ထိုင်းသို့အခွန်ကင်းလွတ်ခွင့်ဖြင့်တင်ပို့ချိန်နီးလာသဖြင့်ပြောင်းဈေးတက်လာ

 649

ပြည့်ဖြိုး(NP News) ဒီဇင်ဘာ ၅
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရန် အချိန်နီးကပ်လာပြီဖြစ်၍ ပြောင်းစျေးအနည်းငယ် ပြန်တက်လာကြောင်း ကုန်သည်များနှင့်ပြောင်း စိုက်တောင်သူများထံမှ သိရသည်။
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခြင်းကို စက်တင်ဘာလမှ ဇန်နဝါရီလကုန်အထိ ၅ လတာ ခန့် ဝယ်ယူမှု ရပ်ဆိုင်းထားခြင်း ဖြစ်ပြီး ပြန်လည်တင်ပို့ နိုင်ရန် အချိန် နှစ်လ ခန့် သာလိုအပ်ကြောင်း သိရသည်။
"ထိုင်းနိုင်ငံကို တင်ပို့မှုတွေ ရပ်နားထား တော့ ပြောင်းစျေးတွေ က ထင်သလောက် စျေး မရတာပါ ၊ ပြည်တွင်းပြောင်းက ထိုင်းနိုင်ငံကိုပဲ အားထား ပြီး တင်ပို့ရတာပါ ၊ ကျန်တဲ့ နိုင်ငံ က ထင်သလောက် စျေးမရဘူး ၊ အခုက ထိုင်းနိုင်ငံကို ဖေဖော်ဝါရီလ မှ စပြီး ပြန်လည် တင်ပို့ နိုင်တော့မှာပါ ။ ထိုင်းနိုင်ငံက တစ်နှစ်ပြောင်းတန်ချိန် ၉ သန်းလောက်လိုပါတယ် ၊ လိုတဲ့ ပြောင်း ရဲ့ ၈၈ရာခိုင်နှုန်းက မြန်မာ က သွင်းရတာပါ၊ သူတို့ ပြောင်းပေါ်ချိန် မှာ ဆို ပြောင်းတင်ပို့မှုအပေါ် အခွန်ကောက်ပေမဲ့ ကျန်တဲ့လ မှာဆိုရင် အခွန်လွတ်နဲ့ တင်ပို့ခွင့်ပေးထားတာပါ။ '' ဟု ပြောင်းကုန်သည် တစ်ဉီး က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလလယ်က ပြောင်း တစ်ပိဿာလျှင် ၁၃၇၀ကျပ် ထိသာ ရှိခဲ့ပြီး လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် စျေးကွက်တွင် ပြောင်း တစ်ပိဿာလျှင် ၁၄၆၀ ကျပ် အထိ ပြန်လည် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။ ထို့အပြင် ပြောင်း FOB စျေး နှုန်း မှာ ၂၃၀ ဒေါ်လာ မှ ၂၄၀ ဒေါ်လာ ပတ်ဝန်းကျင် ဖြင့် စျေးငြိမ်နေ ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ပြောင်းပြန်လည်တင်ပို့ သည့် ကာလတွင် ထိုင်းအစိုးရ မှပြောင်းဝယ်ယူမှု ဖြင့် ပတ်သက်ပြီး မူဝါဒများ ပြန်လည်ချမှတ်နိုင်ခြင်းကြောင့် စောင့်ကြည့်ရမည့် အနေအထားတွင်ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် ယခုနှစ်တွင် သွင်းအားစုများ စျေးမြင့်တက်သည့်ဒဏ်ကို ကြံ့ကြံ့ခံ ၍ စိုက်ပျိုးခဲ့ကြခြင်းဖြစ်ရာယခင်နှစ်များထက် စိုက်ပျိုးစရိတ် ပိုမို ကုန်ကျခဲ့ကြောင်းသိရသည်။
" စျေးက ဒီထပ်ကျလည်း တောင်သူတွေ ရှုံးဖို့ပဲရှိတယ်။ အစစအရာရာစျေးတက်နေတဲ့အချိန် စိုက်စရိတ်လဲ ကြီးတယ်။ တောင်သူတွေအဖို့ စိုးရိမ်စိတ်နဲ့ စိုက်နေရတယ်။ လမ်းကြောင်းဖွင့်တဲ့အချိန် စျေးလေး တက်လာရင်တော့ ကောင်းတာပေါ့ ။ စျေးတက်လည်း တောင်သူစျေးက သပ်သပ်ကို ရှိတာ။ စျေး ကတော့ ထင်သလောက်မရဘူးပေါ့။ ဒါပေမဲ့ စိုက်စရိတ်ကျော်ကျော် လေးရရင်ကို တောင်သူတွေ အတွက်က အဆင်ပြေပါတယ်။ ''ဟု ပြောင်းစိုက်သူ တစ်ဦးကပြောသည်။
မြန်မာ့ဒေသထွက် ပြောင်းသီးနှံများ ၏ ၅၀ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံထံ တင်ပို့နေရပြီး တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယ စသည့် နိုင်ငံများကိုလည်း အနည်းငယ် တင်ပို့လျက်ရှိကြောင်းသိရသည်။ ယခင်က မြန်မာနိုင်ငံအနေ ဖြင့် ထိုင်းနိုင်ငံသို့ နယ်စပ်မှ အဓိကတင်ပို့ခဲ့ ခြင်း ဖြစ်ပြီး လက်ရှိ တွင်နယ်စပ်ကုန်သွယ်မှုများ အဆင်မပြေသည့်အတွက် ပင်လယ်ရေကြောင်း မှ အဓိကထားတင်ပို့နေရကြောင်း သိရသည်။

Zawgyi Version:
ထိုင္းသို႔အခြန္ကင္းလြတ္ခြင့္ျဖင့္တင္ပို႔ခ်ိန္နီးလာသျဖင့္ေျပာင္းေဈးတက္လာ
ျပည့္ၿဖိဳး(NP News) ဒီဇင္ဘာ ၅
ထိုင္းႏိုင္ငံသို႔ အခြန္ကင္းလြတ္ခြင့္ျဖင့္ တင္ပို႔ႏိုင္ရန္ အခ်ိန္နီးကပ္လာၿပီျဖစ္၍ ေျပာင္းေစ်းအနည္းငယ္ ျပန္တက္လာေၾကာင္း ကုန္သည္မ်ားႏွင့္ေျပာင္း စိုက္ေတာင္သူမ်ားထံမွ သိရသည္။
ထိုင္းႏိုင္ငံသို႔ အခြန္ကင္းလြတ္ခြင့္ျဖင့္ တင္ပို႔ျခင္းကို စက္တင္ဘာလမွ ဇန္နဝါရီလကုန္အထိ ၅ လတာ ခန႔္ ဝယ္ယူမႈ ရပ္ဆိုင္းထားျခင္း ျဖစ္ၿပီး ျပန္လည္တင္ပို႔ ႏိုင္ရန္ အခ်ိန္ ႏွစ္လ ခန္႔ သာလိုအပ္ေၾကာင္း သိရသည္။
"ထိုင္းႏိုင္ငံကို တင္ပို႔မႈေတြ ရပ္နားထား ေတာ့ ေျပာင္းေစ်းေတြ က ထင္သေလာက္ ေစ်း မရတာပါ ၊ ျပည္တြင္းေျပာင္းက ထိုင္းႏိုင္ငံကိုပဲ အားထား ၿပီး တင္ပို႔ရတာပါ ၊ က်န္တဲ့ ႏိုင္ငံ က ထင္သေလာက္ ေစ်းမရဘူး ၊ အခုက ထိုင္းႏိုင္ငံကို ေဖေဖာ္ဝါရီလ မွ စၿပီး ျပန္လည္ တင္ပို႔ ႏိုင္ေတာ့မွာပါ ။ ထိုင္းႏိုင္ငံက တစ္ႏွစ္ေျပာင္းတန္ခ်ိန္ ၉ သန္းေလာက္လိုပါတယ္ ၊ လိုတဲ့ ေျပာင္း ရဲ႕ ၈၈ရာခိုင္ႏႈန္းက ျမန္မာ က သြင္းရတာပါ၊ သူတို႔ ေျပာင္းေပၚခ်ိန္ မွာ ဆို ေျပာင္းတင္ပို႔မႈအေပၚ အခြန္ေကာက္ေပမဲ့ က်န္တဲ့လ မွာဆိုရင္ အခြန္လြတ္နဲ႔ တင္ပို႔ခြင့္ေပးထားတာပါ။ '' ဟု ေျပာင္းကုန္သည္ တစ္ဉီး က ေျပာသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာလလယ္က ေျပာင္း တစ္ပိႆာလွ်င္ ၁၃၇၀က်ပ္ ထိသာ ရွိခဲ့ၿပီး လက္ရွိ ဘုရင့္ေနာင္ကုန္စည္ဒိုင္ ေစ်းကြက္တြင္ ေျပာင္း တစ္ပိႆာလွ်င္ ၁၄၆၀ က်ပ္ အထိ ျပန္လည္ အေရာင္းအဝယ္ ျဖစ္ေနေၾကာင္း သိရသည္။ ထို႔အျပင္ ေျပာင္း FOB ေစ်း ႏႈန္း မွာ ၂၃၀ ေဒၚလာ မွ ၂၄၀ ေဒၚလာ ပတ္ဝန္းက်င္ ျဖင့္ ေစ်းၿငိမ္ေန ေၾကာင္း သိရသည္။
၂၀၂၆ ခုႏွစ္ ေျပာင္းျပန္လည္တင္ပို႔ သည့္ ကာလတြင္ ထိုင္းအစိုးရ မွေျပာင္းဝယ္ယူမႈ ျဖင့္ ပတ္သက္ၿပီး မူဝါဒမ်ား ျပန္လည္ခ်မွတ္ႏိုင္ျခင္းေၾကာင့္ ေစာင့္ၾကည့္ရမည့္ အေနအထားတြင္ရွိေၾကာင္း သိရသည္။
ေတာင္သူမ်ားအေနျဖင့္ ယခုႏွစ္တြင္ သြင္းအားစုမ်ား ေစ်းျမင့္တက္သည့္ဒဏ္ကို ႀကံ့ႀကံ့ခံ ၍ စိုက္ပ်ိဳးခဲ့ၾကျခင္းျဖစ္ရာယခင္ႏွစ္မ်ားထက္ စိုက္ပ်ိဳးစရိတ္ ပိုမို ကုန္က်ခဲ့ေၾကာင္းသိရသည္။
" ေစ်းက ဒီထပ္က်လည္း ေတာင္သူေတြ ရႈံးဖို႔ပဲရွိတယ္။ အစစအရာရာေစ်းတက္ေနတဲ့အခ်ိန္ စိုက္စရိတ္လဲ ႀကီးတယ္။ ေတာင္သူေတြအဖို႔ စိုးရိမ္စိတ္နဲ႔ စိုက္ေနရတယ္။ လမ္းေၾကာင္းဖြင့္တဲ့အခ်ိန္ ေစ်းေလး တက္လာရင္ေတာ့ ေကာင္းတာေပါ့ ။ ေစ်းတက္လည္း ေတာင္သူေစ်းက သပ္သပ္ကို ရွိတာ။ ေစ်း ကေတာ့ ထင္သေလာက္မရဘူးေပါ့။ ဒါေပမဲ့ စိုက္စရိတ္ေက်ာ္ေက်ာ္ ေလးရရင္ကို ေတာင္သူေတြ အတြက္က အဆင္ေျပပါတယ္။ ''ဟု ေျပာင္းစိုက္သူ တစ္ဦးကေျပာသည္။
ျမန္မာ့ေဒသထြက္ ေျပာင္းသီးႏွံမ်ား ၏ ၅၀ရာခိုင္ႏႈန္းခန္႔ကို ထိုင္းႏိုင္ငံထံ တင္ပို႔ေနရၿပီး တ႐ုတ္၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အိႏၵိယ စသည့္ ႏိုင္ငံမ်ားကိုလည္း အနည္းငယ္ တင္ပို႔လ်က္ရွိေၾကာင္းသိရသည္။ ယခင္က ျမန္မာႏိုင္ငံအေန ျဖင့္ ထိုင္းႏိုင္ငံသို႔ နယ္စပ္မွ အဓိကတင္ပို႔ခဲ့ ျခင္း ျဖစ္ၿပီး လက္ရွိ တြင္နယ္စပ္ကုန္သြယ္မႈမ်ား အဆင္မေျပသည့္အတြက္ ပင္လယ္ေရေၾကာင္း မွ အဓိကထားတင္ပို႔ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.