တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲကို ဇွန်လဆန်းပိုင်းမှာကျင်းပမယ်

187

ဂျန်ဇက် (NP News) - ဧပြီ ၈
တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ သမ္မတ ယွန်ဆက်ယိုလ်ကိုရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက် ရက်ပိုင်းအကြာမှာပဲတောင်ကိုရီးယား လက်ရှိအစိုးရဟာ ရွေးကောက်ပွဲကို ဇွန်လ ၃ ရက်မှာ ပြန်လည်ကျင်းပသွားမယ်လို့ သိရပါတယ်။
တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့မှုနဲ့ပတ်သက်ပြီး လွှတ် တော်ရဲ့စွပ်စွဲပြစ်တင်မှုကို ရင်ဆိုင်ရကာ ရာထူးကဆိုင်းငံ့ခံရပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပေဒခုံရုံးမှာ အဆုံးဖြတ်ခံယူခဲ့ရာ ခုံရုံးက ရာထူးကထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယား ယာယီသမ္မတက "(၂၁) ကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို ဇွန်လ ၁၃ရက်မှာကျင်းပဖို့ စီစဉ်ထားတယ်"လို့ပြောပါတယ်။
ယွန်ဆက်ယိုလ် ဦးဆောင်တဲ့အစိုးရအဖွဲ့မှာပါဝင်ခဲ့သူ အလုပ်သမားဝန်ကြီး ကင်မွန်ဆိုဟာ သမ္မတ ရွေး ကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရာထူးကနုတ်ထွက်ခဲ့ပါတယ်။ ကင်မွန်ဆိုဟာ အာဏာရပါတီဖြစ်တဲ့ People Power Party ရဲ့ သမ္မတလောင်းရွေးချယ်ပွဲမှာ အခြားသူတွေထက် ထောက်ခံမဲ ပိုမိုရဖို့ အလားလာကောင်းနေပါတယ်။ ၎င်းက "ကျွန်တော်တို့ ပြည်သူတွေ လိုလားမှုရှိတဲ့အတွက် သမ္မတရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်နိုင်အောင် ဝန်ကြီးရာထူးကနုတ်ထွက်သွားမှာပါ၊ နိုင်ငံအခက်ခဲတွေကို တာဝန်ယူခြင်း၊တာဝန်ခံခြင်းအပြည့်နဲ့ လုပ်ဆောင်သွားမယ်"လို့ ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေဟာ စီးပွားရေးအခက်အခဲတွေကိုကျော်ဖြတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကူညီနိုင်အောင်စုစည်းညီညွတ်စွာလုပ်ကိုင်ရမယ်လို့ ၎င်းကပြောပါတယ်။
zawgyi version
ေတာင္ကိုရီးယားသမၼတေ႐ြးေကာက္ပြဲကို ဇြန္လဆန္းပိုင္းမွာက်င္းပမယ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၈
ေတာင္ကိုရီးယားဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးဟာ ၿပီးခဲ့တဲ့သီတင္းပတ္မွာ သမၼတ ယြန္ဆက္ယိုလ္ကိုရာထူးက ထုတ္ပယ္ဖို႔ ဆုံးျဖတ္လိုက္ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲေတာင္ကိုရီးယား လက္ရွိအစိုးရဟာ ေ႐ြးေကာက္ပြဲကို ဇြန္လ ၃ ရက္မွာ ျပန္လည္က်င္းပသြားမယ္လို႔ သိရပါတယ္။
ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္ခဲ့မႈနဲ႔ပတ္သက္ၿပီး လႊတ္ ေတာ္ရဲ႕စြပ္စြဲျပစ္တင္မႈကို ရင္ဆိုင္ရကာ ရာထူးကဆိုင္းငံ့ခံရၿပီးေနာက္ ဖြဲ႕စည္းပုံအေျခခံဥေပဒခုံ႐ုံးမွာ အဆုံးျဖတ္ခံယူခဲ့ရာ ခုံ႐ုံးက ရာထူးကထုတ္ပယ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ေတာင္ကိုရီးယား ယာယီသမၼတက "(၂၁) ႀကိမ္ေျမာက္ သမၼတေ႐ြးေကာက္ပြဲကို ဇြန္လ ၁၃ရက္မွာက်င္းပဖို႔ စီစဥ္ထားတယ္"လို႔ေျပာပါတယ္။
ယြန္ဆက္ယိုလ္ ဦးေဆာင္တဲ့အစိုးရအဖြဲ႕မွာပါဝင္ခဲ့သူ အလုပ္သမားဝန္ႀကီး ကင္မြန္ဆိုဟာ သမၼတ ေ႐ြး ေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ရာထူးကႏုတ္ထြက္ခဲ့ပါတယ္။ ကင္မြန္ဆိုဟာ အာဏာရပါတီျဖစ္တဲ့ People Power Party ရဲ႕ သမၼတေလာင္းေ႐ြးခ်ယ္ပြဲမွာ အျခားသူေတြထက္ ေထာက္ခံမဲ ပိုမိုရဖို႔ အလားလာေကာင္းေနပါတယ္။ ၎က "ကြၽန္ေတာ္တို႔ ျပည္သူေတြ လိုလားမႈရွိတဲ့အတြက္ သမၼတေ႐ြးေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္ႏိုင္ေအာင္ ဝန္ႀကီးရာထူးကႏုတ္ထြက္သြားမွာပါ၊ ႏိုင္ငံအခက္ခဲေတြကို တာဝန္ယူျခင္း၊တာဝန္ခံျခင္းအျပည့္နဲ႔ လုပ္ေဆာင္သြားမယ္"လို႔ ေျပာပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံေရးသမားေတြနဲ႔ ျပည္သူေတြဟာ စီးပြားေရးအခက္အခဲေတြကိုေက်ာ္ျဖတ္ၿပီး ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးကို ကူညီႏိုင္ေအာင္စုစည္းညီၫြတ္စြာလုပ္ကိုင္ရမယ္လို႔ ၎ကေျပာပါတယ္။