မတ်လ(၂၈)ရက်ကလှုပ်ခတ်ခဲ့သည့် ပြင်းအား(၇ ဒသမ ၇)ရှိငလျင်ကြောင့် နေပြည်တော်၊ မန္တလေး နှင့်စစ်ကိုင်း တိုင်းတို့တွင် ထိခိုက်မှုအများဆုံးရှိခဲ့သည်။ လက်ရှိအချိန်အထိစာရင်းများအရ သေဆုံးသူ(၃၀ဝဝ)ကျော်နှင့် ထိခိုက်ဒဏ် ရာရရှိသူ(၃၅၀ဝ)ကျော်ရှိကြောင်း သိရသည်။ အင်အားပြင်းငလျင်ကြောင့် ထိခိုက်သေဆုံး မှုများအပြင် အဆောက် အအုံပြိုကျပျက်စီးမှုများမှာလည်းပြင်းထန်ခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် ပြည်သူများအနေဖြင့် အထပ်မြင့်များ တွင်နေ ထိုင်ရန်ပင် စိုးရိမ်နေကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် ပျက်စီးသွားသည့်အဆောက်အအုံများကို အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍ၌ အမှားအယွင်းများစွာရှိနေပြီး အမြန်ပြန်လည်ပြင်ဆင်ရမည့်အချက်များနှင့် လိုအပ်ချက်များ ရှိနေရာ အဆိုပါအချက်များနှင့်ပတ်သက်၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ဦးနှင့် NP News က မေးမြန်းဆွေး နွေးထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး- မြန်မာနိုင်ငံမှာဆောက်နေတဲ့ အဆောက်အအုံတွေအပေါ်မှာ အန်ကယ့်အနေနဲ့ ဘယ်လိုမြင်လဲ။ Safe ဖြစ်တယ် လို့မြင်မိလား။
ဖြေ- ကျွန်တော့်အမြင်နဲ့ကတော့ Safe ဖြစ်တဲ့ဟာ တွေလည်းရှိသလို၊ Safe မဖြစ်တာတွေလည်းရှိတယ်။ ဒါပေမဲ့ အဓိကအပိုင်းလေးတွေကို ခွဲပြီးတော့ပြောပြ ပေးမယ်နော်။ ကျွန်တော်တို့ဆောက်လုပ်ရေး Sector က အမှန်တော့ အခု ဖြစ်တဲ့ငလျင်က Alarm လုပ် လိုက်တာပဲ။ Alarm လုပ်လိုက်တာ ဆောက်လုပ်ရေး Sector အပြင်မဟုတ်ဘူး။ Regulatory Body ဥပမာ စည်းမျည်းစည်းကမ်းတွေ၊ Regulation တွေ ထုတ်တဲ့လူတွေအတွက်ရော နောက်ပြီး နေမယ့် Customer တွေအတွက်ရော အဲဒီအားလုံးအတွက်ကို Alarm ဖြစ်သွားတဲ့အတွက် အဆိုးထဲကအကောင်း တစ်ခုဆောက် လုပ်ရေးလောကမှာစလာမယ်လို့ ကျွန်တော့်အနေနဲ့ကမြင်တာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အထိပေါ့။ ကျွန်တော်တို့ အဆောက်အအုံတွေ ဆောက်တယ်ဆိုတဲ့ဥစ္စာ လူတွေအများကြီး ပြောနေ ကြတာက အထပ်မြင့်တွေက ကြောက်ဖို့ ကောင်းတယ်တို့၊ နေလို့မသင့်တော်ဘူးတို့။ ဒါပေမဲ့ အခု အထပ်မြင့်မှာသေတဲ့လူဦးရေနဲ့ လုံးချင်းတွေ နှစ်ထပ်၊ သုံးထပ် တွေမှာ သေတဲ့လူဦးရေပြန် Comparisons လုပ်ကြည့်လိုက် ဘယ်ဟာများလဲဆိုတာ အဲဒီမှာသွား တွေ့လိမ့်မယ်။ ဘာဖြစ် လို့လဲဆိုတော့ အထပ်မြင့်ကြီး တစ်ခုလုံး “ဝုန်း”ဆိုပြီးတော့ ပြိုကျသွားတယ်။ ဒီဟာ ကတော့ သူရဲ့အားနည်းချက်တွေ အများကြီးရှိတယ်။ ဒါတွေလည်း နောက်ပိုင်းကျရင်ရှင်းပြမယ်။ “ဝုန်း”ဆို ပြိုကျသွားတယ်။ ဗုန်းဗုန်းလဲသွားတယ်။ ဒါကတော့ ပြဿနာရှိတယ်။ မရှိဘူးမပြောဘူး။ အဲဒီတော့ လူဦးရေ သေတာနဲ့ယှဉ်လိုက်ရင် လူတွေရဲ့ခေါင်းထဲမှာ မရောက်သေးတာက အထပ်မြင့်ဆိုတာကိုပဲ ခေါင်းထဲ မှာရှိတာ။ သဘာဝဘေးအန္တရာယ်ဖြစ်ရင် အထပ်မြင့် ပဲဖြစ်ဖြစ်၊ အနိမ့်ပဲဖြစ်ဖြစ်၊ သူဟာနဲ့သူ သေချာမလုပ် ထားရင် သေတဲ့ဦးရေက များကိုများမှာ။ အခုဖြစ်တဲ့ ဟာမှာ စစ်ကိုင်းဆို အထပ်မြင့်မရှိဘူး။ နောက်တစ်ခါ ကျတော့ ကျွန်တော်တို့ မန္တလေးမှာလည်း အထပ်မြင့် မဟုတ်တာတွေအများကြီးလိုပဲ။ သေတာတွေလည်း မနည်းဘူး။ အဲဒီတော့ လူဦးရေကို Comparison ပြန်လုပ်လိုက်ရင် အထပ်မြင့်မှာပြိုလို့သေတဲ့ လူဦးရေနဲ့ အထပ်အနိမ့်တွေပြိုလို့သေတဲ့လူဦးရေနဲ့ ဘယ်ဟာ များလဲပြန်နှိုင်းယှဉ်ဖို့လိုလာပြီ။ အဲဒါဆိုရင် အဖြေက ကွက်ကွက်ကင်းကင်းသွားမြင်မယ်။ ဒီ Sector ကြီးတစ်ခုလုံးက အကုန်မှားနေတယ်ဆိုတာသွားတွေ့ လိမ့်မယ်။ ဒီနေ့အထိဥစ္စာမှာ မှားနေတဲ့ နေရာတွေသွား တွေ့လိမ့်မယ်။ ကျွန်တော်အထပ်မြင့်ဆောက်လို့အထပ်မြင့် ကိုကာကွယ် တာတစ်ခုတည်းမဟုတ်ဘူး။ တကယ်ဖြစ်နေတဲ့အဖြစ်အပျက်ကို ကြည့်ခိုင်းတာ အခုဘယ်လိုလဲဆိုတော့ ဒီနေ့အထိကို ငလျင်ကို (၇ ဒသမ ၇)နဲ့ ခံနိုင်တဲ့အဆောက်အအုံဆိုတာ မြန်မာ ပြည်မှာမဆောက်သေးဘူး။ မဆောက်ခဲ့သေးဘူး။ òန်ကြားချက်လည်းမရှိဘူး။ ဖြစ်နေတာက ဥပမာ တစ်ထပ်၊ နှစ်ထပ်တွေ တစ်ထပ်ဆိုလည်း နေပြည် တော်သွားကြည့် စည်ပင်ရိပ်သာတွေကအစပြိုတာ။ ဘယ်ဟာ Safe ဖြစ်လဲဆိုတာ ရှင်းပြနေတာ။ ဘာတွေ မှားနေလဲ ဒီ Sector ကြီးက ဘာတွေပြင်ဖို့လိုအပ်လဲ ဆိုတဲ့ဟာကိုပြောပြတာ။ အားလုံးကိုပြင်ရတော့မှာ။ ဥပမာ နိုင်ငံခြားမှာဆိုရင် တစ်ထပ်အိမ်ပဲ ဆောက် ဆောက်၊ နှစ်ထပ်အိမ်ပဲဆောက်ဆောက် ငလျင်များ တဲ့တိုင်းပြည်က ငလျင်ဒဏ်ခံနိုင်အောင် ဘယ်လို ဆောက်မလဲဆိုတဲ့စဉ်းစားမှုနဲ့ အစိုးရရဲ့ စည်းကမ်း သတ်မှတ်ချက်တွေရှိတယ်။ နောက်ပြီးတော့ အဲဒီအတိုင်းကို ဆောက်တဲ့ ဒီလူတွေရဲ့ Certificate Rating တွေရှိတယ်။ ဆိုတော့ လူတိုင်း ဆောက်လုပ်ရေးကုမ္ပဏီတိုင်းကလည်း စိတ်ချရတာမဟုတ်ဘူးဆိုတာကို အဲဒီမှာ အဆင့်နဲ့ဖော်ပြသွားတာ။ ပြီးတဲ့အခါ ကျတော့ အထပ်မြင့်ဆောက်မယ်ဆို ရင်လည်း အထပ်မြင့်မှာ ဘာသတ်မှတ်ချက်တွေရှိလဲဆိုတာ Guideline တွေ အကုန်ရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ (၈)ထပ်အထိလွတ်နေတယ်။ (၈)ထပ်အထိက seismic ကို လုံးဝထည့်ပြီးမစဉ်းစားထားဘူး။ စည်ပင်ရဲ့ Guideline ထဲမှာကိုမရှိဘူး။ အမှန်က တစ်ထပ်၊ နှစ်ထပ်ကလည်း လူတွေအသက်ပဲ။ သုံး၊ လေးထပ်ကလည်း လူတွေအသက်ပဲ။ (၈)ထပ်က လည်းလူတွေအသက်ပဲ။ (၈)ထပ် ထက်ကျော်သွားတဲ့ ဟာကလည်း လူတွေရဲ့အသက်ပဲ။ ဆိုတဲ့အခါကျတော့ အားလုံးက တကယ့်တကယ် ဒီနေ့ကစပြီးပြင်ရတော့မယ်။ နောက်ပြီးတော့ ဝယ်တဲ့လူတွေဘက်မှာလည်း အားနည်းချက် ရှိတယ်။ အားနည်းချက်ကလည်း ဈေးပေါ တာကိုလိုက်ရှာတဲ့ဥစ္စာ အခုကျမှကြောက်တယ်။ ဒီလိုကြီး ဖြစ်သွားတော့မှ Disaster ကြီးပေါ်လာတော့မှ၊ Earthquake ကြီးပေါ်လာတော့မှ လူတွေက ကြောက်လာတာ။ ဝယ်တဲ့လူတွေမှာလည်း အားနည်းချက်နဲ့ ဈေးပေါတဲ့ဟာ ကိုလိုက်ရှာတယ်။ တချို့ကကျတော့ Structure ကို သေချာမစဉ်းစားဘူး ဆောက်တယ်။ အလှလေးလုပ်တယ်။ အဲဒီအလှလေးပေါ်မှာ သာယာပြီးဝယ်တဲ့ လူကများတယ်။ အဲဒီမှာမှ ဈေးသက်သာတဲ့ဟာကို လိုက်ရှာပြီးဝယ်ကြတယ်။ တကယ့်တကယ် ငလျင် အဲဒီလောက်ဒဏ်ခံနိုင်တဲ့ဟာမျိုးတွေ ဆောက်မယ်ဆိုရင် ဒီဈေးနဲ့ ဝယ်လို့ မရတော့ဘူး။ ဆောက်လုပ်ရေး ပစ္စည်းတွေအပေါ်မှာလည်း ပြဿနာတွေ အများကြီး ရှိနေတယ်။ ကျွန်တော်တို့ အရင်က UMFCCI တို့ မှာပြောနေတယ်။ သံသမားတွေကို ကြီးကြပ်ပေး။ နိုင်ငံတော်အနေနဲ့ သံတွေသွင်းတဲ့ဟာတွေက Quality တွေမမီဘူး။ အဲဒီအခါကျတော့ သူက တရုတ်ကနေ ဈေးပေါတဲ့ဟာတွေကိုဝယ်တယ်။ သွင်းတယ်။ ဈေးကွက်ကို ကြည့်ပြီးတော့ သူများထက်ယှဉ် ရောင်းဖို့ပဲသိတယ်။ ဒီဟာတွေက လူတွေရဲ့အသက် ပေါ်မှာဘယ်လောက်လွှမ်းမိုး တယ်ဆိုတာကို ဘယ်သူ မှမစဉ်းစားဘူး။ မစဉ်းစားဘဲနဲ့လုပ်တာတွေများတယ်။ နောက် အင်ဂျင်နီယာတွေအပိုင်းပဲ အများကြီး ပြဿနာရှိတယ်။ ဒီဖြစ်စဉ်ကြီးကို သုံးသပ်ရင် အားလုံးမှာပြဿနာရှိတယ်။ အင်ဂျင်နီယာမှာဆိုလည်း ဘယ်လိုလဲဆိုတော့ ကြီးကြပ်တဲ့ဥစ္စာ အတွေ့အကြုံမရှိတဲ့ အင်ဂျင်နီယာကျောင်းဆင်းဆင်းချင်း အင်ဂျင် နီယာဖြစ်နေ တယ်။ တကယ်က အင်ဂျင်နီယာကျောင်း ဆင်းဆင်းချင်း အင်ဂျင်နီယာမဖြစ်ဘူး။ အင်ဂျင်နီ ယာစာမေးပွဲပြန်ဖြေရတာ၊ လိုင်စင်ပြန်ဖြေရတာ။ လိုင်စင်ဖြေပြီးတော့မှ အဲဒီလူက လိုင်စင်ရှိရင် ဒီလူက ဘယ်လောက်ကနေဘယ်လောက် အထပ်ထိဆောက် လို့ရမယ်။ ဖြစ်မယ်။ အဲဒီမှာမှ နံပါတ်တစ်အဆင့်ရှိတဲ့ (Level 1) ဆိုရင်တော့ အထပ်မြင့်ကို ကြီးကြပ် ဆောက်လုပ်ပိုင်ခွင့်ရှိတယ်လို့ အဲဒီလို လိုင်စင်ဆိုတာလည်း သီးသန့် စာမေးပွဲပြန်ဖြေရတာ။ ကျောင်းဆင်း ဆင်းချင်း အင်ဂျင်နီယာမဖြစ်ဘူး။ ဒီနိုင်ငံမှာပဲ ကျောင်းဆင်းဆင်းချင်း အင်ဂျင်နီယာဖြစ်နေတာ။ ဖြစ်လာပြီးတော့ အလုပ်သမား ရှားပါးတယ်ဆိုတော့ နှစ်ထပ်လောက်ဆောက်ဖူးရင်လည်း (၈)ထပ်လောက် ကောက်ဆောက်ခိုင်းချင် ဆောက်ခိုင်းတယ်။ (၁၀)ထပ်လောက်ကို ဆောက်ခိုင်းချင်ဆောက်ခိုင်းမယ်။ ပြဿနာရှိတယ်။ နောက်ဆောက်တဲ့ Developer တွေကလည်း ဒီ အင်ဂျင်နီယာတွေကြီးကြပ်ရ မယ်ဆိုတဲ့ တံဆိပ်တုံးလိုတယ်။ အဲဒီအဖွဲ့ကိုမေး လိုက်ရင် အဲဒီအဖွဲ့တွေက ဈေးကြီးတယ် ဈေးကြီးတဲ့ အခါကျတော့ မငှားနိုင်ဘူး။ မငှားနိုင်တော့ တံဆိပ်တုံး လေးပဲထုပေးပါ။ ဘယ်လောက်ဆိုတဲ့ဟာတွေနဲ့ အဲဒီ PE တို့ လက်မှတ်ရထားတဲ့ အင်ဂျင်နီယာတွေကို ငှားသုံးတယ်။ အဲဒီလိုအင်ဂျင်နီယာတွေကလည်း ပိုက်ဆံရရင်ပြီးကော Ethic မရှိဘဲ တံဆိပ်တုံးတွေ ထုပေးတယ်။ ဆောက်လုပ်ရေး Sector ကြီး တစ်ခု လုံးကမှားနေတာ။ ဥပမာ မန္တလေးမှာ နှစ်ထပ်အိမ်၊ သုံးထပ်အိမ်ဆောက်တယ်။ ရန်ကုန်မှာလည်း နှစ်ထပ် အိမ်၊ သုံးထပ်အိမ်ဆောက်တယ်။ ဆောက်တဲ့ အချိန်မှာ အင်ဂျင်နီယာမပါဘူး။ ပန်ရံလက်သမား အတွေ့အကြုံရှိတဲ့လူနဲ့ ကန်ထရိုက်နဲ့က ပေါင်းပြီးတော့ဆောက် တယ်။ ရှေ့မှာရှိတဲ့အတွေ့အကြုံနဲ့ပဲယူပြီးတော့ ဆောက်တယ်။ Soil Test လုပ်လားမလုပ်ဘူး။ မြေကြီးလည်း ဘယ်သူမှ မစမ်းဘူး။ အဲဒီတော့ တကယ့်တကယ်က ရန်ကုန်က Earthquake Zone မှာ Weak Zone ဖြစ်နေတဲ့အတွက်သာ ကံကောင်းနေတာ။ အဲဒါတောင်မှ သူ့မြေပုံရှိတယ်။ Earthquake ရဲ့ မြောက်ဒဂုံ၊ တောင်ဒဂုံ ဟိုဘက်အခြမ်းမှာရှိတဲ့ သန်လျင်တို့၊ မှော်ဘီတို့က အဲဒီဘက်က ဇုန်ပြင်း တဲ့အထဲပါတယ်။ အဲဒီလိုနေရာတွေမှာဆိုရင် ကြီးကြီး မားမားဖြစ်ရင် အများကြီးသေမှာဆိုတော့ ရန်ကုန်က Disaster ထဲမှာ ငလျင်ထဲမှာ Earthquake ထဲမှာ Weak Zone ထဲမှာပါနေသေး တဲ့အတွက် ကံကောင်းတာဆိုတော့ တကယ့်တကယ်က အဲဒီဇုန်တွေ၊ ငလျင် Earthquake ဇုန်တွေက ဂျပန်ကအဖွဲ့တွေနဲ့ မြန်မာပြည်ကငလျင်ပညာရှင်တွေပေါင်းပြီးဆွဲထားတဲ့ဟာ တွေရှိပြီးသား။ ရှိပြီးသားကို ဘာကြောင့်ယနေ့အထိ Apply မလုပ်လဲ စဉ်းစားလို့မရဘူး။ အမှန်က တစ်ထပ်အိမ်၊ နှစ်ထပ်အိမ်ကစပြီးတော့ အခုတော့ ကင်းလွတ်ပေးထားတဲ့ ဟာ အားလုံးက ဒီ Earthquake ရဲ့ Structure နဲ့ဆောက်ရမှာ။ အဲဒီအတွက် ဘာတွေလိုတယ်၊ နောက် ဌာနဆိုင်ရာတွေဆို လည်း ဒီလိုပဲ။ နေပြည်တော်မှာ ပြိုလိုက်တာ သောက်သောက်လဲ။ ဘာကြောင့်ပြိုလဲ။ PAE ဈေးနှုန်းနဲ့ပေးတယ်။ ကျွန် တော်အမြဲပြောပါတယ်။ PAE ဈေးနှုန်းက Yellow Board မှာကြည့်တယ်။ Yellow Board ဈေးက အပြင်မှာတောင် ပစ္စည်းဝယ်မရတဲ့ဈေး၊ အပြင်မှာ တောင်ဝယ်မရတဲ့ဈေးနဲ့တွက်တယ်။ အဲဒါတွေက (၅)ရာခိုင်နှုန်း၊ (၁၀) ရာခိုင်နှုန်း လျှော့မှ တင်ဒါအောင်မယ်။ ပြီးရင် တင်ဒါ Structure ဆိုတာလည်း ဆောက် လုပ်ရေးဝန်ကြီးဌာနတို့ကပေးတာ။ ပေးတဲ့ ဟာမှာလည်း သူက Low Cost နဲ့ အမြန်ပြီးအောင် ဘတ် ဂျက်ကသိပ်မရဘူးဆိုတော့လျှော့ပြီးလုပ်တယ်။ အဲဒီ လိုမျိုးတွေ လုပ်ရင်တော့ ဒီအဆောက်အအုံတွေက အခုလိုဖြစ်လာတဲ့အခါကျမှအဖြေပေါ်တာ။ကျွန်တော် ရှေ့မှာ ဘယ်လောက် ပြောခဲ့ပြောခဲ့ ဒါတွေက သူတို့ စဉ်းစားမှာမဟုတ်ဘူး။ အခုလည်း ပြောစရာတွေဘာ တွေရှိလဲဆိုတော့ အခု EarthQuake ဖြစ်လို့ ပြိုသွားတဲ့၊ တစ်ဝက်တစ်ပျက်ဖြစ်တဲ့ အဆောက်အအုံတွေကို အမြန်ပြန်ပြင်ဖို့လုပ်နေတယ်။ ဒါတွေ မဖြစ် သင့်ဘူး။ ဖော်ရှိုးတွေ။ ကျွန်တော်ပြောတာက ပြန်လည်တည်ထောက်ရေးကို “ဝုန်း”ဆိုပြီး ကောက်လုပ် လို့မရဘူး။ အဲဒီတော့ အဲဒီ Structure တွေအကုန်လုံးကို ဘယ်လောက်အထိခံနိုင်ရည်ရှိလဲဆိုတာ ပြန်စစ်ရမှာ၊ ကျိန်းသေတာ တစ်ခုက တစ်ဝက်တစ်ပိုင်း စပြိုတယ်ဆိုကတည်းက ဒီအဆောက်အအုံသည် EarthQuake ကို အဆင်သင့်မဖြစ်ဘူး ဆိုတာ အဖြေ ကပေါ်နေပြီ။ ကျွန်တော့်အမြင်က အဲဒါကို ပြန်ပြင်ပြီး တော့ အဲဒီအဆောက်အအုံပြန်ဆောက်တယ်ဆိုတာ မျိုးက မလုပ်သင့်တော့ဘူး။ တကယ့်တကယ် နိုင်ငံခြားမှာကျတော့ သူတို့က ဘယ်လိုပြန်တင်လဲဆိုတော့ နည်းပညာ တွေရှိတယ်။ Foundation ကို ထပ်တိုးတဲ့ နည်းပညာ။ ဒီမှာ အဲဒီနည်းပညာလည်းမရှိဘူး။ စက် ကိရိယာတွေလည်း မရှိဘူး။ ဥပမာ ကျွန်တော်တို့ Micro-Piling ဆိုတာ ရှိတယ်။ ဥပမာအဆောက်အအုံတစ်ခုက ကြံ့ခိုင်မှုနည်း လာတယ်။ နိုင်ငံခြားမှာ ဆိုရင် Micro-Piling စက်နဲ့အောက်မှာ Pile တွေရှိ တယ်။ အဲဒီ Pile တွေနားမှာ Micro-Piling ဆို တာနဲ့ ဒီ Basement စလပ်ကိုဖောက်တယ်။ ဖောက်ပြီး အဲဒီထဲကနေပြီးတော့ Pile တွေ ထပ်ထိုးထည့်တယ်။ Pile တွေထိုး ထည့်ပြီးတော့ Ground ပြန်ထိုးတယ်။ Ground ဆိုတာက မြေကိုမာအောင်လို့ Soil Cloud ပြန်လုပ်တယ်။ မာသွားပြီး တော့ ခံနိုင်ရည်တွေတိုးအောင်ထပ်လုပ်ပြီး ပြင်ယူရတယ်။ အဲဒီ နည်းပညာတွေလည်းမရှိဘူး။ အဲဒီစက်ပစ္စည်းတွေ လည်း ဒီမှာမရှိဘူး။ မရှိဘဲနဲ့ အဲဒီအဆောက်အအုံကိုပဲ ဒီတိုင်းထပ်ပြီးပြန်ပြင်မယ်ဆိုတာကြီးကတော့ မလုပ် သင့်ဘူး။ ကျွန်တော် ပြောတာက နဂိုတည်းကမှ Earthquake မခိုင်လို့ ပြိုတဲ့အဆောက်အအုံတွေ။ အဲဒါတွေကိုပြန်ပြီးတော့ အမြန် For-show နဲ့ ပြန်လည်ထူထောင်ရေးပြီးပြီဆိုတဲ့ဟာမျိုးနဲ့ နိုင်ငံတော် ကလည်းမလုပ်သင့်ဘူး၊ တကယ်က လိုအပ်တာက တစ်ခုပဲပြန်ဆောက်နိုင်နိုင်၊ နှစ်ခုပဲ ပြန်ဆောက်နိုင်နိုင် တကယ် seismic နဲ့ ခံနိုင်တဲ့ Earthquake နဲ့ ခံနိုင် တဲ့အဆောက် အအုံကို သေချာပြန်ပြီးတည်ဆောက်ဖို့ဆိုတာလိုနေပြီ။ နောက်တစ်ခုကကျတော့ ဒီအထပ် မြင့်တွေမှာဆိုရင်လည်း အခုမှ လူတွေက အထပ်မြင့် တွေမနေရဲဘူး မနေရဲဘူးနဲ့ တကယ်နေထိုင်သူတွေ ပိုင်းမှာလည်း အများကြီးရှိတယ်။ ဘာတွေလုပ်ရမလဲ ဆိုတော့ နေထိုင်သူတွေက အခန်းဖွဲ့ဆိုတာအလကား ဖွဲ့ထားတာမဟုတ်ဘူး။ သူရဲ့ အုတ်ရိုးရှိရမယ့် အောက်မှာ ဝန်အားဆိုတာရှိတယ်။ သူနေရာနဲ့သူ အကုန်လုံး ထားတာ။ အဲဒါကိုအိမ်ဝယ်တဲ့လူတွေက ငါ့အခန်းပဲ ငါကြိုက်သလိုပြင်မယ်ဆိုတော့ ဧည့်ခန်းကို ကျင်းလို့ ချဲ့ချင်တယ်ဆိုပြီး အုတ်ရိုးရွှေ့သွားတယ်။ မှန်တယ်။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး။ သူရဲ့ slab ပေါ်မှာရှိတဲ့ Loading လို့ခေါ်တာပေါ့။ တကယ့်တကယ်တော့ ဝန်အားပေါ့။ ဝန်အားရှိတယ်။ ဒီအုတ်ရိုးက ဝန်အားဆို တာက အဲဒီဟာကိုထမ်းထားတဲ့ဟာ အုတ်ရိုးကိုထမ်း ထားတဲ့ဟာ။ အဲဒီတော့ အခန်းဖွဲ့ရင် အုတ်ရိုးကျတဲ့ အခန်းဖွဲ့တာလုပ်ရတယ်။ အဲဒါမဟုတ်ဘဲနဲ့ အဲဒါကိုရွှေ့လိုက်တဲ့ဟာမျိုးဆိုရင် သူရဲ့တကယ် အားထမ်း မယ့်နေရာမဟုတ်တော့ဘူး။ လွဲသွားပြီ ပြိုကျမှ ပြိုတယ်လို့ လုပ်လို့မရဘူး။ သိတယ်မလား အားလုံးနဲ့ ဆိုင်နေတာ။ နောက်တစ်ခုက စောစောကပြောသလို သံသုံးတာတွေ မြန်မာသံတွေသုံးတယ်။ ဥပမာ မန္တလေးကဆို စိန်ပန်းကထွက်တဲ့ Local သံကို သုံးတယ်။ အဲဒီ Local သံက ဘယ်လောက် Resistance ရှိတယ်ဆိုတာ ဘယ်သူမှမသိဘူး။ သွားစမ်း Test မ အောင်တာများတယ်။ နောက်တစ်ခါကျတော့ Local သံပေါ့။ အခုဆိုရင် လောင်းတဲ့နည်းပညာကတော့ မြင့်လာတယ်။ ဒါပေမဲ့ သံလုပ်တဲ့နည်းပညာက မမြင့်ဘူး။ မိုလေးတွေရှိတယ်။ မိုဆိုတာ ပုံစံငယ်တွေပေါ့။ ပုံလေးတွေမှာထည့်လောင်း လိုက်တာ အပြင်ကဒီဇိုင်း အရမ်းလှတာ၊ နိုင်ငံခြားသံပုံစံမျိုးပဲ။ အဲဒီလိုဟာမျိုးကို နိုင်ငံခြားသံပါဆိုပြီး ရိုက်ပြီးရောင်းတဲ့ လူလည်းရှိတယ်။ ပြည်တွင်းထုတ်ဆိုပြီးတော့ပဲ လိုက်ရောင်းတဲ့လူတွေ လည်းရှိနေတယ်။ နှစ်မျိုးရှိနေတယ်။ စက်ရုံတစ်ရုံ တည်းကပဲ နှစ်မျိုးစလုံးထုတ်နေတယ်။ အဲဒါတွေစိစစ် သင့်တယ်။ အဲဒီသံတွေက သွားပြီးတော့ဆွဲကြည့်။ ဆွဲလိုက်လို့ ကွေးလို့ရရင် မြန်မာတွေက ကွေးလို့ရ တယ်ပြောတယ်။ အဲဒီကွေးလို့ရတဲ့ဟာကို ပြန်ဖြောင့် ကြည့်။ ကျိုးသွားရင် သူရဲ့ Carbon Ratio များနေတဲ့အတွက် ဒီသံသည် ဥပမာအဆောက်အအုံသည် ဒီလိုယိမ်းမယ် ဒီလို ပြန်ယိမ်းရင် မခံနိုင် တော့ဘူး။ အဲဒီတော့ အားနည်းချက်တွေက မြန်မာပြည်မှာ ဆောက်လုပ်ရေးစင်တာအတွက် ပြင်ရမယ့်ဟာတွေ ကျွန်တော်တို့ အခုဆောက်တယ်။ နိုင်ငံခြားက သံသွင်းတယ်။ သံသွင်းလို့ပိတ်ပစ်ထားတယ်။ သံမ ရောက်လို့စောင့်မယ် ဆိုရင် ဝယ်တဲ့လူတွေက “ဟာ” ဘာဖြစ်လို့လဲ၊ ဘယ်နှထပ်ပဲကျန်တော့တယ်။ ပြည်တွင်းမှာရှိတဲ့ဟာဝယ်သုံးပါလား”။ အဲဒီလို Case မျိုး တွေကြုံရတယ်။ တကယ်က သူတို့နားမလည်လို့။ ကျွန်တော်မသုံးဘူး။ မသုံးဘူးဆိုတဲ့ဟာက လူတွေရဲ့ အသက်တွေနဲ့လုပ်တဲ့ဟာမှန်းသိတဲ့အတွက် စနစ်တ ကျသေချာလုပ်နေတာ။ အဲဒီအတိုင်းပြောတယ်။ ဆောက်လုပ်ရေး စင်တာကနေ လွဲနေတာတွေရှိတယ်။ Developer တွေရော ကန်ထရိုက်တွေရော လွဲနေတယ်။ နောက်ဝယ်တဲ့လူတွေ အနေနဲ့လည်း Know ledge တွေအများကြီးရှိဖို့လိုတယ်။ အခုဆို ကျွန်တော်ပြောတာ သာမန်ဝယ်ရင် Developer တွေကို စာမေးပွဲစစ်မယ်။ ကျွန်တော့်အနေနဲ့က လုပ်ရမယ့်အလုပ် ကျွန်တော်လည်း Developer ပဲ။ ဒါပေမဲ့ ဒါ လုပ်သင့်တဲ့ အလုပ်ဆိုတာသိတယ်။ ဥပမာ Foundation ဘယ်လိုချလဲဆိုတာ Document တွေ တောင်း ကြည့်သင့်တယ်။ ဘာဖောင် ဒေးရှင်းလဲ ဖောင်ဒေးရှင်းကတော့ Pile ရိုက်တယ်ဆိုရင် မြန်မာပြည်မှာ ငလျင် ခံတယ်ပဲပြောမှာ။ ဘာဖြစ်လို့လဲဆိုတော့ Pile က ကျန်တဲ့ Structure နဲ့စာရင် ပိုခိုင်တာကို ရန်ကုန်မှာ Weak Zone ဖြစ်နေလို့ ကံကောင်းတာ။ အဲဒါ တောင်မှ ကျွန်တော်ပြောပြမယ်။ မြောက်ဒဂုံ၊ တောင်ဒဂုံဟိုဘက် အနီဇုန်ရှိတယ်။ အဲဒီဇုန်ထဲမှာဆောက် ထားတွေက အန္တရာယ်ရှိ တယ်။ အဲဒီကောင်တွေက ပြင်းတယ်။ စစ်ကိုင်းကလာတာ။ ပဲခူးဒီဘက်ကိုကျ တော့နည်းနည်းလေးပျော့သွားလို့။ ဇုန်တွေမှာ အဲဒီ ဇုန်ထဲမှာရှိတဲ့ဟာတိုင်းတော့ ဒီစည်ပင်သာယာက ချသင့်တယ်။ ဥပမာ အဆောက်အအုံဆောက်မယ် ဆိုရင် တစ်ထပ်ပဲဆောက်ဆောက်၊ နှစ်ထပ်ပဲဆောက် ဆောက်အဲဒီကနေစပြီးတော့ အထပ်မြင့်အားလုံးကို seismic ဘယ်လောက်ထိ သတ်မှတ်မှာလဲဆိုတဲ့ဟာပေါ့။ သူတို့က (၇ ဒသမ ၇)နဲ့ဆောက်ရမယ်လို့မ ဟုတ်ဘူး ကျွန်တော်ပြော ချင်တာ။ အဲဒါကြောင့်လည်း Over Structure လို့ခေါ်တယ်။ ဘယ်နိုင်ငံမှမဆောက်ဘူး။ ဥပမာနိုင်ငံတကာမှာ ဇုန်တွေ သတ်မှတ်ထားတယ်။ ငလျင်က ဒီနေရာက ဘယ်လောက်အထိဖြစ်တယ်။ ဒါက Historically ရော Geological ရော အကုန်လုံးကို Study လုပ်ပြီးတော့သတ်မှတ်ထားတယ်။ ဒီနေရာက (၃) ပဲရှိခဲ့တယ်သမိုင်းမှာဆိုရင် (၃) လို့သတ်မှတ် လိုက်တယ်။ သတ်မှတ်လိုက်ရင် ကျွန်တော်တို့က အဲဒီအပေါ်မှာ +Safety ဘယ် လောက်ပေါင်းပြီးတော့ (၄)သတ်မှတ် မလား၊ (၅)သတ်မှတ်မလား။ (၇ ဒသမ ၇)ဆောက်ရမယ်လို့ မရှိ ဘူး၊ မဆိုလိုဘူးနော်။ အခုဖြစ်နေတာအားလုံးက (၇ ဒသမ ၇)ရှိလား Knowledge မရှိဘူး ဝယ်တဲ့လူက။ အဲဒီတော့ ရန်ကုန်မှာ အခန်းရောင်းထားတဲ့လူတွေ ဟိုတုန်းကဝယ် နေတုန်းကတော့ ဘယ်သူမှ မမေးခဲ့ဘူး။ အခုမှမေးကုန်ကြပြီဆောက်တဲ့လူတွေကို။ ငလျင်ဘယ်လောက်ထိအောင် ဆောက်ထားတာလဲ။ ပြောတုန်းကတော့ ငလျင်ဒဏ်ခံတယ်လေ။ (၇ ဒသမ ၇)နဲ့ဆောက်ထားတဲ့အဆောက်အအုံမရှိဘူး။ စည်ပင် သာယာသတ်မှတ်ချက်လည်းမရှိဘူး။ အခုအထပ်မြင့် ကသတ်မှတ်တဲ့ဟာတောင်မှ (၆)ရှိတယ်။ သူဇုန်နဲ့သ ပေါ့(၆ဒသမ၈)ရှိတယ်။ အဲဒီဟာမျိုးရှိတယ်။ ကျန်တဲ့ဘက် တွေဆိုရင် (၅ဒသမ၈)တို့ (၄ဒသမ၈)တို့ (၅)တို့ပဲသတ်မှတ် တာ ဒါက လုံလောက်တယ်။ အဲဒါကနော် (၉)ထပ်ကနေစတာနော်။ (၈)ထပ်အထိ မှာဘာမှမထည့်ခိုင်းထားဘူး။ ဘာမှမထည့်ဘဲနဲ့ သံဆက်တဲ့ ဥစ္စာရှိတယ်။ သံဆက်တာမှာ ငလျင်ဆက် တဲ့ဥစ္စာရှိတယ်။ ငလျင်ဆက်တဲ့စက်နည်းနဲ့ပဲ ကော် လန်တွေကို ဆက်ခိုင်းထားတာရှိတယ်။ ဥပမာ ဘယ် လိုပုံစံမျိုးနဲ့ ငလျင်ဒီဇိုင်းမျိုးဖြစ်အောင်လုပ်ပါဆိုတဲ့ ပုံစံမျိုးနဲ့။ ဒါပေမဲ့ကျန်တဲ့တွက်ချက်မှု Structure တွက်ချက်မှုတစ်ခုလုံးမှာ ငလျင်ကိုလုပ်နိုင်တဲ့ Structure မရှိသေးဘူး။ အမှန် တော့ တစ်ထပ်က စလုပ်ရမှာ။ ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်က အထပ် မြင့်ပြိုတဲ့ဟာမှာသေတဲ့လူဦးရေနဲ့ လုံးချင်းတွေပြိုလို့ သေတဲ့လူဦးရေယှဉ်ကြည့်လိုက်။ ဘယ်ဟာ Safe ဖြစ်လဲဆိုတာ ကျွန်တော်တို့က ဘာထပ်လုပ်ရမှာလဲ ဆိုတော့ Education ပိုင်းလည်းလိုတယ်။ ဒီလို သဘာဝဘေးအန္တရာယ်တွေရှိတဲ့နေရာမှာ ကလေးတွေကို ငယ်ငယ် လေးတည်းကစပြီးတော့ ငလျင်လှုပ်ရင် အဆောက်အအုံထဲမှာမနေဖို့ ပြေးဖို့ဆိုတဲ့ ဟာကို အဲဒါကို စသင်ရမှာ။ အဲဒါကို ကျွန်တော် ဂျပန်တို့ အမေရိကားတို့လိုနိုင်ငံကြီးတွေမှာ New York တို့ဆိုလလည်း ငလျင်ထဲမှာရှိတာပဲ နယူးဇီလန် ငလျင်ထဲမှာရှိတယ်။ ခဏခဏလှုပ်နေတာ နယူး ဇီလန်ဆိုရင် အဲဒီဟာတွေမှာကတော့ ပညာရေးက နေပြီးတော့လည်း သင်ပေးထားတယ်။ ဒီလိုမျိုး အရေးပေါ်ငလျင်လှုပ်ခဲ့ရင် ဘယ်လိုနေပါ၊ ဘယ်လို လုပ်ပါ၊ ဘယ်လိုထိုင်ပါ။ ကျိန်းသေ တာတော့ ဂျပန်တို့ အထပ်မြင့်မှာနေတာဖြစ်ဖြစ်၊ အိမ်ထဲမှာနေတာဖြစ်ဖြစ် လုံးချင်းနဲ့ပဲနေတာဖြစ်ဖြစ် ငလျင်လှုပ်ရင် အပြင်မှာပဲ နေခိုင်းတာ ရအောင်ပြေးခိုင်းတာ။ အဲဒါတွေကို ထရိန်းဖို့လိုတယ်။ နောက်တစ်ခု ကျွန်တော်တို့ အထပ်မြင့် တွေမှာ မီးလောင်ရင် ဘယ်လိုပြေးရမယ်၊ ငလျင်လှုပ်ရင် ဘယ်လိုပြေးရမယ် ဆိုတဲ့ဟာတွေက သင်ပေးထားရမှာ။ ကျွန်တော်တို့လူတွေက မကြောက်ဘူး။ အိမ်ထဲမှာပဲနေပြီးအသေခံတယ်။ ခုံအောက်ပုန်း မယ်တို့ဘာတို့။ ဖြစ်နိုင်ရင် ခုံအောက်ပုန်းတာထက် ပြေးတာကအကောင်းဆုံး။ ပြေးရင်ဘာလုပ်ရမလဲဆို တော့ အရေးပေါ်လှေကားတွေရှိတယ်။ အဲဒီလှေကားတွေက ခိုင်နေအောင်လုပ်ထားတဲ့ဟာတွေ။ အဲဒီမှာ ကျွန်တော်တို့ကဘာလဲဆိုတော့ Diaphragm Wall တွေပါမယ်။ မီးလောင်ရင်လည်း Smoke Free Lobby ဆိုတာရှိတယ်။ မီးခိုးက အဲဒီကို မသွားရဘူး အဲဒီတံခါးမှာဆိုရင် ထွက်ပြေးမယ့်အပေါက်ရဲ့ Basic က Fire Regulated (၂)နာရီ ခံရမယ်။ မီး (၂)နာရီလောင်တဲ့အထိကို ဒီတံခါးက မပြတ်ရဘူး ပြေးဖို့အချိန်ကို သူက Limit လုပ်ထားပြီးသား Safety Issue တွေက ထည့်ထားပြီးသား အဲဒီတော့ မီးလောင် ရင်လည်း အရေးပေါ်လှေကားကိုသွားရမှာပဲ နောက်တစ်ခုကျတော့ ငလျင်လှုပ်ရင်လည်း အထပ်မြင့်တွေမှာဆိုရင် အရေးပေါ်လှေကားတွေရှိတယ်။ အဲဒီအရေးပေါ်လှေကားတွေက နေပြေးရတာ အဲဒါ တွေက RC Wall တွေနဲ့ လုပ်ထား တာ ဆိုတာ့ အဲဒီလိုမျိုး ဓာတ်လှေကားတွေနဲ့မပြေးရဘူး။ ဒါတွေက သတ်မှတ်ချက်တွေရှိတယ်။ ပညာရေးကလည်း အခု ထဲက စပြီးတော့ အခုက စပြင်ရမှာပြီးခဲ့တာတွေ တွက်လို့မရဘူး။ အခုက စလုပ်မယ့်ဟာကိုပဲစဉ်းစားရမှာ ဆိုတော့ အဲဒါမျိုး ပညာရေးပါသင်ပေးရမှာ ဒါတွေက အကုန် Knowledge ရှိတဲ့ဟာဖြစ်သွားပြီ ပြီးမှ သေတယ်သေတယ် လုပ်လို့မရဘူး။ ဘေးအန္တရာယ်ဖြစ်ရင် များသောအားဖြင့် သေမှာပဲ။ အဲဒီထဲကမှ ဘယ် လောက်ရာခိုင်နှုန်း အနည်းဆုံး လုပ်မလဲဆိုတာ။ ခက်တာက ကျွန်တော်တို့မြန်မာလူမျိုးတွေက ကောက်ရိုးမီး၊ အခုဖြစ်ဖြစ်ချင်းမို့ပူနေတာ။ (၃)လ လောက် နေရင်တော့ အဲဒါပျောက်သွားဦးမှာ မေ့သွားဦးမှာ ။ အဲဒီလို ဖြစ်လို့မရတော့ဘူး။ ကျွန်တော်တို့က ဒီဟာထဲကနေ ပြီးတော့ အမြတ်ကို ဘာလုပ်ယူမလဲဆိုတာစဉ်းစားရမှာ အမြတ်ဆိုတာ ကျွန်တော်တို့ ကိုယ်ကျိုးစီးပွားငွေကြေး ကိုပြော နေတာ မဟုတ်ဘူး။ လူတွေ ဘယ်လိုနားလည် လာမလဲ။ ဆောက်လာတဲ့နည်းပညာတွေ ပြောင်းလာ မယ်။ နိုင်ငံတကာ အတိုင်းဘယ်လိုဖြစ်လာ မယ်ဆိုတဲ့ ဟာကိုမျှော်လင့်တာ။ ဥပမာပေါ့ လူတွေက Earthquake (၇ ဒသမ ၇) နဲ့ခံတဲ့ အဆောက်အအုံဆိုလည်း အဲဒီ Structure နဲ့ အခုဈေးနဲ့ရောင်းရင် အနည်းဆုံး သိန်း (၃၀)၊ (၄၀)လောက် ရောင်းရ မယ်ဘယ်သူမှဝယ် မှမဟုတ်ဘူး။ အဲဒီတော့ လုံးချင်းအိမ်နေတယ်ဆိုပြီးတော့လည်း Safe ဖြစ်တယ်မထင်နဲ့ အခုသေတဲ့ လူဦးရေ ကွန်ဒိုတစ်ခုမှာ လူ (၃၀ဝ)ရှိရင် (၃၀ဝ)သေရင် အခု သေတာ (၃၀ဝဝ)ကျော်ပြီ။ ဒီနေ့စာရင်းဆိုရင် ကြည့်လိုက် ဘယ်ဟာပိုများနေလဲ။ ကွန်ဒိုအလုံးလိုက် ပြိုကျတာကြီးကတော့ ဒါကြီးတွေကတော့ ရုပ်ပျက် တယ်။ ဒါအမှန်တိုင်း ပြောတာ ဒါပေမဲ့ Develope မတွေဆင်ခြင်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။နောက်တစ်ခါဝယ်တဲ့လူတွေ ကလည်း ဘယ် Developer က သေချာလုပ်လဲဆိုတာကိုသေချာကြည့်ပြီး ဝယ်ဖို့လိုလာတယ်နောက်ပိုင်းမှာ ဒီအဆောက်အအုံ တွက်ချက်မှုတွေဘာတွေက ကျွန်တော်တို့ မြန်မာနိုင်ငံက ဆရာတွေတောင်မှ စာတွေ့ပဲရှိတာ တွက်ချက်ပြီးတော့ ဆောက်ထားတဲ့ အဆောက်အအုံ အင်မတန်နည်းသေးတယ် လိုအပ်ရင် နိုင်ငံခြားက နေပြီးတော့ Structure တွက်တဲ့လူ တွေနဲ့ နိုင်ငံခြား Firm တွေနဲ့ တကယ်ဆောက်ဖူးတဲ့အတွေ့အကြုံရှိ တဲ့လူတွေကို အပ်သင့်တယ်ပေါ့နော် အဲဒီကနေစမယ် အထပ်မြင့်တွေဆောက်မယ်ဆို အဲဒါတွေကိုပဲ ဆရာတွေ ပြန် Edit လုပ်မယ်အဲဒီလောက်ဆို မဆိုးဘူး PE လက်မှတ် ရသွားရင် အဲဒီ Structure တွက်လို့ ရတာမှန်တယ်။ ဘယ်နှစ်လုံးဆောက်ပြီးတော့ ဘယ်နှစ်လုံးက ဒဏ်ခံနိုင်လဲဆိုတာ မျက်ဝါးထင်ထင် မမြင်တွေ့ခဲ့ရသေးဘူး။ အဲဒီတော့ ကဏ္ဍတိုင်းမှာ အကုန်ပြင်ရတော့မှာ စောနကပြောတဲ့ ဆောက်လုပ် ရေးဆိုဒ်ဆိုလဲ Material တွေ အရမ်းအရေးကြီး လာပြီ အစိုးရအနေနဲ့ အဲဒါတွေကြပ်ရမှာ။ အဲဒီလိုမျိုး Quality မီတဲ့ ပစ္စည်းကို သုံးပြီးဆောက်မှပဲ ရမှာပါ။ အဲဒီတော့ ဇုန်ပလန်ရှိတယ်။ အဲဒီဇုန်ပလန်အတိုင်းကို Earthquake ကိုသတ်မှတ် မယ်။ သူ့ဟာသူ တစ်ထပ် ပဲဆောက်ဆောက်ပါ။ နောက်တစ်ခါအင်ဂျင်နီယာတွေ ကြီးကြပ်မှုတွေလိုတယ်။ အင်ဂျင်နီယာ တွေကို ဒီလမ်း ကြောဆင်းတာနဲ့အင်ဂျင်နီယာဖြစ်တာမဟုတ်ဘဲနဲ့ မပေးဖို့ ကန်ထရိုက်တွေ သင်တန်းတွေ နိုင်ငံတော် အနေနဲ့ပို့ချပေးသင့်တယ်။ သူတို့တွေကိုလည်း ကြီးကြပ်မဲ့သူတွေကို ဘာ Certificate ရလား။ သံချည်သံ ကွေးပဲဖြစ်ဖြစ် ပန်းရံပဲဖြစ်ဖြစ်၊ ဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်းတို့လုပ်နေတဲ့သင်တန်းတွေ Certificate တွေပေးတယ်။ နိုင်ငံတော်အဆင့် အနေနဲ့ ပြန်ကြီးကြပ်သင့်တယ်။ အဲဒီမှာ အုတ်စီရင် ဘယ်လိုစီရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်က ပစ္စည်းဘယ်လောက်ပဲကောင်းကောင်းသုံးသုံး အင်ဂျင်နီ ယာတွေဘယ်လောက်ပဲတော်တော် လုပ်တဲ့ လူတွေရဲ့ Workmanship ကလည်း အရမ်းအရေး ကြီးတယ်။ သူတို့ကလည်း တိတိကျကျလိုက်ပါဆောင် ရွက်နိုင်မှ Quality ပြည့်တဲ့အဆောက်အအုံဆိုတာ ထွက်တာ။ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ Managemen အလုပ်နိုင်တဲ့ အင်ဂျင်နီယာတွေလိုတယ်။ အထပ်မြင့်ဆောက်မယ်ဆိုရင် အဲဒီလိုဟာမျိုးတွေတော့ ကြီးကြပ်ဖို့လိုတယ်။ ဒါပေမဲ့ ကျိန်း သေတာ တစ်ခုကတော့ ယနေ့အထိဆောက်ထားတဲ့ အဆောက်အအုံမှန်သမျှ ရန်ကုန်မှာ(၇ ဒသမ ၇)ခံနိုင်တာမရှိဘူး။ အဲဒါတော့ ကျိန်းသေတယ်။
(အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်)
Zawgyi Version:
ရန္ကုန္က အေဆာက္အအုံမွန္သမွ်
ငလ်င္ဒဏ္ ၇.၇ ကို ခံႏိုင္တာ မရွိေသးဘူး
မတ္လ(၂၈)ရက္ကလႈပ္ခတ္ခဲ့သည့္ ျပင္းအား(၇ ဒသမ ၇)ရွိငလ်င္ေၾကာင့္ ေနျပည္ေတာ္၊ မႏၲေလး ႏွင့္စစ္ကိုင္း တိုင္းတို႔တြင္ ထိခိုက္မႈအမ်ားဆုံးရွိခဲ့သည္။ လက္ရွိအခ်ိန္အထိစာရင္းမ်ားအရ ေသဆုံးသူ(၃၀ဝဝ)ေက်ာ္ႏွင့္ ထိခိုက္ဒဏ္ ရာရရွိသူ(၃၅၀ဝ)ေက်ာ္ရွိေၾကာင္း သိရသည္။ အင္အားျပင္းငလ်င္ေၾကာင့္ ထိခိုက္ေသဆုံး မႈမ်ားအျပင္ အေဆာက္ အအုံၿပိဳက်ပ်က္စီးမႈမ်ားမွာလည္းျပင္းထန္ခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိတြင္ ျပည္သူမ်ားအေနျဖင့္ အထပ္ျမင့္မ်ား တြင္ေန ထိုင္ရန္ပင္ စိုးရိမ္ေနၾကသည္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေန ျဖင့္ ပ်က္စီးသြားသည့္အေဆာက္အအုံမ်ားကို အျမန္ဆုံး ျပန္လည္ထူေထာင္ႏိုင္ေရးကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။ လက္ရွိတြင္ ျမန္မာႏိုင္ငံ၏ ေဆာက္လုပ္ေရးက႑၌ အမွားအယြင္းမ်ားစြာရွိေနၿပီး အျမန္ျပန္လည္ျပင္ဆင္ရမည့္အခ်က္မ်ားႏွင့္ လိုအပ္ခ်က္မ်ား ရွိေနရာ အဆိုပါအခ်က္မ်ားႏွင့္ပတ္သက္၍ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ႀကီးတစ္ဦးႏွင့္ NP News က ေမးျမန္းေဆြး ေႏြးထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး- ျမန္မာႏိုင္ငံမွာေဆာက္ေနတဲ့ အေဆာက္အအုံေတြအေပၚမွာ အန္ကယ့္အေနနဲ႔ ဘယ္လိုျမင္လဲ။ Safe ျဖစ္တယ္ လို႔ျမင္မိလား။
ေျဖ- ကြၽန္ေတာ့္အျမင္နဲ႔ကေတာ့ Safe ျဖစ္တဲ့ဟာ ေတြလည္းရွိသလို၊ Safe မျဖစ္တာေတြလည္းရွိတယ္။ ဒါေပမဲ့ အဓိကအပိုင္းေလးေတြကို ခြဲၿပီးေတာ့ေျပာျပ ေပးမယ္ေနာ္။ ကြၽန္ေတာ္တို႔ေဆာက္လုပ္ေရး Sector က အမွန္ေတာ့ အခု ျဖစ္တဲ့ငလ်င္က Alarm လုပ္ လိုက္တာပဲ။ Alarm လုပ္လိုက္တာ ေဆာက္လုပ္ေရး Sector အျပင္မဟုတ္ဘူး။ Regulatory Body ဥပမာ စည္းမ်ည္းစည္းကမ္းေတြ၊ Regulation ေတြ ထုတ္တဲ့လူေတြအတြက္ေရာ ေနာက္ၿပီး ေနမယ့္ Customer ေတြအတြက္ေရာ အဲဒီအားလုံးအတြက္ကို Alarm ျဖစ္သြားတဲ့အတြက္ အဆိုးထဲကအေကာင္း တစ္ခုေဆာက္ လုပ္ေရးေလာကမွာစလာမယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ကျမင္တာ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေန႔အထိေပါ့။ ကြၽန္ေတာ္တို႔ အေဆာက္အအုံေတြ ေဆာက္တယ္ဆိုတဲ့ဥစၥာ လူေတြအမ်ားႀကီး ေျပာေန ၾကတာက အထပ္ျမင့္ေတြက ေၾကာက္ဖို႔ ေကာင္းတယ္တို႔၊ ေနလို႔မသင့္ေတာ္ဘူးတို႔။ ဒါေပမဲ့ အခု အထပ္ျမင့္မွာေသတဲ့လူဦးေရနဲ႔ လုံးခ်င္းေတြ ႏွစ္ထပ္၊ သုံးထပ္ ေတြမွာ ေသတဲ့လူဦးေရျပန္ Comparisons လုပ္ၾကည့္လိုက္ ဘယ္ဟာမ်ားလဲဆိုတာ အဲဒီမွာသြား ေတြ႕လိမ့္မယ္။ ဘာျဖစ္ လို႔လဲဆိုေတာ့ အထပ္ျမင့္ႀကီး တစ္ခုလုံး “ဝုန္း”ဆိုၿပီးေတာ့ ၿပိဳက်သြားတယ္။ ဒီဟာ ကေတာ့ သူရဲ႕အားနည္းခ်က္ေတြ အမ်ားႀကီးရွိတယ္။ ဒါေတြလည္း ေနာက္ပိုင္းက်ရင္ရွင္းျပမယ္။ “ဝုန္း”ဆို ၿပိဳက်သြားတယ္။ ဗုန္းဗုန္းလဲသြားတယ္။ ဒါကေတာ့ ျပႆနာရွိတယ္။ မရွိဘူးမေျပာဘူး။ အဲဒီေတာ့ လူဦးေရ ေသတာနဲ႔ယွဥ္လိုက္ရင္ လူေတြရဲ႕ေခါင္းထဲမွာ မေရာက္ေသးတာက အထပ္ျမင့္ဆိုတာကိုပဲ ေခါင္းထဲ မွာရွိတာ။ သဘာဝေဘးအႏၲရာယ္ျဖစ္ရင္ အထပ္ျမင့္ ပဲျဖစ္ျဖစ္၊ အနိမ့္ပဲျဖစ္ျဖစ္၊ သူဟာနဲ႔သူ ေသခ်ာမလုပ္ ထားရင္ ေသတဲ့ဦးေရက မ်ားကိုမ်ားမွာ။ အခုျဖစ္တဲ့ ဟာမွာ စစ္ကိုင္းဆို အထပ္ျမင့္မရွိဘူး။ ေနာက္တစ္ခါ က်ေတာ့ ကြၽန္ေတာ္တို႔ မႏၲေလးမွာလည္း အထပ္ျမင့္ မဟုတ္တာေတြအမ်ားႀကီးလိုပဲ။ ေသတာေတြလည္း မနည္းဘူး။ အဲဒီေတာ့ လူဦးေရကို Comparison ျပန္လုပ္လိုက္ရင္ အထပ္ျမင့္မွာၿပိဳလို႔ေသတဲ့ လူဦးေရနဲ႔ အထပ္အနိမ့္ေတြၿပိဳလို႔ေသတဲ့လူဦးေရနဲ႔ ဘယ္ဟာ မ်ားလဲျပန္ႏႈိင္းယွဥ္ဖို႔လိုလာၿပီ။ အဲဒါဆိုရင္ အေျဖက ကြက္ကြက္ကင္းကင္းသြားျမင္မယ္။ ဒီ Sector ႀကီးတစ္ခုလုံးက အကုန္မွားေနတယ္ဆိုတာသြားေတြ႕ လိမ့္မယ္။ ဒီေန႔အထိဥစၥာမွာ မွားေနတဲ့ ေနရာေတြသြား ေတြ႕လိမ့္မယ္။ ကြၽန္ေတာ္အထပ္ျမင့္ေဆာက္လို႔အထပ္ျမင့္ ကိုကာကြယ္ တာတစ္ခုတည္းမဟုတ္ဘူး။ တကယ္ျဖစ္ေနတဲ့အျဖစ္အပ်က္ကို ၾကည့္ခိုင္းတာ အခုဘယ္လိုလဲဆိုေတာ့ ဒီေန႔အထိကို ငလ်င္ကို (၇ ဒသမ ၇)နဲ႔ ခံႏိုင္တဲ့အေဆာက္အအုံဆိုတာ ျမန္မာ ျပည္မွာမေဆာက္ေသးဘူး။ မေဆာက္ခဲ့ေသးဘူး။ òန္ၾကားခ်က္လည္းမရွိဘူး။ ျဖစ္ေနတာက ဥပမာ တစ္ထပ္၊ ႏွစ္ထပ္ေတြ တစ္ထပ္ဆိုလည္း ေနျပည္ ေတာ္သြားၾကည့္ စည္ပင္ရိပ္သာေတြကအစၿပိဳတာ။ ဘယ္ဟာ Safe ျဖစ္လဲဆိုတာ ရွင္းျပေနတာ။ ဘာေတြ မွားေနလဲ ဒီ Sector ႀကီးက ဘာေတြျပင္ဖို႔လိုအပ္လဲ ဆိုတဲ့ဟာကိုေျပာျပတာ။ အားလုံးကိုျပင္ရေတာ့မွာ။ ဥပမာ ႏိုင္ငံျခားမွာဆိုရင္ တစ္ထပ္အိမ္ပဲ ေဆာက္ ေဆာက္၊ ႏွစ္ထပ္အိမ္ပဲေဆာက္ေဆာက္ ငလ်င္မ်ား တဲ့တိုင္းျပည္က ငလ်င္ဒဏ္ခံႏိုင္ေအာင္ ဘယ္လို ေဆာက္မလဲဆိုတဲ့စဥ္းစားမႈနဲ႔ အစိုးရရဲ႕ စည္းကမ္း သတ္မွတ္ခ်က္ေတြရွိတယ္။ ေနာက္ၿပီးေတာ့ အဲဒီအတိုင္းကို ေဆာက္တဲ့ ဒီလူေတြရဲ႕ Certificate Rating ေတြရွိတယ္။ ဆိုေတာ့ လူတိုင္း ေဆာက္လုပ္ေရးကုမၸဏီတိုင္းကလည္း စိတ္ခ်ရတာမဟုတ္ဘူးဆိုတာကို အဲဒီမွာ အဆင့္နဲ႔ေဖာ္ျပသြားတာ။ ၿပီးတဲ့အခါ က်ေတာ့ အထပ္ျမင့္ေဆာက္မယ္ဆို ရင္လည္း အထပ္ျမင့္မွာ ဘာသတ္မွတ္ခ်က္ေတြရွိလဲဆိုတာ Guideline ေတြ အကုန္ရွိတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ (၈)ထပ္အထိလြတ္ေနတယ္။ (၈)ထပ္အထိက seismic ကို လုံးဝထည့္ၿပီးမစဥ္းစားထားဘူး။ စည္ပင္ရဲ႕ Guideline ထဲမွာကိုမရွိဘူး။ အမွန္က တစ္ထပ္၊ ႏွစ္ထပ္ကလည္း လူေတြအသက္ပဲ။ သုံး၊ ေလးထပ္ကလည္း လူေတြအသက္ပဲ။ (၈)ထပ္က လည္းလူေတြအသက္ပဲ။ (၈)ထပ္ ထက္ေက်ာ္သြားတဲ့ ဟာကလည္း လူေတြရဲ႕အသက္ပဲ။ ဆိုတဲ့အခါက်ေတာ့ အားလုံးက တကယ့္တကယ္ ဒီေန႔ကစၿပီးျပင္ရေတာ့မယ္။ ေနာက္ၿပီးေတာ့ ဝယ္တဲ့လူေတြဘက္မွာလည္း အားနည္းခ်က္ ရွိတယ္။ အားနည္းခ်က္ကလည္း ေဈးေပါ တာကိုလိုက္ရွာတဲ့ဥစၥာ အခုက်မွေၾကာက္တယ္။ ဒီလိုႀကီး ျဖစ္သြားေတာ့မွ Disaster ႀကီးေပၚလာေတာ့မွ၊ Earthquake ႀကီးေပၚလာေတာ့မွ လူေတြက ေၾကာက္လာတာ။ ဝယ္တဲ့လူေတြမွာလည္း အားနည္းခ်က္နဲ႔ ေဈးေပါတဲ့ဟာ ကိုလိုက္ရွာတယ္။ တခ်ိဳ႕ကက်ေတာ့ Structure ကို ေသခ်ာမစဥ္းစားဘူး ေဆာက္တယ္။ အလွေလးလုပ္တယ္။ အဲဒီအလွေလးေပၚမွာ သာယာၿပီးဝယ္တဲ့ လူကမ်ားတယ္။ အဲဒီမွာမွ ေဈးသက္သာတဲ့ဟာကို လိုက္ရွာၿပီးဝယ္ၾကတယ္။ တကယ့္တကယ္ ငလ်င္ အဲဒီေလာက္ဒဏ္ခံႏိုင္တဲ့ဟာမ်ိဳးေတြ ေဆာက္မယ္ဆိုရင္ ဒီေဈးနဲ႔ ဝယ္လို႔ မရေတာ့ဘူး။ ေဆာက္လုပ္ေရး ပစၥည္းေတြအေပၚမွာလည္း ျပႆနာေတြ အမ်ားႀကီး ရွိေနတယ္။ ကြၽန္ေတာ္တို႔ အရင္က UMFCCI တို႔ မွာေျပာေနတယ္။ သံသမားေတြကို ႀကီးၾကပ္ေပး။ ႏိုင္ငံေတာ္အေနနဲ႔ သံေတြသြင္းတဲ့ဟာေတြက Quality ေတြမမီဘူး။ အဲဒီအခါက်ေတာ့ သူက တ႐ုတ္ကေန ေဈးေပါတဲ့ဟာေတြကိုဝယ္တယ္။ သြင္းတယ္။ ေဈးကြက္ကို ၾကည့္ၿပီးေတာ့ သူမ်ားထက္ယွဥ္ ေရာင္းဖို႔ပဲသိတယ္။ ဒီဟာေတြက လူေတြရဲ႕အသက္ ေပၚမွာဘယ္ေလာက္လႊမ္းမိုး တယ္ဆိုတာကို ဘယ္သူ မွမစဥ္းစားဘူး။ မစဥ္းစားဘဲနဲ႔လုပ္တာေတြမ်ားတယ္။ ေနာက္ အင္ဂ်င္နီယာေတြအပိုင္းပဲ အမ်ားႀကီး ျပႆနာရွိတယ္။ ဒီျဖစ္စဥ္ႀကီးကို သုံးသပ္ရင္ အားလုံးမွာျပႆနာရွိတယ္။ အင္ဂ်င္နီယာမွာဆိုလည္း ဘယ္လိုလဲဆိုေတာ့ ႀကီးၾကပ္တဲ့ဥစၥာ အေတြ႕အႀကဳံမရွိတဲ့ အင္ဂ်င္နီယာေက်ာင္းဆင္းဆင္းခ်င္း အင္ဂ်င္ နီယာျဖစ္ေန တယ္။ တကယ္က အင္ဂ်င္နီယာေက်ာင္း ဆင္းဆင္းခ်င္း အင္ဂ်င္နီယာမျဖစ္ဘူး။ အင္ဂ်င္နီ ယာစာေမးပြဲျပန္ေျဖရတာ၊ လိုင္စင္ျပန္ေျဖရတာ။ လိုင္စင္ေျဖၿပီးေတာ့မွ အဲဒီလူက လိုင္စင္ရွိရင္ ဒီလူက ဘယ္ေလာက္ကေနဘယ္ေလာက္ အထပ္ထိေဆာက္ လို႔ရမယ္။ ျဖစ္မယ္။ အဲဒီမွာမွ နံပါတ္တစ္အဆင့္ရွိတဲ့ (Level 1) ဆိုရင္ေတာ့ အထပ္ျမင့္ကို ႀကီးၾကပ္ ေဆာက္လုပ္ပိုင္ခြင့္ရွိတယ္လို႔ အဲဒီလို လိုင္စင္ဆိုတာလည္း သီးသန႔္ စာေမးပြဲျပန္ေျဖရတာ။ ေက်ာင္းဆင္း ဆင္းခ်င္း အင္ဂ်င္နီယာမျဖစ္ဘူး။ ဒီႏိုင္ငံမွာပဲ ေက်ာင္းဆင္းဆင္းခ်င္း အင္ဂ်င္နီယာျဖစ္ေနတာ။ ျဖစ္လာၿပီးေတာ့ အလုပ္သမား ရွားပါးတယ္ဆိုေတာ့ ႏွစ္ထပ္ေလာက္ေဆာက္ဖူးရင္လည္း (၈)ထပ္ေလာက္ ေကာက္ေဆာက္ခိုင္းခ်င္ ေဆာက္ခိုင္းတယ္။ (၁၀)ထပ္ေလာက္ကို ေဆာက္ခိုင္းခ်င္ေဆာက္ခိုင္းမယ္။ ျပႆနာရွိတယ္။ ေနာက္ေဆာက္တဲ့ Developer ေတြကလည္း ဒီ အင္ဂ်င္နီယာေတြႀကီးၾကပ္ရ မယ္ဆိုတဲ့ တံဆိပ္တုံးလိုတယ္။ အဲဒီအဖြဲ႕ကိုေမး လိုက္ရင္ အဲဒီအဖြဲ႕ေတြက ေဈးႀကီးတယ္ ေဈးႀကီးတဲ့ အခါက်ေတာ့ မငွားႏိုင္ဘူး။ မငွားႏိုင္ေတာ့ တံဆိပ္တုံး ေလးပဲထုေပးပါ။ ဘယ္ေလာက္ဆိုတဲ့ဟာေတြနဲ႔ အဲဒီ PE တို႔ လက္မွတ္ရထားတဲ့ အင္ဂ်င္နီယာေတြကို ငွားသုံးတယ္။ အဲဒီလိုအင္ဂ်င္နီယာေတြကလည္း ပိုက္ဆံရရင္ၿပီးေကာ Ethic မရွိဘဲ တံဆိပ္တုံးေတြ ထုေပးတယ္။ ေဆာက္လုပ္ေရး Sector ႀကီး တစ္ခု လုံးကမွားေနတာ။ ဥပမာ မႏၲေလးမွာ ႏွစ္ထပ္အိမ္၊ သုံးထပ္အိမ္ေဆာက္တယ္။ ရန္ကုန္မွာလည္း ႏွစ္ထပ္ အိမ္၊ သုံးထပ္အိမ္ေဆာက္တယ္။ ေဆာက္တဲ့ အခ်ိန္မွာ အင္ဂ်င္နီယာမပါဘူး။ ပန္ရံလက္သမား အေတြ႕အႀကဳံရွိတဲ့လူနဲ႔ ကန္ထ႐ိုက္နဲ႔က ေပါင္းၿပီးေတာ့ေဆာက္ တယ္။ ေရွ႕မွာရွိတဲ့အေတြ႕အႀကဳံနဲ႔ပဲယူၿပီးေတာ့ ေဆာက္တယ္။ Soil Test လုပ္လားမလုပ္ဘူး။ ေျမႀကီးလည္း ဘယ္သူမွ မစမ္းဘူး။ အဲဒီေတာ့ တကယ့္တကယ္က ရန္ကုန္က Earthquake Zone မွာ Weak Zone ျဖစ္ေနတဲ့အတြက္သာ ကံေကာင္းေနတာ။ အဲဒါေတာင္မွ သူ႔ေျမပုံရွိတယ္။ Earthquake ရဲ႕ ေျမာက္ဒဂုံ၊ ေတာင္ဒဂုံ ဟိုဘက္အျခမ္းမွာရွိတဲ့ သန္လ်င္တို႔၊ ေမွာ္ဘီတို႔က အဲဒီဘက္က ဇုန္ျပင္း တဲ့အထဲပါတယ္။ အဲဒီလိုေနရာေတြမွာဆိုရင္ ႀကီးႀကီး မားမားျဖစ္ရင္ အမ်ားႀကီးေသမွာဆိုေတာ့ ရန္ကုန္က Disaster ထဲမွာ ငလ်င္ထဲမွာ Earthquake ထဲမွာ Weak Zone ထဲမွာပါေနေသး တဲ့အတြက္ ကံေကာင္းတာဆိုေတာ့ တကယ့္တကယ္က အဲဒီဇုန္ေတြ၊ ငလ်င္ Earthquake ဇုန္ေတြက ဂ်ပန္ကအဖြဲ႕ေတြနဲ႔ ျမန္မာျပည္ကငလ်င္ပညာရွင္ေတြေပါင္းၿပီးဆြဲထားတဲ့ဟာ ေတြရွိၿပီးသား။ ရွိၿပီးသားကို ဘာေၾကာင့္ယေန႔အထိ Apply မလုပ္လဲ စဥ္းစားလို႔မရဘူး။ အမွန္က တစ္ထပ္အိမ္၊ ႏွစ္ထပ္အိမ္ကစၿပီးေတာ့ အခုေတာ့ ကင္းလြတ္ေပးထားတဲ့ ဟာ အားလုံးက ဒီ Earthquake ရဲ႕ Structure နဲ႔ေဆာက္ရမွာ။ အဲဒီအတြက္ ဘာေတြလိုတယ္၊ ေနာက္ ဌာနဆိုင္ရာေတြဆို လည္း ဒီလိုပဲ။ ေနျပည္ေတာ္မွာ ၿပိဳလိုက္တာ ေသာက္ေသာက္လဲ။ ဘာေၾကာင့္ၿပိဳလဲ။ PAE ေဈးႏႈန္းနဲ႔ေပးတယ္။ ကြၽန္ ေတာ္အၿမဲေျပာပါတယ္။ PAE ေဈးႏႈန္းက Yellow Board မွာၾကည့္တယ္။ Yellow Board ေဈးက အျပင္မွာေတာင္ ပစၥည္းဝယ္မရတဲ့ေဈး၊ အျပင္မွာ ေတာင္ဝယ္မရတဲ့ေဈးနဲ႔တြက္တယ္။ အဲဒါေတြက (၅)ရာခိုင္ႏႈန္း၊ (၁၀) ရာခိုင္ႏႈန္း ေလွ်ာ့မွ တင္ဒါေအာင္မယ္။ ၿပီးရင္ တင္ဒါ Structure ဆိုတာလည္း ေဆာက္ လုပ္ေရးဝန္ႀကီးဌာနတို႔ကေပးတာ။ ေပးတဲ့ ဟာမွာလည္း သူက Low Cost နဲ႔ အျမန္ၿပီးေအာင္ ဘတ္ ဂ်က္ကသိပ္မရဘူးဆိုေတာ့ေလွ်ာ့ၿပီးလုပ္တယ္။ အဲဒီ လိုမ်ိဳးေတြ လုပ္ရင္ေတာ့ ဒီအေဆာက္အအုံေတြက အခုလိုျဖစ္လာတဲ့အခါက်မွအေျဖေပၚတာ။ကြၽန္ေတာ္ ေရွ႕မွာ ဘယ္ေလာက္ ေျပာခဲ့ေျပာခဲ့ ဒါေတြက သူတို႔ စဥ္းစားမွာမဟုတ္ဘူး။ အခုလည္း ေျပာစရာေတြဘာ ေတြရွိလဲဆိုေတာ့ အခု EarthQuake ျဖစ္လို႔ ၿပိဳသြားတဲ့၊ တစ္ဝက္တစ္ပ်က္ျဖစ္တဲ့ အေဆာက္အအုံေတြကို အျမန္ျပန္ျပင္ဖို႔လုပ္ေနတယ္။ ဒါေတြ မျဖစ္ သင့္ဘူး။ ေဖာ္ရႈိးေတြ။ ကြၽန္ေတာ္ေျပာတာက ျပန္လည္တည္ေထာက္ေရးကို “ဝုန္း”ဆိုၿပီး ေကာက္လုပ္ လို႔မရဘူး။ အဲဒီေတာ့ အဲဒီ Structure ေတြအကုန္လုံးကို ဘယ္ေလာက္အထိခံႏိုင္ရည္ရွိလဲဆိုတာ ျပန္စစ္ရမွာ၊ က်ိန္းေသတာ တစ္ခုက တစ္ဝက္တစ္ပိုင္း စၿပိဳတယ္ဆိုကတည္းက ဒီအေဆာက္အအုံသည္ EarthQuake ကို အဆင္သင့္မျဖစ္ဘူး ဆိုတာ အေျဖ ကေပၚေနၿပီ။ ကြၽန္ေတာ့္အျမင္က အဲဒါကို ျပန္ျပင္ၿပီး ေတာ့ အဲဒီအေဆာက္အအုံျပန္ေဆာက္တယ္ဆိုတာ မ်ိဳးက မလုပ္သင့္ေတာ့ဘူး။ တကယ့္တကယ္ ႏိုင္ငံျခားမွာက်ေတာ့ သူတို႔က ဘယ္လိုျပန္တင္လဲဆိုေတာ့ နည္းပညာ ေတြရွိတယ္။ Foundation ကို ထပ္တိုးတဲ့ နည္းပညာ။ ဒီမွာ အဲဒီနည္းပညာလည္းမရွိဘူး။ စက္ ကိရိယာေတြလည္း မရွိဘူး။ ဥပမာ ကြၽန္ေတာ္တို႔ Micro-Piling ဆိုတာ ရွိတယ္။ ဥပမာအေဆာက္အအုံတစ္ခုက ႀကံ့ခိုင္မႈနည္း လာတယ္။ ႏိုင္ငံျခားမွာ ဆိုရင္ Micro-Piling စက္နဲ႔ေအာက္မွာ Pile ေတြရွိ တယ္။ အဲဒီ Pile ေတြနားမွာ Micro-Piling ဆို တာနဲ႔ ဒီ Basement စလပ္ကိုေဖာက္တယ္။ ေဖာက္ၿပီး အဲဒီထဲကေနၿပီးေတာ့ Pile ေတြ ထပ္ထိုးထည့္တယ္။ Pile ေတြထိုး ထည့္ၿပီးေတာ့ Ground ျပန္ထိုးတယ္။ Ground ဆိုတာက ေျမကိုမာေအာင္လို႔ Soil Cloud ျပန္လုပ္တယ္။ မာသြားၿပီး ေတာ့ ခံႏိုင္ရည္ေတြတိုးေအာင္ထပ္လုပ္ၿပီး ျပင္ယူရတယ္။ အဲဒီ နည္းပညာေတြလည္းမရွိဘူး။ အဲဒီစက္ပစၥည္းေတြ လည္း ဒီမွာမရွိဘူး။ မရွိဘဲနဲ႔ အဲဒီအေဆာက္အအုံကိုပဲ ဒီတိုင္းထပ္ၿပီးျပန္ျပင္မယ္ဆိုတာႀကီးကေတာ့ မလုပ္ သင့္ဘူး။ ကြၽန္ေတာ္ ေျပာတာက နဂိုတည္းကမွ Earthquake မခိုင္လို႔ ၿပိဳတဲ့အေဆာက္အအုံေတြ။ အဲဒါေတြကိုျပန္ၿပီးေတာ့ အျမန္ For-show နဲ႔ ျပန္လည္ထူေထာင္ေရးၿပီးၿပီဆိုတဲ့ဟာမ်ိဳးနဲ႔ ႏိုင္ငံေတာ္ ကလည္းမလုပ္သင့္ဘူး၊ တကယ္က လိုအပ္တာက တစ္ခုပဲျပန္ေဆာက္ႏိုင္ႏိုင္၊ ႏွစ္ခုပဲ ျပန္ေဆာက္ႏိုင္ႏိုင္ တကယ္ seismic နဲ႔ ခံႏိုင္တဲ့ Earthquake နဲ႔ ခံႏိုင္ တဲ့အေဆာက္ အအုံကို ေသခ်ာျပန္ၿပီးတည္ေဆာက္ဖို႔ဆိုတာလိုေနၿပီ။ ေနာက္တစ္ခုကက်ေတာ့ ဒီအထပ္ ျမင့္ေတြမွာဆိုရင္လည္း အခုမွ လူေတြက အထပ္ျမင့္ ေတြမေနရဲဘူး မေနရဲဘူးနဲ႔ တကယ္ေနထိုင္သူေတြ ပိုင္းမွာလည္း အမ်ားႀကီးရွိတယ္။ ဘာေတြလုပ္ရမလဲ ဆိုေတာ့ ေနထိုင္သူေတြက အခန္းဖြဲ႕ဆိုတာအလကား ဖြဲ႕ထားတာမဟုတ္ဘူး။ သူရဲ႕ အုတ္႐ိုးရွိရမယ့္ ေအာက္မွာ ဝန္အားဆိုတာရွိတယ္။ သူေနရာနဲ႔သူ အကုန္လုံး ထားတာ။ အဲဒါကိုအိမ္ဝယ္တဲ့လူေတြက ငါ့အခန္းပဲ ငါႀကိဳက္သလိုျပင္မယ္ဆိုေတာ့ ဧည့္ခန္းကို က်င္းလို႔ ခ်ဲ႕ခ်င္တယ္ဆိုၿပီး အုတ္႐ိုးေ႐ႊ႕သြားတယ္။ မွန္တယ္။ ဘာမွမျဖစ္ရင္ ဘာမွမျဖစ္ဘူး။ သူရဲ႕ slab ေပၚမွာရွိတဲ့ Loading လို႔ေခၚတာေပါ့။ တကယ့္တကယ္ေတာ့ ဝန္အားေပါ့။ ဝန္အားရွိတယ္။ ဒီအုတ္႐ိုးက ဝန္အားဆို တာက အဲဒီဟာကိုထမ္းထားတဲ့ဟာ အုတ္႐ိုးကိုထမ္း ထားတဲ့ဟာ။ အဲဒီေတာ့ အခန္းဖြဲ႕ရင္ အုတ္႐ိုးက်တဲ့ အခန္းဖြဲ႕တာလုပ္ရတယ္။ အဲဒါမဟုတ္ဘဲနဲ႔ အဲဒါကိုေ႐ႊ႕လိုက္တဲ့ဟာမ်ိဳးဆိုရင္ သူရဲ႕တကယ္ အားထမ္း မယ့္ေနရာမဟုတ္ေတာ့ဘူး။ လြဲသြားၿပီ ၿပိဳက်မွ ၿပိဳတယ္လို႔ လုပ္လို႔မရဘူး။ သိတယ္မလား အားလုံးနဲ႔ ဆိုင္ေနတာ။ ေနာက္တစ္ခုက ေစာေစာကေျပာသလို သံသုံးတာေတြ ျမန္မာသံေတြသုံးတယ္။ ဥပမာ မႏၲေလးကဆို စိန္ပန္းကထြက္တဲ့ Local သံကို သုံးတယ္။ အဲဒီ Local သံက ဘယ္ေလာက္ Resistance ရွိတယ္ဆိုတာ ဘယ္သူမွမသိဘူး။ သြားစမ္း Test မ ေအာင္တာမ်ားတယ္။ ေနာက္တစ္ခါက်ေတာ့ Local သံေပါ့။ အခုဆိုရင္ ေလာင္းတဲ့နည္းပညာကေတာ့ ျမင့္လာတယ္။ ဒါေပမဲ့ သံလုပ္တဲ့နည္းပညာက မျမင့္ဘူး။ မိုေလးေတြရွိတယ္။ မိုဆိုတာ ပုံစံငယ္ေတြေပါ့။ ပုံေလးေတြမွာထည့္ေလာင္း လိုက္တာ အျပင္ကဒီဇိုင္း အရမ္းလွတာ၊ ႏိုင္ငံျခားသံပုံစံမ်ိဳးပဲ။ အဲဒီလိုဟာမ်ိဳးကို ႏိုင္ငံျခားသံပါဆိုၿပီး ႐ိုက္ၿပီးေရာင္းတဲ့ လူလည္းရွိတယ္။ ျပည္တြင္းထုတ္ဆိုၿပီးေတာ့ပဲ လိုက္ေရာင္းတဲ့လူေတြ လည္းရွိေနတယ္။ ႏွစ္မ်ိဳးရွိေနတယ္။ စက္႐ုံတစ္႐ုံ တည္းကပဲ ႏွစ္မ်ိဳးစလုံးထုတ္ေနတယ္။ အဲဒါေတြစိစစ္ သင့္တယ္။ အဲဒီသံေတြက သြားၿပီးေတာ့ဆြဲၾကည့္။ ဆြဲလိုက္လို႔ ေကြးလို႔ရရင္ ျမန္မာေတြက ေကြးလို႔ရ တယ္ေျပာတယ္။ အဲဒီေကြးလို႔ရတဲ့ဟာကို ျပန္ေျဖာင့္ ၾကည့္။ က်ိဳးသြားရင္ သူရဲ႕ Carbon Ratio မ်ားေနတဲ့အတြက္ ဒီသံသည္ ဥပမာအေဆာက္အအုံသည္ ဒီလိုယိမ္းမယ္ ဒီလို ျပန္ယိမ္းရင္ မခံႏိုင္ ေတာ့ဘူး။ အဲဒီေတာ့ အားနည္းခ်က္ေတြက ျမန္မာျပည္မွာ ေဆာက္လုပ္ေရးစင္တာအတြက္ ျပင္ရမယ့္ဟာေတြ ကြၽန္ေတာ္တို႔ အခုေဆာက္တယ္။ ႏိုင္ငံျခားက သံသြင္းတယ္။ သံသြင္းလို႔ပိတ္ပစ္ထားတယ္။ သံမ ေရာက္လို႔ေစာင့္မယ္ ဆိုရင္ ဝယ္တဲ့လူေတြက “ဟာ” ဘာျဖစ္လို႔လဲ၊ ဘယ္ႏွထပ္ပဲက်န္ေတာ့တယ္။ ျပည္တြင္းမွာရွိတဲ့ဟာဝယ္သုံးပါလား”။ အဲဒီလို Case မ်ိဳး ေတြႀကဳံရတယ္။ တကယ္က သူတို႔နားမလည္လို႔။ ကြၽန္ေတာ္မသုံးဘူး။ မသုံးဘူးဆိုတဲ့ဟာက လူေတြရဲ႕ အသက္ေတြနဲ႔လုပ္တဲ့ဟာမွန္းသိတဲ့အတြက္ စနစ္တ က်ေသခ်ာလုပ္ေနတာ။ အဲဒီအတိုင္းေျပာတယ္။ ေဆာက္လုပ္ေရး စင္တာကေန လြဲေနတာေတြရွိတယ္။ Developer ေတြေရာ ကန္ထ႐ိုက္ေတြေရာ လြဲေနတယ္။ ေနာက္ဝယ္တဲ့လူေတြ အေနနဲ႔လည္း Know ledge ေတြအမ်ားႀကီးရွိဖို႔လိုတယ္။ အခုဆို ကြၽန္ေတာ္ေျပာတာ သာမန္ဝယ္ရင္ Developer ေတြကို စာေမးပြဲစစ္မယ္။ ကြၽန္ေတာ့္အေနနဲ႔က လုပ္ရမယ့္အလုပ္ ကြၽန္ေတာ္လည္း Developer ပဲ။ ဒါေပမဲ့ ဒါ လုပ္သင့္တဲ့ အလုပ္ဆိုတာသိတယ္။ ဥပမာ Foundation ဘယ္လိုခ်လဲဆိုတာ Document ေတြ ေတာင္း ၾကည့္သင့္တယ္။ ဘာေဖာင္ ေဒးရွင္းလဲ ေဖာင္ေဒးရွင္းကေတာ့ Pile ႐ိုက္တယ္ဆိုရင္ ျမန္မာျပည္မွာ ငလ်င္ ခံတယ္ပဲေျပာမွာ။ ဘာျဖစ္လို႔လဲဆိုေတာ့ Pile က က်န္တဲ့ Structure နဲ႔စာရင္ ပိုခိုင္တာကို ရန္ကုန္မွာ Weak Zone ျဖစ္ေနလို႔ ကံေကာင္းတာ။ အဲဒါ ေတာင္မွ ကြၽန္ေတာ္ေျပာျပမယ္။ ေျမာက္ဒဂုံ၊ ေတာင္ဒဂုံဟိုဘက္ အနီဇုန္ရွိတယ္။ အဲဒီဇုန္ထဲမွာေဆာက္ ထားေတြက အႏၲရာယ္ရွိ တယ္။ အဲဒီေကာင္ေတြက ျပင္းတယ္။ စစ္ကိုင္းကလာတာ။ ပဲခူးဒီဘက္ကိုက် ေတာ့နည္းနည္းေလးေပ်ာ့သြားလို႔။ ဇုန္ေတြမွာ အဲဒီ ဇုန္ထဲမွာရွိတဲ့ဟာတိုင္းေတာ့ ဒီစည္ပင္သာယာက ခ်သင့္တယ္။ ဥပမာ အေဆာက္အအုံေဆာက္မယ္ ဆိုရင္ တစ္ထပ္ပဲေဆာက္ေဆာက္၊ ႏွစ္ထပ္ပဲေဆာက္ ေဆာက္အဲဒီကေနစၿပီးေတာ့ အထပ္ျမင့္အားလုံးကို seismic ဘယ္ေလာက္ထိ သတ္မွတ္မွာလဲဆိုတဲ့ဟာေပါ့။ သူတို႔က (၇ ဒသမ ၇)နဲ႔ေဆာက္ရမယ္လို႔မ ဟုတ္ဘူး ကြၽန္ေတာ္ေျပာ ခ်င္တာ။ အဲဒါေၾကာင့္လည္း Over Structure လို႔ေခၚတယ္။ ဘယ္ႏိုင္ငံမွမေဆာက္ဘူး။ ဥပမာႏိုင္ငံတကာမွာ ဇုန္ေတြ သတ္မွတ္ထားတယ္။ ငလ်င္က ဒီေနရာက ဘယ္ေလာက္အထိျဖစ္တယ္။ ဒါက Historically ေရာ Geological ေရာ အကုန္လုံးကို Study လုပ္ၿပီးေတာ့သတ္မွတ္ထားတယ္။ ဒီေနရာက (၃) ပဲရွိခဲ့တယ္သမိုင္းမွာဆိုရင္ (၃) လို႔သတ္မွတ္ လိုက္တယ္။ သတ္မွတ္လိုက္ရင္ ကြၽန္ေတာ္တို႔က အဲဒီအေပၚမွာ +Safety ဘယ္ ေလာက္ေပါင္းၿပီးေတာ့ (၄)သတ္မွတ္ မလား၊ (၅)သတ္မွတ္မလား။ (၇ ဒသမ ၇)ေဆာက္ရမယ္လို႔ မရွိ ဘူး၊ မဆိုလိုဘူးေနာ္။ အခုျဖစ္ေနတာအားလုံးက (၇ ဒသမ ၇)ရွိလား Knowledge မရွိဘူး ဝယ္တဲ့လူက။ အဲဒီေတာ့ ရန္ကုန္မွာ အခန္းေရာင္းထားတဲ့လူေတြ ဟိုတုန္းကဝယ္ ေနတုန္းကေတာ့ ဘယ္သူမွ မေမးခဲ့ဘူး။ အခုမွေမးကုန္ၾကၿပီေဆာက္တဲ့လူေတြကို။ ငလ်င္ဘယ္ေလာက္ထိေအာင္ ေဆာက္ထားတာလဲ။ ေျပာတုန္းကေတာ့ ငလ်င္ဒဏ္ခံတယ္ေလ။ (၇ ဒသမ ၇)နဲ႔ေဆာက္ထားတဲ့အေဆာက္အအုံမရွိဘူး။ စည္ပင္ သာယာသတ္မွတ္ခ်က္လည္းမရွိဘူး။ အခုအထပ္ျမင့္ ကသတ္မွတ္တဲ့ဟာေတာင္မွ (၆)ရွိတယ္။ သူဇုန္နဲ႔သ ေပါ့(၆ဒသမ၈)ရွိတယ္။ အဲဒီဟာမ်ိဳးရွိတယ္။ က်န္တဲ့ဘက္ ေတြဆိုရင္ (၅ဒသမ၈)တို႔ (၄ဒသမ၈)တို႔ (၅)တို႔ပဲသတ္မွတ္ တာ ဒါက လုံေလာက္တယ္။ အဲဒါကေနာ္ (၉)ထပ္ကေနစတာေနာ္။ (၈)ထပ္အထိ မွာဘာမွမထည့္ခိုင္းထားဘူး။ ဘာမွမထည့္ဘဲနဲ႔ သံဆက္တဲ့ ဥစၥာရွိတယ္။ သံဆက္တာမွာ ငလ်င္ဆက္ တဲ့ဥစၥာရွိတယ္။ ငလ်င္ဆက္တဲ့စက္နည္းနဲ႔ပဲ ေကာ္ လန္ေတြကို ဆက္ခိုင္းထားတာရွိတယ္။ ဥပမာ ဘယ္ လိုပုံစံမ်ိဳးနဲ႔ ငလ်င္ဒီဇိုင္းမ်ိဳးျဖစ္ေအာင္လုပ္ပါဆိုတဲ့ ပုံစံမ်ိဳးနဲ႔။ ဒါေပမဲ့က်န္တဲ့တြက္ခ်က္မႈ Structure တြက္ခ်က္မႈတစ္ခုလုံးမွာ ငလ်င္ကိုလုပ္ႏိုင္တဲ့ Structure မရွိေသးဘူး။ အမွန္ ေတာ့ တစ္ထပ္က စလုပ္ရမွာ။ ကြၽန္ေတာ္ေျပာခ်င္တဲ့အဓိပၸာယ္က အထပ္ ျမင့္ၿပိဳတဲ့ဟာမွာေသတဲ့လူဦးေရနဲ႔ လုံးခ်င္းေတြၿပိဳလို႔ ေသတဲ့လူဦးေရယွဥ္ၾကည့္လိုက္။ ဘယ္ဟာ Safe ျဖစ္လဲဆိုတာ ကြၽန္ေတာ္တို႔က ဘာထပ္လုပ္ရမွာလဲ ဆိုေတာ့ Education ပိုင္းလည္းလိုတယ္။ ဒီလို သဘာဝေဘးအႏၲရာယ္ေတြရွိတဲ့ေနရာမွာ ကေလးေတြကို ငယ္ငယ္ ေလးတည္းကစၿပီးေတာ့ ငလ်င္လႈပ္ရင္ အေဆာက္အအုံထဲမွာမေနဖို႔ ေျပးဖို႔ဆိုတဲ့ ဟာကို အဲဒါကို စသင္ရမွာ။ အဲဒါကို ကြၽန္ေတာ္ ဂ်ပန္တို႔ အေမရိကားတို႔လိုႏိုင္ငံႀကီးေတြမွာ New York တို႔ဆိုလလည္း ငလ်င္ထဲမွာရွိတာပဲ နယူးဇီလန္ ငလ်င္ထဲမွာရွိတယ္။ ခဏခဏလႈပ္ေနတာ နယူး ဇီလန္ဆိုရင္ အဲဒီဟာေတြမွာကေတာ့ ပညာေရးက ေနၿပီးေတာ့လည္း သင္ေပးထားတယ္။ ဒီလိုမ်ိဳး အေရးေပၚငလ်င္လႈပ္ခဲ့ရင္ ဘယ္လိုေနပါ၊ ဘယ္လို လုပ္ပါ၊ ဘယ္လိုထိုင္ပါ။ က်ိန္းေသ တာေတာ့ ဂ်ပန္တို႔ အထပ္ျမင့္မွာေနတာျဖစ္ျဖစ္၊ အိမ္ထဲမွာေနတာျဖစ္ျဖစ္ လုံးခ်င္းနဲ႔ပဲေနတာျဖစ္ျဖစ္ ငလ်င္လႈပ္ရင္ အျပင္မွာပဲ ေနခိုင္းတာ ရေအာင္ေျပးခိုင္းတာ။ အဲဒါေတြကို ထရိန္းဖို႔လိုတယ္။ ေနာက္တစ္ခု ကြၽန္ေတာ္တို႔ အထပ္ျမင့္ ေတြမွာ မီးေလာင္ရင္ ဘယ္လိုေျပးရမယ္၊ ငလ်င္လႈပ္ရင္ ဘယ္လိုေျပးရမယ္ ဆိုတဲ့ဟာေတြက သင္ေပးထားရမွာ။ ကြၽန္ေတာ္တို႔လူေတြက မေၾကာက္ဘူး။ အိမ္ထဲမွာပဲေနၿပီးအေသခံတယ္။ ခုံေအာက္ပုန္း မယ္တို႔ဘာတို႔။ ျဖစ္ႏိုင္ရင္ ခုံေအာက္ပုန္းတာထက္ ေျပးတာကအေကာင္းဆုံး။ ေျပးရင္ဘာလုပ္ရမလဲဆို ေတာ့ အေရးေပၚေလွကားေတြရွိတယ္။ အဲဒီေလွကားေတြက ခိုင္ေနေအာင္လုပ္ထားတဲ့ဟာေတြ။ အဲဒီမွာ ကြၽန္ေတာ္တို႔ကဘာလဲဆိုေတာ့ Diaphragm Wall ေတြပါမယ္။ မီးေလာင္ရင္လည္း Smoke Free Lobby ဆိုတာရွိတယ္။ မီးခိုးက အဲဒီကို မသြားရဘူး အဲဒီတံခါးမွာဆိုရင္ ထြက္ေျပးမယ့္အေပါက္ရဲ႕ Basic က Fire Regulated (၂)နာရီ ခံရမယ္။ မီး (၂)နာရီေလာင္တဲ့အထိကို ဒီတံခါးက မျပတ္ရဘူး ေျပးဖို႔အခ်ိန္ကို သူက Limit လုပ္ထားၿပီးသား Safety Issue ေတြက ထည့္ထားၿပီးသား အဲဒီေတာ့ မီးေလာင္ ရင္လည္း အေရးေပၚေလွကားကိုသြားရမွာပဲ ေနာက္တစ္ခုက်ေတာ့ ငလ်င္လႈပ္ရင္လည္း အထပ္ျမင့္ေတြမွာဆိုရင္ အေရးေပၚေလွကားေတြရွိတယ္။ အဲဒီအေရးေပၚေလွကားေတြက ေနေျပးရတာ အဲဒါ ေတြက RC Wall ေတြနဲ႔ လုပ္ထား တာ ဆိုတာ့ အဲဒီလိုမ်ိဳး ဓာတ္ေလွကားေတြနဲ႔မေျပးရဘူး။ ဒါေတြက သတ္မွတ္ခ်က္ေတြရွိတယ္။ ပညာေရးကလည္း အခု ထဲက စၿပီးေတာ့ အခုက စျပင္ရမွာၿပီးခဲ့တာေတြ တြက္လို႔မရဘူး။ အခုက စလုပ္မယ့္ဟာကိုပဲစဥ္းစားရမွာ ဆိုေတာ့ အဲဒါမ်ိဳး ပညာေရးပါသင္ေပးရမွာ ဒါေတြက အကုန္ Knowledge ရွိတဲ့ဟာျဖစ္သြားၿပီ ၿပီးမွ ေသတယ္ေသတယ္ လုပ္လို႔မရဘူး။ ေဘးအႏၲရာယ္ျဖစ္ရင္ မ်ားေသာအားျဖင့္ ေသမွာပဲ။ အဲဒီထဲကမွ ဘယ္ ေလာက္ရာခိုင္ႏႈန္း အနည္းဆုံး လုပ္မလဲဆိုတာ။ ခက္တာက ကြၽန္ေတာ္တို႔ျမန္မာလူမ်ိဳးေတြက ေကာက္႐ိုးမီး၊ အခုျဖစ္ျဖစ္ခ်င္းမို႔ပူေနတာ။ (၃)လ ေလာက္ ေနရင္ေတာ့ အဲဒါေပ်ာက္သြားဦးမွာ ေမ့သြားဦးမွာ ။ အဲဒီလို ျဖစ္လို႔မရေတာ့ဘူး။ ကြၽန္ေတာ္တို႔က ဒီဟာထဲကေန ၿပီးေတာ့ အျမတ္ကို ဘာလုပ္ယူမလဲဆိုတာစဥ္းစားရမွာ အျမတ္ဆိုတာ ကြၽန္ေတာ္တို႔ ကိုယ္က်ိဳးစီးပြားေငြေၾကး ကိုေျပာ ေနတာ မဟုတ္ဘူး။ လူေတြ ဘယ္လိုနားလည္ လာမလဲ။ ေဆာက္လာတဲ့နည္းပညာေတြ ေျပာင္းလာ မယ္။ ႏိုင္ငံတကာ အတိုင္းဘယ္လိုျဖစ္လာ မယ္ဆိုတဲ့ ဟာကိုေမွ်ာ္လင့္တာ။ ဥပမာေပါ့ လူေတြက Earthquake (၇ ဒသမ ၇) နဲ႔ခံတဲ့ အေဆာက္အအုံဆိုလည္း အဲဒီ Structure နဲ႔ အခုေဈးနဲ႔ေရာင္းရင္ အနည္းဆုံး သိန္း (၃၀)၊ (၄၀)ေလာက္ ေရာင္းရ မယ္ဘယ္သူမွဝယ္ မွမဟုတ္ဘူး။ အဲဒီေတာ့ လုံးခ်င္းအိမ္ေနတယ္ဆိုၿပီးေတာ့လည္း Safe ျဖစ္တယ္မထင္နဲ႔ အခုေသတဲ့ လူဦးေရ ကြန္ဒိုတစ္ခုမွာ လူ (၃၀ဝ)ရွိရင္ (၃၀ဝ)ေသရင္ အခု ေသတာ (၃၀ဝဝ)ေက်ာ္ၿပီ။ ဒီေန႔စာရင္းဆိုရင္ ၾကည့္လိုက္ ဘယ္ဟာပိုမ်ားေနလဲ။ ကြန္ဒိုအလုံးလိုက္ ၿပိဳက်တာႀကီးကေတာ့ ဒါႀကီးေတြကေတာ့ ႐ုပ္ပ်က္ တယ္။ ဒါအမွန္တိုင္း ေျပာတာ ဒါေပမဲ့ Develope မေတြဆင္ျခင္သြားလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ေနာက္တစ္ခါဝယ္တဲ့လူေတြ ကလည္း ဘယ္ Developer က ေသခ်ာလုပ္လဲဆိုတာကိုေသခ်ာၾကည့္ၿပီး ဝယ္ဖို႔လိုလာတယ္ေနာက္ပိုင္းမွာ ဒီအေဆာက္အအုံ တြက္ခ်က္မႈေတြဘာေတြက ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံက ဆရာေတြေတာင္မွ စာေတြ႕ပဲရွိတာ တြက္ခ်က္ၿပီးေတာ့ ေဆာက္ထားတဲ့ အေဆာက္အအုံ အင္မတန္နည္းေသးတယ္ လိုအပ္ရင္ ႏိုင္ငံျခားက ေနၿပီးေတာ့ Structure တြက္တဲ့လူ ေတြနဲ႔ ႏိုင္ငံျခား Firm ေတြနဲ႔ တကယ္ေဆာက္ဖူးတဲ့အေတြ႕အႀကဳံရွိ တဲ့လူေတြကို အပ္သင့္တယ္ေပါ့ေနာ္ အဲဒီကေနစမယ္ အထပ္ျမင့္ေတြေဆာက္မယ္ဆို အဲဒါေတြကိုပဲ ဆရာေတြ ျပန္ Edit လုပ္မယ္အဲဒီေလာက္ဆို မဆိုးဘူး PE လက္မွတ္ ရသြားရင္ အဲဒီ Structure တြက္လို႔ ရတာမွန္တယ္။ ဘယ္ႏွစ္လုံးေဆာက္ၿပီးေတာ့ ဘယ္ႏွစ္လုံးက ဒဏ္ခံႏိုင္လဲဆိုတာ မ်က္ဝါးထင္ထင္ မျမင္ေတြ႕ခဲ့ရေသးဘူး။ အဲဒီေတာ့ က႑တိုင္းမွာ အကုန္ျပင္ရေတာ့မွာ ေစာနကေျပာတဲ့ ေဆာက္လုပ္ ေရးဆိုဒ္ဆိုလဲ Material ေတြ အရမ္းအေရးႀကီး လာၿပီ အစိုးရအေနနဲ႔ အဲဒါေတြၾကပ္ရမွာ။ အဲဒီလိုမ်ိဳး Quality မီတဲ့ ပစၥည္းကို သုံးၿပီးေဆာက္မွပဲ ရမွာပါ။ အဲဒီေတာ့ ဇုန္ပလန္ရွိတယ္။ အဲဒီဇုန္ပလန္အတိုင္းကို Earthquake ကိုသတ္မွတ္ မယ္။ သူ႔ဟာသူ တစ္ထပ္ ပဲေဆာက္ေဆာက္ပါ။ ေနာက္တစ္ခါအင္ဂ်င္နီယာေတြ ႀကီးၾကပ္မႈေတြလိုတယ္။ အင္ဂ်င္နီယာ ေတြကို ဒီလမ္း ေၾကာဆင္းတာနဲ႔အင္ဂ်င္နီယာျဖစ္တာမဟုတ္ဘဲနဲ႔ မေပးဖို႔ ကန္ထ႐ိုက္ေတြ သင္တန္းေတြ ႏိုင္ငံေတာ္ အေနနဲ႔ပို႔ခ်ေပးသင့္တယ္။ သူတို႔ေတြကိုလည္း ႀကီးၾကပ္မဲ့သူေတြကို ဘာ Certificate ရလား။ သံခ်ည္သံ ေကြးပဲျဖစ္ျဖစ္ ပန္းရံပဲျဖစ္ျဖစ္၊ ေဆာက္လုပ္ေရးလုပ္ ငန္းရွင္မ်ားအသင္းတို႔လုပ္ေနတဲ့သင္တန္းေတြ Certificate ေတြေပးတယ္။ ႏိုင္ငံေတာ္အဆင့္ အေနနဲ႔ ျပန္ႀကီးၾကပ္သင့္တယ္။ အဲဒီမွာ အုတ္စီရင္ ဘယ္လိုစီရမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေကာင္က ပစၥည္းဘယ္ေလာက္ပဲေကာင္းေကာင္းသုံးသုံး အင္ဂ်င္နီ ယာေတြဘယ္ေလာက္ပဲေတာ္ေတာ္ လုပ္တဲ့ လူေတြရဲ႕ Workmanship ကလည္း အရမ္းအေရး ႀကီးတယ္။ သူတို႔ကလည္း တိတိက်က်လိုက္ပါေဆာင္ ႐ြက္ႏိုင္မွ Quality ျပည့္တဲ့အေဆာက္အအုံဆိုတာ ထြက္တာ။ ႏိုင္ငံတကာအေတြ႕အႀကဳံရွိတဲ့ Managemen အလုပ္ႏိုင္တဲ့ အင္ဂ်င္နီယာေတြလိုတယ္။ အထပ္ျမင့္ေဆာက္မယ္ဆိုရင္ အဲဒီလိုဟာမ်ိဳးေတြေတာ့ ႀကီးၾကပ္ဖို႔လိုတယ္။ ဒါေပမဲ့ က်ိန္း ေသတာ တစ္ခုကေတာ့ ယေန႔အထိေဆာက္ထားတဲ့ အေဆာက္အအုံမွန္သမွ် ရန္ကုန္မွာ(၇ ဒသမ ၇)ခံႏိုင္တာမရွိဘူး။ အဲဒါေတာ့ က်ိန္းေသတယ္။
(အပိုင္း (၂) ဆက္လက္ေဖာ္ျပပါမည္)
© 2021. All rights reserved.