BLACKPINK အဖွဲ့ဝင် ရိုစ့်နဲ့ ဂျင်းနီ နှစ်ဦးစလုံး UK Official Singles Chart စာရင်းထဲ အချိန်ကြာကြာနေရာယူနေ

163
ရောင်နီ (NP News) - ဧပြီ ၂၁
ဧပြီလ ၁၇ ရက်မှ ၂၃ ရက်အထိ သတ္တပတ်အတွက် Billboard's Hot 100 နဲ့ ညီမျှတဲ့ UK Official Singles Chart Back Up စာရင်းမှာ BLACKPINK ရဲ့ အဖွဲ့ဝင် ရိုစ့်နဲ့ ဂျင်းနီ တို့ ၂ ဦးစလုံး အချိန်ကြာကြာနေရာယူခဲ့တယ်လို့ သိရပါတယ်။
ရိုစ့်က အဆိုတော် ဘရူနိုမားစ်နဲ့ တွဲဖက်သီဆိုထားတဲ့ "APT" သီချင်းနဲ့ Official Chart မှာ အဆင့် နံပါတ် ၁၆ ချိတ်ဆွဲခဲ့ကာ Chart ထဲ အရှည်ကြာဆုံး ရှိခဲ့တဲ့ တကိုယ်တော် အမျိုးသမီး K pop အဆိုတော်ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Blackpink အဖွဲ့ဝင် ဂျင်းနီက သူမရဲ့ နောက်ဆုံးထွက် တစ်ကိုယ်တော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “JENNIE” နဲ့ ဇယားမှာ သီတင်းပတ်ခြောက်ပတ်ဆက်တိုက် တည်ရှိနေခဲ့ပြီး နံပါတ် ၅၃ မှ နံပါတ် ၁၁ ကို ခုန်တက်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
သီချင်း MV ၂ ခုလုံးမှာ ကြည့်ရှုမှု အရေအတွက်ကတော့ ရိုစ့်ရဲ့ APT က ကြည့်ရှုသူ 1.5 B နဲ့ ဦးဆောင်နေပြီး ဂျင်းနီရဲ့ Jennie MV ကတော့ ကြည့်ရှုသူ 80 M ထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
Zawgyi Version:
BLACKPINK အဖြဲ႕ဝင္ ႐ိုစ့္နဲ႔ ဂ်င္းနီ ႏွစ္ဦးစလုံး UK Official Singles Chart စာရင္းထဲ အခ်ိန္ၾကာၾကာေနရာယူေန
ေရာင္နီ (NP News) - ဧၿပီ ၂၁
ဧၿပီလ ၁၇ ရက္မွ ၂၃ ရက္အထိ သတၱပတ္အတြက္ Billboard's Hot 100 နဲ႔ ညီမွ်တဲ့ UK Official Singles Chart Back Up စာရင္းမွာ BLACKPINK ရဲ႕ အဖြဲ႕ဝင္ ႐ိုစ့္နဲ႔ ဂ်င္းနီ တို႔ ၂ ဦးစလုံး အခ်ိန္ၾကာၾကာေနရာယူခဲ့တယ္လို႔ သိရပါတယ္။
႐ိုစ့္က အဆိုေတာ္ ဘ႐ူႏိုမားစ္နဲ႔ တြဲဖက္သီဆိုထားတဲ့ "APT" သီခ်င္းနဲ႔ Official Chart မွာ အဆင့္ နံပါတ္ ၁၆ ခ်ိတ္ဆြဲခဲ့ကာ Chart ထဲ အရွည္ၾကာဆုံး ရွိခဲ့တဲ့ တကိုယ္ေတာ္ အမ်ိဳးသမီး K pop အဆိုေတာ္ျဖစ္လာခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ Blackpink အဖြဲ႕ဝင္ ဂ်င္းနီက သူမရဲ႕ ေနာက္ဆုံးထြက္ တစ္ကိုယ္ေတာ္သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ “JENNIE” နဲ႔ ဇယားမွာ သီတင္းပတ္ေျခာက္ပတ္ဆက္တိုက္ တည္ရွိေနခဲ့ၿပီး နံပါတ္ ၅၃ မွ နံပါတ္ ၁၁ ကို ခုန္တက္ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။
သီခ်င္း MV ၂ ခုလုံးမွာ ၾကည့္ရႈမႈ အေရအတြက္ကေတာ့ ႐ိုစ့္ရဲ႕ APT က ၾကည့္ရႈသူ 1.5 B နဲ႔ ဦးေဆာင္ေနၿပီး ဂ်င္းနီရဲ႕ Jennie MV ကေတာ့ ၾကည့္ရႈသူ 80 M ထိ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။