အတားအဆီးတချို့ကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော

220

Pika (NP News) - ဧပြီ ၂၃
ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး အတားအဆီးတချို့ကို ယူကရိန်းဘက်က ဖယ်ရှားပစ်ဖို့ ဆန္ဒရှိမယ်ဆိုရင် အဲဒီလိုမျိုး အဆက်အသွယ်တွေက ဖြစ်လာနိုင်ခြေရှိတယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။
ယူကရိန်းနဲ့ဆွေးနွေးပွဲတွေအတွက် ခိုင်မာတဲ့အစီအစဉ်တွေမရှိဘူးလို့ ရုရှားအစိုးရဘက်က အစောပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ယခုလိုထပ်မံပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း ရုရှားအစိုးရဘက်က ထုတ်ပြန်ပြောဆိုခဲ့တဲ့ အတားအဆီးတွေဆိုတာက ဘယ်အရာတွေဖြစ်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့သိရပါတယ်။ ယူကရိန်းအတွက် စစ်ရေးအကူအ ညီအသစ်တွေကို ဂျာမနီအစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာမှာ ရုရှားအစိုးရရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ရုရှားအစိုးရရဲ့နောက်ဆုံးပြောဆိုချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
zawgyi version
အတားအဆီးတခ်ိဳ႕ကို ဖယ္လိုက္မယ္ဆိုရင္ ယူကရိန္းနဲ႔ေဆြးေႏြးပြဲေတြက ျဖစ္လာႏိုင္တယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဧၿပီ ၂၃
႐ုရွားနဲ႔ ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြနဲ႔ပတ္သက္ၿပီး အတားအဆီးတခ်ိဳ႕ကို ယူကရိန္းဘက္က ဖယ္ရွားပစ္ဖို႔ ဆႏၵရွိမယ္ဆိုရင္ အဲဒီလိုမ်ိဳး အဆက္အသြယ္ေတြက ျဖစ္လာႏိုင္ေျခရွိတယ္လို႔ ႐ုရွားအစိုးရက ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းနဲ႔ေဆြးေႏြးပြဲေတြအတြက္ ခိုင္မာတဲ့အစီအစဥ္ေတြမရွိဘူးလို႔ ႐ုရွားအစိုးရဘက္က အေစာပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ ယခုလိုထပ္မံေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း ႐ုရွားအစိုးရဘက္က ထုတ္ျပန္ေျပာဆိုခဲ့တဲ့ အတားအဆီးေတြဆိုတာက ဘယ္အရာေတြျဖစ္တယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔သိရပါတယ္။ ယူကရိန္းအတြက္ စစ္ေရးအကူအ ညီအသစ္ေတြကို ဂ်ာမနီအစိုးရက ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ႐ုရွားအစိုးရရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ေစ့စပ္ညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ႏိုင္စြမ္းမရွိဘူးလို႔ ယုံၾကည္မႈေတြရွိလာခဲ့မယ္ဆိုရင္ အေမရိကန္ဟာ ယူကရိန္းပဋိပကၡအတြက္ ၿငိမ္းခ်မ္းတဲ့ေျဖရွင္းခ်က္ေတြကိုရွာေဖြဖို႔ ႀကိဳးပမ္းမႈေတြကို စြန႔္လႊတ္သြားႏိုင္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတင္းထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားအစိုးရရဲ႕ေနာက္ဆုံးေျပာဆိုခ်က္ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။