ယူကရိန်းသမ္မတက ငြိမ်းချမ်းရေးသံခင်းတမန်ခင်းကို ဖျက်ဆီးနေကြောင်း ရုရှားအစိုးရစွပ်စွဲပြောဆို

 196

Pika (NP News) - ဧပြီ ၂၅

ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် ရည်ရွယ်သည့်သံတမန်ရေးကို ယူကရိန်းသမ္မတ ဇီ
လန်စကီးက ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားအစိုးရက စွပ်စွဲပြောဆိုခဲ့သည်။ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှား၏သိမ်းယူမှုအား အသိအမှတ်ပြုရန်အတွက် သဘောတူညီရန် ဇီလန်စကီးက ငြင်းဆိုခဲ့ပြီးနောက် ရုရှားအစိုးရ၏ စွပ်စွဲပြောဆိုချက်များ ထွက်ပေါ်လာ ခြင်းဖြစ်သည်။

ထို့ပြင် ဇီလန်စကီးသည် စစ်ပွဲကို အဆုံး သတ်ရန်အတွက် သဘောတူညီချက်ကို စေ့စပ်ညှိနှိုင်း ရန် စွမ်းရည်မရှိဆိုသည့် အချက်မှာ မိနစ်နှင့်အမျှ သိ သာထင်ရှားလာနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မာရီယာဇာခါရိုဗာ က ပြောကြားခဲ့သည်။ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှား၏တစ်စိတ်တစ်ပိုင်းအဖြစ် အသိအမှတ်ပြုခြင်း သည် ယူကရိန်း၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုး ဖောက်ခြင်းမျိုးဖြစ်ကြောင်း ဇီလန်စကီးကပြောဆိုခဲ့သည်။

ထို့ပြင် ယူကရိန်းဘက်က အပြည့်အဝ အပစ်အခတ်ရပ်စဲရေးကို ကြိုးပမ်းရန် ကတိပြုထား ကြောင်း ဇီလန်စကီးက ထပ်မံပြောဆိုခဲ့သည်။ခရိုင်း မီးယားကျွန်းဆွယ်ကို ရုရှား၏ပိုင်နက်အဖြစ် အသိအ မှတ်ပြုရန် ငြင်းဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး ဇီလန်စကီး ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြစ်တင်ဝေဖန်မှုများလုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ရုရှားနှင့်ယူကရိန်းတို့သည် မကြာမီအချိန် အတွင်း သဘောတူညီချက်တစ်ခုကို မပြုလုပ်နိုင်ဘူးဆို ပါက ယူကရိန်းတွင် ငြိမ်းချမ်းရေးရရှိရန် စေ့စပ်ညှိ နှိုင်းမှုများအတွက် ကြိုးပမ်းမှုများကို စွန့်လွှတ်သွား မည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ဒေါ်နယ်ထ ရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။

zawgyi version
ယူကရိန္းသမၼတက ၿငိမ္းခ်မ္းေရးသံခင္းတမန္ခင္းကို ဖ်က္ဆီးေနေၾကာင္း ႐ုရွားအစိုးရစြပ္စြဲေျပာဆို
Pika (NP News) - ဧၿပီ ၂၅

ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ရရွိရန္ ရည္႐ြယ္သည့္သံတမန္ေရးကို ယူကရိန္းသမၼတ ဇီ
လန္စကီးက ဖ်က္ဆီးပစ္ခဲ့ေၾကာင္း ႐ုရွားအစိုးရက စြပ္စြဲေျပာဆိုခဲ့သည္။ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ႐ုရွား၏သိမ္းယူမႈအား အသိအမွတ္ျပဳရန္အတြက္ သေဘာတူညီရန္ ဇီလန္စကီးက ျငင္းဆိုခဲ့ၿပီးေနာက္ ႐ုရွားအစိုးရ၏ စြပ္စြဲေျပာဆိုခ်က္မ်ား ထြက္ေပၚလာ ျခင္းျဖစ္သည္။

ထို႔ျပင္ ဇီလန္စကီးသည္ စစ္ပြဲကို အဆုံး သတ္ရန္အတြက္ သေဘာတူညီခ်က္ကို ေစ့စပ္ညႇိႏႈိင္း ရန္ စြမ္းရည္မရွိဆိုသည့္ အခ်က္မွာ မိနစ္ႏွင့္အမွ် သိ သာထင္ရွားလာေနေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဌာနေျပာေရးဆိုခြင့္ရွိသူအမ်ိဳးသမီး မာရီယာဇာခါ႐ိုဗာ က ေျပာၾကားခဲ့သည္။ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ႐ုရွား၏တစ္စိတ္တစ္ပိုင္းအျဖစ္ အသိအမွတ္ျပဳျခင္း သည္ ယူကရိန္း၏ဖြဲ႕စည္းပုံအေျခခံဥပေဒကို ခ်ိဳး ေဖာက္ျခင္းမ်ိဳးျဖစ္ေၾကာင္း ဇီလန္စကီးကေျပာဆိုခဲ့သည္။

ထို႔ျပင္ ယူကရိန္းဘက္က အျပည့္အဝ အပစ္အခတ္ရပ္စဲေရးကို ႀကိဳးပမ္းရန္ ကတိျပဳထား ေၾကာင္း ဇီလန္စကီးက ထပ္မံေျပာဆိုခဲ့သည္။ခ႐ိုင္း မီးယားကြၽန္းဆြယ္ကို ႐ုရွား၏ပိုင္နက္အျဖစ္ အသိအ မွတ္ျပဳရန္ ျငင္းဆိုခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ဇီလန္စကီး ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ျပစ္တင္ေဝဖန္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ႐ုရွားႏွင့္ယူကရိန္းတို႔သည္ မၾကာမီအခ်ိန္ အတြင္း သေဘာတူညီခ်က္တစ္ခုကို မျပဳလုပ္ႏိုင္ဘူးဆို ပါက ယူကရိန္းတြင္ ၿငိမ္းခ်မ္းေရးရရွိရန္ ေစ့စပ္ညႇိ ႏႈိင္းမႈမ်ားအတြက္ ႀကိဳးပမ္းမႈမ်ားကို စြန႔္လႊတ္သြား မည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေဒၚနယ္ထ ရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.