တရုတ်နိုင်ငံမှာ လူသားတစ်ဝက်၊ စက်ရုပ်တစ်ဝက် မာရသွန်အပြေးပြိုင်ပွဲ ပထမဆုံးအကြိမ်ကျင်းပ

3261

ရောင်နီ (NP News) - ဧပြီ ၂ဝ
တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ ရီကျောင် ၂၁ ကီလိုမီတာ မာရသွန်အပြေးပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အနေနဲ့ လူသား တွေနဲ့အတူ စက်ရုပ် ၂၁ စီးကိုပါ အတူတူ အပြေးပြိုင်စေခဲ့တယ်လို့ သိရပါတယ်။
စက်ရုပ်တွေဟာ DroidVP နဲ့ Noetix Robotics စတဲ့ တရုတ်ထုတ်လုပ်သူတွေက ထုတ်လုပ်တဲ့စက်ရုပ်တွေ ဖြစ်ကြပြီး လူသားပုံစံ ဖြစ်ကာ အရှည်အားဖြင့် အချို့စက်ရုပ်က ၁၂၀ စင်တီမီတာ၊ အချို့ သက်ရုပ်တွေက ၁.၈ မီတာအထိ ရှိပါတယ်။ "စက်ရုပ်တွေက ကောင်းကောင်းပြေးနိုင်တယ်၊ အရမ်းငြိမ်တယ်၊ စက်ရုပ်တွေနဲ့ AI ရဲ့ ဆင့်ကဲပြောင်းလဲမှုတွေကို မြင်နေရတယ်" လို့ ဉာဏ်ရည်တုဆိုင်ရာ လုပ်ဆောင်သူ ဟီရှီချူ က ပြောကြားပါတယ်။
အဆိုပါပြိုင်ပွဲမှာ အောင်ပွဲခံခဲ့တဲ့ စက်ရုပ်ကတော့ Beijing Innovation Center of Human Robotics ရဲ့ Tiangong Ultra ဖြစ်ပြီး အချိန် ၂ နာရီ မိနစ် ၄၀ နဲ့ ပန်းတိုင်ရောက်ခဲ့ပါတယ်။ လူသား ချန်ပီယံ ပန်းဝင်ခဲ့တဲ့ အချိန် ၁ နာရီ ၂ မိနစ်ဖြစ်လို့ လူသားက အားသာနေဆဲပါပဲ။ ဒီစက်ရုပ်တွေကို ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံ မာရသွန်ပြိုင်ပွဲမှာ ပြသခဲ့ဖူးပေမယ့် လူသားနဲ့ အတူ အပြေးပြိုင်တာကတော့ အခုပထမဆုံးပဲဖြစ်ပါတယ်။
ဒီပြိုင်ပွဲဟာ ရှေ့တန်းစက်မှုဇုန်တွေမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးတိုးတက်မှုအတွက် ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံမွာ လူသားတစ္ဝက္၊ စက္႐ုပ္တစ္ဝက္ မာရသြန္အေျပးၿပိဳင္ပြဲ ပထမဆုံးအႀကိမ္က်င္းပ
ေရာင္နီ (NP News) - ဧၿပီ ၂ဝ
တ႐ုတ္ႏိုင္ငံ၊ ေပက်င္းၿမိဳ႕၊ ရီေက်ာင္ ၂၁ ကီလိုမီတာ မာရသြန္အေျပးၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္အေနနဲ႔ လူသား ေတြနဲ႔အတူ စက္႐ုပ္ ၂၁ စီးကိုပါ အတူတူ အေျပးၿပိဳင္ေစခဲ့တယ္လို႔ သိရပါတယ္။
စက္႐ုပ္ေတြဟာ DroidVP နဲ႔ Noetix Robotics စတဲ့ တ႐ုတ္ထုတ္လုပ္သူေတြက ထုတ္လုပ္တဲ့စက္႐ုပ္ေတြ ျဖစ္ၾကၿပီး လူသားပုံစံ ျဖစ္ကာ အရွည္အားျဖင့္ အခ်ိဳ႕စက္႐ုပ္က ၁၂၀ စင္တီမီတာ၊ အခ်ိဳ႕ သက္႐ုပ္ေတြက ၁.၈ မီတာအထိ ရွိပါတယ္။ "စက္႐ုပ္ေတြက ေကာင္းေကာင္းေျပးႏိုင္တယ္၊ အရမ္းၿငိမ္တယ္၊ စက္႐ုပ္ေတြနဲ႔ AI ရဲ႕ ဆင့္ကဲေျပာင္းလဲမႈေတြကို ျမင္ေနရတယ္" လို႔ ဉာဏ္ရည္တုဆိုင္ရာ လုပ္ေဆာင္သူ ဟီရွီခ်ဴ က ေျပာၾကားပါတယ္။
အဆိုပါၿပိဳင္ပြဲမွာ ေအာင္ပြဲခံခဲ့တဲ့ စက္႐ုပ္ကေတာ့ Beijing Innovation Center of Human Robotics ရဲ႕ Tiangong Ultra ျဖစ္ၿပီး အခ်ိန္ ၂ နာရီ မိနစ္ ၄၀ နဲ႔ ပန္းတိုင္ေရာက္ခဲ့ပါတယ္။ လူသား ခ်န္ပီယံ ပန္းဝင္ခဲ့တဲ့ အခ်ိန္ ၁ နာရီ ၂ မိနစ္ျဖစ္လို႔ လူသားက အားသာေနဆဲပါပဲ။ ဒီစက္႐ုပ္ေတြကို ၿပီးခဲ့တဲ့ႏွစ္က တ႐ုတ္ႏိုင္ငံ မာရသြန္ၿပိဳင္ပြဲမွာ ျပသခဲ့ဖူးေပမယ့္ လူသားနဲ႔ အတူ အေျပးၿပိဳင္တာကေတာ့ အခုပထမဆုံးပဲျဖစ္ပါတယ္။
ဒီၿပိဳင္ပြဲဟာ ေရွ႕တန္းစက္မႈဇုန္ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ စီးပြားေရးတိုးတက္မႈအတြက္ ဖန္တီးေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။