တွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်အတွက် အမေရိကန်ကို ယူကရိန်းကိုယ်စားလှယ်အဖွဲ့သွားရောက်မယ်

 189

Pika (NP News) - ဧပြီ ၈

ယူကရိန်းရဲ့ တွင်းထွက်ပစ္စည်းတွေကို အမေရိကန်ကို ဝင်ရောက်အသုံးပြုခွင့်ပေးဖို့ သဘောတူညီချက်နဲ့ပတ်သက်ပြီး နောက်ထပ်ဆွေးနွေးမှုတွေအတွက် ယူကရိန်းအရာရှိတွေကို လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်ကို စေလွှတ်သွားမယ်လို့ ယူကရိန်းစီးပွားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား အခြေအတင်ပြောဆိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးဖို့စီစဉ်ထားတဲ့ တွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်က ပျက်ပြယ်သွားခဲ့တာလည်းဖြစ်ပါတယ်။ ယူကရိန်းစီးပွားရေးဝန်ကြီး Yulia Svyrydenko က"ယူကရိန်းရဲ့ တွင်းထွက်ပစ္စည်း အသုံးပြုခွင့်ဆိုင်ရာ သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ လာမယ့်သီတင်းပတ်မှာ ယူကရိန်းကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို အမေရိကန်ကို စေလွှတ်သွားမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားချိန်ကနေစတင်ပြီး အမေရိကန်က ယူကရိန်းကို ထောက်ပံ့ပေးခဲ့တဲ့ အကူအညီတွေအားလုံးအတွက် လျော်ကြေးငွေအဖြစ် ယူကရိန်းရဲ့တွင်းထွက်ပစ္စည်းတွေကို အသုံးပြုခွင့်ပေးဖို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လတွေအတွင်း တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့တောင်းဆိုချက်တွေကို ဇီလန်စကီးက အစောပိုင်းမှာ ငြင်းဆန်ပယ်ချခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ လက်မှတ်ရေးထိုးဖို့ သဘောတူညီခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ယူကရိန်းတွင်းထွက်ပစ္စည်း အသုံးပြုခွင့်ဆိုင်ရာ သဘောတူညီချက်နဲ့ပတ်သက်ပြီး ရုရှားရဲ့နောက်ထပ်တိုက်ခိုက်မှုတွေကို အဟန့် အတားဖြစ်စေမယ့် လုံခြုံရေးအာမခံချက်တစ်ခုကို လိုချင်တယ်လို့လည်း ဇီလန်စကီးကပြောကြားခဲ့ပါတယ်။

zawgyi version
တြင္းထြက္ပစၥည္းဆိုင္ရာ သေဘာတူညီခ်က္အတြက္ အေမရိကန္ကို ယူကရိန္းကိုယ္စားလွယ္အဖြဲ႕သြားေရာက္မယ္
Pika (NP News) - ဧၿပီ ၈

ယူကရိန္းရဲ႕ တြင္းထြက္ပစၥည္းေတြကို အေမရိကန္ကို ဝင္ေရာက္အသုံးျပဳခြင့္ေပးဖို႔ သေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး ေနာက္ထပ္ေဆြးေႏြးမႈေတြအတြက္ ယူကရိန္းအရာရွိေတြကို လာမယ့္ရက္ပိုင္းအတြင္း အေမရိကန္ကို ေစလႊတ္သြားမယ္လို႔ ယူကရိန္းစီးပြားေရးဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့လက အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ယူကရိန္းသမၼတဇီလန္စကီးတို႔ၾကား အေျခအတင္ေျပာဆိုမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကား လက္မွတ္ေရးထိုးဖို႔စီစဥ္ထားတဲ့ တြင္းထြက္ပစၥည္းဆိုင္ရာ သေဘာတူညီခ်က္က ပ်က္ျပယ္သြားခဲ့တာလည္းျဖစ္ပါတယ္။ ယူကရိန္းစီးပြားေရးဝန္ႀကီး Yulia Svyrydenko က"ယူကရိန္းရဲ႕ တြင္းထြက္ပစၥည္း အသုံးျပဳခြင့္ဆိုင္ရာ သေဘာတူညီခ်က္အတြက္ ေစ့စပ္ညႇိႏႈိင္းမႈေတြျပဳလုပ္ဖို႔ လာမယ့္သီတင္းပတ္မွာ ယူကရိန္းကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ကို အေမရိကန္ကို ေစလႊတ္သြားမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။

႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခ်ိန္ကေနစတင္ၿပီး အေမရိကန္က ယူကရိန္းကို ေထာက္ပံ့ေပးခဲ့တဲ့ အကူအညီေတြအားလုံးအတြက္ ေလ်ာ္ေၾကးေငြအျဖစ္ ယူကရိန္းရဲ႕တြင္းထြက္ပစၥည္းေတြကို အသုံးျပဳခြင့္ေပးဖို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့လေတြအတြင္း ေတာင္းဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ေတာင္းဆိုခ်က္ေတြကို ဇီလန္စကီးက အေစာပိုင္းမွာ ျငင္းဆန္ပယ္ခ်ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ လက္မွတ္ေရးထိုးဖို႔ သေဘာတူညီခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ယူကရိန္းတြင္းထြက္ပစၥည္း အသုံးျပဳခြင့္ဆိုင္ရာ သေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး ႐ုရွားရဲ႕ေနာက္ထပ္တိုက္ခိုက္မႈေတြကို အဟန႔္ အတားျဖစ္ေစမယ့္ လုံၿခဳံေရးအာမခံခ်က္တစ္ခုကို လိုခ်င္တယ္လို႔လည္း ဇီလန္စကီးကေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.