ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေ

 615

Pearl (NP News) - ဧပြီ ၂၂

ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် တိုက်ပွဲဖော်ဆောင်ရန်အတွက် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေကာ တိုက်ပွဲ ဖော်ဆောင်လာနိုင်သော အလားအလာ ရှိကြောင်း ဒေသခံတစ်ဦးက NP News ကို ပြောသည်။
ငလျင်မတိုင်မီက မင်းကွန်းဒေသဘက်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ငလျင်အပြီး ခဏတာ ငြိမ်သက်ခဲ့သော်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ ရှိနေကြောင်းလည်း သိရသည်။

“PDF ရော ၊ KIA ရော။ ယူနီကွန်းပျောက်ကျားအဖွဲ့ရော။ ဒီရက်ပိုင်းကို တိုက်ပွဲ ဖော်ဆောင်မယ်လို့ သိရတယ်။ မင်းကွန်းရဲ့ တောင်ဘက် စစ်ကိုင်းကြားမှာ အင်အား (၃၀) ၊ (၃၀) နဲ့ ၂ဖွဲ့ ရှိတယ်။ မင်းကွန်းရဲ့ မြောက်ဘက် ထုံးဘိုဘက်မှာ အင်အား (၅၀၀)လောက်ရောက်နေတယ်။ အင်အား စုဖွဲ့နေတာပေါ့။ မင်းကွန်းကို လိုချင်နေတာလေ။ မင်းကွန်းကို မရ မက လိုချင်တယ်ဆိုတာ မန္တလေးကို ဝင်ချင်သလို ဝင်လို့ရတယ်။ စစ်ကိုင်းကို ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ရတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။

မန္တလေးငလျင်ကြီးကြောင့် မင်းကွန်းဒေသရှိ သာသနိက အဆောက်အဦးများ၊ ဘုရားစေတီများ အပါအဝင် အဆောက်အဦး အများအပြား ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

Zawgyi Version:
ငလ်င္ဒဏ္ဆိုး႐ြာစြာ ခံစားခဲ့ရေသာ မင္းကြန္းေဒသတြင္ PDF ပူးေပါင္းအဖြဲ႕က အင္အားစုဖြဲ႕ေန
Pearl (NP News) - ဧၿပီ ၂၂

ငလ်င္ဒဏ္ဆိုး႐ြာစြာ ခံစားခဲ့ရေသာ မင္းကြန္းေဒသတြင္ တိုက္ပြဲေဖာ္ေဆာင္ရန္အတြက္ PDF ပူးေပါင္းအဖြဲ႕က အင္အားစုဖြဲ႕ေနကာ တိုက္ပြဲ ေဖာ္ေဆာင္လာႏိုင္ေသာ အလားအလာ ရွိေၾကာင္း ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
ငလ်င္မတိုင္မီက မင္းကြန္းေဒသဘက္တြင္ တိုက္ပြဲ ျဖစ္ပြားၿပီးေနာက္ ငလ်င္အၿပီး ခဏတာ ၿငိမ္သက္ခဲ့ေသာ္လည္း ထိေတြ႕တိုက္ပြဲ ျဖစ္ပြားမႈမ်ား ရွိေနေၾကာင္းလည္း သိရသည္။

“PDF ေရာ ၊ KIA ေရာ။ ယူနီကြန္းေပ်ာက္က်ားအဖြဲ႕ေရာ။ ဒီရက္ပိုင္းကို တိုက္ပြဲ ေဖာ္ေဆာင္မယ္လို႔ သိရတယ္။ မင္းကြန္းရဲ႕ ေတာင္ဘက္ စစ္ကိုင္းၾကားမွာ အင္အား (၃၀) ၊ (၃၀) နဲ႔ ၂ဖြဲ႕ ရွိတယ္။ မင္းကြန္းရဲ႕ ေျမာက္ဘက္ ထုံးဘိုဘက္မွာ အင္အား (၅၀၀)ေလာက္ေရာက္ေနတယ္။ အင္အား စုဖြဲ႕ေနတာေပါ့။ မင္းကြန္းကို လိုခ်င္ေနတာေလ။ မင္းကြန္းကို မရ မက လိုခ်င္တယ္ဆိုတာ မႏၲေလးကို ဝင္ခ်င္သလို ဝင္လို႔ရတယ္။ စစ္ကိုင္းကို ဝင္ခ်င္သလိုဝင္ ထြက္ခ်င္သလိုထြက္လို႔ရတယ္” ဟု အထက္ပါ ေဒသခံက ဆိုသည္။

မႏၲေလးငလ်င္ႀကီးေၾကာင့္ မင္းကြန္းေဒသရွိ သာသနိက အေဆာက္အဦးမ်ား၊ ဘုရားေစတီမ်ား အပါအဝင္ အေဆာက္အဦး အမ်ားအျပား ၿပိဳက်ပ်က္စီးခဲ့ၿပီး လူထိခိုက္ေသဆုံးမႈမ်ား ျဖစ္ေပၚခဲ့သည္။

Related news

© 2021. All rights reserved.