည် လမ်းခွဲအထိ သွားရမည် ဖြစ်သည်။ ယင်းမိုင်တိုင်အရောက်တွင် ရန်ကုန် - မန္တလေး လမ်းဟောင်းသို့ဆင်းကာ မန္တလေး အထိ မောင်းနှင်သွားလာရမည် ဖြစ်သည်။
“တံတားအတက်အဆင်းတွေ၊ အဝင်အထွက်တွေကတော့ အနိမ့်အမြင့်တွေ ရှိတယ်။ ကတ္တရာနဲ့ ကျောက်မှုန့် လေးလေးတွေ ထည့်ထည့်ပေးထားတယ်။ တက်ရင်တော့ slow ဖြစ်သွား တာပေါ့။ ဝုန်း၊ ဝုန်း တော့ မဖြစ်ဘူးပေါ့။ အမြန်လမ်းမှာ ပြင်တာ၊ ဆင်တာတွေ လုပ်နေတာတော့ တွေ့တယ်။ ခုံးတက်လိုပုံစံမျိုးဖြစ်သွားတဲ့ တံတားတွေရှိတယ်။ ကျွန်တော့်ရှေ့မှာ ခရီးသည်တင်ကား ဖြတ်နေ တယ်ဆိုရင် ကျွန်တော် ကပ်မလိုက်ရဲဘူး။ ရပ်စောင့် တယ်။ မတော်လို့များ သူ့ကားအလေးချိန်၊ ကျွန်တော် ကားအလေးချိန် မနိုင်ခဲ့သည်ရှိသော်ဆိုတဲ့ အတွေးနဲ့ပါ” ဟု ယခုရက်ပိုင်းအတွင်း အမြန် လမ်းနှင့် လမ်း ဟောင်းကို အသုံးပြုသွားလာခဲ့သူ တစ်ဦးက ဆိုသည်။
ထို့ပြင် အဆင်ပြေသည့် နည်းလမ်းအတိုင်း အသုံးပြု သွားလာသူများလည်း ရှိကြပါ၏။ သို့သော် သေချာ သည်က အမြန်လမ်းနှင့် လမ်းဟောင်းကို နှစ်ခုလုံး သွားလာ အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ငလျင်ဘေး စတင် ဖြစ်ပွားပြီးနောက် ရန်ကုန်မှမန္တလေးသို့ သွားရာ လမ်းမှာ ယခုထက်ပိုခက်ခဲခဲ့သည်။
ပျက်စီးနေသောလမ်းပိုင်းများဘေးမှ ကျော်ဖြတ်မောင်းနှင်ခဲ့ကြရသည်။ သို့သော် ယင်း အခက်အခဲသည်လည်း ကူညီကယ်ဆယ်လိုသူများ အတွက် အခက်အခဲကြီးကြီးမားမား မဟုတ်ခဲ့ပါ။ ရသည့်နေရာမှ ရသည့်နည်းဖြင့် ဖြတ်ကျော် မောင်းနှင်ကာ မန္တလေးနှင့် နေပြည်တော်မှ ငလျင်ဘေး ဒဏ်သင့် ပြည်သူများကိုကူညီရန် သွားရောက်ခဲ့ကြ သည်သာ ဖြစ်သည်။
ယခုအခါ အမြန်လမ်းတွင် ပြင်ဆင်မှုများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကာ မကြာမီကာလတွင် လမ်းပိုင်းတစ်ခု လုံး မဟုတ်သည့်တိုင် လမ်းပိုင်း၏ နေရာအတော်များများကို ဆက်သွယ်သွားလာနိုင်ဖွယ်ရာရှိသည်။ သို့သော် အမြန် လမ်းမကြီးတွင် ဖြစ်ပွားခဲ့သောအဖြစ်အပျက်များကိုမူ ငလျင်လှုပ်စဉ် ယင်းလမ်းပိုင်းတွင် ရှိနေသူများအနေဖြင့် တစ်သက် တာတွင် မေ့နိုင်တော့မည် မထင်ပါ။
သုတကျော်

Zawgyi Version:
ငလ်င္ႀကီးအၿပီး ရန္ကုန္ - မႏၲေလး ခရီး
ၿပီးခဲ့ေသာ မတ္လ(၂၈)ရက္က ျဖစ္ပြားခဲ့ေသာ ငလ်င္ႀကီးသည္ ျမန္မာႏိုင္ငံမွ အသက္ေပါင္း မ်ားစြာကို ႏုတ္ယူ သြားခဲ့သကဲ့သို႔ ပ်က္စီးဆုံးရႈံးမႈမ်ားစြာ ကိုလည္း ျဖစ္ေပၚေစခဲ့သည္။ ယင္းငလ်င္ လႈပ္ခတ္အၿပီး မိနစ္ပိုင္းအၾကာတြင္ ငလ်င္ေၾကာင့္ ပ်က္စီး ဆုံးရႈံးမႈျဖစ္ခဲ့ရေသာ ေနရာမ်ား၏ဓာတ္ပုံမ်ား လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ တစ္စ တစ္စ တက္လာခဲ့သည္။
ကနဦးထြက္ေပၚလာခဲ့သည့္ ဓာတ္ပုံမွာ စစ္ကိုင္းတံတားေဟာင္းႀကီး က်ိဳးက်ေနေသာပုံ ျဖစ္ သည္။ ထို႔ေနာက္ ငလ်င္ေၾကာင့္ ပ်က္စီးဆုံးရႈံးေသာ ေနရာမ်ားမွ ဓာတ္ပုံမ်ားထဲတြင္ အျမန္လမ္းမွ ဓာတ္ပုံ မ်ားလည္း ပါဝင္လာခဲ့သည္။
အျမန္လမ္း စတင္ဖြင့္လွစ္ခ်ိန္မွ စတင္ကာ အျမန္လမ္းတြင္ ယခု ငလ်င္ေဘးကဲ့သို႔ ပ်က္စီးသည့္ ျမင္ကြင္းမ်ားကို ျပည္သူမ်ားမျမင္ဖူးခဲ့ၾကေပ။ ကနဦး ထြက္ေပၚလာေသာ ဓာတ္ပုံမ်ား အတြက္ အျမန္လမ္း ပိုင္း၏ အခ်ိဳ႕ေနရာမ်ားတြင္ ငလ်င္ဒဏ္ေၾကာင့္ က်ိဳးပ်က္မႈမ်ား ျမင္ေတြ႕ရသည္။ လမ္းသားမ်ား ပဲ့က်သည္။ တံတားအခ်ိဳ႕တြင္ ထိခိုက္မႈျဖစ္သည္။ ျမင္ ေတြ႕ရေသာ ျမင္ကြင္းက အားလုံးကို မင္သက္သြားေစ ၏။
အခ်ိဳ႕ အက္ကြဲေၾကာင္းမ်ားဆိုလွ်င္ အျမန္ လမ္းတြင္ျမင္ပင္ မျမင္ဖူးခဲ့ၾကေသာ ျမင္ကြင္းပင္ ျဖစ္ သည္။ ယင္းတို႔အနက္ ပိုဆိုးသည့္ျမင္ကြင္း တစ္ခုကား ဗီဒီယိုတစ္ခုတြင္ က်ိဳးပ်က္ေနေသာ အျမန္လမ္း ပိုင္း တစ္ေနရာတြင္ အိမ္စီးကားတစ္စီးက ထိုးက် တိမ္းေမွာက္ကာ ပက္လက္လန္ေနျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ၏ အဓိကၿမိဳ႕ႀကီးသုံးၿမိဳ႕ ျဖစ္ေသာ ရန္ကုန္-ေနျပည္ေတာ္-မႏၲေလးကို ဆက္ သြယ္ထားသည့္အျပင္ အျခားအဓိကက်ေသာ ၿမိဳ႕ႀကီးမ်ားကို ျဖတ္သန္းသြားသည့္ ယင္းလမ္းပိုင္းတြင္ ထိခိုက္မႈေၾကာင့္ ကနဦးတြင္ အသြား အလာမ်ား ယာယီရပ္တန႔္ သြားခဲ့ေသးသည္။ သို႔ေသာ္ ခဏတာ မွ်တာ ျဖစ္သည္။
အျမန္လမ္းပိုင္းတြင္ သြားလာေနေသာ ယာဥ္မ်ားက ေရာက္သည့္ေနရာတြင္ ေခတၱရပ္ တန႔္ၿပီးေနာက္ အင္တာ နက္မွထြက္ေပၚေနေသာ သတင္းမ်ား၊ အသိေပးခ်က္မ်ားႏွင့္ အာဏာပိုင္မ်ား၏ လမ္းòန္ခ်က္မ်ားအတိုင္း ဆက္လက္ ထြက္ခြာ ႏိုင္ခဲ့ၾကသည္။ အခ်ိဳ႕ကမူ အျမန္လမ္းေပၚမတက္မီ ေရာက္ရာေနရာမွ ျပန္လွည့္ခဲ့ၾကရသည္မ်ားလည္း ရွိခဲ့၏။
“ကားက ပုခက္လႊဲသလို ျဖစ္သြားတာ။ ဘယ္ညာရမ္းတာ။ လမ္းေဘးခ်ရပ္ၿပီး ငလ်င္ႀကီး လႈပ္တာကို ႀကဳံရ တာပါ။ မ်က္စိေရွ႕မွာတင္ လမ္းက်ိဳးသြားတာ ျမင္ရတယ္။ ဥပမာဗ်ာ ကြၽန္ေတာ္တို႔ ေရပိုက္ေပ်ာ့ႀကီးေတြ ရွိတယ္ေလ။ အဲဒါကို လႈပ္ေန သလို ျမင္ရတာ” ဟု ငလ်င္လႈပ္စဥ္တြင္ အျမန္လမ္း ေပၚရွိေနခဲ့သူတစ္ဦးက ၎၏အေတြ႕အႀကဳံကို ရွင္းျပသည္။
ငလ်င္ႀကီးအၿပီး အေစာပိုင္းနာရီမ်ားက ေကာလဟလသတင္းမ်ား ထြက္ခဲ့သည္။ ျဖစ္ၿမဲ ဓမၼတာ အတိုင္း ငလ်င္ႀကီးအၿပီးတြင္ ေနာက္ဆက္တြဲ ငလ်င္မ်ားလာတတ္သည္မွန္ေသာ္လည္း အင္အား ရစ္ခ်္တာစေကး (၇ ဒသမ ၇) ထက္ ႀကီးေသာ ငလ်င္ႀကီး မည္သည့္အခ်ိန္တြင္ လာေတာ့မည္ဟု သတင္းလႊင့္သူက လႊင့္သည္။ ငလ်င္ေၾကာင့္ ဆည္ မ်ား က်ိဳးသည္ဟုဆိုကာ ေကာလာဟလလည္း ထြက္ေသးသည္။ ယင္း ေကာလာဟလမွာ အျမန္လမ္း ေပၚတြင္ ေရာက္ေနသူမ်ားအေပၚကိုလည္း သက္ေရာက္သည္။ ဗီဒီယိုဖိုင္တစ္ခုအတြင္း ဆည္က်ိဳးကာ အျမန္လမ္းသို႔ ေရမ်ားလာ သည္ဆိုေသာ ေကာလာ ဟလ သတင္းေၾကာင့္ ေရေဘးမွလြတ္ေစရန္ ကားေအာက္ဆင္းေနေသာ ခရီးသည္မ်ားက ကား ေပၚ ျပန္ေျပးခဲ့ၾကသည္အထိပင္ ျဖစ္ခဲ့ၾကရေသးသည္။
ယင္းေနာက္ ငလ်င္ဒဏ္ကို ဆိုး႐ြားစြာခံခဲ့ရေသာ ေနျပည္ေတာ္ႏွင့္ မႏၲေလးကိုကူရန္ ပရဟိတ အသင္း မ်ားက ျပင္ဆင္ၾကသည္။ ထိုအခါ အျမန္လမ္းတစ္ခု တည္း သက္သက္ကို အသုံးျပဳရန္ မျဖစ္ႏိုင္ေသးသည့္ အေနအထားတြင္ အျမန္လမ္းႏွင့္ ရန္ကုန္ - မႏၲေလး လမ္းေဟာင္းကို မွ်သုံးရန္ ျဖစ္လာခဲ့သည္။
ထိုအခါ ျမန္မာတို႔၏ ပရဟိတ စိတ္ထား မ်ားႏွင့္ ႏိုင္ရာဘက္မွ ေဖးမကူညီမႈမ်ားကို ျမင္ေတြ႕ ရသည္။ ရန္ကုန္မွ မႏၲေလးသို႔ သြားေရာက္ကူညီ လိုသူမ်ားအတြက္ အျမန္လမ္းေပၚမွအေျခအေနမ်ားကို လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမ်ားတြင္ ျပန္လည္မွ်ေဝၾကသည္။ လမ္းပိုင္း အေျခအေနမ်ားကို ေဖာ္ျပၾက၏။ ကိုယ္ေတြ႕ အေတြ႕အႀကဳံ မ်ားကို မွ်ေဝ ခဲ့ၾကသည္။ ထို႔ေၾကာင့္ လမ္းပိုင္းအခက္အခဲကို ရသည့္နည္းျဖင့္ ျဖတ္ေက်ာ္ႏိုင္ခဲ့ၾကသည္။
“ပဲခူးက မနက္(၅) ခြဲထြက္ပါတယ္။ (၃၉)မိုင္ကေန အျမန္လမ္းကို တက္ပါတယ္။ ပဲခူးက ေန (၁၃၈)မိုင္ထိ သိပ္မၾကာပါဘူး။ လမ္းမွာ သတိနဲ႔ ေမာင္းပါ။ တခ်ိဳ႕ေနရာေတြ လမ္းသားေတြ မညီပါဘူး ဂ႐ုစိုက္ပါ အႏၲရာယ္ မျဖစ္ ေအာင္ေမာင္းပါ။ (၁၃၈) ကေန လမ္းေဟာင္းဘက္ ျပန္ဆင္းပါတယ္။ လမ္းက်ဥ္းပါတယ္။ လမ္းပခုံးသားေတြ မညီပါ။ လမ္းေဟာင္းရဲ႕ ထုံးစံ အတိုင္း ယာဥ္မ်ိဳးစုံသြားလာေနတာမို႔ သတိထား ေမာင္းပါ” စသည္ျဖင့္ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ သုံးစြဲသူတစ္ဦး၏ ၎၏စာမ်က္ႏွာထက္တြင္ ဧၿပီလ (၃၁) ရက္ အေျခအေနကို ေဖာ္ျပခဲ့သည္။ အထက္ပါ ေရးသား ခ်က္အရ ငလ်င္လႈပ္ၿပီး (၃)ရက္ေက်ာ္ အၾကာက ရန္ကုန္-မႏၲေလး ခရီးအေျခအေနကို တေစ့တေစာင္း အကဲခတ္ႏိုင္မည္ ျဖစ္သည္။
သို႔ေသာ္ အျမန္လမ္းမႀကီး တစ္ခုတည္းကို အသုံးျပဳရသည့္ အေျခအေနႏွင့္ မတူဘဲ ေကြ႕ပတ္ သြားေနရေသာ ေၾကာင့္ အခ်ိန္ပိုၾကာသည္။ ထို႔ျပင္ လမ္းေၾကာင္း ပ်က္စီးမႈ အေျခအေနေပၚ မူတည္ကာ အဆင္ေျပေသာ လမ္းေၾကာင္း မ်ားကို ေ႐ြးခ်ယ္သြား ေရာက္ၾကရသည္။
NP News က အျမန္လမ္းႏွင့္ ရန္ကုန္-မႏၲေလး လမ္းေဟာင္းကို အသုံးျပဳ သြားလာခဲ့သူ (၂)ဦးကို ဆက္သြယ္ေမး ျမန္းခဲ့ရာ ၎တို႔က လက္ရွိတြင္ အဆင္ေျပဆုံးလမ္းေၾကာင္း ကို òန္ျပၾကသည္။ ယင္းလမ္းေၾကာင္းမွာ အျမန္လမ္းႏွင့္ လမ္းေဟာင္းကို အသုံးျပဳရေသာ္လည္း ႐ိုးရွင္းသည္။ ရန္ကုန္မွ ေနျပည္ေတာ္သို႔ သြားလိုသူ မ်ားအေနျဖင့္ လက္ရွိ(ဧၿပီလ ၂ ရက္)အထိ အေျခ အေနအရ အျမန္လမ္း (ဝ)မိုင္ မွ (၁၄၇)မိုင္ ေတာင္ ငူလမ္းခြဲအထိ သြားကာ ယင္းမွတစ္ဆင့္ ရန္ကုန္ - မႏၲေလးလမ္းေဟာင္းအတိုင္း သာဂရၿမိဳ႕အထိ ေမာင္းရမည္ ျဖစ္သည္။ ယင္းေနာက္ အျမန္လမ္း (၁၇၃)မိုင္သို႔တက္ကာ ေနျပည္ေတာ္သို႔ ေရာက္ရွိ ႏိုင္မည္ျဖစ္သည္။ သို႔ေသာ္ ဆြာေခ်ာင္းတံတား ၿပီးစီးမႈအေပၚ မူတည္မည္ျဖစ္ၿပီး ယင္းတံတား ၿပီးပါက အျမန္လမ္းကို တစ္ဆက္တည္းသုံးႏိုင္မည္ျဖစ္သည္။ ေနျပည္ေတာ္-မႏၲေလး လမ္းပိုင္းမွာမူ အထက္ပါနည္း အတိုင္း ေနျပည္ေတာ္အထိသြားၿပီး ေနာက္ အျမန္လမ္း မိုင္တိုင္ (၂၀ဝ)မွ (၃၄၄) မိုင္ (၆) ဖာလုံရွိ ေက်ာက္ဆည္ လမ္းခြဲအထိ သြားရမည္ ျဖစ္သည္။ ယင္းမိုင္တိုင္အေရာက္တြင္ ရန္ကုန္ - မႏၲေလး လမ္းေဟာင္းသို႔ဆင္းကာ မႏၲေလး အထိ ေမာင္းႏွင္သြားလာရမည္ ျဖစ္သည္။
“တံတားအတက္အဆင္းေတြ၊ အဝင္အထြက္ေတြကေတာ့ အနိမ့္အျမင့္ေတြ ရွိတယ္။ ကတၱရာနဲ႔ ေက်ာက္မႈန႔္ ေလးေလးေတြ ထည့္ထည့္ေပးထားတယ္။ တက္ရင္ေတာ့ slow ျဖစ္သြား တာေပါ့။ ဝုန္း၊ ဝုန္း ေတာ့ မျဖစ္ဘူးေပါ့။ အျမန္လမ္းမွာ ျပင္တာ၊ ဆင္တာေတြ လုပ္ေနတာေတာ့ ေတြ႕တယ္။ ခုံးတက္လိုပုံစံမ်ိဳးျဖစ္သြားတဲ့ တံတားေတြရွိတယ္။ ကြၽန္ေတာ့္ေရွ႕မွာ ခရီးသည္တင္ကား ျဖတ္ေန တယ္ဆိုရင္ ကြၽန္ေတာ္ ကပ္မလိုက္ရဲဘူး။ ရပ္ေစာင့္ တယ္။ မေတာ္လို႔မ်ား သူ႔ကားအေလးခ်ိန္၊ ကြၽန္ေတာ္ ကားအေလးခ်ိန္ မႏိုင္ခဲ့သည္ရွိေသာ္ဆိုတဲ့ အေတြးနဲ႔ပါ” ဟု ယခုရက္ပိုင္းအတြင္း အျမန္ လမ္းႏွင့္ လမ္း ေဟာင္းကို အသုံးျပဳသြားလာခဲ့သူ တစ္ဦးက ဆိုသည္။
ထို႔ျပင္ အဆင္ေျပသည့္ နည္းလမ္းအတိုင္း အသုံးျပဳ သြားလာသူမ်ားလည္း ရွိၾကပါ၏။ သို႔ေသာ္ ေသခ်ာ သည္က အျမန္လမ္းႏွင့္ လမ္းေဟာင္းကို ႏွစ္ခုလုံး သြားလာ အသုံးျပဳခဲ့ၾကျခင္းျဖစ္သည္။ ငလ်င္ေဘး စတင္ ျဖစ္ပြားၿပီးေနာက္ ရန္ကုန္မွမႏၲေလးသို႔ သြားရာ လမ္းမွာ ယခုထက္ပိုခက္ခဲခဲ့သည္။
ပ်က္စီးေနေသာလမ္းပိုင္းမ်ားေဘးမွ ေက်ာ္ျဖတ္ေမာင္းႏွင္ခဲ့ၾကရသည္။ သို႔ေသာ္ ယင္း အခက္အခဲသည္လည္း ကူညီကယ္ဆယ္လိုသူမ်ား အတြက္ အခက္အခဲႀကီးႀကီးမားမား မဟုတ္ခဲ့ပါ။ ရသည့္ေနရာမွ ရသည့္နည္းျဖင့္ ျဖတ္ေက်ာ္ ေမာင္းႏွင္ကာ မႏၲေလးႏွင့္ ေနျပည္ေတာ္မွ ငလ်င္ေဘး ဒဏ္သင့္ ျပည္သူမ်ားကိုကူညီရန္ သြားေရာက္ခဲ့ၾက သည္သာ ျဖစ္သည္။
ယခုအခါ အျမန္လမ္းတြင္ ျပင္ဆင္မႈမ်ားကို စတင္ေဆာင္႐ြက္ေနၿပီ ျဖစ္ကာ မၾကာမီကာလတြင္ လမ္းပိုင္းတစ္ခု လုံး မဟုတ္သည့္တိုင္ လမ္းပိုင္း၏ ေနရာအေတာ္မ်ားမ်ားကို ဆက္သြယ္သြားလာႏိုင္ဖြယ္ရာရွိသည္။ သို႔ေသာ္ အျမန္ လမ္းမႀကီးတြင္ ျဖစ္ပြားခဲ့ေသာအျဖစ္အပ်က္မ်ားကိုမူ ငလ်င္လႈပ္စဥ္ ယင္းလမ္းပိုင္းတြင္ ရွိေနသူမ်ားအေနျဖင့္ တစ္သက္ တာတြင္ ေမ့ႏိုင္ေတာ့မည္ မထင္ပါ။
သုတေက်ာ္