တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ

 1601

သန့်ဇင်(NP News)-ဧပြီ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းသို့ တပ်မတော်မှအင်အား (၂၀၀၀)ကျော် လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူပြီဖြစ်ကြောင်း ကနဦးသိရသည်။

တပ်မတော်က ယနေ့(ဧပြီ ၂၂ရက်)နံနက် ၁၀နာရီဝန်းကျင်အခန့်က လားရှိုးမြို့အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့အတွင်းဝင်ရောက်ရာတွင် တပ်မတော်မှလက်ရုံးတပ်အားလုံးမှ သံချပ်ကာ၊ အမြောက်၊ ဆေးနှင့်ဆက်သွယ်ရေး၊ စစ်အင်ဂျင်နီယာ တပ်များ နှင့် တိုက်ခိုက်ရေးတပ်များအပါအဝင် အင်အား(၂၅၀၀)တို့က ကားအစီးရေ(၇၀)ခန့်ဖြင့် တိုင်းစစ်ဌာနချုပ်နှင့် ရပ်ကွက်ရုံးများတွင် လုံခြုံရေးအဖြစ် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြင် လားရှိုးမြို့မှနေရပ်စွန့်ခွာခဲ့သည့် ပြည်သူအများအပြားသည်လည်း မြို့အတွင်းပြန်လည်ဝင်ရောက်လာနေလျက်ရှိပြီး တပ်မတော် ယာဉ်တန်းများကိုလည်း ဒေသခံများက ကြိုဆိုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ညှိနှိင်းပေးမှုကြောင့် MNDAA လက်နက်ကိုင်အဖွဲ့က ၎င်းတို့ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို ယမန်နေ့(ဧပြီ ၂၁ရက်) နောက်ဆုံး ထားကာ ပြန်လည်ဆုတ်ခွာပေးခဲ့ရပြီးနောက် ယနေ့တွင် တပ်မတော်ယာဉ်တန်းက မိုင်းရယ်မှ လားရှိုးမြို့အတွင်း ဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တပ္မေတာ္မွအင္အား (၂၀၀၀)ေက်ာ္ျဖင့္ လားရႈိးၿမိဳ႕အတြင္း လုံၿခဳံေရးအျဖစ္ဝင္ေရာက္ေနရာယူထားၿပီ
သန႔္ဇင္(NP News)-ဧၿပီ ၂၂
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕အတြင္းသို႔ တပ္မေတာ္မွအင္အား (၂၀၀၀)ေက်ာ္ လုံၿခဳံေရးအျဖစ္ဝင္ေရာက္ေနရာယူၿပီျဖစ္ေၾကာင္း ကနဦးသိရသည္။

တပ္မေတာ္က ယေန႔(ဧၿပီ ၂၂ရက္)နံနက္ ၁၀နာရီဝန္းက်င္အခန႔္က လားရႈိးၿမိဳ႕အတြင္းသို႔ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕အတြင္းဝင္ေရာက္ရာတြင္ တပ္မေတာ္မွလက္႐ုံးတပ္အားလုံးမွ သံခ်ပ္ကာ၊ အေျမာက္၊ ေဆးႏွင့္ဆက္သြယ္ေရး၊ စစ္အင္ဂ်င္နီယာ တပ္မ်ား ႏွင့္ တိုက္ခိုက္ေရးတပ္မ်ားအပါအဝင္ အင္အား(၂၅၀၀)တို႔က ကားအစီးေရ(၇၀)ခန႔္ျဖင့္ တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ရပ္ကြက္႐ုံးမ်ားတြင္ လုံၿခဳံေရးအျဖစ္ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုျပင္ လားရႈိးၿမိဳ႕မွေနရပ္စြန႔္ခြာခဲ့သည့္ ျပည္သူအမ်ားအျပားသည္လည္း ၿမိဳ႕အတြင္းျပန္လည္ဝင္ေရာက္လာေနလ်က္ရွိၿပီး တပ္မေတာ္ ယာဥ္တန္းမ်ားကိုလည္း ေဒသခံမ်ားက ႀကိဳဆိုခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံ၏ ညႇိႏွိင္းေပးမႈေၾကာင့္ MNDAA လက္နက္ကိုင္အဖြဲ႕က ၎တို႔ထိန္းခ်ဳပ္ထားသည့္ လားရႈိးၿမိဳ႕ကို ယမန္ေန႔(ဧၿပီ ၂၁ရက္) ေနာက္ဆုံး ထားကာ ျပန္လည္ဆုတ္ခြာေပးခဲ့ရၿပီးေနာက္ ယေန႔တြင္ တပ္မေတာ္ယာဥ္တန္းက မိုင္းရယ္မွ လားရႈိးၿမိဳ႕အတြင္း ဝင္ေရာက္ လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.