ယူကရိန်းအပစ်အခတ်ရပ်စဲရေးကို ထောက်ခံပေမယ့်လည်း မေးခွန်းများစွာ ကျန်ရှိနေသေးတယ်လို့ ရုရှားအစိုးရပြော

 164

Pika (NP News) - ဧပြီ ၈

ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေး အတွေးအခေါ်တွေကို ရုရှားသမ္မတပူတင်က ထောက်ခံနေဆဲဖြစ်ပေမယ့်လည်း အဲဒါကဘယ်လိုအလုပ်လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး အဖြေမရသေးတဲ့ မေးခွန်းများစွာ ကျန်ရှိနေဆဲဖြစ်တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ်စတင်တာဝန်ယူပြီးနောက်ပိုင်းကတည်းက ရုရှားနဲ့ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ အပြင်းအထန်ကြိုးပမ်းခဲ့ပေမယ့်လည်း နှစ်ဘက်စလုံးနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ရာမှာ ပြေလည်မှုတွေ ရရှိတာမျိုးတော့ မရှိသေးဘူးလို့သိရပါတယ်။ဒီမစ်ထရီပက်စကော့ဗ်က”ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးလိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်ကို ပူတင်က ထောက်ခံပါတယ်။ ဒါပေမဲ့ အဲဒါက ဘယ်လိုအလုပ်လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး အဖြေမရသေးတဲ့ မေးခွန်းများစွာက ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒီမေးခွန်းတွေအားလုံးကို ဘယ်သူကမှ အဖြေပေးတာမျိုးမရှိသေးပါဘူး"လို့ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အပစ်အခတ်ရပ်စဲရေး အတွေးအခေါ်နဲ့ပတ်သက်ပြီး ယူကရိန်းအစိုးရရဲ့ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ပြီး တိုးတက်မှုမရှိတာတွေကို ဒီမစ်ထရီပက်စကော့ဗ်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ ဒေါ်နယ်ထရမ့်ဟာ ရုရှားနဲ့ယူကရိန်းကြားဆွေးနွေးပွဲတွေ နှောင့်နှေးနေတာနဲ့ပတ်သက်ပြီး သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version
ယူကရိန္းအပစ္အခတ္ရပ္စဲေရးကို ေထာက္ခံေပမယ့္လည္း ေမးခြန္းမ်ားစြာ က်န္ရွိေနေသးတယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဧၿပီ ၈

ယူကရိန္းမွာ အပစ္အခတ္ရပ္စဲေရး အေတြးအေခၚေတြကို ႐ုရွားသမၼတပူတင္က ေထာက္ခံေနဆဲျဖစ္ေပမယ့္လည္း အဲဒါကဘယ္လိုအလုပ္လုပ္မလဲဆိုတာနဲ႔ပတ္သက္ၿပီး အေျဖမရေသးတဲ့ ေမးခြန္းမ်ားစြာ က်န္ရွိေနဆဲျဖစ္တယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္စတင္တာဝန္ယူၿပီးေနာက္ပိုင္းကတည္းက ႐ုရွားနဲ႔ယူကရိန္းၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိဖို႔ အျပင္းအထန္ႀကိဳးပမ္းခဲ့ေပမယ့္လည္း ႏွစ္ဘက္စလုံးနဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ရာမွာ ေျပလည္မႈေတြ ရရွိတာမ်ိဳးေတာ့ မရွိေသးဘူးလို႔သိရပါတယ္။ဒီမစ္ထရီပက္စေကာ့ဗ္က”ယူကရိန္းမွာ အပစ္အခတ္ရပ္စဲေရးလိုအပ္တယ္ဆိုတဲ့ အေတြးအေခၚကို ပူတင္က ေထာက္ခံပါတယ္။ ဒါေပမဲ့ အဲဒါက ဘယ္လိုအလုပ္လုပ္မလဲဆိုတာနဲ႔ပတ္သက္ၿပီး အေျဖမရေသးတဲ့ ေမးခြန္းမ်ားစြာက က်န္ရွိေနဆဲျဖစ္ပါတယ္။ ဒီေမးခြန္းေတြအားလုံးကို ဘယ္သူကမွ အေျဖေပးတာမ်ိဳးမရွိေသးပါဘူး"လို႔ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ အပစ္အခတ္ရပ္စဲေရး အေတြးအေခၚနဲ႔ပတ္သက္ၿပီး ယူကရိန္းအစိုးရရဲ႕ထိန္းခ်ဳပ္ႏိုင္စြမ္းကင္းမဲ့ၿပီး တိုးတက္မႈမရွိတာေတြကို ဒီမစ္ထရီပက္စေကာ့ဗ္က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ တစ္ခ်ိန္တည္းမွာပဲ ေဒၚနယ္ထရမ့္ဟာ ႐ုရွားနဲ႔ယူကရိန္းၾကားေဆြးေႏြးပြဲေတြ ေႏွာင့္ေႏွးေနတာနဲ႔ပတ္သက္ၿပီး သည္းခံႏိုင္စြမ္းေတြ ကုန္ဆုံးလုနီးပါးျဖစ္ေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.