ဘုတလင်တွင် လက်နက်ကိုင်ကာ ရွှေမျောလုပ်နေသော NLD အမတ်ဟောင်းနှင့် ပသုံးလုံးများကို ဒေသခံများ ပြင်းထန်စွာကန့်ကွက်

828

သန့်ဇင် (NP News) ဧပြီ-၂၆
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့ နယ်အတွင်း လက်နက်ကိုင်ကာ ရွှေမျောလုပ်ကွက်လုပ် နေသော NLD အမတ်ဟောင်းနှင့် ပသုံးလုံးများကို ဒေသခံများ ပြင်းထန်စွာကန့်ကွက်ခဲ့ကြောင်း သိရ သည်။
ကန့်ကွက်ဆန္ဒပြခြင်းကို ပြီးခဲ့သည့် ဧပြီလ (၂၄)ရက် ညနေပိုင်းက ဘုတလင်မြို့နယ် လေးမြေရွာတွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ယင်းကျေးရွာသူ၊ ကျေးရွာသားများစွာပါဝင်သော အင်အား(၂၀ဝ)ခန့်ရှိ လူအုပ်ကြီးက ဆိုင်းဘုတ်များကိုင် ဆောင်ဆန္ဒပြကန့် ကွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ချင်းတွင်းမြစ်အတွင်း၌ ရွှေမျောလုပ်ကိုင်နေကြသူများအတွင်း NUG လက်အောက်ခံ ပကဖ၊ ပလဖနှင့် ပအဖ အဖွဲ့တို့နှင့် NLD ၏ ပြည်သူ့ လွှတ်တော်အမတ်ဟောင်း မြင့်ဟန်ထွန်းဆိုသူတို့က ပါဝင်ပတ်သက်နေကြောင်း သိရသည်။
လက်နက်ကိုင်ဆောင်ထားသော NLD အမတ်ဟောင်းဖြစ်သည့် ဦးမြင့်ဟန်ထွန်းသည် ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့များအတွင်း ဆွေမျိုးသား ချင်းများထည့်ထားကာ ယင်းရွှေမျောစီမံကိန်းများကို ဦးစီးလုပ်ကိုင်သည့်အတွက်ကြောင့် လည်း ဒေသခံ များ၏ တင်းမာခြင်းခံနေရသူဖြစ်ကြောင်း သိရသည်။
သို့သော် စီမံကိန်းများနှင့်ပတ်သက်၍ လည်း မည်သည့်အဖွဲ့အစည်းမှ တားမြစ်အရေးယူ ခြင်းမရှိသောကြောင့် ဒေသခံများစွာ စုရုံးဆန္ဒပြ ရခြင်းဖြစ်ကြောင်းသိရသည်။
ကန့်ကွက်ဆန္ဒထုတ်ဖော်ရာတွင် ဒေသခံပြည်သူများက ‘နိုင်ငံရေးအကြောင်းပြ စီးပွား ရှာသူများ အလိုမရှိ’၊ ‘ဘုတလင်မြို့နယ် ပ.က.ဖ အလိုမရှိ- ပလဖ အလိုမရှိ’၊ ‘ဘုတလင်မြို့နယ် လေးမြေရွာ ရွှေမျောစီမံကိန်း အလိုမရှိ}၊ မြို့နယ် ကာကွယ်ရေး(ပ.က.ဖ) ဂျိုးပေါက် အလိုမရှိ’ ၊ ‘မြို့နယ် လုံခြုံရေး(ပ.လ.ဖ) ကောင်းမြတ်ထွန်း(ခ)ကောင်း ကောင်း အလိုမရှိ’စသော ဆိုင်းဘုတ်များကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဘုတလင္တြင္ လက္နက္ကိုင္ကာ ေ႐ႊေမ်ာလုပ္ေနေသာ NLD အမတ္ေဟာင္းႏွင့္ ပသုံးလုံးမ်ားကို ေဒသခံမ်ား ျပင္းထန္စြာကန႔္ကြက္
သန႔္ဇင္ (NP News) ဧၿပီ-၂၆
စစ္ကိုင္းတိုင္းေဒသႀကီး ဘုတလင္ၿမိဳ႕ နယ္အတြင္း လက္နက္ကိုင္ကာ ေ႐ႊေမ်ာလုပ္ကြက္လုပ္ ေနေသာ NLD အမတ္ေဟာင္းႏွင့္ ပသုံးလုံးမ်ားကို ေဒသခံမ်ား ျပင္းထန္စြာကန႔္ကြက္ခဲ့ေၾကာင္း သိရ သည္။
ကန႔္ကြက္ဆႏၵျပျခင္းကို ၿပီးခဲ့သည့္ ဧၿပီလ (၂၄)ရက္ ညေနပိုင္းက ဘုတလင္ၿမိဳ႕နယ္ ေလးေျမ႐ြာတြင္ ျပဳလုပ္ခဲ့ ျခင္းျဖစ္ၿပီး ယင္းေက်း႐ြာသူ၊ ေက်း႐ြာသားမ်ားစြာပါဝင္ေသာ အင္အား(၂၀ဝ)ခန႔္ရွိ လူအုပ္ႀကီးက ဆိုင္းဘုတ္မ်ားကိုင္ ေဆာင္ဆႏၵျပကန႔္ ကြက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ခ်င္းတြင္းျမစ္အတြင္း၌ ေ႐ႊေမ်ာလုပ္ကိုင္ေနၾကသူမ်ားအတြင္း NUG လက္ေအာက္ခံ ပကဖ၊ ပလဖႏွင့္ ပအဖ အဖြဲ႕တို႔ႏွင့္ NLD ၏ ျပည္သူ႔ လႊတ္ေတာ္အမတ္ေဟာင္း ျမင့္ဟန္ထြန္းဆိုသူတို႔က ပါဝင္ပတ္သက္ေနေၾကာင္း သိရသည္။
လက္နက္ကိုင္ေဆာင္ထားေသာ NLD အမတ္ေဟာင္းျဖစ္သည့္ ဦးျမင့္ဟန္ထြန္းသည္ ပကဖ၊ ပအဖ၊ ပလဖ အဖြဲ႕မ်ားအတြင္း ေဆြမ်ိဳးသား ခ်င္းမ်ားထည့္ထားကာ ယင္းေ႐ႊေမ်ာစီမံကိန္းမ်ားကို ဦးစီးလုပ္ကိုင္သည့္အတြက္ေၾကာင့္ လည္း ေဒသခံ မ်ား၏ တင္းမာျခင္းခံေနရသူျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ စီမံကိန္းမ်ားႏွင့္ပတ္သက္၍ လည္း မည္သည့္အဖြဲ႕အစည္းမွ တားျမစ္အေရးယူ ျခင္းမရွိေသာေၾကာင့္ ေဒသခံမ်ားစြာ စု႐ုံးဆႏၵျပ ရျခင္းျဖစ္ေၾကာင္းသိရသည္။
ကန႔္ကြက္ဆႏၵထုတ္ေဖာ္ရာတြင္ ေဒသခံျပည္သူမ်ားက ‘ႏိုင္ငံေရးအေၾကာင္းျပ စီးပြား ရွာသူမ်ား အလိုမရွိ’၊ ‘ဘုတလင္ၿမိဳ႕နယ္ ပ.က.ဖ အလိုမရွိ- ပလဖ အလိုမရွိ’၊ ‘ဘုတလင္ၿမိဳ႕နယ္ ေလးေျမ႐ြာ ေ႐ႊေမ်ာစီမံကိန္း အလိုမရွိ}၊ ၿမိဳ႕နယ္ ကာကြယ္ေရး(ပ.က.ဖ) ဂ်ိဳးေပါက္ အလိုမရွိ’ ၊ ‘ၿမိဳ႕နယ္ လုံၿခဳံေရး(ပ.လ.ဖ) ေကာင္းျမတ္ထြန္း(ခ)ေကာင္း ေကာင္း အလိုမရွိ’စေသာ ဆိုင္းဘုတ္မ်ားကိုင္ေဆာင္ ဆႏၵထုတ္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။