အထည်ချုပ်တွင် FDI ဝင်ရောက်နိုင်ရေးမှာ ရွေးကောက်ပွဲနှင့် လျှပ်စစ်မီးရရှိမှုအပေါ် မူတည်နေ

457

ယွန်း (NP News ) ဧပြီ-၉
အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI)များ ဝင်ရောက်လာနိုင်ရေးသည် ရွေးကောက်ပွဲနှင့် လျှပ်စစ်မီးရရှိနိုင်ရေးပေါ်တွင် မူတည် နေကြောင်း အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက သုံး သပ်ပြောဆိုထားသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)၏ ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် (၁၀)နှစ် တာ မဟာဗျူဟာအစီအစဉ်၌ လာမည့်ဆယ်စုနှစ်အတွင်း မြန်မာ့အထည်ချုပ်လုပ်ငန်းအား အမေရိကန်ဒေါ်လာ(၁၅) ဘီလျံတန်သည့် လုပ်ငန်းအဖြစ် ကြီးထွားလာရန်လျာထားကြောင်း ဖော်ပြထားသည်။ အစီရင်ခံစာအရ မဟာဗျူဟာအစီ အစဉ် (၂၀၂၅-၂၀၃၄)၌ ယခု(၂၀၂၅)ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၅)ဘီလျံခန့်တန်သည့် အထည် ချုပ်လုပ်ငန်းသည် လာမည့်ဆယ်နှစ်အတွင်း အမေရိကန်ဒေါ်လာ(၁၅)ဘီလျံခန့်တန်သည် လုပ်ငန်းအဖြစ် ကြီးထွားလာမည်ဟု ဖော်ပြထား ခြင်းဖြစ်သည်။
ထို့ပြင် အထည်ချုပ်ကဏ္ဍ၌ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအများအပြားဝင်ရောက်လာနိုင်ရန် ဖိတ် ခေါ်နိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ဝင်ငွေရရှိမှု မြင့်တက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
လက်ရှိတွင် အထည်ချုပ်လုပ်ငန်း အခြေအနေမှာ ကောင်းမွန်လျက်ရှိသော်လည်း အထက်ပါ အစီရင်ခံစာအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရေးသည် လျှပ်စစ်မီးပုံမှန်ရရှိရေးနှင့် ရွေးကောက်ပွဲအမှန်တကယ် ကျင်းပနိုင် ရေးတို့အပေါ်တွင် မူတည်နေကြောင်း ပြည်တွင်းရှိ အထည်ချုပ်လုပ် ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုထားသည်။ “လက် ရှိအထည်ချုပ်လုပ်ငန်း အခြေအနေကတော့ ကောင်းပါတယ်။ ဆိုးတဲ့အထဲမှာတော့မပါဘူး။ မီးပြဿနာက တော့ရှိနေ တယ်။ ဒီလိုပုံစံမျိုးနဲ့ကတော့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်မယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး။ စာရွက်ပေါ်မှာ ရေးတာကတော့ လူတိုင်းရေးတတ် တာပဲလေ။ နှစ်ချက်တော့ ရှိတယ်။ နံပါတ်တစ်ကတော့ နိုင်ငံရေးအခြေအနေပေါ့။ ရွေးကောက်ပွဲသာလုပ်ပေး နိုင်ခဲ့တယ်ဆိုရင်တော့ ဖြစ်နိုင်တယ် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုက ဝင်လာမှာ။ နောက်တစ် ချက်ကတော့ မီးမှန်အောင်လုပ်ပေးဖို့ပေါ့။ မီးမှန်မယ်၊ ရွေးကောက်ပွဲ ဖြစ်သွားမယ်ဆိုရင်(၁၅) ဘီလျံဆိုတာ နည်းတောင်နည်းနေသေးတယ်။ တကယ်ပြောင်းလဲ မယ်ဆိုရင်ပေါ့ ဒီအစီရင်ခံစာက ရွေးကောက်ပွဲဖြစ်လာ ဖို့နဲ့ မီးမှန်မှန် ရဖို့ဆိုတဲ့ အချက်နှစ်ချက်ပေါ်မှာ မူတည် နေတာပေါ့” ဟု အထက်ပါ အထည်ချုပ်လုပ်ငန်းရှင်က NP News ကို ပြော သည်။ ပြည်တွင်း၌ ရွေးကောက်ပွဲကျင်းပနိုင်ပြီး လျှပ်စစ်မီးသာပုံမှန်ရရှိ မည်ဆိုပါက အထည်ချုပ်ကဏ္ဍအနေဖြင့် အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည့် (၁၅)ဘီလျံဆိုသည့် ပမာဏထက် ပိုမိုရရှိနိုင်ကြောင်းသိရသည်။ ထို့ပြင် အဆိုပါ ဆယ်စုနှစ်အတွင်း လုပ်သားအင်အား (၁ ဒသမ ၂)သန်းမှ (၁ ဒသမ ၆)သန်းအထိ ခန့်ထားနိုင်ရေးကို လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ နိုင်ငံတကာကုန်သွယ်မှုများတွင် လက်ခစား စနစ်(CMP) မှ ထုတ်ကုန်တစ်ခုလုံးကို ကုန်ကြမ်း ဝယ်ယူမှုမှစ၍ အထည်ချောထွက်သည် အထိထုတ်လုပ်ပြီး တင်ပို့ရောင်းချသောစနစ် (FOB) သို့ ကူးပြောင်းရာတွင် လွယ်ကူသွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံ၏ နိုင်ငံတော်အဆင့်ပို့ကုန်မဟာဗျူဟာကိုလည်း အထောက်အကူဖြစ်စေနိုင်ကြောင်း သိရသည်။ “CMP ကနေ FOB ဆယ်နှစ်အတွင်းမှာ မဖြစ်နိုင်ဘူး လို့ထင်တယ်။ Infrastructure တွေ အများကြီးလိုတယ်။ ဇီးရိုးလို့လည်း ပြောလို့မရသလို (၁၀ဝ)ရာခိုင်နှုန်းလည်း မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ (၅၀/၅၀) လို့တောင်မလွယ်လောက်ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် မြန်မာ့အထည် ချုပ်ကဏ္ဍအနေဖြင့် စိန်ခေါ်မှုများရှိနေပြီး အဆိုပါ စိန်ခေါ်မှုပြဿနာများသည် မြန်မာ့အထည်ချုပ် ကဏ္ဍဖွံဖြိုးတိုးတက်မှု အတွက် သိသာထင်ရှားသည့် အဟန့်အတားများဖြစ်ကြောင်း အဆိုပါမဟာဗျူ ဟာအစီအစဉ် (၂၀၂၅-၂၀၃၄)တွင် ဖော်ပြ ထားသည်။
ပြီးခဲ့သည့် မတ်လ(၂၅)ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် လာမည့် ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်ရန် လျာထားကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

Zawgyi Version:
အထည္ခ်ဳပ္တြင္ FDI ဝင္ေရာက္ႏိုင္ေရးမွာ ေ႐ြးေကာက္ပြဲႏွင့္ လွ်ပ္စစ္မီးရရွိမႈအေပၚ မူတည္ေန
ယြန္း (NP News ) ဧၿပီ-၉
အထည္ခ်ဳပ္လုပ္ငန္းတြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ(FDI)မ်ား ဝင္ေရာက္လာႏိုင္ေရးသည္ ေ႐ြးေကာက္ပြဲႏွင့္ လွ်ပ္စစ္မီးရရွိႏိုင္ေရးေပၚတြင္ မူတည္ ေနေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းရွင္တစ္ဦးက သုံး သပ္ေျပာဆိုထားသည္။
ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း(MGMA)၏ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ျပန္ခဲ့သည့္ (၁၀)ႏွစ္ တာ မဟာဗ်ဴဟာအစီအစဥ္၌ လာမည့္ဆယ္စုႏွစ္အတြင္း ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းအား အေမရိကန္ေဒၚလာ(၁၅) ဘီလ်ံတန္သည့္ လုပ္ငန္းအျဖစ္ ႀကီးထြားလာရန္လ်ာထားေၾကာင္း ေဖာ္ျပထားသည္။ အစီရင္ခံစာအရ မဟာဗ်ဴဟာအစီ အစဥ္ (၂၀၂၅-၂၀၃၄)၌ ယခု(၂၀၂၅)ခုႏွစ္တြင္ အေမရိကန္ေဒၚလာ(၅)ဘီလ်ံခန႔္တန္သည့္ အထည္ ခ်ဳပ္လုပ္ငန္းသည္ လာမည့္ဆယ္ႏွစ္အတြင္း အေမရိကန္ေဒၚလာ(၁၅)ဘီလ်ံခန႔္တန္သည္ လုပ္ငန္းအျဖစ္ ႀကီးထြားလာမည္ဟု ေဖာ္ျပထား ျခင္းျဖစ္သည္။
ထို႔ျပင္ အထည္ခ်ဳပ္က႑၌ ႏိုင္ငံျခားရင္း ႏွီးျမႇဳပ္ႏွံမႈအမ်ားအျပားဝင္ေရာက္လာႏိုင္ရန္ ဖိတ္ ေခၚႏိုင္ေရးႏွင့္ တန္ဖိုးျမႇင့္ထုတ္ကုန္မ်ား ထုတ္လုပ္ၿပီး ဝင္ေငြရရွိမႈ ျမင့္တက္ႏိုင္ေရးကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရ သည္။
လက္ရွိတြင္ အထည္ခ်ဳပ္လုပ္ငန္း အေျခအေနမွာ ေကာင္းမြန္လ်က္ရွိေသာ္လည္း အထက္ပါ အစီရင္ခံစာအရ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဖိတ္ေခၚႏိုင္ေရးသည္ လွ်ပ္စစ္မီးပုံမွန္ရရွိေရးႏွင့္ ေ႐ြးေကာက္ပြဲအမွန္တကယ္ က်င္းပႏိုင္ ေရးတို႔အေပၚတြင္ မူတည္ေနေၾကာင္း ျပည္တြင္းရွိ အထည္ခ်ဳပ္လုပ္ ငန္းရွင္တစ္ဦးက သုံးသပ္ေျပာဆိုထားသည္။ “လက္ ရွိအထည္ခ်ဳပ္လုပ္ငန္း အေျခအေနကေတာ့ ေကာင္းပါတယ္။ ဆိုးတဲ့အထဲမွာေတာ့မပါဘူး။ မီးျပႆနာက ေတာ့ရွိေန တယ္။ ဒီလိုပုံစံမ်ိဳးနဲ႔ကေတာ့ ႏိုင္ငံျခားရင္း ႏွီးျမႇဳပ္ႏွံမႈေတြ ဖိတ္ေခၚမယ္ ဆိုတာကေတာ့ မျဖစ္ႏိုင္ဘူး။ စာ႐ြက္ေပၚမွာ ေရးတာကေတာ့ လူတိုင္းေရးတတ္ တာပဲေလ။ ႏွစ္ခ်က္ေတာ့ ရွိတယ္။ နံပါတ္တစ္ကေတာ့ ႏိုင္ငံေရးအေျခအေနေပါ့။ ေ႐ြးေကာက္ပြဲသာလုပ္ေပး ႏိုင္ခဲ့တယ္ဆိုရင္ေတာ့ ျဖစ္ႏိုင္တယ္ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈက ဝင္လာမွာ။ ေနာက္တစ္ ခ်က္ကေတာ့ မီးမွန္ေအာင္လုပ္ေပးဖို႔ေပါ့။ မီးမွန္မယ္၊ ေ႐ြးေကာက္ပြဲ ျဖစ္သြားမယ္ဆိုရင္(၁၅) ဘီလ်ံဆိုတာ နည္းေတာင္နည္းေနေသးတယ္။ တကယ္ေျပာင္းလဲ မယ္ဆိုရင္ေပါ့ ဒီအစီရင္ခံစာက ေ႐ြးေကာက္ပြဲျဖစ္လာ ဖို႔နဲ႔ မီးမွန္မွန္ ရဖို႔ဆိုတဲ့ အခ်က္ႏွစ္ခ်က္ေပၚမွာ မူတည္ ေနတာေပါ့” ဟု အထက္ပါ အထည္ခ်ဳပ္လုပ္ငန္းရွင္က NP News ကို ေျပာ သည္။ ျပည္တြင္း၌ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ၿပီး လွ်ပ္စစ္မီးသာပုံမွန္ရရွိ မည္ဆိုပါက အထည္ခ်ဳပ္က႑အေနျဖင့္ အဆိုပါ အစီရင္ခံစာတြင္ ေဖာ္ျပထားသည့္ (၁၅)ဘီလ်ံဆိုသည့္ ပမာဏထက္ ပိုမိုရရွိႏိုင္ေၾကာင္းသိရသည္။ ထို႔ျပင္ အဆိုပါ ဆယ္စုႏွစ္အတြင္း လုပ္သားအင္အား (၁ ဒသမ ၂)သန္းမွ (၁ ဒသမ ၆)သန္းအထိ ခန႔္ထားႏိုင္ေရးကို လ်ာထား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ အလားတူ ႏိုင္ငံတကာကုန္သြယ္မႈမ်ားတြင္ လက္ခစား စနစ္(CMP) မွ ထုတ္ကုန္တစ္ခုလုံးကို ကုန္ၾကမ္း ဝယ္ယူမႈမွစ၍ အထည္ေခ်ာထြက္သည္ အထိထုတ္လုပ္ၿပီး တင္ပို႔ေရာင္းခ်ေသာစနစ္ (FOB) သို႔ ကူးေျပာင္းရာတြင္ လြယ္ကူသြားမည္ျဖစ္ၿပီး ျမန္မာ ႏိုင္ငံ၏ ႏိုင္ငံေတာ္အဆင့္ပို႔ကုန္မဟာဗ်ဴဟာကိုလည္း အေထာက္အကူျဖစ္ေစႏိုင္ေၾကာင္း သိရသည္။ “CMP ကေန FOB ဆယ္ႏွစ္အတြင္းမွာ မျဖစ္ႏိုင္ဘူး လို႔ထင္တယ္။ Infrastructure ေတြ အမ်ားႀကီးလိုတယ္။ ဇီး႐ိုးလို႔လည္း ေျပာလို႔မရသလို (၁၀ဝ)ရာခိုင္ႏႈန္းလည္း မျဖစ္ႏိုင္ဘူးလို႔လည္း ေျပာလို႔မရဘူး။ (၅၀/၅၀) လို႔ေတာင္မလြယ္ေလာက္ဘူး”ဟု ၎က ဆက္လက္ေျပာသည္။ လက္ရွိတြင္ ျမန္မာ့အထည္ ခ်ဳပ္က႑အေနျဖင့္ စိန္ေခၚမႈမ်ားရွိေနၿပီး အဆိုပါ စိန္ေခၚမႈျပႆနာမ်ားသည္ ျမန္မာ့အထည္ခ်ဳပ္ က႑ဖြံၿဖိဳးတိုးတက္မႈ အတြက္ သိသာထင္ရွားသည့္ အဟန႔္အတားမ်ားျဖစ္ေၾကာင္း အဆိုပါမဟာဗ်ဴ ဟာအစီအစဥ္ (၂၀၂၅-၂၀၃၄)တြင္ ေဖာ္ျပ ထားသည္။
ၿပီးခဲ့သည့္ မတ္လ(၂၅)ရက္တြင္ က်င္းပခဲ့သည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစည္းအေဝးတြင္ လာမည့္ ေ႐ြးေကာက္ပြဲကို ယခုႏွစ္ ဒီဇင္ဘာလႏွင့္ ဇန္နဝါရီလအတြင္း က်င္းပျပဳလုပ္ရန္ လ်ာထားေၾကာင္း နစကဥကၠ႒က အသိေပးေျပာၾကားထားသည္။