ဂျပန်နိုင်ငံရဲ့ e-commerce လုပ်ငန်းမှာ TikTok ဝင်ရောက်လာမယ်လို့ Nikkei ပြော

 40

ရောင်နီ (NP News) - ဧပြီ ၂၈

တရုတ် ဆိုရှယ်မီဒီယာ ပလက်ဖောင်း TikTok ဟာ လာမယ့်လ အနည်းငယ်အတွင်း ဂျပန်နိုင်ငံရဲ့ အွန်လိုင်းစျေးဝယ် လုပ်ငန်းကို ဝင်ရောက်လာတော့မယ်လို့ Nikkei သတင်းစာက တနင်္ဂနွေနေ့ (ဧပြီလ ၂၇ ရက်) မှာ ဖော်ပြခဲ့ပါတယ်။
ကုမ္ပဏီဟာ ဂျပန်နိုင်ငံရဲ့ e-commerce ထဲမှာ TikTok Shop အတွက် ရောင်းချလိုသူတွေကို ခေါ်ယူဖို့ ပြင်ဆင် နေပြီဖြစ်တယ်လို့ Nikkei က အဆိုပါလုပ်ငန်းတွေမှာ ပါဝင်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပြောကြားပါ တယ်။ TikTok Shop ဟာ Alibaba, Shein တို့လို online shop app ပုံစံဖြစ်ပြီး ထူးခြားချက်ကတော့ အသုံးပြုသူ တွေအနေနဲ့ ဖိနပ်မှစ eyeshadow အထိ Live Sales နဲ့ရောင်းချနိုင်မှာ ဖြစ်တာကြောင့် အသုံးပြုသူတွေကြား နာမည်ကျော်ကြားပါတယ်။
TikTok Shop ဟာ ပြီးခဲ့တဲ့ မတ်လမှာ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီ သုံးစွဲသူတွေအတွက် စတင်ဖွင့်လှစ်ခဲ့ပြီး ဥရောပဈေးကွက်ကို ချဲ့ထွင်ခဲ့ပါတယ်။

Related news

© 2021. All rights reserved.