ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်အတွက် အမေရိကန်နိုင်ငံ နှင့် စာချုပ်ချုပ်ရေး အဆင်သင့်ရှိနေဟု ရုရှားအစိုးရပြော

82

ဂျန်ဇက် (NP News) - ဧပြီ ၂၆
ရုရှားနိုင်ငံသည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်အတွက် အမေရိကန်နိုင်ငံနှင့် စာချုပ်ချုပ်ရေး အဆင်သင့်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရောဗ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်အတွက် ရုရှားနှင့် ယူကရိန်းနိုင်ငံကြားစေ့စပ်ဆွေးနွေးမှုများ တိုးတက်မှုများရှိနေပြီး မှန်ကန်သောလမ်းကြောင်းဘက်ကို ဦးတည်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာခဲ့ပြီးနောက် ရုရှား နှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်ရန် ကြားဝင်စေ့စပ်ခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် လက်ရှိအချိန်တွင် စစ်ပွဲအဆုံးသတ်ရန်အတွက် စာချုပ်လက်မှတ်ရေးထိုး ရန် ယူကရိန်းသမ္မတဇီလန်စကီးကိုဖိအားပေးနေကြောင်း သိရသည်။
အမေရိကန်သမ္မတသည် ယူကရိန်းကို စစ်ပွဲ အဆုံးသတ်ရန်အတွက် အသေးစိတ်အချက်များ ပါဝင်သော နောက်ဆုံးအဆိုပြုချက်ကို ပြီးခဲ့သောရက်ပိုင်းတွင် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ၏အထူးကိုယ်စားလှယ် စတီဗီဝစ်အော့ဖ်သည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနှင့်ပတ်သက်ပြီး ရုရှားသမ္မတပူတင်သည် လာမည့်ရက်ပိုင်းအတွင်းတွေ့ဆုံဆွေးနွေးဖွယ်ရှိနေသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက " အမေရိကန်သမ္မတကိုယ်တိုင်က ရုရှားဟာ စစ်ပွဲအဆုံးသတ်ရေးစာချုပ်ချုပ်ဆိုဖို့ အဆင့်သင့်ရှိနေတယ်လို့ ယုံကြည်ထားတယ်။ ကျွန်တော်တို့ဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် စာချုပ်ချုပ်ဖို့ လမ်းကြောင်းမှန်အပေါ်မှာ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်အောင် စာချုပ်ချုပ်တို့ အဆင်သင့်ရှိနေပါ တယ်။ ဒါပေမယ့် စာချုပ်နဲ့ပတ်သက်ပြီး တိကျတဲ့အချက်လက်တွေနဲ့ ပြင်ဆင်စရာတော့အနည်းငယ်ရှိသေးတယ်။ ရုရှားအစိုးရဟာ စာချုပ်ရေးနဲ့ပတ်သက်ပြီး အလုပ်ရှုပ်နေတယ်" ဟု ပြောသည်။
ထို့ပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သမ္မတ အဆိုပြုခဲ့သော ငြိမ်းချမ်းရေးစာချုပ်ပါအချက်အလက် များကို အပြင်သို့မပေါက်ကြားရန် တားမြစ်ချက်များရှိနေသည့်အတွက် လက်ရှိအချိန်တွင် အပြင်သို့ ထုတ်ဖော် ပြောဆိုရန် မသင့်တော်ကြောင်း ပြောသည်။ အမေရိကန်သမ္မတက ယူကရိန်းသမ္မတဇီလန်စကီးသည် စာချုပ်ချုပ် ရေးကို ထိခိုက်စေရန်လုပ်ဆောင်နေကြောင်း၊ ၎င်း၏ နိုင်ငံပိုင်နက်တစ်ခုလုံး ဆုံးရှံးနစ်နာမည့်အခြေအနေများ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သတိပေးထားသည်။
ဇီလန်စကီးက ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ်ပြုရေးနှင့်ပတ်သက်ပြီး တောင်းဆိုမှုများ ကို လက်ခံဆွေးနွေးမည်မဟုတ်ကြောင်း ပြောဆိုထားရာ အဆိုပါအချက်က ငြိမ်းချမ်းရေးအဆိုပြုချက် စာချုပ်ထဲတွင် ပါဝင်နေသောအချက်ဖြစ်ဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ယူကရိန္းစစ္ပြဲအဆုံးသတ္ရန္အတြက္ အေမရိကန္ႏိုင္ငံ ႏွင့္ စာခ်ဳပ္ခ်ဳပ္ေရး အဆင္သင့္ရွိေနဟု ႐ုရွားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၆
႐ုရွားႏိုင္ငံသည္ ယူကရိန္းစစ္ပြဲအဆုံးသတ္ရန္အတြက္ အေမရိကန္ႏိုင္ငံႏွင့္ စာခ်ဳပ္ခ်ဳပ္ေရး အဆင္သင့္ရွိေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာဗ့္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ယူကရိန္းစစ္ပြဲအဆုံးသတ္ရန္အတြက္ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားေစ့စပ္ေဆြးေႏြးမႈမ်ား တိုးတက္မႈမ်ားရွိေနၿပီး မွန္ကန္ေသာလမ္းေၾကာင္းဘက္ကို ဦးတည္ေနေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္သမၼတျဖစ္လာခဲ့ၿပီးေနာက္ ႐ုရွား ႏွင့္ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနေသာ စစ္ပြဲအဆုံးသတ္ရန္ ၾကားဝင္ေစ့စပ္ခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ လက္ရွိအခ်ိန္တြင္ စစ္ပြဲအဆုံးသတ္ရန္အတြက္ စာခ်ဳပ္လက္မွတ္ေရးထိုး ရန္ ယူကရိန္းသမၼတဇီလန္စကီးကိုဖိအားေပးေနေၾကာင္း သိရသည္။
အေမရိကန္သမၼတသည္ ယူကရိန္းကို စစ္ပြဲ အဆုံးသတ္ရန္အတြက္ အေသးစိတ္အခ်က္မ်ား ပါဝင္ေသာ ေနာက္ဆုံးအဆိုျပဳခ်က္ကို ၿပီးခဲ့ေသာရက္ပိုင္းတြင္ ကမ္းလွမ္းခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတ၏အထူးကိုယ္စားလွယ္ စတီဗီဝစ္ေအာ့ဖ္သည္ ယူကရိန္းစစ္ပြဲအဆုံးသတ္ေရးႏွင့္ပတ္သက္ၿပီး ႐ုရွားသမၼတပူတင္သည္ လာမည့္ရက္ပိုင္းအတြင္းေတြ႕ဆုံေဆြးေႏြးဖြယ္ရွိေနသည္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက " အေမရိကန္သမၼတကိုယ္တိုင္က ႐ုရွားဟာ စစ္ပြဲအဆုံးသတ္ေရးစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ အဆင့္သင့္ရွိေနတယ္လို႔ ယုံၾကည္ထားတယ္။ ကြၽန္ေတာ္တို႔ဟာ စစ္ပြဲအဆုံးသတ္ေရးအတြက္ စာခ်ဳပ္ခ်ဳပ္ဖို႔ လမ္းေၾကာင္းမွန္အေပၚမွာ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ဟာ ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲအဆုံးသတ္ေအာင္ စာခ်ဳပ္ခ်ဳပ္တို႔ အဆင္သင့္ရွိေနပါ တယ္။ ဒါေပမယ့္ စာခ်ဳပ္နဲ႔ပတ္သက္ၿပီး တိက်တဲ့အခ်က္လက္ေတြနဲ႔ ျပင္ဆင္စရာေတာ့အနည္းငယ္ရွိေသးတယ္။ ႐ုရွားအစိုးရဟာ စာခ်ဳပ္ေရးနဲ႔ပတ္သက္ၿပီး အလုပ္ရႈပ္ေနတယ္" ဟု ေျပာသည္။
ထို႔ျပင္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက အေမရိကန္သမၼတ အဆိုျပဳခဲ့ေသာ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ပါအခ်က္အလက္ မ်ားကို အျပင္သို႔မေပါက္ၾကားရန္ တားျမစ္ခ်က္မ်ားရွိေနသည့္အတြက္ လက္ရွိအခ်ိန္တြင္ အျပင္သို႔ ထုတ္ေဖာ္ ေျပာဆိုရန္ မသင့္ေတာ္ေၾကာင္း ေျပာသည္။ အေမရိကန္သမၼတက ယူကရိန္းသမၼတဇီလန္စကီးသည္ စာခ်ဳပ္ခ်ဳပ္ ေရးကို ထိခိုက္ေစရန္လုပ္ေဆာင္ေနေၾကာင္း၊ ၎၏ ႏိုင္ငံပိုင္နက္တစ္ခုလုံး ဆုံးရွံးနစ္နာမည့္အေျခအေနမ်ား ရင္ဆိုင္ရဖြယ္ရွိေနေၾကာင္း သတိေပးထားသည္။
ဇီလန္စကီးက ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ႐ုရွားပိုင္နက္အျဖစ္ အသိအမွတ္ျပဳေရးႏွင့္ပတ္သက္ၿပီး ေတာင္းဆိုမႈမ်ား ကို လက္ခံေဆြးေႏြးမည္မဟုတ္ေၾကာင္း ေျပာဆိုထားရာ အဆိုပါအခ်က္က ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ စာခ်ဳပ္ထဲတြင္ ပါဝင္ေနေသာအခ်က္ျဖစ္ဖြယ္ရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။