လာမည့် ခြောက်လတာ ကာလ မှာ ရွေးကောက်ပွဲ ကျင်းပရမည့် ကာလ ဖြစ်ကြောင်း နှင့် လာမည့် အစိုးရများ အတွက် ကာကွယ်ရေးနှင့် လုံခြုံရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းခင်းပေးခဲ့

1124

ပီယ (NP News) – ဇူလိုင် ၃၁
လာမည့် ခြောက်လတာ ကာလ မှာ ရွေးကောက်ပွဲ ကျင်းပရမည့်ကာလ ဖြစ်ကြောင်း နှင့် လာမည့် အစိုးရများ အတွက် ကာကွယ်ရေးနှင့် လုံခြုံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းခင်းပေးခဲ့ကြောင်း ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့သော အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ယင်း သို့ ပြောကြားခဲ့ကြောင်းကို SAC မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများသို့ ပြောကြားခဲ့ခြင်း ဖြစ်ကာ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဖိတ်ကြားထားသူများနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီး ကြောင်း တင်ပြသည့်အစီရင်ခံစာကို လက်ခံရရှိပြီးဖြစ်သဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော် အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်စွဲပါအမိန့်အမှတ်၊ ၁/၂၀၂၁ ကို ကာ/လုံ အစည်းအဝေးတွင် ပယ်ဖျက်ခဲ့သည်။
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ထုတ်နှုတ်တင်ပြချက်များအနေနဲ့ကတော့ ယခုလာမယ့် (၆) လတာကာလ ရွေးကောက်ပွဲ အပြီးသတ်ပြင်ဆင်ပြီး ရွေးကောက်ပွဲ ကျင်းပပေးရမယ့် ကာလဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှူထမ်းဥပဒေပြဋ္ဌာန်းခဲ့တာ၊ ပြည်သူ့လုံခြုံရေး စနစ်ပြဋ္ဌာန်းခဲ့တာ၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းခဲ့တာနဲ့ ပတ်သက်ပြီးပြောကြားခဲ့ပြီး နောင်လာမယ့်အစိုးရများအတွက် ကာကွယ်ရေးနဲ့ လုံခြုံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းခင်းပေးခဲ့တာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ပြီးရင်တော့ နိုင်ငံ့စီပွားရေးနဲ့ပတ်သက်ပြီး အစီရင်ခံခဲ့ပါတယ်။ နိုင်ငံ့စီးပွားရေးနဲ့ပတ်သက်ပြီ (၂၀၂၀-၂၀၂၁)ခုနှစ်မှာ GDPအနေနဲ့ ကျပ်ဘီလျံ ( ၁၀၈၂၀၅ ဒသမ ၇ ) ဘီလျံကနေပြီးတော့ ( ၂၀၂၄- ၂၀၂၅ ) ခုနှစ်မှာ ကျပ်ဘီလျံ ( ၁၆၀၆၅၄ဒသမ ၈၂ ) ဘီလျံ GDP တိုးတက်မှု ( ၂ ဒသမ ၅ ) ရာခိုင်နှုန်း ရှိကြောင်းပြောကြားခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျ စနစ်များဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ ပုဒ်မ ၄၂၉ အရ၊ ပုဒ်မ ၄၂၆အရ အမိန့်များ အရေးပေါ်ကာလအမိန့်ပယ်ဖျက်ပြီးတဲ့နောက်မှာ (၆)လအတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပုဒ်မ ၄၃၀ အရ၊ ပုဒ်မ ၄၂၈ နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို အထွေထွေရွေးကောက်ပွဲ ပြီးဆုံးချိန်အထိ တာဝန်ယူလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရာစီရင်ရေးအာဏာများကို ကျင့်သုံးနေစဉ်ကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန် မှုများပြုနိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယာယီ သမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူး တို့နှင့် တွဲဖက်၍ ယင်းကော်မရှင် ၏ ဥက္ကဌ အဖြစ် တာဝန်ယူမည် ဖြစ်ပြီး အစိုးရ အဖွဲ့တွင် ဦးညိုစောက နိုင်ငံတော်ဝန်ကြီးချုပ် အဖြစ်သာမက နိုင်ငံတော်ဝန်ကြီးချုပ်ရုံး နှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်လည်း တွဲဖက်တာဝန်ယူမည် ဖြစ်သည်။

Zawgyi Version:
လာမည့္ ေျခာက္လတာ ကာလ မွာ ေ႐ြးေကာက္ပြဲ က်င္းပရမည့္ ကာလ ျဖစ္ေၾကာင္း ႏွင့္ လာမည့္ အစိုးရမ်ား အတြက္ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လမ္းခင္းေပးခဲ့
ပီယ (NP News) – ဇူလိုင္ ၃၁
လာမည့္ ေျခာက္လတာ ကာလ မွာ ေ႐ြးေကာက္ပြဲ က်င္းပရမည့္ကာလ ျဖစ္ေၾကာင္း ႏွင့္ လာမည့္ အစိုးရမ်ား အတြက္ ကာကြယ္ေရးႏွင့္ လုံၿခဳံေရး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လမ္းခင္းေပးခဲ့ေၾကာင္း ယေန႔ (ဇူလိုင္လ ၃၁ ရက္) နံနက္ပိုင္းက ျပဳလုပ္ခဲ့ေသာ အမ်ိဳးသားကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီ အစည္းအေဝးတြင္ ယာယီသမၼတ (တာဝန္)၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယင္း သို႔ ေျပာၾကားခဲ့ေၾကာင္းကို SAC မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မီဒီယာမ်ားသို႔ ေျပာၾကားခဲ့ျခင္း ျဖစ္ကာ ယာယီသမၼတ(တာဝန္) တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ ဖိတ္ၾကားထားသူမ်ားႏွင့္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒တို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၎အားေပးအပ္ထားသည့္ တာဝန္ၿပီးေျမာက္ေအာင္ ေဆာင္႐ြက္ၿပီး ေၾကာင္း တင္ျပသည့္အစီရင္ခံစာကို လက္ခံရရွိၿပီးျဖစ္သျဖင့္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ႏိုင္ငံေတာ္ အာဏာလႊဲအပ္ေဆာင္႐ြက္ေစခဲ့သည့္ ႏိုင္ငံေတာ္သမၼတ႐ုံး၏ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္စြဲပါအမိန႔္အမွတ္၊ ၁/၂၀၂၁ ကို ကာ/လုံ အစည္းအေဝးတြင္ ပယ္ဖ်က္ခဲ့သည္။
“တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အေနနဲ႔ ထုတ္ႏႈတ္တင္ျပခ်က္မ်ားအေနနဲ႔ကေတာ့ ယခုလာမယ့္ (၆) လတာကာလ ေ႐ြးေကာက္ပြဲ အၿပီးသတ္ျပင္ဆင္ၿပီး ေ႐ြးေကာက္ပြဲ က်င္းပေပးရမယ့္ ကာလျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အဲဒီႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ ကာကြယ္ေရးအတြက္ ျပည္သူ႔စစ္မႉထမ္းဥပေဒျပ႒ာန္းခဲ့တာ၊ ျပည္သူ႔လုံၿခဳံေရး စနစ္ျပ႒ာန္းခဲ့တာ၊ ျပည္သူ႔လုံၿခဳံေရးနဲ႔ အၾကမ္းဖက္ႏွိမ္နင္းေရးအဖြဲ႕မ်ား ဖြဲ႕စည္းခဲ့တာနဲ႔ ပတ္သက္ၿပီးေျပာၾကားခဲ့ၿပီး ေနာင္လာမယ့္အစိုးရမ်ားအတြက္ ကာကြယ္ေရးနဲ႔ လုံၿခဳံေရး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လမ္းခင္းေပးခဲ့တာျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။ ၿပီးရင္ေတာ့ ႏိုင္ငံ့စီပြားေရးနဲ႔ပတ္သက္ၿပီး အစီရင္ခံခဲ့ပါတယ္။ ႏိုင္ငံ့စီးပြားေရးနဲ႔ပတ္သက္ၿပီ (၂၀၂၀-၂၀၂၁)ခုႏွစ္မွာ GDPအေနနဲ႔ က်ပ္ဘီလ်ံ ( ၁၀၈၂၀၅ ဒသမ ၇ ) ဘီလ်ံကေနၿပီးေတာ့ ( ၂၀၂၄- ၂၀၂၅ ) ခုႏွစ္မွာ က်ပ္ဘီလ်ံ ( ၁၆၀၆၅၄ဒသမ ၈၂ ) ဘီလ်ံ GDP တိုးတက္မႈ ( ၂ ဒသမ ၅ ) ရာခိုင္ႏႈန္း ရွိေၾကာင္းေျပာၾကားခဲ့ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။
ဒီဇင္ဘာလတြင္ က်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ ျပည္သူ႔လႊတ္ေတာ္ကို FPTP စနစ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးနဲ႔ျပည္နယ္လႊတ္ေတာ္ကို ေရာေႏွာထားေသာ ကိုယ္စားလွယ္အခ်ိဳးက် စနစ္မ်ားျဖင့္ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
“ ပုဒ္မ ၄၂၉ အရ၊ ပုဒ္မ ၄၂၆အရ အမိန္႔မ်ား အေရးေပၚကာလအမိန႔္ပယ္ဖ်က္ၿပီးတဲ့ေနာက္မွာ (၆)လအတြင္း ေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။ ပုဒ္မ ၄၃၀ အရ၊ ပုဒ္မ ၄၂၈ နဲ႔ဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္းေတြကို အေထြေထြေ႐ြးေကာက္ပြဲ ၿပီးဆုံးခ်ိန္အထိ တာဝန္ယူလုပ္ေဆာင္သြားမွာျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၂၇ အရ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရာစီရင္ေရးအာဏာမ်ားကို က်င့္သုံးေနစဥ္ကာလအတြင္း ႏိုင္ငံေတာ္ကာကြယ္ေရး၊ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး၊ ပါတီစုံဒီမို ကေရစီအေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးတို႔အတြက္ လိုအပ္သည့္ လမ္းၫႊန္ မႈမ်ားျပဳႏိုင္ရန္ႏွင့္ ထိေရာက္စြာ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ႏိုင္ရန္အတြက္ ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ကို ဖြဲ႕စည္းလိုက္ကာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ယာယီ သမၼတ (တာဝန္)၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ရာထူး တို႔ႏွင့္ တြဲဖက္၍ ယင္းေကာ္မရွင္ ၏ ဥကၠဌ အျဖစ္ တာဝန္ယူမည္ ျဖစ္ၿပီး အစိုးရ အဖြဲ႕တြင္ ဦးညိဳေစာက ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ အျဖစ္သာမက ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္႐ုံး ႏွင့္ အမ်ိဳးသားစီမံကိန္း ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး အျဖစ္လည္း တြဲဖက္တာဝန္ယူမည္ ျဖစ္သည္။