ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် အမေရိကန်စစ်သင်္ဘောကို စောင့်ကြည့်မှုများလုပ်ဆောင်ခဲ့ကြောင်း တရုတ်စစ်ဘက်သတင်းထုတ်ပြန်

 95

Pika (NP News) - ဧပြီ ၂၅

ထိုင်ဝမ် ရေလက်ကြားကို ဖြတ် ကျော် ဝင်ရောက်ခဲ့သည့် အမေရိကန်ပဲ့ထိန်းဒုံးကျည် ဖျက်သင်္ဘောကို စောင့်ကြည့်ရန်အတွက် ရေတပ်နှင့် လေတပ်တပ်ဖွဲ့များကို စေလွှတ်ခဲ့ကြောင်း တရုတ်စစ် တပ်က သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။ တစ်ခါတစ်ရံတွင် မဟာမိတ်နိုင်ငံများမှ သင်္ဘောများနှင့်အတူ လိုက်ပါသွားသော အမေရိကန်ရေတပ်သည် တစ်လလျှင်တစ်ကြိမ်ခန့် ထိုင်ဝမ်ရေလက်ကြားကို ဖြတ် ကျော် ဝင်ရောက်လေ့ ရှိကြောင်းသိရသည်။

တရုတ်နိုင်ငံသည် ယခုလအစောပိုင်းတွင် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှု များကို လုပ်ဆောင်ခဲ့ပြီး ထိုင်ဝမ်အစိုးရထံမှ ပြစ်တင်ရှုတ်ချမှုများနှင့် အမေရိကန်နှင့်၎င်း၏မိတ်ဖက်နိုင်ငံတို့ထံမှ စိုးရိမ်ပူပန်မှုများကို ထွက်ပေါ်လာ စေခဲ့ကြောင်းသိရသည်။ ထို့ပြင် ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်လာသော အမေရိ ကန် ရေတပ်သင်္ဘောမှာ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောUSS William P. Lawrence ဖြစ်ကြောင်း တရုတ် အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့ပြီး အမေရိကန် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော၏လုပ်ရပ်သည် စိုးရိမ်ပူပန်မှုများကို မြင့်တက်လာစေခဲ့သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ်က "အမေရိကန်ရေတပ်ရဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် အတူတကွ လုပ်ဆောင်ဖို့ အမေရိကန်ကို ကျွန်တော်တို့ တိုက် တွန်းထားပါတယ်"ဟု ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို အမေရိကန်ရေတပ်က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်းသိရသည်။

zawgyi version
ထိုင္ဝမ္ ေရလက္ၾကားကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့သည့္ အေမရိကန္စစ္သေဘၤာကို ေစာင့္ၾကည့္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း တ႐ုတ္စစ္ဘက္သတင္းထုတ္ျပန္
Pika (NP News) - ဧၿပီ ၂၅

ထိုင္ဝမ္ ေရလက္ၾကားကို ျဖတ္ ေက်ာ္ ဝင္ေရာက္ခဲ့သည့္ အေမရိကန္ပဲ့ထိန္းဒုံးက်ည္ ဖ်က္သေဘၤာကို ေစာင့္ၾကည့္ရန္အတြက္ ေရတပ္ႏွင့္ ေလတပ္တပ္ဖြဲ႕မ်ားကို ေစလႊတ္ခဲ့ေၾကာင္း တ႐ုတ္စစ္ တပ္က သတင္းထုတ္ျပန္ေျပာဆိုခဲ့သည္။ တစ္ခါတစ္ရံတြင္ မဟာမိတ္ႏိုင္ငံမ်ားမွ သေဘၤာမ်ားႏွင့္အတူ လိုက္ပါသြားေသာ အေမရိကန္ေရတပ္သည္ တစ္လလွ်င္တစ္ႀကိမ္ခန႔္ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ ေက်ာ္ ဝင္ေရာက္ေလ့ ရွိေၾကာင္းသိရသည္။

တ႐ုတ္ႏိုင္ငံသည္ ယခုလအေစာပိုင္းတြင္ ထိုင္ဝမ္ကြၽန္းအနီးတြင္ စစ္ေရးေလ့က်င့္မႈ မ်ားကို လုပ္ေဆာင္ခဲ့ၿပီး ထိုင္ဝမ္အစိုးရထံမွ ျပစ္တင္ရႈတ္ခ်မႈမ်ားႏွင့္ အေမရိကန္ႏွင့္၎၏မိတ္ဖက္ႏိုင္ငံတို႔ထံမွ စိုးရိမ္ပူပန္မႈမ်ားကို ထြက္ေပၚလာ ေစခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ထိုင္ဝမ္ ေရလက္ၾကားကို ျဖတ္ေက်ာ္ဝင္ေရာက္လာေသာ အေမရိ ကန္ ေရတပ္သေဘၤာမွာ ပဲ့ထိန္းဒုံးက်ည္ဖ်က္သေဘၤာUSS William P. Lawrence ျဖစ္ေၾကာင္း တ႐ုတ္ အေရွ႕ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က ေျပာၾကားခဲ့ၿပီး အေမရိကန္ ပဲ့ထိန္းဒုံးက်ည္ဖ်က္သေဘၤာ၏လုပ္ရပ္သည္ စိုးရိမ္ပူပန္မႈမ်ားကို ျမင့္တက္လာေစခဲ့သည့္ လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

တ႐ုတ္အေရွ႕ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က "အေမရိကန္ေရတပ္ရဲ႕လုပ္ရပ္ေတြကို ခ်က္ခ်င္းရပ္တန႔္ဖို႔နဲ႔ ထိုင္ဝမ္ေရလက္ၾကားမွာ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ထိန္းသိမ္းဖို႔အတြက္ အတူတကြ လုပ္ေဆာင္ဖို႔ အေမရိကန္ကို ကြၽန္ေတာ္တို႔ တိုက္ တြန္းထားပါတယ္"ဟု ေျပာဆိုခဲ့သည္။ အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ေတာင္းဆိုမႈမ်ားကို အေမရိကန္ေရတပ္က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳး မရွိေသးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.