ငလျင်ဘေးသင့်နေချိန် နိုင်ငံတော်၏မျက်နှာကြည့်ကာ စစ်ပွဲများကို လျှော့ချရန်လို

441

Pearl (NP News) - ဧပြီ ၂၆
စစ်ဒဏ်အပြင် ငလျင်သဘာဝဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားခဲ့ရချိန် နိုင်ငံတော်၏မျက်နှာကြည့်ကာ စစ်ပွဲများကို လျော့ချရန် လိုအပ်ကြောင်း KNU/ KNLA – PC မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က NP News သို့ ပြောသည်။
မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်မှ ၂၂ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ အဖြစ် သတ်မှတ်ထုတ်ပြန်ပြီးနောက် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ဧပြီ ၂၃ ရက်မှ ၃၀ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံ တိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့အပစ်အခတ်ရပ်စဲထားသော်လည်း ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသအပါအဝင် အချို့ဒေသ များ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှင့် PDF အဖွဲ့တို့ က စတင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
“အပစ်အခတ်ရပ်စဲရေးဆိုတာကတော့ ငလျင်ဖြစ်ပွားပြီးနောက်ပိုင်း ပထမအကြိမ်ကတော့ ၂ ရက်ကနေ ၂၂ ရက်အထိပေါ့လေ။ ရက်၂၀ ကြာတယ်။ လကုန်တဲ့အထိပေါ့နော်။ တစ်ပါတ်ပေါ့ဗျာ။ အပစ်အခတ် ယာယီရပ်စဲတယ် လို့ပဲပြောပြော၊ တစ်ဖက်သက်ရပ်တယ်လို့ပဲပြောပြော ဒါကြိုဆိုတယ်။ သို့သော်လည်းပဲ အဲဒီအတိုင်း လျှော့နည်း သွားတယ်လို့တောင် ပြောဖို့တောင်မှ တော်တော်လေးကိုအခြေအနေက ပစ်ခတ်တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေ တယ်။ ကျွန်တော်တို့အတွက်ကတော့ စိတ်မကောင်းစရာပေါ့” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
လက်ရှိတွင် ပြည်သူများအနေဖြင့် စစ်ဘေးစစ်ဒဏ်ကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်း ကောင်း ခံစားရနေသည့်အပြင် ငလျင်သဘာဝဘေးဒဏ်ကိုပါ ထပ်ဆင့်၍ဆိုးရွားစွာခံစားခဲ့ရသည့်အတွက် စစ်ပွဲ များကို လျော့ချမှသာ ပြည်သူပြည်သားများအတွက် ငြိမ်းချမ်းမှုတစ်ပိုင်းတစ်စကို ဆောင်ကျင်းပေးနိုင်မည်ဖြစ် ကြောင်းလည်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
“စစ်ဘေးစစ်ဒဏ်ကိုတော့ လျော့ချနိုင်အောင် ဒါမှမဟုတ် ပပျောက်နိုင်အောင် ကြိုးပမ်းမှသာလျှင် သဘာဝ ဘေးရင်ဆိုင်နေရတဲ့ကြားကနေ ပြည်သူပြည်သားတွေအတွက် ငြိမ်းချမ်းမှုတစ်ပိုင်းတစ်စကိုတော့ ဆောင်ကျင်းပေး နိုင်မယ်လို့မြင်တယ်။ နိုင်ငံသားတွေအတွက်၊ နိုင်ငံတော်အတွက်၊ ပြည်ထောင်စုအတွက်ဆိုတဲ့ ရှေးရှုမှုနဲ့ သိတတ် မယ်ဆိုရင် စစ်ဘေးစစ်ဒဏ်ကြောင့် အဖက်ဖက်ကနာနေပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ပြည်ထောင်စုကို သဘာဝ ဘေးဒဏ်တွေ ထပ်ဆင့် ဆိုးဆိုးရွားရွားခံနေရတဲ့အချိန်မှာ ရပ်ချင်လည်းရတယ်။ ဆက်သွားလည်းရတယ်ဆိုတဲ့ ဖန်တီးခဲ့တဲ့စစ်ပွဲတွေကိုတော့ ဒီအချိန်မှာလေ နိုင်ငံတော်ရဲ့မျက်မှာကို ကြည့်ရှုပြီးတော့ လျော့ချနိုင်အောင် ကြိုးပမ်း နိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် အားလုံးမဟုတ်သည့်တိုင်အောင်မှ တစ်စိတ်တစ်ပိုင်းသာယာနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအပေါ်မှာလည်း အားလုံးလေးလေးနက်နက် ကြိုးစားသင့်တယ်လို့တော့ ထင်တယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆက်လက်ပြောသည်။

Zawgyi Version:
ငလ်င္ေဘးသင့္ေနခ်ိန္ ႏိုင္ငံေတာ္၏မ်က္ႏွာၾကည့္ကာ စစ္ပြဲမ်ားကို ေလွ်ာ့ခ်ရန္လို
Pearl (NP News) - ဧၿပီ ၂၆
စစ္ဒဏ္အျပင္ ငလ်င္သဘာဝေဘးဒဏ္ကိုပါ ထပ္ဆင့္ခံစားခဲ့ရခ်ိန္ ႏိုင္ငံေတာ္၏မ်က္ႏွာၾကည့္ကာ စစ္ပြဲမ်ားကို ေလ်ာ့ခ်ရန္ လိုအပ္ေၾကာင္း KNU/ KNLA – PC မွ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က NP News သို႔ ေျပာသည္။
မႏၲေလးငလ်င္ႀကီးေၾကာင့္ ငလ်င္ဒဏ္သင့္ေဒသမ်ား၌ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္ရန္ တပ္မေတာ္အေနျဖင့္ ၂၀၂၅ ခုႏွစ္၊ ဧၿပီ ၂ ရက္မွ ၂၂ ရက္ အထိကာလကို ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလ အျဖစ္ သတ္မွတ္ထုတ္ျပန္ၿပီးေနာက္ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္ေစရန္ႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈကို ေရွးရႈလ်က္ တပ္မေတာ္အေနျဖင့္ ဧၿပီ ၂၃ ရက္မွ ၃၀ ရက္ အထိကာလကို ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလအျဖစ္ ထပ္မံ တိုးျမႇင့္လိုက္ေၾကာင္း ထုတ္ျပန္ထားသည္။
ထိုသို႔အပစ္အခတ္ရပ္စဲထားေသာ္လည္း ငလ်င္ဒဏ္ဆိုး႐ြာစြာ ခံစားခဲ့ရေသာ မင္းကြန္းေဒသအပါအဝင္ အခ်ိဳ႕ေဒသ မ်ား၌ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ႏွင့္ PDF အဖြဲ႕တို႔ က စတင္တိုက္ခိုက္မႈေၾကာင့္ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည္။
“အပစ္အခတ္ရပ္စဲေရးဆိုတာကေတာ့ ငလ်င္ျဖစ္ပြားၿပီးေနာက္ပိုင္း ပထမအႀကိမ္ကေတာ့ ၂ ရက္ကေန ၂၂ ရက္အထိေပါ့ေလ။ ရက္၂၀ ၾကာတယ္။ လကုန္တဲ့အထိေပါ့ေနာ္။ တစ္ပါတ္ေပါ့ဗ်ာ။ အပစ္အခတ္ ယာယီရပ္စဲတယ္ လို႔ပဲေျပာေျပာ၊ တစ္ဖက္သက္ရပ္တယ္လို႔ပဲေျပာေျပာ ဒါႀကိဳဆိုတယ္။ သို႔ေသာ္လည္းပဲ အဲဒီအတိုင္း ေလွ်ာ့နည္း သြားတယ္လို႔ေတာင္ ေျပာဖို႔ေတာင္မွ ေတာ္ေတာ္ေလးကိုအေျခအေနက ပစ္ခတ္တိုက္ခိုက္မႈေတြက ဆက္ျဖစ္ေန တယ္။ ကြၽန္ေတာ္တို႔အတြက္ကေတာ့ စိတ္မေကာင္းစရာေပါ့” ဟု ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ေျပာသည္။
လက္ရွိတြင္ ျပည္သူမ်ားအေနျဖင့္ စစ္ေဘးစစ္ဒဏ္ကို တိုက္႐ိုက္ေသာ္လည္းေကာင္း သြယ္ဝိုက္၍ေသာ္လည္း ေကာင္း ခံစားရေနသည့္အျပင္ ငလ်င္သဘာဝေဘးဒဏ္ကိုပါ ထပ္ဆင့္၍ဆိုး႐ြားစြာခံစားခဲ့ရသည့္အတြက္ စစ္ပြဲ မ်ားကို ေလ်ာ့ခ်မွသာ ျပည္သူျပည္သားမ်ားအတြက္ ၿငိမ္းခ်မ္းမႈတစ္ပိုင္းတစ္စကို ေဆာင္က်င္းေပးႏိုင္မည္ျဖစ္ ေၾကာင္းလည္း ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ေျပာသည္။
“စစ္ေဘးစစ္ဒဏ္ကိုေတာ့ ေလ်ာ့ခ်ႏိုင္ေအာင္ ဒါမွမဟုတ္ ပေပ်ာက္ႏိုင္ေအာင္ ႀကိဳးပမ္းမွသာလွ်င္ သဘာဝ ေဘးရင္ဆိုင္ေနရတဲ့ၾကားကေန ျပည္သူျပည္သားေတြအတြက္ ၿငိမ္းခ်မ္းမႈတစ္ပိုင္းတစ္စကိုေတာ့ ေဆာင္က်င္းေပး ႏိုင္မယ္လို႔ျမင္တယ္။ ႏိုင္ငံသားေတြအတြက္၊ ႏိုင္ငံေတာ္အတြက္၊ ျပည္ေထာင္စုအတြက္ဆိုတဲ့ ေရွးရႈမႈနဲ႔ သိတတ္ မယ္ဆိုရင္ စစ္ေဘးစစ္ဒဏ္ေၾကာင့္ အဖက္ဖက္ကနာေနၿပီျဖစ္တဲ့ ကြၽန္ေတာ္တို႔ရဲ႕ျပည္ေထာင္စုကို သဘာဝ ေဘးဒဏ္ေတြ ထပ္ဆင့္ ဆိုးဆိုး႐ြား႐ြားခံေနရတဲ့အခ်ိန္မွာ ရပ္ခ်င္လည္းရတယ္။ ဆက္သြားလည္းရတယ္ဆိုတဲ့ ဖန္တီးခဲ့တဲ့စစ္ပြဲေတြကိုေတာ့ ဒီအခ်ိန္မွာေလ ႏိုင္ငံေတာ္ရဲ႕မ်က္မွာကို ၾကည့္ရႈၿပီးေတာ့ ေလ်ာ့ခ်ႏိုင္ေအာင္ ႀကိဳးပမ္း ႏိုင္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ အားလုံးမဟုတ္သည့္တိုင္ေအာင္မွ တစ္စိတ္တစ္ပိုင္းသာယာႏိုင္မွာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဒီအေပၚမွာလည္း အားလုံးေလးေလးနက္နက္ ႀကိဳးစားသင့္တယ္လို႔ေတာ့ ထင္တယ္” ဟု ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ဆက္လက္ေျပာသည္။