မြန်မာငလျင်ဘေးနှင့်ပတ်သက်ပြီး ယွမ် ၁ဘီလျံ ကူညီထောက်ပံ့ပေးမည်ဟု တရုတ်အစိုးရ ကတိပြု

740

ဂျန်ဇက် (NP News)
တရုတ်အစိုးရက မြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသုံး ယွမ် ၁ ဘီလျံကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်
လူပေါင်း အနည်းဆုံး ၃၆၄၅ဦးသေဆုံးခဲ့သလို အဆောက်အဦးပေါင်းများစွာ ပျက်စီးခဲ့ကြောင်းသိရသည်။ဧပြီလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (CIDCA) ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Li Ming ကယခုအခါ မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးလုပ်ငန်းများသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ တရုတ်အစိုးရသည် ယွမ်ငွေ ၁ ဘီလီယံ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးအကူအညီကို ထပ်မံပံ့ပိုးပေးမည်ဖြစ်ပြီး၊ အဆိုပါငွေဖြင့် လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနှင့် ကာကွယ်ဆေးများစသည့် အရေးတကြီး လိုအပ်သောပစ္စည်းများပါဝင်ပြီး ကျန်းမာရေးနှင့်ရောဂါကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့ များကို ကုသရေးနှင့် ပိုးသတ်ရေးလုပ်ငန်းများဆောင်ရွက်ရန် စေလွှတ်မည်ဖြစ်ကာ
ဘေးအန္တရာယ် အကဲဖြတ်ရေးအဖွဲ့ စေလွှတ်၍ ငလျင်ဒဏ်ခံစားရဒေသများသို့ ကွင်းဆင်းစစ်ဆေးပြီး မြန်မာနိုင်ငံ ဘေးဒဏ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ပံ့ပိုးကူညီသွားမည်ဖြစ်သည်။ ထို့အပြင် ယဉ်ကျေးမှုအမွေအနှစ်နှင့် အဆောက်အဦဆိုင်ရာ စစ်ဆေးရေးအဖွဲ့များ စေလွှတ်ကာ ပျက်စီးနေသော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ အဆောက်အဦများကို စစ်ဆေးအကဲဖြတ်ခြင်း၊ ခိုင်ခံ့မှုစမ်းသပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်သော ပြင်းထန်ငလျင်ကြီး (မန္တလေးငလျင်ကြီး) ဖြစ်ပွားချိန်မှစ၍ တရုတ်အစိုးရသည် ပထမဆုံးသော နိုင်ငံအဖြစ် ယွမ်ငွေ သန်း ၁၀၀
တန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ရန် ကြေညာခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ကာ
ကယ်ဆယ်ရေး ပစ္စည်းများပို့ဆောင်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အပြည့်အဝ ပူးပေါင်းကူညီ၍ လူ့အသက်များကို ကယ်တင်ပေးခဲ့သည်။ တရုတ်နိုင်ငံသည်
ပထမဆုံး အကူအညီပေးရန် ကြေညာသော၊ ပထမဆုံးကယ်ဆယ်ရေးအဖွဲ့စေလွှတ်သော၊ ပထမဆုံး ငလျင်ဘေးဒဏ်သင့် အသက်ရှင်ကျန်ရစ်သူများကိုကယ်တင်နိုင်သော နိုင်ငံဖြစ်သည့်အပြင်
ကယ်ဆယ်ရေးအဖွဲ့နှင့်လူအင်အား အများဆုံးစေလွှတ်သော နိုင်ငံလည်းဖြစ်သည်။လက်ရှိတွင် မြန်မာနိုင်ငံ၌ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သော တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ကယ်ဆယ်ရေးအဖွဲ့တို့သည် ၎င်းတို့၏ တာဝန်များကို အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဧပြီလ ၉ ရက်နေ့တွင် မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရောက်ရှိစဉ်ကာလအတွင်း
တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေးအဖွဲ့များသည် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အပါအဝင် အသက်ရှင်သူ ၉ ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကာ သေဆုံးသူ ၅၉ ဦး၏ သက်မဲ့ခန္ဓာများကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အပြင် အိမ်ခြေနှင့် အရေးပါသော အခြေခံအဆောက်အအုံများ ၂၈၇၀၀၀ စတုရန်းမီတာ ဧရိယာကို စစ်ဆေးခဲ့၍ ဘေးဒဏ်သင့်ပြည်သူပေါင်း ၂၀၀၀ ကျော်အား ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ
ဘေးဒဏ်သင့်ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းရန် တရုတ်နိုင်ငံအတွင်းမှ ရွက်ဖျင်တဲ အလုံး ၄၀၀၀၊ စောင် အထည် ၁၀၀၀၀၊ အရေးပေါ်ဆေးအိတ်များ ၅၅၀၀၀
ကျော်၊ ခြင်ထောင် အလုံး ၄၀၀၀၀၊ တာပေါ်လင်စ အချပ် ၁၈၀၀၀၊ အိပ်အိတ် အလုံး ၄၀၀၀၊ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ် အလုံး ၁၀၀၀၀၊ ချက်ပြုတ်ရေးပစ္စည်းများ ၂၀၀၀ စုံ၊
ကျန်းမာရေးဆေးအိတ်များ ၃၈၈၀၀ ကျော်၊ ခေါက်ဆွဲခြောက် အဖာ ၂၀၀၀ စသည့် ပစ္စည်းများကို အမြန်ဆုံးဝယ်ယူပြီး အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သည်။
ဘေးဒုက္ခရောက်မှ မိတ်ဆွေစစ်ကိုတွေ့ရှိနိုင်ပြီး မေတ္တာအစစ်အမှန်သည် နယ်နိမိတ်အပိုင်းအခြားမရှိပေ။ တရုတ်နိုင်ငံသည် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းစသည့် အိမ်နီးချင်းနိုင်ငံများကြားထားရှိသည့် သံတမန်ဆက်ဆံရေးအယူအဆကို ကိုင်စွဲကာ
တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို မြှင့်တင်ပြီး လက်တွေ့ကျသောဆောင်ရွက်မှုဖြင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွ တည်ဆောက်သွားမည်ဖြစ်သည်။

Zawgyi Version:
ျမန္မာငလ်င္ေဘးႏွင့္ပတ္သက္ၿပီး ယြမ္ ၁ဘီလ်ံ ကူညီေထာက္ပံ့ေပးမည္ဟု တ႐ုတ္အစိုးရ ကတိျပဳ
ဂ်န္ဇက္ (NP News)
တ႐ုတ္အစိုးရက ျမန္မာငလ်င္ေဘးနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံသုံး ယြမ္ ၁ ဘီလ်ံကူညီေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ အင္အားျပင္း ငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္
လူေပါင္း အနည္းဆုံး ၃၆၄၅ဦးေသဆုံးခဲ့သလို အေဆာက္အဦးေပါင္းမ်ားစြာ ပ်က္စီးခဲ့ေၾကာင္းသိရသည္။ဧၿပီလ ၁၀ ရက္ေန႔တြင္ တ႐ုတ္ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးပူးေပါင္းေဆာင္႐ြက္မႈေအဂ်င္စီ (CIDCA) ၏ ေျပာေရးဆိုခြင့္ရွိသူ Mr. Li Ming ကယခုအခါ ျမန္မာႏိုင္ငံ၏ ကယ္ဆယ္ေရးလုပ္ငန္းမ်ားသည္ ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးအဆင့္သို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။ျမန္မာႏိုင္ငံအစိုးရ၏ ေတာင္းဆိုခ်က္အရ တ႐ုတ္အစိုးရသည္ ယြမ္ေငြ ၁ ဘီလီယံ အေရးေပၚလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာကယ္ဆယ္ေရးအကူအညီကို ထပ္မံပံ့ပိုးေပးမည္ျဖစ္ၿပီး၊ အဆိုပါေငြျဖင့္ ေလာင္စာဆီ၊ Plank House၊ ခြဲစိတ္ခန္း၊ ေဆးဝါးႏွင့္ ကာကြယ္ေဆးမ်ားစသည့္ အေရးတႀကီး လိုအပ္ေသာပစၥည္းမ်ားပါဝင္ၿပီး က်န္းမာေရးႏွင့္ေရာဂါကာကြယ္ေရးဆိုင္ရာ ကြၽမ္းက်င္အဖြဲ႕ မ်ားကို ကုသေရးႏွင့္ ပိုးသတ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ ေစလႊတ္မည္ျဖစ္ကာ
ေဘးအႏၲရာယ္ အကဲျဖတ္ေရးအဖြဲ႕ ေစလႊတ္၍ ငလ်င္ဒဏ္ခံစားရေဒသမ်ားသို႔ ကြင္းဆင္းစစ္ေဆးၿပီး ျမန္မာႏိုင္ငံ ေဘးဒဏ္ၿပီးေနာက္ ျပန္လည္ထူေထာင္ေရးႏွင့္ ေဘးအႏၲရာယ္ ကာကြယ္ေလွ်ာ့ခ်ေရး လုပ္ငန္းစဥ္မ်ား ေရးဆြဲရာတြင္ ပံ့ပိုးကူညီသြားမည္ျဖစ္သည္။ ထို႔အျပင္ ယဥ္ေက်းမႈအေမြအႏွစ္ႏွင့္ အေဆာက္အဦဆိုင္ရာ စစ္ေဆးေရးအဖြဲ႕မ်ား ေစလႊတ္ကာ ပ်က္စီးေနေသာ ေရွးေဟာင္း ယဥ္ေက်းမႈအေမြအႏွစ္ပစၥည္းမ်ား၊ အေဆာက္အဦမ်ားကို စစ္ေဆးအကဲျဖတ္ျခင္း၊ ခိုင္ခံ့မႈစမ္းသပ္ျခင္းႏွင့္ ျပဳျပင္မြမ္းမံျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသြားမည္ျဖစ္သည္။
ျမန္မာႏိုင္ငံ၏ မတ္လ ၂၈ ရက္ေန႔ လႈပ္ခတ္ေသာ ျပင္းထန္ငလ်င္ႀကီး (မႏၲေလးငလ်င္ႀကီး) ျဖစ္ပြားခ်ိန္မွစ၍ တ႐ုတ္အစိုးရသည္ ပထမဆုံးေသာ ႏိုင္ငံအျဖစ္ ယြမ္ေငြ သန္း ၁၀၀
တန္ဖိုးရွိ အေရးေပၚလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ငလ်င္ကယ္ဆယ္ေရးအကူအညီမ်ား ေပးအပ္ရန္ ေၾကညာခဲ့သည္။ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ားကို အျမန္ဆုံးေစလႊတ္ကာ
ကယ္ဆယ္ေရး ပစၥည္းမ်ားပို႔ေဆာင္ေပးခဲ့ၿပီး ျမန္မာႏိုင္ငံ၏ ငလ်င္ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ အျပည့္အဝ ပူးေပါင္းကူညီ၍ လူ႔အသက္မ်ားကို ကယ္တင္ေပးခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္
ပထမဆုံး အကူအညီေပးရန္ ေၾကညာေသာ၊ ပထမဆုံးကယ္ဆယ္ေရးအဖြဲ႕ေစလႊတ္ေသာ၊ ပထမဆုံး ငလ်င္ေဘးဒဏ္သင့္ အသက္ရွင္က်န္ရစ္သူမ်ားကိုကယ္တင္ႏိုင္ေသာ ႏိုင္ငံျဖစ္သည့္အျပင္
ကယ္ဆယ္ေရးအဖြဲ႕ႏွင့္လူအင္အား အမ်ားဆုံးေစလႊတ္ေသာ ႏိုင္ငံလည္းျဖစ္သည္။လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ ပါဝင္ခဲ့ေသာ တ႐ုတ္ႏိုင္ငံကယ္ဆယ္ေရးအဖြဲ႕၊ တ႐ုတ္ႏိုင္ငံတကာကယ္ဆယ္ေရးအဖြဲ႕၊ တ႐ုတ္ႏိုင္ငံ ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ေရးေဒသ ကယ္ဆယ္ေရးအဖြဲ႕တို႔သည္ ၎တို႔၏ တာဝန္မ်ားကို ေအာင္ျမင္စြာ ၿပီးေျမာက္ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ဧၿပီလ ၉ ရက္ေန႔တြင္ မိမိႏိုင္ငံသို႔ ျပန္လည္ထြက္ခြာခဲ့ၾကသည္။ ျမန္မာႏိုင္ငံတြင္ ေရာက္ရွိစဥ္ကာလအတြင္း
တ႐ုတ္ႏိုင္ငံ၏ ကယ္ဆယ္ေရးအဖြဲ႕မ်ားသည္ စည္းလုံးညီၫြတ္စြာ ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ၁ ဦး အပါအဝင္ အသက္ရွင္သူ ၉ ဦးကို ေအာင္ျမင္စြာ ကယ္တင္ႏိုင္ခဲ့ကာ ေသဆုံးသူ ၅၉ ဦး၏ သက္မဲ့ခႏၶာမ်ားကို ရွာေဖြေတြ႕ရွိခဲ့သည္။ ထို႔အျပင္ အိမ္ေျခႏွင့္ အေရးပါေသာ အေျခခံအေဆာက္အအုံမ်ား ၂၈၇၀၀၀ စတုရန္းမီတာ ဧရိယာကို စစ္ေဆးခဲ့၍ ေဘးဒဏ္သင့္ျပည္သူေပါင္း ၂၀၀၀ ေက်ာ္အား က်န္းမာေရးစစ္ေဆးကုသမႈမ်ား ေဆာင္႐ြက္ေပးခဲ့သည္။ ထို႔အျပင္ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံရွိ
ေဘးဒဏ္သင့္ျပည္သူမ်ား၏ အေရးေပၚလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းရန္ တ႐ုတ္ႏိုင္ငံအတြင္းမွ ႐ြက္ဖ်င္တဲ အလုံး ၄၀၀၀၊ ေစာင္ အထည္ ၁၀၀၀၀၊ အေရးေပၚေဆးအိတ္မ်ား ၅၅၀၀၀
ေက်ာ္၊ ျခင္ေထာင္ အလုံး ၄၀၀၀၀၊ တာေပၚလင္စ အခ်ပ္ ၁၈၀၀၀၊ အိပ္အိတ္ အလုံး ၄၀၀၀၊ ေနေရာင္ျခည္စြမ္းအင္သုံးမီးအိမ္ အလုံး ၁၀၀၀၀၊ ခ်က္ျပဳတ္ေရးပစၥည္းမ်ား ၂၀၀၀ စုံ၊
က်န္းမာေရးေဆးအိတ္မ်ား ၃၈၈၀၀ ေက်ာ္၊ ေခါက္ဆြဲေျခာက္ အဖာ ၂၀၀၀ စသည့္ ပစၥည္းမ်ားကို အျမန္ဆုံးဝယ္ယူၿပီး အထူးေလယာဥ္ျဖင့္ ျမန္မာႏိုင္ငံသို႔ အေရးေပၚပို႔ေဆာင္ေပးခဲ့သည္။
ေဘးဒုကၡေရာက္မွ မိတ္ေဆြစစ္ကိုေတြ႕ရွိႏိုင္ၿပီး ေမတၱာအစစ္အမွန္သည္ နယ္နိမိတ္အပိုင္းအျခားမရွိေပ။ တ႐ုတ္ႏိုင္ငံသည္ ခ်စ္ခင္ရင္းႏွီးျခင္း၊ ႐ိုးသားစြာဆက္ဆံျခင္း၊ အျပန္အလွန္ အက်ိဳးျဖစ္ထြန္းျခင္း၊ အားလုံးပါဝင္ျခင္းစသည့္ အိမ္နီးခ်င္းႏိုင္ငံမ်ားၾကားထားရွိသည့္ သံတမန္ဆက္ဆံေရးအယူအဆကို ကိုင္စြဲကာ
တ႐ုတ္-ျမန္မာ ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရးကို ျမႇင့္တင္ၿပီး လက္ေတြ႕က်ေသာေဆာင္႐ြက္မႈျဖင့္ တ႐ုတ္-ျမန္မာ ေအးအတူပူအမွ်အသိုက္အဝန္းကို အတူတကြ တည္ေဆာက္သြားမည္ျဖစ္သည္။