တစ်ကိုယ်တော်အယ်လ်ဘမ်အသစ်ထွက်ရှိလာတော့မည့် BTS အဖွဲ့ဝင် ဂျင်

 100

Pika (NP News) - ဧပြီ ၂၆

တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်၏ တစ်ကိုယ်တော် အယ်လ်ဘမ်အသစ် Echo သည် လာမည့်လတွင် တရားဝင်ထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။ ဂျင်၏ ပွဲဦးထွက်မီနီအယ်လ်ဘမ်ဖြစ်သော Happy ထွက်ရှိလာပြီးနောက် အချိန်တစ်နှစ်ခွဲအကြာတွင် ယခုလို တစ်ကိုယ်တော်အယ်လ်ဘမ်အသစ် ထွက်ရှိလာမည့်အကြောင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျင်၏ အေဂျင်စီ BigHit Music က “ဂျင်ဟာ သူ့ပရိသတ်တွေကို မကြာခဏတွေ့မြင်လိုတာကြောင့် တစ်ကိုယ်တော် အယ်လ်ဘမ်အသစ်ကို အမြန်ဆုံးထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု သတင်းထုတ်ပြန်ခဲ့သည်။ နောက်ထပ်ထုတ်ပြန်ချက်တစ်ခုတွင် “ဂီတကနေတစ်ဆင့် ပရိသတ်တွေနဲ့ ပိုမိုနက်ရှိုင်းတဲ့ချိတ်ဆက်မှုတွေလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ အယ်လ်ဘမ်အသစ် Echo ဟာ ဂျင်ရဲ့နွေးထွေးမှုတွေ၊ရိုးသားမှုတွေကိုပြသနိုင်စေမယ့် အယ်လ်ဘမ်တစ်ခုပဲဖြစ်ပါတယ်။
ဒိုင်နမစ်အသံတွေအပေါ်အခြေခံပြီး တည်ဆောက်ထားတဲ့ အယ်လ်ဘမ်အသစ် Echo ဟာ ဂျင်ရဲ့စိတ်ခံစားချက်များစွာနဲ့ စတိုင်တွေကို ပြသထားတာပဲဖြစ်ပါတယ်။ ပြီးတော့ အဲဒီအယ်လ်ဘမ်ဟာ ဂျင်ရဲ့နက်နဲတဲ့ခံစားချက်တွေ၊ စတိုင်တွေအောက်မှာရှိတဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့အလွှာတွေကို ထင်ဟပ်စေမှာပါ” ဟု ရေးသားဖော်ပြထားသည်။
ထို့ပြင် ဂျင်၏အယ်လ်ဘမ်အသစ် Echo နှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို ထွက်ရှိခါ နီးမည့်အချိန်တွင် ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီကပြောကြားခဲ့သည်။

Zawgyi Version:
တစ္ကိုယ္ေတာ္အယ္လ္ဘမ္အသစ္ထြက္ရွိလာေတာ့မည့္ BTS အဖြဲ႕ဝင္ ဂ်င္
Pika (NP News) - ဧၿပီ ၂၆

ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်င္၏ တစ္ကိုယ္ေတာ္ အယ္လ္ဘမ္အသစ္ Echo သည္ လာမည့္လတြင္ တရားဝင္ထြက္ရွိလာေတာ့မည္ျဖစ္ေၾကာင္း သိရသည္။ ဂ်င္၏ ပြဲဦးထြက္မီနီအယ္လ္ဘမ္ျဖစ္ေသာ Happy ထြက္ရွိလာၿပီးေနာက္ အခ်ိန္တစ္ႏွစ္ခြဲအၾကာတြင္ ယခုလို တစ္ကိုယ္ေတာ္အယ္လ္ဘမ္အသစ္ ထြက္ရွိလာမည့္အေၾကာင္းကို ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဂ်င္၏ ေအဂ်င္စီ BigHit Music က “ဂ်င္ဟာ သူ႔ပရိသတ္ေတြကို မၾကာခဏေတြ႕ျမင္လိုတာေၾကာင့္ တစ္ကိုယ္ေတာ္ အယ္လ္ဘမ္အသစ္ကို အျမန္ဆုံးထုတ္ဖို႔ ဆုံးျဖတ္ခဲ့တာပါ” ဟု သတင္းထုတ္ျပန္ခဲ့သည္။ ေနာက္ထပ္ထုတ္ျပန္ခ်က္တစ္ခုတြင္ “ဂီတကေနတစ္ဆင့္ ပရိသတ္ေတြနဲ႔ ပိုမိုနက္ရႈိင္းတဲ့ခ်ိတ္ဆက္မႈေတြလုပ္ေဆာင္ႏိုင္ဖို႔ ရည္႐ြယ္ထားတဲ့ အယ္လ္ဘမ္အသစ္ Echo ဟာ ဂ်င္ရဲ႕ေႏြးေထြးမႈေတြ၊႐ိုးသားမႈေတြကိုျပသႏိုင္ေစမယ့္ အယ္လ္ဘမ္တစ္ခုပဲျဖစ္ပါတယ္။
ဒိုင္နမစ္အသံေတြအေပၚအေျခခံၿပီး တည္ေဆာက္ထားတဲ့ အယ္လ္ဘမ္အသစ္ Echo ဟာ ဂ်င္ရဲ႕စိတ္ခံစားခ်က္မ်ားစြာနဲ႔ စတိုင္ေတြကို ျပသထားတာပဲျဖစ္ပါတယ္။ ၿပီးေတာ့ အဲဒီအယ္လ္ဘမ္ဟာ ဂ်င္ရဲ႕နက္နဲတဲ့ခံစားခ်က္ေတြ၊ စတိုင္ေတြေအာက္မွာရွိတဲ့ ပုဂၢိဳလ္ေရးဆန္တဲ့အလႊာေတြကို ထင္ဟပ္ေစမွာပါ” ဟု ေရးသားေဖာ္ျပထားသည္။
ထို႔ျပင္ ဂ်င္၏အယ္လ္ဘမ္အသစ္ Echo ႏွင့္ပတ္သက္ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကို ထြက္ရွိခါ နီးမည့္အခ်ိန္တြင္ ထပ္မံေၾကညာသြားမည္ျဖစ္ေၾကာင္း ၎၏ ေအဂ်င္စီကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.