မန္တလေးငလျင်ကြီးကြောင့် အိမ်ခြေ (၆)သောင်းကျော်နှင့်အတူ အခြားအခြေခံအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံး

 548

စော(NP News)- ဧပြီ ၁၁

မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် အိမ်ခြေ (၆)သောင်းကျော်နှင့်အတူ အခြားအခြေခံအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းအချက်အလက်များအရ သိရသည်။


အဆိုပါငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်နေပြည်တော်တို့တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး ယမန်နေ့ (ဧပြီလ ၁၀ရက်)နေ့၊ နံနက်ပိုင်းအထိ ထိခိုက်သေဆုံးခဲ့ရသူ (၃၆၄၉) ဦးအပြင် ဒဏ်ရာရရှိခဲ့ရသူ (၅၀၁၈) ဦးနှင့် ပျောက်ဆုံးနေသူ (၁၄၅) ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အခြား ထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ် စုစုပေါင်း ခြောက်သောင်းကျော်အပါအဝင် စာသင်ကျောင်းပေါင်း (၂၃၆၆)ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်ပေါင်း (၃၅၁၄)ကျောင်း၊ ဘုရားစေတီပေါင်း (၅၆၂၀)ဆူတို့အပြင် ဆေးရုံဆေးခန်း (၂၉၁)ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သင်ခန်းစာ ရရှိခဲ့သည်မှာ အဆောက်အအုံများ ဆောက်လုပ်ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ စနစ်တကျဖြင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ မဖြစ်မနေဆောင်ရွက်ကြရန် လိုအပ်သည်ကို သိရှိခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ (ဧပြီ ၁၀ရက်)က ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ တောင်ကြီးမြို့ မြို့တော်ခန်းမနှင့် ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတို့၌ ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ချိန်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရ သည့်အဆောက်အအုံများကို စစ်ဆေးခဲ့ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ သတ်မှတ်ထားသည့်အတိုင်း ဆောက်လုပ်မှုမရှိခဲ့ခြင်း နှင့် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း များနှင့် မညီညွတ်ဘဲ ဆောက်လုပ်ထားသည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောကြားခဲ့သည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးေၾကာင့္ အိမ္ေျခ (၆)ေသာင္းေက်ာ္ႏွင့္အတူ အျခားအေျခခံအေဆာက္အအုံမ်ားစြာ ပ်က္စီးဆုံးရႈံး

ေစာ(NP News)- ဧၿပီ ၁၁

မတ္လ ၂၈ရက္က လႈပ္ခတ္ခဲ့ေသာ အင္အားျပင္းမႏၲေလးငလ်င္ႀကီးေၾကာင့္ အိမ္ေျခ (၆)ေသာင္းေက်ာ္ႏွင့္အတူ အျခားအေျခခံအေဆာက္အအုံမ်ားစြာ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။


အဆိုပါငလ်င္ႀကီးေၾကာင့္ မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ႏွင့္ေနျပည္ေတာ္တို႔တြင္ ထိခိုက္မႈမ်ားျဖစ္ေပၚခဲ့ၿပီး ယမန္ေန႔ (ဧၿပီလ ၁၀ရက္)ေန႔၊ နံနက္ပိုင္းအထိ ထိခိုက္ေသဆုံးခဲ့ရသူ (၃၆၄၉) ဦးအျပင္ ဒဏ္ရာရရွိခဲ့ရသူ (၅၀၁၈) ဦးႏွင့္ ေပ်ာက္ဆုံးေနသူ (၁၄၅) ဦးရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ အျခား ထိခိုက္ပ်က္စီးမႈမ်ားအေနျဖင့္ ေနအိမ္ စုစုေပါင္း ေျခာက္ေသာင္းေက်ာ္အပါအဝင္ စာသင္ေက်ာင္းေပါင္း (၂၃၆၆)ေက်ာင္း၊ ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ သီလရွင္စာသင္တိုက္ေပါင္း (၃၅၁၄)ေက်ာင္း၊ ဘုရားေစတီေပါင္း (၅၆၂၀)ဆူတို႔အျပင္ ေဆး႐ုံေဆးခန္း (၂၉၁)ခု ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

ငလ်င္လႈပ္ခတ္ခဲ့မႈေၾကာင့္ သင္ခန္းစာ ရရွိခဲ့သည္မွာ အေဆာက္အအုံမ်ား ေဆာက္လုပ္ရာတြင္ အင္ဂ်င္နီယာပိုင္းဆိုင္ရာမ်ားႏွင့္ပတ္သက္၍ စနစ္တက်ျဖင့္ သတ္မွတ္စံခ်ိန္စံႏႈန္းမ်ားႏွင့္အညီ မျဖစ္မေနေဆာင္႐ြက္ၾကရန္ လိုအပ္သည္ကို သိရွိခဲ့ရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယမန္ေန႔ (ဧၿပီ ၁၀ရက္)က ရွမ္းျပည္နယ္(ေတာင္ပိုင္း)ႏွင့္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔ရွိ ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမႏွင့္ ဟိုပုံးၿမိဳ႕ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အစည္းအေဝးခန္းမတို႔၌ ငလ်င္သဘာဝေဘးဒဏ္ဆိုင္ရာမ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားကို ေဆြးေႏြးေျပာၾကားခဲ့ခ်ိန္တြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ရ သည့္အေဆာက္အအုံမ်ားကို စစ္ေဆးခဲ့ရာတြင္ အင္ဂ်င္နီယာပိုင္းဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ သတ္မွတ္ထားသည့္အတိုင္း ေဆာက္လုပ္မႈမရွိခဲ့ျခင္း ႏွင့္ ေဆာက္လုပ္ေရးပိုင္းဆိုင္ရာ စည္းမ်ဥ္း စည္းကမ္း မ်ားႏွင့္ မညီၫြတ္ဘဲ ေဆာက္လုပ္ထားသည္ကို စိစစ္ေတြ႕ရွိခဲ့ရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထပ္မံေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.