ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ဥပ္ပါတသန္တိစေတီတော်ကြီး ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများအား မိုးမကျမီ ပြင်ဆင်ရန် နစကဥက္ကဋ္ဌတိုက်တွန်း

 275

သန့်ဇင်(NP News)-ဧပြီ ၂၅
နေပြည်တော်ကောင်စီနယ်မြေတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ဥပ္ပါတသန္တိစေတီတော်ကြီး ရင်ပြင်တော်နှင့် သာသနိက အဆောက် အဦများအား မိုးမကျမီပြင်ဆင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့(ဧပြီလ ၂၄ရက်) ညနေပိုင်း က ဥပ္ပါတသန္တိစေတီတော်ကြီးရှိ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့် ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရင်ပြင်တော်နေရာများ၊ မြေထိန်းနံရံနေရာများနှင့် သာသနိက အဆောက်အဦ အချို့အား ပြန်လည်ပြုပြင်ခြင်းများကို စနစ်တကျဖြင့် .အမြန်ဆုံးဆောင်ရွက်သွားရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့နောက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ရနိုင်သမျှဆောင်ရွက်သွားနိုင်ရန်နှင့် နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် စေတီတော်ကြီးရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများကို ဆောင်ရွက်ရာတွင် စေတနာရှင်အလှူရှင်များအနေဖြင့် ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင် ရေးအတွက်လည်း နှိုးဆော်သွားရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရေသာ ဥပၸါတသႏၲိေစတီေတာ္ႀကီး ရင္ျပင္ေတာ္ႏွင့္ သာသနိကအေဆာက္အဦမ်ားအား မိုးမက်မီ ျပင္ဆင္ရန္ နစကဥကၠ႒တိုက္တြန္း
သန႔္ဇင္(NP News)-ဧၿပီ ၂၅
ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရေသာ ဥပၸါတသႏၲိေစတီေတာ္ႀကီး ရင္ျပင္ေတာ္ႏွင့္ သာသနိက အေဆာက္ အဦမ်ားအား မိုးမက်မီျပင္ဆင္ရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္‌ေရးေကာင္စီဥကၠ႒ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္‌ေရးေကာင္စီဥကၠ႒ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယမန္ေန႔(ဧၿပီလ ၂၄ရက္) ညေနပိုင္း က ဥပၸါတသႏၲိေစတီေတာ္ႀကီးရွိ ရင္ျပင္ေတာ္ႏွင့္ သာသနိကအေဆာက္အဦမ်ား ထိခိုက္ပ်က္စီးခဲ့မႈအေျခအေနမ်ားကို သြားေရာက္ၾကည့္ ရႈစစ္ေဆးစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည့္ ရင္ျပင္ေတာ္ေနရာမ်ား၊ ေျမထိန္းနံရံေနရာမ်ားႏွင့္ သာသနိက အေဆာက္အဦ အခ်ိဳ႕အား ျပန္လည္ျပဳျပင္ျခင္းမ်ားကို စနစ္တက်ျဖင့္ .အျမန္ဆုံးေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။

ထို႔ေနာက္ ျပန္လည္ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို မိုးရာသီမေရာက္မီ ရႏိုင္သမွ်ေဆာင္႐ြက္သြားႏိုင္ရန္ႏွင့္ ႏိုင္ငံေတာ္အေနျဖင့္လည္း လိုအပ္သည္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေစတီေတာ္ႀကီးရွိ သာသနိကအေဆာက္အဦမ်ား ျပန္လည္ျပဳျပင္ျခင္း၊ ဘက္စုံျပဳျပင္မြမ္းမံျခင္းမ်ားကို ေဆာင္႐ြက္ရာတြင္ ေစတနာရွင္အလႉရွင္မ်ားအေနျဖင့္ ပါဝင္ကုသိုလ္ယူလႉဒါန္းႏိုင္ ေရးအတြက္လည္း ႏႈိးေဆာ္သြားရန္လိုေၾကာင္းလည္း နစကဥကၠ႒က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.