ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလကုန် အထိ တိုးမြှင့်သတ်မှတ်

513

Pearl (NP News) - ဧပြီ ၂၂
ဧပြီ ၂၃ရက် မှ ၃၀ ရက်အထိကာလကို ယာယီအပစ်အခတ်ရပ်စဲရေးကာလအဖြစ် ထပ်မံ တိုးမြှင့်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ (ဧပြီ ၂၂ရက်) တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးထိခိုက်မှုများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက် မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာမှလည်း ကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးအဖွဲ့ များစေလွှတ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ ထောက်ပံ့ရေးပစ္စည်းများ ပေး ပို့ခြင်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် ထိခိုက်ပျက်စီးခဲ့ရသည့် အစိုးရရုံးဌာနများ၊ ပြည်သူများ၏ အိုးအိမ်နှင့် လမ်းပန်း ဆက်သွယ်မှုလုပ်ငန်းများ ပြန်လည်တည်ဆောက်ခြင်းနှင့် ကုန်ထုတ်လုပ်ငန်းများ အားပေးမြှင့်တင်ခြင်းတို့ကို အားစိုက်ခွန်စိုက် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူများအားလုံး၏ စုပေါင်းအား ဖြင့် ဆောင်ရွက်ပါက ပုံမှန်အခြေအနေသို့ အမြန်ဆုံး ရောက်ရှိနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဆိုသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် နိုင်ရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာဖော်ဆောင် နိုင်ရန်၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်မှ ၃၀ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံ တိုးမြှင့် လိုက်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေခြင်း၊ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင် ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန် နှင့် ဆောင်ရွက်ပါက လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထုတ်ထားသည်။

Zawgyi Version;
ယာယီအပစ္အခတ္ရပ္စဲေရးကာလကို ဧၿပီလကုန္ အထိ တိုးျမႇင့္သတ္မွတ္
Pearl (NP News) - ဧၿပီ ၂၂
ဧၿပီ ၂၃ရက္ မွ ၃၀ ရက္အထိကာလကို ယာယီအပစ္အခတ္ရပ္စဲေရးကာလအျဖစ္ ထပ္မံ တိုးျမႇင့္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ယေန႔ (ဧၿပီ ၂၂ရက္) တြင္ ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ မတ္ ၂၈ ရက္ေန႔တြင္ လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီးေၾကာင့္ ပ်က္စီးထိခိုက္မႈမ်ားအတြက္ ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူ ေထာင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရန္ တပ္မေတာ္အေနျဖင့္ ၂၀၂၅ ခုႏွစ္ ဧၿပီ ၂ ရက္ မွ ၂၂ ရက္အထိကာလကို ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလအျဖစ္ ထုတ္ျပန္ခဲ့ၿပီး ျဖစ္သည္။
လက္ရွိအခ်ိန္တြင္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ငလ်င္ဒဏ္သင့္ေဒသမ်ား၌ ျပန္လည္တည္ေဆာက္ေရးႏွင့္ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ ႏိုင္ငံတကာမွလည္း ကယ္ဆယ္ေရးအဖြဲ႕မ်ား၊ ေဆးအဖြဲ႕ မ်ားေစလႊတ္၍ လိုအပ္သည္မ်ား ကူညီေဆာင္႐ြက္ေပးျခင္း၊ ေထာက္ပံ့ေရးပစၥည္းမ်ား ေပး ပို႔ျခင္းတို႔ကို ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။
ျပန္လည္ထူေထာင္ေရးေဆာင္႐ြက္ရာတြင္ ထိခိုက္ပ်က္စီးခဲ့ရသည့္ အစိုးရ႐ုံးဌာနမ်ား၊ ျပည္သူမ်ား၏ အိုးအိမ္ႏွင့္ လမ္းပန္း ဆက္သြယ္မႈလုပ္ငန္းမ်ား ျပန္လည္တည္ေဆာက္ျခင္းႏွင့္ ကုန္ထုတ္လုပ္ငန္းမ်ား အားေပးျမႇင့္တင္ျခင္းတို႔ကို အားစိုက္ခြန္စိုက္ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ျပည္သူမ်ားအားလုံး၏ စုေပါင္းအား ျဖင့္ ေဆာင္႐ြက္ပါက ပုံမွန္အေျခအေနသို႔ အျမန္ဆုံး ေရာက္ရွိႏိုင္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ဆိုသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ ငလ်င္ဒဏ္သင့္ေဒသမ်ား၌ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္ ႏိုင္ရန္၊ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားအားလုံး၏ အက်ိဳးစီးပြားကို ပိုမိုလွ်င္ျမန္စြာေဖာ္ေဆာင္ ႏိုင္ရန္၊ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္ေစရန္ႏွင့္ တည္ၿငိမ္ ေအးခ်မ္းမႈကို ေရွးရႈလ်က္ တပ္မေတာ္အေနျဖင့္ ၂၀၂၅ ခုႏွစ္၊ ဧၿပီ ၂၃ ရက္မွ ၃၀ ရက္ အထိကာလကို ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလအျဖစ္ ထပ္မံ တိုးျမႇင့္ လိုက္ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါကာလအတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ အျခားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားအား ေႏွာင့္ယွက္တိုက္ ခိုက္ျခင္းႏွင့္ ထိခိုက္ပ်က္စီးေစျခင္း၊ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ထိခိုက္ ပ်က္စီးေစျခင္း၊ လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္မ်ား၏ တပ္စခန္းမ်ားအား တိုက္ခိုက္ျခင္း၊ တပ္ဌာနခ်ဳပ္မ်ားကိုေႏွာင့္ယွက္ တိုက္ခိုက္ျခင္းမ်ား၊ ၿငိမ္းခ်မ္းေရးကို ထိခိုက္ပ်က္စီးေစမည့္ အင္အားစုေဆာင္းျခင္း၊ ျပင္ ဆင္စုဖြဲ႕ျခင္း၊ နယ္ေျမခ်ဲ႕ထြင္ျခင္းမ်ားကိုမျပဳရန္ ႏွင့္ ေဆာင္႐ြက္ပါက လိုအပ္သည့္အေရးယူ တုန႔္ျပန္မႈမ်ားကို ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အသိေပးထုတ္ထားသည္။