ရော်ဘာကို ကမ္ဘာ့ပေါက်ဈေးအတိုင်းရရှိမှ အစေးလှီးကျွမ်းကျင်လုပ်သားရှားပါးသည့်ပြဿနာ ဖြေရှင်းနိုင်မည်

163

Pearl - (NP News) - အောက်တိုဘာ ၈
ရော်ဘာကို ကမ္ဘာ့ပေါက်ဈေးအတိုင်းရရှိမှ အစေးလှီးကျွမ်းကျင်လုပ်သားရှားပါးသည့် ပြဿနာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ရော်ဘာလုပ်ငန်းရှင်များ က NP News သို့ ပြောဆိုထားသည့် အ ချက်အလက်များအရ သိရသည်။
ရော်ဘာ တစ်တန်လျှင် ဒေါ်လာ (၂၀ဝဝ) နီးပါး ကမ္ဘာ့ပေါက်ဈေးရှိသော်လည်း မြန်မာနိုင်ငံမှ ရော်ဘာ တင်ပို့မှုများသည် အရည်အသွေးပြည့်မီရန် လိုအပ်ချက်များရှိနေသည့်အတွက် ဒေါ်လာ (၁၅၀ဝ)ခန့်သာရရှိနေပြီး ရော်ဘာ အစေးလှီးလုပ်သားများ ကိုလည်း ခြံအလိုက် လုပ်ခလစာအဖြစ် တစ်ရက်လျှင် (၁၅၀ဝဝ) ကျပ် ဝန်းကျင်သာပေးနိုင်ကြောင်း သိရ သည်။
ထိုသို့ လုပ်ခလစာနည်းပါးသည့်အတွက် အစေးလှီးကျွမ်းကျင်လုပ်သားများအနေဖြင့် ထိုင်း နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ ရော်ဘာခြံများသို့ သွားရောက်လုပ်ကိုင်နေကြသည့် အတွက် လက်ရှိတွင် ရော်ဘာထုတ်လုပ်မှု၌ လုပ်ငန်း ရှင်များ အဓိကရင်ဆိုင်နေရသည့်ပြဿနာသည် အ စေးလှီး ကျွမ်းကျင်လုပ်သားရှားပါးခြင်းဖြစ်ကြောင်း သိရသည်။
“လုပ်ခလစာက တစ်ခြံနဲ့ တစ်ခြံမတူဘူး။ ပျမ်းမျှကတော့ (၁၅၀ဝဝ) ဝန်းကျင်ပေါ့။ အဲဒါက ဆုကြေးတွေမပါသေးဘူး။ ရက်မှန်ဆုကြေးတွေ။ ထိုင်း တို့ မလေးတို့က ရတဲ့ဈေးကို ကွာတယ်လေ။ တစ်နေ့ကို ဘတ် (၃၅၀)၊ (၄၀ဝ) ဝန်းကျင်ပေါ့။ လက် ရှိ ရော်ဘာထုတ်လုပ်မှုရဲ့ အဓိက ပြဿနာဖြစ်နေတာက အစေးလှီးကျွမ်းကျင်လုပ်သားရှားပါးတဲ့ ပြဿနာပေါ့။ အဲဒါက တော်တော်လေး ရော်ဘာ ခြံတွေ ရင်ဆိုင်နေရတာပေါ့။ အဓိက အစေးလှီးလုပ် သားက တိုင်းတစ်ပါးမှာ သွားပြီးလုပ်နေတာများနေ တာပေါ့။ ထိုင်းတို့၊ မလေးတို့၊ အင်ဒိုနီးရှားတို့ဘက်မှာ သွားလုပ်နေကြတာ။ တရားဝင်ရော၊ တရားမဝင်ရော တော်တော်များများ သွားနေကြတာ။ ထွက်သွားကြတဲ့ အခါကျတော့ ကျွန်တော်တို့ ဆီမှာ အစေးလှီးလုပ် သားရှားပါးမှုက တော်တော်လေး ခက်ခက်ခဲခဲ ဖြစ်နေ တာပေါ့။ ဒါတွေကိုလည်း ဖြည့်ဆည်းပေးနိုင်ဖို့ စိုက် ပျိုးရေးဦးစီးဌာနနဲ့လည်း ညှိနှိုင်းပြီး သင်တန်းတွေ ဘာတွေ ဖွင့်ဖို့တောင်းဆိုထားတာ။ ဖွင့်လည်း ဖွင့်နေ ပါတယ်” ဟု ရော်ဘာလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
အစေးလှီးကျွမ်းကျင် လုပ်သားရှားပါးခြင်း ကို ဖြေရှင်းရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ရော် ဘာ လုပ်ငန်းရှင်များ ညှိနှိုင်း၍ သင်တန်းများပို့ချပေးနေ ကြောင်းလည်း သိရသည်။
ထို့ပြင် ကမ္ဘာ့ပေါက်ဈေးများအတိုင်းရရှိမှသာလျှင် လုပ်ခလစာတိုးမြှင့်ပေးနိုင်မည်ဖြစ်သည့်အတွက် အရည်အသွေးကောင်းမွန်သည့် ရော်ဘာများ တင်ပို့နိုင်ရန်လည်း ကြိုးစားဆောင်ရွက်နေသည့် အ ပြင် နိုင်ငံတော်အနေဖြင့်လည်း Group Process စက်ရုံများကို ပံ့ပို့ဆောင်ရွက်ပေးသင့်ကြောင်းလည်း ၎င်းက အကြံပြုထားသည်။
“ရော်ဘာအစေးလှီးလုပ်သားက ရှားပါးပြီး ခက်ခဲတဲ့အဆင့်တော့ရောက်လာပြီပေါ့။ ဦးစားပေးပြီး ဆောင်ရွက်နေတာက စုပေါင်းပြီးတော့ ထုတ်လုပ်တဲ့ အစေးလှီးစက်ရုံစနစ်ပေါ့။ အစေးရည်တွေဝယ်ပြီး တော့ စုပေါင်းပြီး ထုတ်လုပ်တဲ့စက်ရုံတည်ထောင်ဖို့ ကြိုးစားပြီးလုပ်နေကြတာ။ အဲဒီကျမှ အရည်အသွေး က ကောင်းမွန်လာပြီးတော့ တူညီတဲ့အရည်အသွေးကို တင်ပို့နိုင်တဲ့အခြေအနေမျိုးထိ ရောက်အောင်လုပ် ရမှာ။ တချို့ပိုက်ဆံရှိတဲ့လူတွေက လုပ်နေကြပြီ။ အဲဒါကိုလည်း ရော်ဘာ ခြံငယ်ရှင်တွေကိုလည်း အဲဒီ လိုမျိုး ဧက (၁၀ဝ) တစ် Group ဖွင့်ပြီးတော့ Group စက်ရုံတွေ ထူထောင်ပေးဖို့လည်း လိုအပ် တာပေါ့။ တကယ်တမ်းပြောရင် အဲဒီလို စက်ရုံတွေကို သမဝါယမ စနစ်နဲ့ ထူထောင်ပေးဖို့လုပ်နိုင်ရင် နိုင်ငံ တကာပေါက်ဈေးကို မရသေးတဲ့ပြဿနာကို တော် တော်လေး အထောက်အကူဖြစ်မယ်လို့ မျှော်မှန်းရ တာပေါ့။ လက်ရှိက နိုင်ငံတကာ ပေါက်ဈေးထက်ကို တစ်တန်ကို ဒေါ်လာ (၄၀ဝ) လျှော့ရောင်းနေရတယ်။ အဲဒီလျှော့ရောင်းနေရတဲ့ ဈေးကို ပြန်ရလာရင် ဈေး တန်းတစ်ခုကို တက်လာမယ့်အခြေအနေဖြစ်လာရင် အစေးလှီးလုပ်သားကို တခြားနိုင်ငံတွေက ပေးနိုင်တဲ့ လုပ်ခလစာမျိုးနဲ့ရောက်လာရင် အဲဒီပြဿနာတွေ အနည်းနဲ့အများ ပြေလည်သွားမှာပေါ့နော်။ အဓိက အရေအသွေးမြှင့်တင်တဲ့လုပ်ငန်းကို အင်တိုက် အားတိုက်နဲ့ လုပ်ဖို့လိုအပ်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ေရာ္ဘာကို ကမာၻ႔ေပါက္ေဈးအတိုင္းရရွိမွ အေစးလွီးကြၽမ္းက်င္လုပ္သားရွားပါးသည့္ျပႆနာ ေျဖရွင္းႏိုင္မည္
Pearl - (NP News) - ေအာက္တိုဘာ ၈
ေရာ္ဘာကို ကမာၻ႔ေပါက္ေဈးအတိုင္းရရွိမွ အေစးလွီးကြၽမ္းက်င္လုပ္သားရွားပါးသည့္ ျပႆနာ ေျဖရွင္းႏိုင္မည္ျဖစ္ေၾကာင္း ေရာ္ဘာလုပ္ငန္းရွင္မ်ား က NP News သို႔ ေျပာဆိုထားသည့္ အ ခ်က္အလက္မ်ားအရ သိရသည္။
ေရာ္ဘာ တစ္တန္လွ်င္ ေဒၚလာ (၂၀ဝဝ) နီးပါး ကမာၻ႔ေပါက္ေဈးရွိေသာ္လည္း ျမန္မာႏိုင္ငံမွ ေရာ္ဘာ တင္ပို႔မႈမ်ားသည္ အရည္အေသြးျပည့္မီရန္ လိုအပ္ခ်က္မ်ားရွိေနသည့္အတြက္ ေဒၚလာ (၁၅၀ဝ)ခန႔္သာရရွိေနၿပီး ေရာ္ဘာ အေစးလွီးလုပ္သားမ်ား ကိုလည္း ၿခံအလိုက္ လုပ္ခလစာအျဖစ္ တစ္ရက္လွ်င္ (၁၅၀ဝဝ) က်ပ္ ဝန္းက်င္သာေပးႏိုင္ေၾကာင္း သိရ သည္။
ထိုသို႔ လုပ္ခလစာနည္းပါးသည့္အတြက္ အေစးလွီးကြၽမ္းက်င္လုပ္သားမ်ားအေနျဖင့္ ထိုင္း ႏိုင္ငံ၊ မေလးရွားႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔ရွိ ေရာ္ဘာၿခံမ်ားသို႔ သြားေရာက္လုပ္ကိုင္ေနၾကသည့္ အတြက္ လက္ရွိတြင္ ေရာ္ဘာထုတ္လုပ္မႈ၌ လုပ္ငန္း ရွင္မ်ား အဓိကရင္ဆိုင္ေနရသည့္ျပႆနာသည္ အ ေစးလွီး ကြၽမ္းက်င္လုပ္သားရွားပါးျခင္းျဖစ္ေၾကာင္း သိရသည္။
“လုပ္ခလစာက တစ္ၿခံနဲ႔ တစ္ၿခံမတူဘူး။ ပ်မ္းမွ်ကေတာ့ (၁၅၀ဝဝ) ဝန္းက်င္ေပါ့။ အဲဒါက ဆုေၾကးေတြမပါေသးဘူး။ ရက္မွန္ဆုေၾကးေတြ။ ထိုင္း တို႔ မေလးတို႔က ရတဲ့ေဈးကို ကြာတယ္ေလ။ တစ္ေန႔ကို ဘတ္ (၃၅၀)၊ (၄၀ဝ) ဝန္းက်င္ေပါ့။ လက္ ရွိ ေရာ္ဘာထုတ္လုပ္မႈရဲ႕ အဓိက ျပႆနာျဖစ္ေနတာက အေစးလွီးကြၽမ္းက်င္လုပ္သားရွားပါးတဲ့ ျပႆနာေပါ့။ အဲဒါက ေတာ္ေတာ္ေလး ေရာ္ဘာ ၿခံေတြ ရင္ဆိုင္ေနရတာေပါ့။ အဓိက အေစးလွီးလုပ္ သားက တိုင္းတစ္ပါးမွာ သြားၿပီးလုပ္ေနတာမ်ားေန တာေပါ့။ ထိုင္းတို႔၊ မေလးတို႔၊ အင္ဒိုနီးရွားတို႔ဘက္မွာ သြားလုပ္ေနၾကတာ။ တရားဝင္ေရာ၊ တရားမဝင္ေရာ ေတာ္ေတာ္မ်ားမ်ား သြားေနၾကတာ။ ထြက္သြားၾကတဲ့ အခါက်ေတာ့ ကြၽန္ေတာ္တို႔ ဆီမွာ အေစးလွီးလုပ္ သားရွားပါးမႈက ေတာ္ေတာ္ေလး ခက္ခက္ခဲခဲ ျဖစ္ေန တာေပါ့။ ဒါေတြကိုလည္း ျဖည့္ဆည္းေပးႏိုင္ဖို႔ စိုက္ ပ်ိဳးေရးဦးစီးဌာနနဲ႔လည္း ညႇိႏႈိင္းၿပီး သင္တန္းေတြ ဘာေတြ ဖြင့္ဖို႔ေတာင္းဆိုထားတာ။ ဖြင့္လည္း ဖြင့္ေန ပါတယ္” ဟု ေရာ္ဘာလုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။
အေစးလွီးကြၽမ္းက်င္ လုပ္သားရွားပါးျခင္း ကို ေျဖရွင္းရန္အတြက္ စိုက္ပ်ိဳးေရးဦးစီးဌာနႏွင့္ ေရာ္ ဘာ လုပ္ငန္းရွင္မ်ား ညႇိႏႈိင္း၍ သင္တန္းမ်ားပို႔ခ်ေပးေန ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ကမာၻ႔ေပါက္ေဈးမ်ားအတိုင္းရရွိမွသာလွ်င္ လုပ္ခလစာတိုးျမႇင့္ေပးႏိုင္မည္ျဖစ္သည့္အတြက္ အရည္အေသြးေကာင္းမြန္သည့္ ေရာ္ဘာမ်ား တင္ပို႔ႏိုင္ရန္လည္း ႀကိဳးစားေဆာင္႐ြက္ေနသည့္ အ ျပင္ ႏိုင္ငံေတာ္အေနျဖင့္လည္း Group Process စက္႐ုံမ်ားကို ပံ့ပို႔ေဆာင္႐ြက္ေပးသင့္ေၾကာင္းလည္း ၎က အႀကံျပဳထားသည္။
“ေရာ္ဘာအေစးလွီးလုပ္သားက ရွားပါးၿပီး ခက္ခဲတဲ့အဆင့္ေတာ့ေရာက္လာၿပီေပါ့။ ဦးစားေပးၿပီး ေဆာင္႐ြက္ေနတာက စုေပါင္းၿပီးေတာ့ ထုတ္လုပ္တဲ့ အေစးလွီးစက္႐ုံစနစ္ေပါ့။ အေစးရည္ေတြဝယ္ၿပီး ေတာ့ စုေပါင္းၿပီး ထုတ္လုပ္တဲ့စက္႐ုံတည္ေထာင္ဖို႔ ႀကိဳးစားၿပီးလုပ္ေနၾကတာ။ အဲဒီက်မွ အရည္အေသြး က ေကာင္းမြန္လာၿပီးေတာ့ တူညီတဲ့အရည္အေသြးကို တင္ပို႔ႏိုင္တဲ့အေျခအေနမ်ိဳးထိ ေရာက္ေအာင္လုပ္ ရမွာ။ တခ်ိဳ႕ပိုက္ဆံရွိတဲ့လူေတြက လုပ္ေနၾကၿပီ။ အဲဒါကိုလည္း ေရာ္ဘာ ၿခံငယ္ရွင္ေတြကိုလည္း အဲဒီ လိုမ်ိဳး ဧက (၁၀ဝ) တစ္ Group ဖြင့္ၿပီးေတာ့ Group စက္႐ုံေတြ ထူေထာင္ေပးဖို႔လည္း လိုအပ္ တာေပါ့။ တကယ္တမ္းေျပာရင္ အဲဒီလို စက္႐ုံေတြကို သမဝါယမ စနစ္နဲ႔ ထူေထာင္ေပးဖို႔လုပ္ႏိုင္ရင္ ႏိုင္ငံ တကာေပါက္ေဈးကို မရေသးတဲ့ျပႆနာကို ေတာ္ ေတာ္ေလး အေထာက္အကူျဖစ္မယ္လို႔ ေမွ်ာ္မွန္းရ တာေပါ့။ လက္ရွိက ႏိုင္ငံတကာ ေပါက္ေဈးထက္ကို တစ္တန္ကို ေဒၚလာ (၄၀ဝ) ေလွ်ာ့ေရာင္းေနရတယ္။ အဲဒီေလွ်ာ့ေရာင္းေနရတဲ့ ေဈးကို ျပန္ရလာရင္ ေဈး တန္းတစ္ခုကို တက္လာမယ့္အေျခအေနျဖစ္လာရင္ အေစးလွီးလုပ္သားကို တျခားႏိုင္ငံေတြက ေပးႏိုင္တဲ့ လုပ္ခလစာမ်ိဳးနဲ႔ေရာက္လာရင္ အဲဒီျပႆနာေတြ အနည္းနဲ႔အမ်ား ေျပလည္သြားမွာေပါ့ေနာ္။ အဓိက အေရအေသြးျမႇင့္တင္တဲ့လုပ္ငန္းကို အင္တိုက္ အားတိုက္နဲ႔ လုပ္ဖို႔လိုအပ္တာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။