ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းမှုတွေအားလုံးကို ကြိုဆိုတယ်လို့ တရုတ်အစိုးရ ပြော

210

Pika (NP News) - ဧပြီ ၂၂
ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိဖို့အတွက် ကြိုးပမ်းမှုတွေအားလုံးကို တရုတ်နိုင်ငံက ကြိုဆိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂူအိုဂျီရာကွန်းက ပြောကြားခဲ့ပါတယ်။
နှစ်ဖက်စလုံးက ချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ရုရှားနဲ့ယူကရိန်းတို့က အပြန်အလှန်စွပ်စွဲပြောဆိုခဲ့ကြတဲ့ အီစတာအပစ်အခတ်ရပ်စဲရေးအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဂူအိုဂျီရာကွန်းက 'ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ ခြေလှမ်းတစ်ခုဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ဦးတည်တဲ့ ကြိုးပမ်းမှုတွေအားလုံးကို မြင်တွေ့ရတာ တရုတ်နိုင်ငံက တကယ်ကိုကျေနပ်မိပါတယ်။ ပြီးတော့ ဒီပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးဟာ စေ့စပ်ညှိနှိုင်းမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေကနေတစ်ဆင့် အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းကြား အပြည့်အဝအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို လာမယ့်သီတင်းပတ်အစောပိုင်းမှာ ပြုလုပ်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မျှော်လင့်ထားတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် တစ်ရက်အကြာမှာ တရုတ်အစိုးရရဲ့ ထုတ်ပြန်ပြောဆိုချက်တွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ယူကရိန်း နှစ်ဖက်စလုံးဟာ နောက်ဆုံးကမ်းလှမ်းချက်တွေကို ကမ်းလှမ်းခံရနိုင်ဖွယ်ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အကြီးတန်းအရာရှိတစ်ဦးရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး New York Post က ရေးသားဖော်ပြခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
ယူကရိန္းမွာ အပစ္အခတ္ရပ္စဲေရးအတြက္ ႀကိဳးပမ္းမႈေတြအားလုံးကို ႀကိဳဆိုတယ္လို႔ တ႐ုတ္အစိုးရ ေျပာ
Pika (NP News) - ဧၿပီ ၂၂
ယူကရိန္းမွာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိဖို႔အတြက္ ႀကိဳးပမ္းမႈေတြအားလုံးကို တ႐ုတ္ႏိုင္ငံက ႀကိဳဆိုတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဂူအိုဂ်ီရာကြန္းက ေျပာၾကားခဲ့ပါတယ္။
ႏွစ္ဖက္စလုံးက ခ်ိဳးေဖာက္မႈေတြ လုပ္ေဆာင္ခဲ့ၾကတယ္လို႔ ႐ုရွားနဲ႔ယူကရိန္းတို႔က အျပန္အလွန္စြပ္စြဲေျပာဆိုခဲ့ၾကတဲ့ အီစတာအပစ္အခတ္ရပ္စဲေရးအၿပီးမွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဂူအိုဂ်ီရာကြန္းက 'ၿငိမ္းခ်မ္းေရးအတြက္ လိုအပ္တဲ့ ေျခလွမ္းတစ္ခုျဖစ္တဲ့ အပစ္အခတ္ရပ္စဲေရးကို ဦးတည္တဲ့ ႀကိဳးပမ္းမႈေတြအားလုံးကို ျမင္ေတြ႕ရတာ တ႐ုတ္ႏိုင္ငံက တကယ္ကိုေက်နပ္မိပါတယ္။ ၿပီးေတာ့ ဒီပဋိပကၡမွာ ပါဝင္ပတ္သက္ေနသူအားလုံးဟာ ေစ့စပ္ညႇိႏႈိင္းမႈေတြ၊ ေတြ႕ဆုံေဆြးေႏြးမႈေတြကေနတစ္ဆင့္ အက်ပ္အတည္းကို ေျဖရွင္းႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။
႐ုရွားနဲ႔ယူကရိန္းၾကား အျပည့္အဝအပစ္အခတ္ရပ္စဲေရး ဆုံးျဖတ္ခ်က္ကို လာမယ့္သီတင္းပတ္အေစာပိုင္းမွာ ျပဳလုပ္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေမွ်ာ္လင့္ထားတယ္လို႔ သတင္းေတြထြက္ေပၚလာၿပီးေနာက္ တစ္ရက္အၾကာမွာ တ႐ုတ္အစိုးရရဲ႕ ထုတ္ျပန္ေျပာဆိုခ်က္ေတြထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္း ႏွစ္ဖက္စလုံးဟာ ေနာက္ဆုံးကမ္းလွမ္းခ်က္ေတြကို ကမ္းလွမ္းခံရႏိုင္ဖြယ္ရွိေနတယ္လို႔ အမည္မေဖာ္လိုတဲ့ အေမရိကန္အႀကီးတန္းအရာရွိတစ္ဦးရဲ႕ ေျပာၾကားခ်က္ေတြကို ကိုးကားၿပီး New York Post က ေရးသားေဖာ္ျပခဲ့တယ္လို႔လည္း သိရပါတယ္။