ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်

447

ဂျန်ဇက် (NP News) - ဧပြီ ၂၁
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ ၂၁ ရက်က ဗာတီကန်နန်းတော်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။ ဖရန်စစ်ဟာ လက်တင်အမေရိက နိုင်ငံတွေကနေ ပထမဆုံးပုပ်ရဟန်းမင်းကြီးဖြစ်ခဲ့သူဖြစ်ပြီးသေဆုံးချိန်မှာ အသက် ၈၈ နှစ်အရွယ် ရှိနေခဲ့တယ်လို့ သိရပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဆင်ဟာ ပြင်းထန်တဲ့ နမိုးနီးယားရောဂါကို တွေ့ကြုံခံစားခဲ့ပြီး ပြန်လည်သက်သာလာခဲ့ပေမယ့် အခြားရောဂါတွေကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဖရန်စစ်ဆင်ဟာ နှစ်ပေါင်း ၁၃၀၀ကျော်အတွင်း ဥရောပတိုက်သားမဟုတ်တဲ့ ပထမ ဆုံးပုပ်ရဟန်းမင်းကြီးဖြစ်ခဲ့ပါတယ်။ ဗာတီကန်နန်းတော်က " “ချစ်လှစွာသော ညီအစ်ကို မောင်နှမတို့၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ ၂၁ရက်နေ့ နံနက်ပိုင်းမှာ သေဆုံးသွားပြီဖြစ်တဲ့အတွက် လေးလေးနက်နက် ဝမ်းနည်းမိပါတယ်။ ဖရန်စစ်ဟာအ ဖဘုရားသခင်ရဲ့အိမ်ကိုပြန်သွားခဲ့ပြီဖြစ်ပါတယ်" လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖရန်စစ်ဟာ ၂၀၁၃ ခုနှစ် မတ်လမှာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခန့်အပ်ခံရပြီး ကမ္ဘာတဝှမ်းရှိ လူပေါင်း ၁ ဒသမ ၃ ဘီလျံကျော်ရှိရိုမန်ကက်သလစ်ဘာသာဝင်တွေရဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ၎င်းကို ၁၉၃၆ ခုနှစ်မှာ အာဂျင်တီးနားကနေ အီတလီကိုရွှေ့ပြောင်းခဲ့သူတွေ မိဘတွေကမွေးဖွားခဲ့တာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့နှစ်တွေတည်းက ကျန်းမာရေးမကောင်းခဲ့ဘဲ လူမြင်ကွင်းမှာ wheelchair နဲ့ နေထိုင်ခဲ့ရသူဖြစ်ပါတယ်။ ၎င်းဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ပြင်းထန်အဆုတ်နှစ်ဖက်စလုံးမှာ အဆုတ်ရောင်ရောဂါအပြင် လည်းချောင်းရောဂါတို့ကြောင့် ဆေးရုံတက်ရောက် ကုသခဲ့ရသူဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဆင်ဟာ ပြင်းထန်တဲ့ရောဂါတွေကနေ ပြန်လည်သက်သာခဲ့ပြီလို့အစောပိုင်းကသတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
ကွယ်လွန်သွားသူ ပုပ်ရဟန်းမင်းကြီးဟာ ဗာတီကန်နန်းတော်ရဲ့ ( ၂၆၆ ) ဆက်မြောက် ဆက်ခံသူ အာဂျင်တီးနား နိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ် ၊နိုဝင်ဘာလ၊ ၂၆ ရက်နေ့တွင် တရားဝင်လာရောက်လည်ပတ်ခဲ့တဲ့ ကတ်သလစ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး လာရောက်လည်ပတ်စဥ်အတွင်း မြန်မာထိပ်ပိုင်းခေါင်ဆောင်များအပြင် ကတ်သလစ်ဘာသာဝင်များနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
လူဦးရေ ၁.၃ ဘီလီယံ ရှိတဲ့ကက်သလစ်ဘာသာဝင်များရဲ့ ဥသျှောင်နေရာကို ဆက်ခံသူအဖြစ် နိုင်ငံပေါင်း ၁၂၀ မှ ကာ'ီနယ်တွေထဲမှ ဗာတီကန်တွင် မဲပေးရွေးချယ်ရမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ကာဒီနယ် ချားစ်မောင်ဘို လည်းပါဝင်မည်ဖြစ်သည်။

Zawgyi Version :
ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ အသက္ ၈၈ ႏွစ္အ႐ြယ္မွာ ကြယ္လြန္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၁
ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ ဧၿပီ ၂၁ ရက္က ဗာတီကန္နန္းေတာ္မွာ ကြယ္လြန္သြားေၾကာင္း သိရပါတယ္။ ဖရန္စစ္ဟာ လက္တင္အေမရိက ႏိုင္ငံေတြကေန ပထမဆုံးပုပ္ရဟန္းမင္းႀကီးျဖစ္ခဲ့သူျဖစ္ၿပီးေသဆုံးခ်ိန္မွာ အသက္ ၈၈ ႏွစ္အ႐ြယ္ ရွိေနခဲ့တယ္လို႔ သိရပါတယ္။
ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဆင္ဟာ ျပင္းထန္တဲ့ နမိုးနီးယားေရာဂါကို ေတြ႕ႀကဳံခံစားခဲ့ၿပီး ျပန္လည္သက္သာလာခဲ့ေပမယ့္ အျခားေရာဂါေတြေၾကာင့္ ကြယ္လြန္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။
ဖရန္စစ္ဆင္ဟာ ႏွစ္ေပါင္း ၁၃၀၀ေက်ာ္အတြင္း ဥေရာပတိုက္သားမဟုတ္တဲ့ ပထမ ဆုံးပုပ္ရဟန္းမင္းႀကီးျဖစ္ခဲ့ပါတယ္။ ဗာတီကန္နန္းေတာ္က " “ခ်စ္လွစြာေသာ ညီအစ္ကို ေမာင္ႏွမတို႔၊ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ ဧၿပီ ၂၁ရက္ေန႔ နံနက္ပိုင္းမွာ ေသဆုံးသြားၿပီျဖစ္တဲ့အတြက္ ေလးေလးနက္နက္ ဝမ္းနည္းမိပါတယ္။ ဖရန္စစ္ဟာအ ဖဘုရားသခင္ရဲ႕အိမ္ကိုျပန္သြားခဲ့ၿပီျဖစ္ပါတယ္" လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။
ဖရန္စစ္ဟာ ၂၀၁၃ ခုႏွစ္ မတ္လမွာ ပုပ္ရဟန္းမင္းႀကီးအျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ခံရၿပီး ကမာၻတဝွမ္းရွိ လူေပါင္း ၁ ဒသမ ၃ ဘီလ်ံေက်ာ္ရွိ႐ိုမန္ကက္သလစ္ဘာသာဝင္ေတြရဲ႕ေခါင္းေဆာင္အျဖစ္ေ႐ြးခ်ယ္ခံခဲ့ရသူျဖစ္ပါတယ္။ ၎ကို ၁၉၃၆ ခုႏွစ္မွာ အာဂ်င္တီးနားကေန အီတလီကိုေ႐ႊ႕ေျပာင္းခဲ့သူေတြ မိဘေတြကေမြးဖြားခဲ့တာျဖစ္ပါတယ္။ ပုပ္ရဟန္းမင္းႀကီးဟာ ၿပီးခဲ့တဲ့ႏွစ္ေတြတည္းက က်န္းမာေရးမေကာင္းခဲ့ဘဲ လူျမင္ကြင္းမွာ wheelchair နဲ႔ ေနထိုင္ခဲ့ရသူျဖစ္ပါတယ္။ ၎ဟာ ၂၀၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ျပင္းထန္အဆုတ္ႏွစ္ဖက္စလုံးမွာ အဆုတ္ေရာင္ေရာဂါအျပင္ လည္းေခ်ာင္းေရာဂါတို႔ေၾကာင့္ ေဆး႐ုံတက္ေရာက္ ကုသခဲ့ရသူျဖစ္ပါတယ္။
ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဆင္ဟာ ျပင္းထန္တဲ့ေရာဂါေတြကေန ျပန္လည္သက္သာခဲ့ၿပီလို႔အေစာပိုင္းကသတင္းေတြထြက္ေပၚခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။
ကြယ္လြန္သြားသူ ပုပ္ရဟန္းမင္းႀကီးဟာ ဗာတီကန္နန္းေတာ္ရဲ႕ ( ၂၆၆ ) ဆက္ေျမာက္ ဆက္ခံသူ အာဂ်င္တီးနား ႏိုင္ငံသားျဖစ္ၿပီး ျမန္မာႏိုင္ငံကို ၂၀၁၇ ခုႏွစ္ ၊ႏိုဝင္ဘာလ၊ ၂၆ ရက္ေန႔တြင္ တရားဝင္လာေရာက္လည္ပတ္ခဲ့တဲ့ ကတ္သလစ္ေခါင္းေဆာင္တစ္ဦးျဖစ္ခဲ့ၿပီး လာေရာက္လည္ပတ္စဥ္အတြင္း ျမန္မာထိပ္ပိုင္းေခါင္ေဆာင္မ်ားအျပင္ ကတ္သလစ္ဘာသာဝင္မ်ားနဲ႔လည္း ေတြ႕ဆုံခဲ့ပါတယ္။