တစ်ကျော့ပြန် G-12 စာမေးပွဲဂယက် မိဘ၊ ဆရာ နှင့် နိုင်ငံရေးပါတီတို့၏ စကားသံများ

 370

သန့်ဇင် (NP News) – ဧပြီ ၂၇
မတ်လ (၂၈)ရက်က အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေး တက္ကသိုလ် တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် နေ ပြည်တော်တို့မှ စာမေးပွဲအဖြေလွှာများ ပျက်စီး ဆုံးရှုံးခဲ့သဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇွန်လ (၁၆) ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဧပြီလ (၂၁)ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ထိုသို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် လူအများအကြား ဝေဖန်မှုများစွာနှင့် ထောက်ခံ မှုများလည်းထွက်ပေါ်လာခဲ့သည်။ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းမှုအပေါ် စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်ကလည်း ကန့်ကွက်ခဲ့ပြီး ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့ရသော Grade-12 အဖြေလွှာများကို အအောင်ပေးသင့်ကြောင်း ပြည် သူ့ရှေ့ဆောင်ပါတီ (PPP) ကလည်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့သော ကျောင်းသား၊ ကျောင်းသူ(၆၂၉၅၄)ဦးနှင့် ပျမ်းမျှမိဘ (၂)သိန်းခန့်၏ စိတ်ခံစားချက်များကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ အဆိုပါ အခြေအနေ များနှင့် ပတ်သက်၍ တက္ကသိုလ်ပညာရေး၊ အခြေခံပညာရေး မှ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ၏ စကားသံများကို NP News မှ စုစည်း ကောက်နုတ် ဖော်ပြအပ်ပါသည်။

ဗန်းမော်မြို့နယ်မှ ကျောင်းဆရာမတစ်ဦး
ကျွန်မက ဗန်းမော်မြို့နဲ့(၅)မိုင်ကွာတဲ့ရွာမှာ တာဝန်ကျပါတယ်။ ပြီးခဲ့တဲ့ ကျောင်းဖွင့်တဲ့ရာသီကတည်းက ကျွန်မတို့ရွာက တိုက်ပွဲတွေအရမ်းဖြစ်လို့ ကျွန်မတို့က သွားလို့မရလို့ ဗန်းမော်မြို့ပေါ်ကို လာရပါတယ်ရှင်။ ဗန်းမော်မြို့ပေါ်မှာ ကျွန်မတို့ကလေးတွေ G-12 စာမေးပွဲဖြေခါနီးအထိ (၁၂)လပိုင်း (၄) ရက်မှာ တိုက်ပွဲဖြစ်လိုက်တဲ့ အခါကျတော့ ကလေးတွေက နီးစပ်ရာရွှေကူတို့၊ မြစ်ကြီးနားတို့ မန္တလေး တို့ကို လာရှောင်ရပါတယ်။ အဲဒီမှာ မန္တလေးမှာလာရှောင်တဲ့ကလေးတွေဆိုရင် ငလျင်ကြောင့် သေတဲ့ကလေးတွေလည်း သေကုန် ပါပြီ။ စာမေးပွဲဖြေပြီးပြီဆိုတော့ ဒီကလေးလေးတွေက မြို့ပေါ်မှာ နေလို့မရတဲ့အတွက် ကိုယ့်ရွာကို ပြန်ကြရတယ်။ အဲဒီမှာ ဒီစာမေးပွဲကို ပြန်ဖြေမယ်ဆိုတော့ ကျွန်မတို့နဲ့ အနီးစပ်ဆုံး ဗန်းမော်မြို့နဲ့ ရွှေကူမြို့ကိုလာ ဖြေရမယ်ဆိုရင် ဗန်းမော်နဲ့ရွှေကူဘက်မှာ KIA က လူ အရမ်း ဆွဲပါတယ်။ ဆွဲတဲ့အခါကျတော့ ကျွန်မတို့ ကလေးတွေက အရမ်းဆွဲကောင်းတဲ့ အရွယ်လေးဖြစ်တယ် လေ။ ကျွန်မတို့က ဘယ်လိုလုပ်ရမှာလဲ။ မိဘတွေကိုယ်စား ကလေးတွေကိုယ်စား ဘယ်လိုလုပ် ပေးရမှာ လဲ မသိဘူးရှင်။ ကျွန်မတို့အရမ်းဝမ်းနည်းတယ်။ နိုင်ငံတော်ကဖြေခိုင်းလို့ကျွန်မတို့ကဖြေပါပြီတဲ့။ ဒါပေမဲ့ ကျွန်မတို့ကလေးတွေက အသက်စွန့်ပြီး သွားရမှာလေ။ အဲဒီတော့ ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ။ နိုင်ငံ တော်ကဖြေခိုင်းလို့ ကျွန်မတို့ကနိုင်ငံတော်ကိုလေးစားလို့ ပြန်ဖြေပါပြီဆိုရင် ကျွန်မတို့ ကလေးတွေ လမ်း မှာ အသက်ခံရမှာ အဆွဲခံရမှာလေ။ အခုကျွန်မက ရန်ကုန်မှာပြောင်းရွှေ့နေရတာပါ။ ကျွန်မတို့ ဗန်းမော် ကနေ ရန်ကုန်လာတုန်းက လမ်းမှာကျွန်မတို့စီးလာတဲ့ကားကနေ ဝန်ထမ်းဆိုရင် ကားပေါ်ကနေ ဆွဲချပြီး PDF တွေကသတ်ခဲ့တာ။ ကျွန်မတို့မျက်စိရှေ့မှာတင်မြင်ခဲ့ရတယ်။ ကျွန်မတို့က ခက်ခက်ခဲခဲနဲ့ရှင်သန်ဖို့ လာခဲ့ရတာ။ PDF တွေက လမ်းမှာ ဝန်ထမ်းဆိုရင်သတ်တာ။ ကျွန်မတို့ ဗန်းမော်မြို့က အမှောင်ချခံထား ရတာ။ ကျွန်မတို့က အဲဒီမှာ (၁၀)နှစ်ကျော်တာဝန်ကျခဲ့တဲ့အတွက် စာတော်တဲ့ကလေးတွေလည်းအများ ကြီးရှိတာသိတယ်။ ကျွန်မတို့က ရွာပေါ်က ကလေးတွေနဲ့ မြို့ပေါ်ကလေးတွေလည်း အများကြီးရှိတော့ သူတို့လေးတွေအတွက် ဘာမှလုပ်မပေးနိုင်တာကို အရမ်းဝမ်းနည်းတာ။ အခုက ကျွန်မတို့ငွေအားနဲ့လုပ် ပေးနိုင်တယ်ဆိုရင်တောင် အရမ်းအခက်အခဲရှိတယ်။ ကလေးတွေကတော့ ဖြေရမယ်ဆိုရင်တော့ ဖြေမှာ ပေါ့လေ။ ဒါပေမဲ့ သွားရမယ့်လမ်းခရီးက အရမ်းဆွဲတာ။ KIA က မိန်းကလေးရော ယောကျာ်းလေးရော ဆွဲတာ။ အနီးဆုံးဗန်းမော်မြို့ကိုသွားဖြေရမယ်ဆိုရင်တောင် လမ်းကြောကမလွယ်ဘူး။ ရွှေကူမြို့ကိုသွား ဖြေရမယ်ဆိုရင်လည်း လမ်းကြောကမလွယ်ဘူး။ ပညာရေးဝန် ကြီးဌာနနဲ့ နိုင်ငံတော်က ဖြေရမယ်ဆို ရင်တော့ ရှင်သန်ဖို့လမ်းကြောင်းရှာပြီး ဖြေရမယ်ပေါ့နော်။ ဒါပေမဲ့ လမ်းကြောင်းက အရမ်းအခက်အခဲရှိ တယ်။

ဦးလှိုင်တင့် (တက္ကသိုလ်ကထိကတစ်ဦး)
Grade-12 တွေ ပြန်ဖြေဖို့အတွက် ဝန်ကြီးဌာနက တရားဝင်စာထွက်လာပြီပေါ့။ ဒီအပေါ်မှာ ဝေဖန်မှုတွေကတော့ အများကြီးရှိနေတာပေါ့။ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့် မဖြစ်တဲ့ပြဿနာ။ များသောအားဖြင့်ကတော့ အလွယ်ပြောရင် အအောင်ပေးလိုက်ဖို့ကိစ္စကလည်း အဘက်ဘက်က စဉ်းစားရမယ့်ကိစ္စဖြစ်နေတာတော့ နားလည်တယ်။ သို့ပေမယ့် အခုလိုဖြေဆိုပြီးသား အဖြေလွှာတွေ ပျက်စီးသွားတာက နိုင်ငံတော်ဘက်က တာဝန်ရှိသွားပြီ။ သက်ဆိုင်ရာဝန်ကြီးဌာနဘက် က တာဝန်ရှိသွားတာပေါ့နော်။ ကလေးတွေဘက်က သူတို့ဖြေပြီးသွားပြီ။ ဖြေပြီးသွားတဲ့အတွက်ကြောင့် သူတို့ရဲ့တာဝန်ကတော့ပြီးသွားပြီပေါ့။ အဲဒီလိုအခြေနေမျိုးရှိတဲ့အချိန်မှာ အခုလိုဒီအရာကို ပြန်ဖြေရမယ် ဆိုတာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်စိတ်တော့ မကောင်းပါဘူး။ ဒါကိုမဖြစ်သင့်ဘူးလို့မြင်တယ်။ သို့သော်ဝန်ကြီးဌာနဘက်ကတော့ ဒါကိုလိုအပ်လို့ လုပ်ဆောင်ရတာလို့တော့ မြင်ပါတယ်။ ဒီလိုမျိုးအ ဖြေလွှာတွေပျက်စီးသွားတဲ့အပေါ်မှာ ဝန်ကြီးဌာန ဘက်က တာဝန်ယူမှုတစ်ခုရှိစေချင်ပါတယ်။ ကလေး တွေဘက်ကတော့ ပြန်ဖြေရမယ်ဆိုရင် ဖြေရမှာပေါ့။ သို့သော်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ အဆင် ပြေပါ့မလားဆိုတာ စိုးရိမ်မိတယ်။ တခြားနည်းလမ်း ရှိနိုင်ပါသေးတယ်။ ဒီစာမေးပွဲက အမှတ်နဲ့ဖြတ်တာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာတက္ကသိုလ်တွေမှာ တက္ကသိုလ်ဝင်ခွင့်ဖြေခိုင်းတာရှိပါတယ်။ အဲဒီနည်းလမ်း နဲ့လည်း ရနိုင်ပါသေးတယ်ပေါ့။ သို့သော်လည်းပဲ ဝန်ကြီးဌာနအနေနဲ့က လိုအပ်လို့ပြန်ဖြေခိုင်းတာလို့ တော့နားလည်ပါတယ်။ ဒါပေမဲ့ မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ကပြောချင်ပါတယ်။ ကျွန်တော်တို့ ကျောင်းသူ၊ကျောင်းသားတွေကို အသက်သာဆုံးနည်းလမ်းနဲ့ စဉ်းစားပေးနိုင်မယ်ဆိုလို့ရှိရင် ဘာပဲဖြစ်ဖြစ် ကလေးတွေက ဝန်ကြီးဌာနကိုရော သက်ဆိုင်ရာတာဝန်ရှိသူတွေကို‌ရော နိုင်ငံတော်ကို ပိုပြီးကျေးဇူးတင် မှာ။ သူတို့တင်ပဲလားဆိုတော့ မဟုတ်ဘူး။ မိဘတွေ ရော ငလျင်ဒဏ်သင့်ဒေသမှာရှိတဲ့ လူမှုအသိုင်း အဝိုင်း အားလုံးက ဒီဝန်ကြီးဌာနနဲ့ နိုင်ငံတော်ကို ပိုပြီးကျေးဇူးတင်မှာပါ။ အဲဒါတွေကတော့ ဖြစ်မလာ တော့ဘူးပေါ့ နော်။ အဲဒီအတွက်လည်း စိတ်မကောင်းပါဘူး။ အခုဆိုရင် ငလျင်ဒဏ်သင့်ဒေသတွေမှာရှိတဲ့ လူတွေဆိုရင် သူတို့ရဲ့ဆွေမျိုးသားချင်းတွေရှိတဲ့နေရာတွေကို သွားကြရတယ်ပေါ့။ မန္တလေးမှာနေတဲ့ သူတွေနဲ့ စစ်ကိုင်း၊ နေပြည်တော်မှာနေတဲ့သူတွေက ကိစ္စမရှိဘူးပေါ့။ သို့သော် သူတို့မှာ စာအုပ်စာတမ်း တွေမှ အဆင်သင့်ရှိရဲ့လား။ အခုထိတော့ အဆင်သင့်မဖြစ်သေးဘူးပေါ့လေ။ တချို့ကလည်း မန္တလေးမှာ လာဖြေတယ်။ စစ်ကိုင်းမှာလာဖြေတယ်။ အနီးစပ်ဆုံးကျေးရွာတွေကနေလာဖြေကြတာပေါ့။ စစ်ပွဲတွေ ပဋိပက္ခဖြစ်နေတဲ့နေရာတွေကို ရှောင်ပြီးတော့မှ စာမေးပွဲကိုဖြေချင်လို့ တည်ငြိမ်အေးချမ်းတယ်လို့ ထင် တဲ့နေရာတွေမှာ လာဖြေကြတာ။ ဖြေပြီးရင်သူတို့ကပြန်မှာပဲ။ အဲဒီမှာ ဖြေပြီးမှ တစ်ခါထပ်ပြန်လာပြီး ဖြေရမယ်ဆိုတော့ သူတို့လာဖြေဖို့အတွက် သူတို့ရဲ့အန္တရာယ်ကင်းပါ့ မလားပေါ့။ စရိတ်နဲ့ အခြားသော လူမှုရေးသက်ရောက် မှုတွေရှိလာပြီ။ ဒါကိုလည်း အတတ်နိုင်ဆုံးထည့် သွင်းစဉ်းစားစေလိုတယ်။ အဲဒီလိုလာဖြေတဲ့အခါမှာလည်း သူတို့အတွက် အန္တရာယ်မကင်းတာမျိုး အခြား သော လူမှုရေးဆိုင်ရာ နောက်ဆက်တွဲကိစ္စတွေမှာ ဖြစ်လာခဲ့ရင် ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုတာဝန်ခံ ပေးနိုင်မလဲပေါ့။ ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ကို ကျွန် တော်တို့မကန့်ကွက်ပါဘူး။ ကန့်ကွက်လို့လည်း မရဘူး။ သူတို့ ကလည်း အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ အစီစဉ်တစ်ခုကို လုပ်တာပေါ့နော်။ လိုအပ်လို့လုပ်ရတယ်လို့ ကျွန်တော်တို့နားလည်ပါတယ်။ သို့သော် တစ်ဖက်မှာတော့ တကယ်ကျောင်းသူ/ကျောင်းသား တွေနဲ့ ကျောင်းသားမိဘတွေ လူမှုအသိုင်းအဝိုင်းရဲ့ အခက်အခဲကိုလည်းပဲ နားထောင်ပြီးတော့ လုပ်စေချင်တာ ပေါ့။ အဲဒီလို ပြန်လာဖြေရပြီဆိုရင် အဲဒီလို လူမှုရေးသက်ရောက်မှုတွေ ဖြစ်လာမယ့်အပေါ်မှာ ကော ဘယ်လိုများ စီစဉ်ပေးနိုင်မှာလည်း ဒီလိုမျိုးမေး ခွန်းထုတ်စရာတွေလည်းအများကြီးရှိနေပါတယ်။

မန္တလေးမှ Grade-12 ကျောင်းသားမိဘ
ကျွန်တော်တို့မိဘတွေအနေနဲ့ရော ကလေးတွေအနေနဲ့ရောက စာမေးပွဲပြန်လည် ဖြေဆိုရမယ့် ဆိုတဲ့အတွက်က ခက်ခဲတာပေါ့ဗျာ။ အစစအရာရာနဲ့ ကလေးကလည်းစိတ်ဒဏ်ရာရထားတာပေါ့လေ။ ကျွန်တော်တို့အတွက်က ငလျင်ဒဏ်လည်း ခံထားရတာ။ စစ်ဘေးသင့်တဲ့ကြားထဲက ဒီဘက်ကို ပြောင်း သွားခဲ့ရတဲ့ကြားထဲကမှ ကလေးတွေကလည်း စာမေးပွဲဖြေပြီးတဲ့အခါမှာ သူတို့အတွက်လည်း နောက် တစ်ကြိမ်ပြန်ပြီးတော့ စာတွေပြန်ကျက် မှတ်ရမယ်။ စာတွေပြန်လေ့လာရမယ်။ ပြန်ပြီးတော့ ဖြေရမယ် ဆိုတော့ ကလေး‌တွေအတွက်က ခက်ခဲတာ ပေါ့။ မိဘတွေအတွက်ကလည်း သူတို့တာဝန်တွေကို ပြီးဆုံးသွားပြီဆိုပြီး ထင်ထားပေမယ့် ကျွန်တော်တို့ဆိုရင် အပြင်ဆောင်မှာထားပြီးတော့ ကလေးကို ဖြေခိုင်းတာဖြစ်တဲ့အတွက် အဆောင်တွေ ပြန်ဆက်သွယ်ရမှာဆိုတော့ အခက်အခဲတွေကလည်း ရှိတာပေါ့။ စစ်ဘေးရှောင်ရ ငလျင်နဲ့ အခုစာမေးပွဲပါ ပြန်ဖြေရတော့မယ်ဆိုတော့ တစ်ပူပေါ်နှစ်ပူဆင့်တဲ့ အဖြစ်မျိုးပေါ့ဗျာ။ အခု Grade-12 ဖြေထားတာက ကျွန်တော့်သမီးပေါ့နော်။ ဒီလိုမျိုးကြီး စာမေးပွဲပြန် ဖြေရမယ်လို့ ထုတ်ပြန်လိုက်တော့ ကျွန်တော်တို့အတွက်ကတော့ ခက်ခဲတယ်။ ကလေးအတွက်လည်း ပြန်ပြီး ကြိုးစားရမယ်။ သူ့စိတ်ခံစားချက်လည်း တစ်မျိုးဖြစ်တာပေါ့နော်။

ပြည်သူ့ရှေ့ဆောင်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေး
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပါတီရဲ့သဘောထားထုတ်ပြန်ချက်လည်း ထုတ်ပြန်ပြီးပါပြီ။ အဓိက တော့ ကျွန်တော်တို့က အဖြေလွှာတွေ ဆုံးရှုံးသွားတဲ့ ကလေးတွေ စာမေးပွဲပြန်ဖြေရမယ်ဆိုတဲ့ ကိစ္စ က မဖြစ်စေချင်ဘူးပေါ့နော်။ မဖြစ်စေချင်ဘူးဆိုတာက သူတို့ရဲ့အပြစ်လည်း မဟုတ်ဘူးလေ။ သဘာဝဘေး အန္တရာယ်ကြုံလာတဲ့အခါမှာ အဖြေလွှာတွေဆုံးရှုံးရတာ။ ကလေးတွေက သူတို့ထမ်းဆောင်ရမယ့် တာ ဝန်ကို သူတို့ကျေပွန်အောင်ထမ်းဆောင်ခဲ့ပြီးပြီ။ သဘာဝဘေးအန္တရာယ်တစ်ခုကြုံလာတဲ့အခါမှာ သူတို့ရဲ့ လုပ်ရပ်က အရာမထင်ဘူးဖြစ်သွားတာပေါ့ နော်။ အဲဒီတော့ သူတို့မှာပြန်ဖြေဖို့တာဝန်မရှိဘူး ပေါ့နော်။ ပြန်ဖြေရမယ်ဆိုရင် သူတို့လည်းပဲခံစားခဲ့ရတဲ့သူတွေဖြစ်တယ်ပေါ့နော်။ ပြန်ဖြေရမယ်ဆိုတော့ သဘာဝ ဘေးအန္တရာယ်ဖြစ်ပြီးပြန်ဖြေရမယ်ဆိုတော့ သူတို့အတွက်က မတရားဘူးပေါ့နော်။ သူတို့ကဖြေပြီးသား တာဝန်ဖြစ်တယ်။ အဲဒါကိုမှ ပြန်ပြီးတော့တာဝန် ထမ်းဆောင်ရမယ်ဆိုရင် သူတို့အတွက်က တော်တော် ကို ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ ဝန် ထမ်းတွေအတွက်နဲ့ ဆရာ၊ ဆရာမတွေအတွက်လည်း တော်တော်ကို ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ အဲဒီလိုဆိုတော့မဖြစ်သေးဘူးပေါ့။ အဲဒီလိုမလုပ်ရင် ဘာလုပ်မလဲဆိုတော့ ကျွန်တော်တို့ကလေးတွေကို Grade-12 ကိုအောင်တဲ့ သဘောမျိုးသတ်မှတ်ပြီးတော့မှ သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ ဝင်ခွင့်စာမေးပွဲတွေနဲ့ စစ်ချလို့ရတာပေါ့။ အဲဒီလိုလုပ်ရင် ဘာကောင်းလဲဆိုရင် ကလေးတွေသွားဖြေစရာ မလိုဘူး။ စိတ်ပိုင်းဆိုင်ရာမှာ ဝေဒနာတွေထပ် မခံစားရတော့ဘူး။ အဲဒီလို တက္ကသိုလ်မှာ ဝင်ခွင့်စာမေးပွဲ ဖြေချလိုက်ရင် ကလေးတွေလည်းတကယ့်ကို ကိုယ် ဝါသနာပါတဲ့ တက္က သိုလ်ကို ဝင်ခွင့်ရမယ်။ တက္ကသိုလ်မှာလည်း အရည်အချင်းပြည့်မီမှတက်ခွင့်ရမှာဖြစ်တဲ့အတွက် နိုင်ငံ တော်အတွက်လည်း အကျိုးရှိတယ်။ ကလေးတွေအတွက်လည်း အကျိုးရှိတယ်။ ဒီလိုလုပ်ပေးမယ် ဆိုရင် ရေရှည်လိုပုံစံမျိုးနဲ့သွားရင်ရနိုင်တယ်။

Zawgyi Version:
တစ္ေက်ာ့ျပန္ G-12 စာေမးပြဲဂယက္ မိဘ၊ ဆရာ ႏွင့္ ႏိုင္ငံေရးပါတီတို႔၏ စကားသံမ်ား
သန႔္ဇင္ (NP News) – ဧၿပီ ၂၇
မတ္လ (၂၈)ရက္က အင္အားျပင္း မႏၲေလးငလ်င္ႀကီးလႈပ္ခတ္ခဲ့မႈေၾကာင့္ မႏၲေလး တကၠသိုလ္ တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး ႏွင့္ ေန ျပည္ေတာ္တို႔မွ စာေမးပြဲအေျဖလႊာမ်ား ပ်က္စီး ဆုံးရႈံးခဲ့သျဖင့္ တကၠသိုလ္ဝင္တန္းစာေမးပြဲ ဇြန္လ (၁၆) ရက္တြင္ ျပန္လည္က်င္းပမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ဧၿပီလ (၂၁)ရက္တြင္ ထုတ္ျပန္ ေၾကညာခဲ့သည္။ ထိုသို႔ ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ လူအမ်ားအၾကား ေဝဖန္မႈမ်ားစြာႏွင့္ ေထာက္ခံ မႈမ်ားလည္းထြက္ေပၚလာခဲ့သည္။ တကၠသိုလ္ဝင္စာေမးပြဲ ျပန္လည္ေျဖဆိုခိုင္းမႈအေပၚ စေတာ့ဟုမ္း ၿငိမ္းခ်မ္းေရးဆုရွင္ IBEC ဆရာေတာ္ကလည္း ကန႔္ကြက္ခဲ့ၿပီး ငလ်င္ေၾကာင့္ မီးေလာင္ပ်က္စီးခဲ့ရေသာ Grade-12 အေျဖလႊာမ်ားကို အေအာင္ေပးသင့္ေၾကာင္း ျပည္ သူ႔ေရွ႕ေဆာင္ပါတီ (PPP) ကလည္း ထုတ္ျပန္ခဲ့သည္။ ထို႔ျပင္ အေျဖလႊာမ်ား မီးေလာင္ဆုံးရႈံးခဲ့ေသာ ေက်ာင္းသား၊ ေက်ာင္းသူ(၆၂၉၅၄)ဦးႏွင့္ ပ်မ္းမွ်မိဘ (၂)သိန္းခန႔္၏ စိတ္ခံစားခ်က္မ်ားကိုလည္း ထည့္သြင္းစဥ္းစားသင့္သည္။ အဆိုပါ အေျခအေန မ်ားႏွင့္ ပတ္သက္၍ တကၠသိုလ္ပညာေရး၊ အေျခခံပညာေရး မွ ေက်ာင္းဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား မိဘမ်ားႏွင့္ ႏိုင္ငံေရးပါတီမွ တာဝန္ရွိသူမ်ား၏ စကားသံမ်ားကို NP News မွ စုစည္း ေကာက္ႏုတ္ ေဖာ္ျပအပ္ပါသည္။

ဗန္းေမာ္ၿမိဳ႕နယ္မွ ေက်ာင္းဆရာမတစ္ဦး
ကြၽန္မက ဗန္းေမာ္ၿမိဳ႕နဲ႔(၅)မိုင္ကြာတဲ့႐ြာမွာ တာဝန္က်ပါတယ္။ ၿပီးခဲ့တဲ့ ေက်ာင္းဖြင့္တဲ့ရာသီကတည္းက ကြၽန္မတို႔႐ြာက တိုက္ပြဲေတြအရမ္းျဖစ္လို႔ ကြၽန္မတို႔က သြားလို႔မရလို႔ ဗန္းေမာ္ၿမိဳ႕ေပၚကို လာရပါတယ္ရွင္။ ဗန္းေမာ္ၿမိဳ႕ေပၚမွာ ကြၽန္မတို႔ကေလးေတြ G-12 စာေမးပြဲေျဖခါနီးအထိ (၁၂)လပိုင္း (၄) ရက္မွာ တိုက္ပြဲျဖစ္လိုက္တဲ့ အခါက်ေတာ့ ကေလးေတြက နီးစပ္ရာေ႐ႊကူတို႔၊ ျမစ္ႀကီးနားတို႔ မႏၲေလး တို႔ကို လာေရွာင္ရပါတယ္။ အဲဒီမွာ မႏၲေလးမွာလာေရွာင္တဲ့ကေလးေတြဆိုရင္ ငလ်င္ေၾကာင့္ ေသတဲ့ကေလးေတြလည္း ေသကုန္ ပါၿပီ။ စာေမးပြဲေျဖၿပီးၿပီဆိုေတာ့ ဒီကေလးေလးေတြက ၿမိဳ႕ေပၚမွာ ေနလို႔မရတဲ့အတြက္ ကိုယ့္႐ြာကို ျပန္ၾကရတယ္။ အဲဒီမွာ ဒီစာေမးပြဲကို ျပန္ေျဖမယ္ဆိုေတာ့ ကြၽန္မတို႔နဲ႔ အနီးစပ္ဆုံး ဗန္းေမာ္ၿမိဳ႕နဲ႔ ေ႐ႊကူၿမိဳ႕ကိုလာ ေျဖရမယ္ဆိုရင္ ဗန္းေမာ္နဲ႔ေ႐ႊကူဘက္မွာ KIA က လူ အရမ္း ဆြဲပါတယ္။ ဆြဲတဲ့အခါက်ေတာ့ ကြၽန္မတို႔ ကေလးေတြက အရမ္းဆြဲေကာင္းတဲ့ အ႐ြယ္ေလးျဖစ္တယ္ ေလ။ ကြၽန္မတို႔က ဘယ္လိုလုပ္ရမွာလဲ။ မိဘေတြကိုယ္စား ကေလးေတြကိုယ္စား ဘယ္လိုလုပ္ ေပးရမွာ လဲ မသိဘူးရွင္။ ကြၽန္မတို႔အရမ္းဝမ္းနည္းတယ္။ ႏိုင္ငံေတာ္ကေျဖခိုင္းလို႔ကြၽန္မတို႔ကေျဖပါၿပီတဲ့။ ဒါေပမဲ့ ကြၽန္မတို႔ကေလးေတြက အသက္စြန႔္ၿပီး သြားရမွာေလ။ အဲဒီေတာ့ ကြၽန္မတို႔ ဘယ္လိုလုပ္ရမလဲ။ ႏိုင္ငံ ေတာ္ကေျဖခိုင္းလို႔ ကြၽန္မတို႔ကႏိုင္ငံေတာ္ကိုေလးစားလို႔ ျပန္ေျဖပါၿပီဆိုရင္ ကြၽန္မတို႔ ကေလးေတြ လမ္း မွာ အသက္ခံရမွာ အဆြဲခံရမွာေလ။ အခုကြၽန္မက ရန္ကုန္မွာေျပာင္းေ႐ႊ႕ေနရတာပါ။ ကြၽန္မတို႔ ဗန္းေမာ္ ကေန ရန္ကုန္လာတုန္းက လမ္းမွာကြၽန္မတို႔စီးလာတဲ့ကားကေန ဝန္ထမ္းဆိုရင္ ကားေပၚကေန ဆြဲခ်ၿပီး PDF ေတြကသတ္ခဲ့တာ။ ကြၽန္မတို႔မ်က္စိေရွ႕မွာတင္ျမင္ခဲ့ရတယ္။ ကြၽန္မတို႔က ခက္ခက္ခဲခဲနဲ႔ရွင္သန္ဖို႔ လာခဲ့ရတာ။ PDF ေတြက လမ္းမွာ ဝန္ထမ္းဆိုရင္သတ္တာ။ ကြၽန္မတို႔ ဗန္းေမာ္ၿမိဳ႕က အေမွာင္ခ်ခံထား ရတာ။ ကြၽန္မတို႔က အဲဒီမွာ (၁၀)ႏွစ္ေက်ာ္တာဝန္က်ခဲ့တဲ့အတြက္ စာေတာ္တဲ့ကေလးေတြလည္းအမ်ား ႀကီးရွိတာသိတယ္။ ကြၽန္မတို႔က ႐ြာေပၚက ကေလးေတြနဲ႔ ၿမိဳ႕ေပၚကေလးေတြလည္း အမ်ားႀကီးရွိေတာ့ သူတို႔ေလးေတြအတြက္ ဘာမွလုပ္မေပးႏိုင္တာကို အရမ္းဝမ္းနည္းတာ။ အခုက ကြၽန္မတို႔ေငြအားနဲ႔လုပ္ ေပးႏိုင္တယ္ဆိုရင္ေတာင္ အရမ္းအခက္အခဲရွိတယ္။ ကေလးေတြကေတာ့ ေျဖရမယ္ဆိုရင္ေတာ့ ေျဖမွာ ေပါ့ေလ။ ဒါေပမဲ့ သြားရမယ့္လမ္းခရီးက အရမ္းဆြဲတာ။ KIA က မိန္းကေလးေရာ ေယာက်ာ္းေလးေရာ ဆြဲတာ။ အနီးဆုံးဗန္းေမာ္ၿမိဳ႕ကိုသြားေျဖရမယ္ဆိုရင္ေတာင္ လမ္းေၾကာကမလြယ္ဘူး။ ေ႐ႊကူၿမိဳ႕ကိုသြား ေျဖရမယ္ဆိုရင္လည္း လမ္းေၾကာကမလြယ္ဘူး။ ပညာေရးဝန္ ႀကီးဌာနနဲ႔ ႏိုင္ငံေတာ္က ေျဖရမယ္ဆို ရင္ေတာ့ ရွင္သန္ဖို႔လမ္းေၾကာင္းရွာၿပီး ေျဖရမယ္ေပါ့ေနာ္။ ဒါေပမဲ့ လမ္းေၾကာင္းက အရမ္းအခက္အခဲရွိ တယ္။

ဦးလႈိင္တင့္ (တကၠသိုလ္ကထိကတစ္ဦး)
Grade-12 ေတြ ျပန္ေျဖဖို႔အတြက္ ဝန္ႀကီးဌာနက တရားဝင္စာထြက္လာၿပီေပါ့။ ဒီအေပၚမွာ ေဝဖန္မႈေတြကေတာ့ အမ်ားႀကီးရွိေနတာေပါ့။ ကေလးေတြအတြက္ စိတ္ပိုင္းဆိုင္ရာအရ အဆင္သင့္ မျဖစ္တဲ့ျပႆနာ။ မ်ားေသာအားျဖင့္ကေတာ့ အလြယ္ေျပာရင္ အေအာင္ေပးလိုက္ဖို႔ကိစၥကလည္း အဘက္ဘက္က စဥ္းစားရမယ့္ကိစၥျဖစ္ေနတာေတာ့ နားလည္တယ္။ သို႔ေပမယ့္ အခုလိုေျဖဆိုၿပီးသား အေျဖလႊာေတြ ပ်က္စီးသြားတာက ႏိုင္ငံေတာ္ဘက္က တာဝန္ရွိသြားၿပီ။ သက္ဆိုင္ရာဝန္ႀကီးဌာနဘက္ က တာဝန္ရွိသြားတာေပါ့ေနာ္။ ကေလးေတြဘက္က သူတို႔ေျဖၿပီးသြားၿပီ။ ေျဖၿပီးသြားတဲ့အတြက္ေၾကာင့္ သူတို႔ရဲ႕တာဝန္ကေတာ့ၿပီးသြားၿပီေပါ့။ အဲဒီလိုအေျခေနမ်ိဳးရွိတဲ့အခ်ိန္မွာ အခုလိုဒီအရာကို ျပန္ေျဖရမယ္ ဆိုတာကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္စိတ္ေတာ့ မေကာင္းပါဘူး။ ဒါကိုမျဖစ္သင့္ဘူးလို႔ျမင္တယ္။ သို႔ေသာ္ဝန္ႀကီးဌာနဘက္ကေတာ့ ဒါကိုလိုအပ္လို႔ လုပ္ေဆာင္ရတာလို႔ေတာ့ ျမင္ပါတယ္။ ဒီလိုမ်ိဳးအ ေျဖလႊာေတြပ်က္စီးသြားတဲ့အေပၚမွာ ဝန္ႀကီးဌာန ဘက္က တာဝန္ယူမႈတစ္ခုရွိေစခ်င္ပါတယ္။ ကေလး ေတြဘက္ကေတာ့ ျပန္ေျဖရမယ္ဆိုရင္ ေျဖရမွာေပါ့။ သို႔ေသာ္႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာအရ အဆင္ ေျပပါ့မလားဆိုတာ စိုးရိမ္မိတယ္။ တျခားနည္းလမ္း ရွိႏိုင္ပါေသးတယ္။ ဒီစာေမးပြဲက အမွတ္နဲ႔ျဖတ္တာ ျဖစ္တဲ့အတြက္ သက္ဆိုင္ရာတကၠသိုလ္ေတြမွာ တကၠသိုလ္ဝင္ခြင့္ေျဖခိုင္းတာရွိပါတယ္။ အဲဒီနည္းလမ္း နဲ႔လည္း ရႏိုင္ပါေသးတယ္ေပါ့။ သို႔ေသာ္လည္းပဲ ဝန္ႀကီးဌာနအေနနဲ႔က လိုအပ္လို႔ျပန္ေျဖခိုင္းတာလို႔ ေတာ့နားလည္ပါတယ္။ ဒါေပမဲ့ မျဖစ္သင့္ဘူးလို႔ ကြၽန္ေတာ္တို႔ကေျပာခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ ေက်ာင္းသူ၊ေက်ာင္းသားေတြကို အသက္သာဆုံးနည္းလမ္းနဲ႔ စဥ္းစားေပးႏိုင္မယ္ဆိုလို႔ရွိရင္ ဘာပဲျဖစ္ျဖစ္ ကေလးေတြက ဝန္ႀကီးဌာနကိုေရာ သက္ဆိုင္ရာတာဝန္ရွိသူေတြကို‌ေရာ ႏိုင္ငံေတာ္ကို ပိုၿပီးေက်းဇူးတင္ မွာ။ သူတို႔တင္ပဲလားဆိုေတာ့ မဟုတ္ဘူး။ မိဘေတြ ေရာ ငလ်င္ဒဏ္သင့္ေဒသမွာရွိတဲ့ လူမႈအသိုင္း အဝိုင္း အားလုံးက ဒီဝန္ႀကီးဌာနနဲ႔ ႏိုင္ငံေတာ္ကို ပိုၿပီးေက်းဇူးတင္မွာပါ။ အဲဒါေတြကေတာ့ ျဖစ္မလာ ေတာ့ဘူးေပါ့ ေနာ္။ အဲဒီအတြက္လည္း စိတ္မေကာင္းပါဘူး။ အခုဆိုရင္ ငလ်င္ဒဏ္သင့္ေဒသေတြမွာရွိတဲ့ လူေတြဆိုရင္ သူတို႔ရဲ႕ေဆြမ်ိဳးသားခ်င္းေတြရွိတဲ့ေနရာေတြကို သြားၾကရတယ္ေပါ့။ မႏၲေလးမွာေနတဲ့ သူေတြနဲ႔ စစ္ကိုင္း၊ ေနျပည္ေတာ္မွာေနတဲ့သူေတြက ကိစၥမရွိဘူးေပါ့။ သို႔ေသာ္ သူတို႔မွာ စာအုပ္စာတမ္း ေတြမွ အဆင္သင့္ရွိရဲ႕လား။ အခုထိေတာ့ အဆင္သင့္မျဖစ္ေသးဘူးေပါ့ေလ။ တခ်ိဳ႕ကလည္း မႏၲေလးမွာ လာေျဖတယ္။ စစ္ကိုင္းမွာလာေျဖတယ္။ အနီးစပ္ဆုံးေက်း႐ြာေတြကေနလာေျဖၾကတာေပါ့။ စစ္ပြဲေတြ ပဋိပကၡျဖစ္ေနတဲ့ေနရာေတြကို ေရွာင္ၿပီးေတာ့မွ စာေမးပြဲကိုေျဖခ်င္လို႔ တည္ၿငိမ္ေအးခ်မ္းတယ္လို႔ ထင္ တဲ့ေနရာေတြမွာ လာေျဖၾကတာ။ ေျဖၿပီးရင္သူတို႔ကျပန္မွာပဲ။ အဲဒီမွာ ေျဖၿပီးမွ တစ္ခါထပ္ျပန္လာၿပီး ေျဖရမယ္ဆိုေတာ့ သူတို႔လာေျဖဖို႔အတြက္ သူတို႔ရဲ႕အႏၲရာယ္ကင္းပါ့ မလားေပါ့။ စရိတ္နဲ႔ အျခားေသာ လူမႈေရးသက္ေရာက္ မႈေတြရွိလာၿပီ။ ဒါကိုလည္း အတတ္ႏိုင္ဆုံးထည့္ သြင္းစဥ္းစားေစလိုတယ္။ အဲဒီလိုလာေျဖတဲ့အခါမွာလည္း သူတို႔အတြက္ အႏၲရာယ္မကင္းတာမ်ိဳး အျခား ေသာ လူမႈေရးဆိုင္ရာ ေနာက္ဆက္တြဲကိစၥေတြမွာ ျဖစ္လာခဲ့ရင္ ဝန္ႀကီးဌာနအေနနဲ႔ ဘယ္လိုတာဝန္ခံ ေပးႏိုင္မလဲေပါ့။ ဝန္ႀကီးဌာနရဲ႕ ဆုံးျဖတ္ခ်က္ကို ကြၽန္ ေတာ္တို႔မကန႔္ကြက္ပါဘူး။ ကန႔္ကြက္လို႔လည္း မရဘူး။ သူတို႔ ကလည္း အေကာင္းဆုံးျဖစ္မယ္ဆိုတဲ့ အစီစဥ္တစ္ခုကို လုပ္တာေပါ့ေနာ္။ လိုအပ္လို႔လုပ္ရတယ္လို႔ ကြၽန္ေတာ္တို႔နားလည္ပါတယ္။ သို႔ေသာ္ တစ္ဖက္မွာေတာ့ တကယ္ေက်ာင္းသူ/ေက်ာင္းသား ေတြနဲ႔ ေက်ာင္းသားမိဘေတြ လူမႈအသိုင္းအဝိုင္းရဲ႕ အခက္အခဲကိုလည္းပဲ နားေထာင္ၿပီးေတာ့ လုပ္ေစခ်င္တာ ေပါ့။ အဲဒီလို ျပန္လာေျဖရၿပီဆိုရင္ အဲဒီလို လူမႈေရးသက္ေရာက္မႈေတြ ျဖစ္လာမယ့္အေပၚမွာ ေကာ ဘယ္လိုမ်ား စီစဥ္ေပးႏိုင္မွာလည္း ဒီလိုမ်ိဳးေမး ခြန္းထုတ္စရာေတြလည္းအမ်ားႀကီးရွိေနပါတယ္။

မႏၲေလးမွ Grade-12 ေက်ာင္းသားမိဘ
ကြၽန္ေတာ္တို႔မိဘေတြအေနနဲ႔ေရာ ကေလးေတြအေနနဲ႔ေရာက စာေမးပြဲျပန္လည္ ေျဖဆိုရမယ့္ ဆိုတဲ့အတြက္က ခက္ခဲတာေပါ့ဗ်ာ။ အစစအရာရာနဲ႔ ကေလးကလည္းစိတ္ဒဏ္ရာရထားတာေပါ့ေလ။ ကြၽန္ေတာ္တို႔အတြက္က ငလ်င္ဒဏ္လည္း ခံထားရတာ။ စစ္ေဘးသင့္တဲ့ၾကားထဲက ဒီဘက္ကို ေျပာင္း သြားခဲ့ရတဲ့ၾကားထဲကမွ ကေလးေတြကလည္း စာေမးပြဲေျဖၿပီးတဲ့အခါမွာ သူတို႔အတြက္လည္း ေနာက္ တစ္ႀကိမ္ျပန္ၿပီးေတာ့ စာေတြျပန္က်က္ မွတ္ရမယ္။ စာေတြျပန္ေလ့လာရမယ္။ ျပန္ၿပီးေတာ့ ေျဖရမယ္ ဆိုေတာ့ ကေလး‌ေတြအတြက္က ခက္ခဲတာ ေပါ့။ မိဘေတြအတြက္ကလည္း သူတို႔တာဝန္ေတြကို ၿပီးဆုံးသြားၿပီဆိုၿပီး ထင္ထားေပမယ့္ ကြၽန္ေတာ္တို႔ဆိုရင္ အျပင္ေဆာင္မွာထားၿပီးေတာ့ ကေလးကို ေျဖခိုင္းတာျဖစ္တဲ့အတြက္ အေဆာင္ေတြ ျပန္ဆက္သြယ္ရမွာဆိုေတာ့ အခက္အခဲေတြကလည္း ရွိတာေပါ့။ စစ္ေဘးေရွာင္ရ ငလ်င္နဲ႔ အခုစာေမးပြဲပါ ျပန္ေျဖရေတာ့မယ္ဆိုေတာ့ တစ္ပူေပၚႏွစ္ပူဆင့္တဲ့ အျဖစ္မ်ိဳးေပါ့ဗ်ာ။ အခု Grade-12 ေျဖထားတာက ကြၽန္ေတာ့္သမီးေပါ့ေနာ္။ ဒီလိုမ်ိဳးႀကီး စာေမးပြဲျပန္ ေျဖရမယ္လို႔ ထုတ္ျပန္လိုက္ေတာ့ ကြၽန္ေတာ္တို႔အတြက္ကေတာ့ ခက္ခဲတယ္။ ကေလးအတြက္လည္း ျပန္ၿပီး ႀကိဳးစားရမယ္။ သူ႔စိတ္ခံစားခ်က္လည္း တစ္မ်ိဳးျဖစ္တာေပါ့ေနာ္။

ျပည္သူ႔ေရွ႕ေဆာင္ပါတီ အေထြေထြအတြင္းေရးမႉး ေဒါက္တာမ်ိဳးဆက္ေသြး
ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ပါတီရဲ႕သေဘာထားထုတ္ျပန္ခ်က္လည္း ထုတ္ျပန္ၿပီးပါၿပီ။ အဓိက ေတာ့ ကြၽန္ေတာ္တို႔က အေျဖလႊာေတြ ဆုံးရႈံးသြားတဲ့ ကေလးေတြ စာေမးပြဲျပန္ေျဖရမယ္ဆိုတဲ့ ကိစၥ က မျဖစ္ေစခ်င္ဘူးေပါ့ေနာ္။ မျဖစ္ေစခ်င္ဘူးဆိုတာက သူတို႔ရဲ႕အျပစ္လည္း မဟုတ္ဘူးေလ။ သဘာဝေဘး အႏၲရာယ္ႀကဳံလာတဲ့အခါမွာ အေျဖလႊာေတြဆုံးရႈံးရတာ။ ကေလးေတြက သူတို႔ထမ္းေဆာင္ရမယ့္ တာ ဝန္ကို သူတို႔ေက်ပြန္ေအာင္ထမ္းေဆာင္ခဲ့ၿပီးၿပီ။ သဘာဝေဘးအႏၲရာယ္တစ္ခုႀကဳံလာတဲ့အခါမွာ သူတို႔ရဲ႕ လုပ္ရပ္က အရာမထင္ဘူးျဖစ္သြားတာေပါ့ ေနာ္။ အဲဒီေတာ့ သူတို႔မွာျပန္ေျဖဖို႔တာဝန္မရွိဘူး ေပါ့ေနာ္။ ျပန္ေျဖရမယ္ဆိုရင္ သူတို႔လည္းပဲခံစားခဲ့ရတဲ့သူေတြျဖစ္တယ္ေပါ့ေနာ္။ ျပန္ေျဖရမယ္ဆိုေတာ့ သဘာဝ ေဘးအႏၲရာယ္ျဖစ္ၿပီးျပန္ေျဖရမယ္ဆိုေတာ့ သူတို႔အတြက္က မတရားဘူးေပါ့ေနာ္။ သူတို႔ကေျဖၿပီးသား တာဝန္ျဖစ္တယ္။ အဲဒါကိုမွ ျပန္ၿပီးေတာ့တာဝန္ ထမ္းေဆာင္ရမယ္ဆိုရင္ သူတို႔အတြက္က ေတာ္ေတာ္ ကို ဝန္ထုပ္ဝန္ပိုးျဖစ္တယ္။ ဝန္ ထမ္းေတြအတြက္နဲ႔ ဆရာ၊ ဆရာမေတြအတြက္လည္း ေတာ္ေတာ္ကို ဝန္ထုပ္ဝန္ပိုးျဖစ္တယ္။ အဲဒီလိုဆိုေတာ့မျဖစ္ေသးဘူးေပါ့။ အဲဒီလိုမလုပ္ရင္ ဘာလုပ္မလဲဆိုေတာ့ ကြၽန္ေတာ္တို႔ကေလးေတြကို Grade-12 ကိုေအာင္တဲ့ သေဘာမ်ိဳးသတ္မွတ္ၿပီးေတာ့မွ သက္ဆိုင္ရာ တကၠသိုလ္ေတြမွာ ဝင္ခြင့္စာေမးပြဲေတြနဲ႔ စစ္ခ်လို႔ရတာေပါ့။ အဲဒီလိုလုပ္ရင္ ဘာေကာင္းလဲဆိုရင္ ကေလးေတြသြားေျဖစရာ မလိုဘူး။ စိတ္ပိုင္းဆိုင္ရာမွာ ေဝဒနာေတြထပ္ မခံစားရေတာ့ဘူး။ အဲဒီလို တကၠသိုလ္မွာ ဝင္ခြင့္စာေမးပြဲ ေျဖခ်လိုက္ရင္ ကေလးေတြလည္းတကယ့္ကို ကိုယ္ ဝါသနာပါတဲ့ တကၠ သိုလ္ကို ဝင္ခြင့္ရမယ္။ တကၠသိုလ္မွာလည္း အရည္အခ်င္းျပည့္မီမွတက္ခြင့္ရမွာျဖစ္တဲ့အတြက္ ႏိုင္ငံ ေတာ္အတြက္လည္း အက်ိဳးရွိတယ္။ ကေလးေတြအတြက္လည္း အက်ိဳးရွိတယ္။ ဒီလိုလုပ္ေပးမယ္ ဆိုရင္ ေရရွည္လိုပုံစံမ်ိဳးနဲ႔သြားရင္ရႏိုင္တယ္။

Picture

Pyae Soan Kyaw

28/04/2025 08:30

ပညာ​ရေးဝန်ကြီးဌာနဝန်ကြီးမှာပညာမရှိ​ကြောင်း၊ စဥ်းစားဆင်ခြင်နိုင်တဲ့ဦး​နှောက်အရည်အချင်းမရှိ​ကြောင်း အဲဒီလုပ်ရပ်က သက်​သေပါပဲ။

Picture

Win Phyoe

28/04/2025 12:21

ငါ့သားသမီးသာ မင်းတို့စာမေးပွဲဖြေရင်း တခုခုဖြစ်ကြည့် မင်းတို့မိသားစုကနေအရင်စပြီး တစ်ယောက်မကျန်သတ်ပစ်မယ်

Related news

© 2021. All rights reserved.