ဂါဇာမှာဖြစ်ပွားနေတဲ့အခြေအနေတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခုဖြစ်တယ်လို့ အမေရိကန်လွှတ်တော်အမတ်တစ်ဦး ဝေဖန်

 193

Pika (NP News) - ဇူလိုင် ၃၁
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့အခြေအနေတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခုဖြစ်တယ်လို့ အမေရိကန် ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် Marjorie Taylor Greene က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဂါဇာမှာဖြစ်ပွားနေတဲ့အခြေအနေတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းနဲ့ ငတ်မွတ် ခေါင်းပါးမှုတွေကို ပိုမိုဆိုးရွားလာစေတယ်လို့လည်း Marjorie Taylor Greene က ပြောကြားခဲ့ပါတယ်။
ပြီးတော့ လက်ရှိအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်တဲ့ဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဟားမက်လက်နက်ကိုင် အဖွဲ့ကို ၎င်းကတောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
Marjorie Taylor Greene က “ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့အခြေအနေတွေက ကြောက်မက်ဖွယ် ကောင်းပြီး ဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးတာက အရှင်းဆုံးနဲ့အလွယ်ဆုံးအရာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်ပွားနေပါတယ်” လို့ ပြောခဲ့ပါတယ်။
Marjorie Taylor Greene ဟာ ဂါဇာအရေးနဲ့ပတ်သက်ပြီး လွှတ်တော်အမတ် Randy Fine ရဲ့မကြာသေးခင်က မှတ်ချက်ပြုပြောဆိုမှုတွေကို တုံ့ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ Randy Fine က “ဓါးစာခံတွေအားလုံးကို ချက်ချင်းလွှတ်ပေးပါ။ အဲဒီအချိန်မတိုင်ခင်အထိတော့ ငတ်မွတ်ခေါင်းပါးမှုတွေက ဆက်ဖြစ်နေပါလိမ့်မယ်” လို့ ရေးသားခဲ့ပါတယ်။ Marjorie Taylor Greene ဟာ Randy Fine ရဲ့ရေးသားမှုတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ဟာ ဂျူးဆန့်ကျင်ရေးဖြစ်ရပ်တွေကို ပိုမိုဖြစ်ပွားလာစေနိုင်တယ်လို့ အလေးပေးပြောကြားခဲ့ပါ တယ်။

Zawgyi Version:
ဂါဇာမွာျဖစ္ပြားေနတဲ့အေျခအေနေတြဟာ လူမ်ိဳးတုန္းသတ္ျဖတ္မႈတစ္ခုျဖစ္တယ္လို႔ အေမရိကန္လႊတ္ေတာ္အမတ္တစ္ဦး ေဝဖန္
Pika (NP News) - ဇူလိုင္ ၃၁
ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့အေျခအေနေတြဟာ လူမ်ိဳးတုန္းသတ္ျဖတ္မႈတစ္ခုျဖစ္တယ္လို႔ အေမရိကန္ ရီပတ္ဘလစ္ကန္လႊတ္ေတာ္အမတ္ Marjorie Taylor Greene က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဂါဇာမွာျဖစ္ပြားေနတဲ့အေျခအေနေတြဟာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအက်ပ္အတည္းနဲ႔ ငတ္မြတ္ ေခါင္းပါးမႈေတြကို ပိုမိုဆိုး႐ြားလာေစတယ္လို႔လည္း Marjorie Taylor Greene က ေျပာၾကားခဲ့ပါတယ္။
ၿပီးေတာ့ လက္ရွိအခ်ိန္အထိ ဖမ္းဆီးထားဆဲျဖစ္တဲ့ဓါးစာခံေတြအားလုံးကို ျပန္လႊတ္ေပးဖို႔ ဟားမက္လက္နက္ကိုင္ အဖြဲ႕ကို ၎ကေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
Marjorie Taylor Greene က “ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့အေျခအေနေတြက ေၾကာက္မက္ဖြယ္ ေကာင္းၿပီး ဓါးစာခံေတြအားလုံးကို ျပန္လႊတ္ေပးတာက အရွင္းဆုံးနဲ႔အလြယ္ဆုံးအရာတစ္ခုပဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂါဇာမွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအက်ပ္အတည္းနဲ႔ ငတ္မြတ္ေခါင္းပါးမႈေတြ ျဖစ္ပြားေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
Marjorie Taylor Greene ဟာ ဂါဇာအေရးနဲ႔ပတ္သက္ၿပီး လႊတ္ေတာ္အမတ္ Randy Fine ရဲ႕မၾကာေသးခင္က မွတ္ခ်က္ျပဳေျပာဆိုမႈေတြကို တုံ႔ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။ Randy Fine က “ဓါးစာခံေတြအားလုံးကို ခ်က္ခ်င္းလႊတ္ေပးပါ။ အဲဒီအခ်ိန္မတိုင္ခင္အထိေတာ့ ငတ္မြတ္ေခါင္းပါးမႈေတြက ဆက္ျဖစ္ေနပါလိမ့္မယ္” လို႔ ေရးသားခဲ့ပါတယ္။ Marjorie Taylor Greene ဟာ Randy Fine ရဲ႕ေရးသားမႈေတြကို ျပစ္တင္ေဝဖန္ခဲ့ၿပီး အဲဒီထုတ္ျပန္ခ်က္ဟာ ဂ်ဴးဆန႔္က်င္ေရးျဖစ္ရပ္ေတြကို ပိုမိုျဖစ္ပြားလာေစႏိုင္တယ္လို႔ အေလးေပးေျပာၾကားခဲ့ပါ တယ္။

Related news

© 2021. All rights reserved.